Letter 4 U

Letter 4 U You are only my fav person

25/05/2024

နာမည်ရဲ့နောက်ဆုံးမှာဇော်ပါတဲ့သူကိုဝေးဝေးသာရှောင်ကြဟေ့
အဲ့လိုကောင်တွေက တစ်ကောင်မှကိုမကောင်းတာ
စောက်ပိုတွေလုပ်ရတာတစ်အားကြိုက်တဲ့ဟာတွေ

05/05/2024

ကျွန်မမှာရှင့်ကိုမပိုင်ဆိုင်ရတာတောင်
ဒီလောက်ဗျာများနေရတာ။
ပိုင်ဆိုင်ခဲ့လိုရှိရင်
ဘယ်လောက်တောင်ရူးသွားမလဲနော်။
ကျွန်မလေး ရှင့်ကိုသိပ်မြတ်နိုးတာဘဲရှင်ရယ်
ရှင့်ရဲ့အပြုံးချိုချိုလေးတွေရော
ရှင်ပြုံးလိုက်တိုင်းပေါ်လာတဲ့သွားစွယ်ဖွေးဖွေးလေးတွေကိုရော
ပြီးတော့ တစ်ခုခုကိုအာရုံစူးစိုက်ပြီးလုပ်ရင်
အရမ်းတည်ကြည်လေးနက်နေတဲ့
မျက်မှန်အောက်က
မျက်ဝန်းနက်နက်လေးတွေကိုရောပေါ့
ရှင့်ကိုသိပ်မြတ်နိုးမိတာပါဘဲရှင်ရယ်
ဖြစ်ခွင့်သာရှိမယ်ဆိုရင်လေး ရှင့်ရဲ့ကြင်ယာတော်လေးဖြစ်ချင်မိပါရဲ့
ရှင့်ကိုကြည့်ရတာ နက္ခတွေကိုယုံကြည်တယ်ထင်တယ်
ကျွန်မတော့ နက္ခတ်ကိုလည်းမယုံဘူး
ကံကိုလည်းမယုံချင်တော့ဘူး
အဲ့ဒီအစားရှင့်ကိုဘဲ ယုံလိုက်တော့မယ်
ဘယ်အချိန်ထိများ
ရေစက်ဆုံနိုင်ကြမလဲမသိပေမယ့်
ရှိနေတဲ့အချိန်လေးမှာတော့
တွဲလက်လေးမြဲချင်မိပါရဲ့ရှင်း။

07/04/2024

ခနတာလာတဲ့သူကို
တစ်ဘဝစာအတွက်ဆိုပြီး
စိတ်ကူးတွေယဥ်ခဲ့ဖူးတယ်
ကိုယ်မပိုင်တဲ့သူတစ်ယောက်အတွက်လည်း
မျက်ရည်ကျခဲ့ရဖူးတယ်
ကိုယ်သာသူ့အတွက်ပထမလူဆိုပြီးတစ်ယောက်တည်းတွေရင်း
ယဥ်ယဥ်လေးရူးနေမိတယ်
သူ့အပြောတွေ သူ့ရဲ့အပြုံးတွေ
သူ့ရဲ့စကားသံလေးတွေအောက်မှာ
အကြိမ်
ကြိမ်ကျရှုံးခဲ့ဖူးတယ်
သူနဲ့စကားပြောတိုင်း
အကြိမ်ကြိမ်ပြုံးပျော်နေမိတဲ့
ကျွန်မက
သူပျင်းရင်ကစားတဲ့
အရုပ်လေးတစ်ရုပ်ထက်မပိုခဲ့ပါဘူး
ပိုင်ရှင်ရှိနေပြီးဖြစ်တဲ့သူအတွက်တော့
ကျွန်မကဒုတိယလူပါဘဲ
အခွင့်အရေးရှိရင်မေးချင်ပါသေးရဲ့
ဆိုင်သူရှိရက်နဲ့များဘာကြောင့်
ကျွန်မကိုလှည့်စားခဲ့လဲဆိုတာ
ပြီးတော့ ကျွန်မရဲ့နောက်ကွယ်မှာ
သူအားရဝမ်းသာရယ်နေမလားပေါ့

02/04/2024

လေးလံနေတဲ့စိတ်
ပြီးတော့ရှင့်ကိုလွမ်းနေတဲ့စိတ်
တစ်ခါတစ်လေကျတော့လည်း
ကျွန်မကိုယ်ကျွန်မမုန်းမိတယ်မောင်
ပစ်ပစ်ခါခါမေ့ပစ်ချင်ပေမယ့်
အကြောင်းအခွင့်တိုက်ဆိုင်တိုင်း
မောင့်ကိုအခါခါလွမ်းမိ
သတိရမိတဲ့ကျွန်မက
မောင့်အတွက်တော့
ခနတာစိတ်အပန်းဖြေပေးတဲ့
သူတစ်ယောက်သာသာပါဘဲ
ခနတာအတွက်ဝင်လာခဲ့တဲ့မောင့်ကို
တစ်ဘဝတာအတွက်ရည်ရွယ်ခဲ့မိတာ
ကျွန်မမှားလားမောင်......

21/05/2023

ငိုချင်တယ်
ဒါပေမယ့်
မျက်ရည်မထွက်ဘူး
အဲ့အစား
ရင်ဘတ်ထဲက
အောင့်သတ်သတ်နဲ့
နာကျင်နေတယ်
🌪🥀

15/05/2023

ဘယ်သူ့ကိုမှမလိုအပ်တော့ဘူး
ဘာကြောင့်လဲမမေးနဲ့
အကြောင်းပြချက်မရှိဘူး
ငါ့ခံစားချက်တွေကို
ဘယ်သူမှဂရုမစိုက်တာမို့
တကူးတကလာပြီး
ဘာဖြစ်လဲဆိုတာမေးနေကြမှာမဟုတ်ဘူး
အရာရာကိုစွန့်လွှတ်ချင်နေပြီး
💭🥀

13/05/2023

မပြတ်သားနိုင်တာမဟုတ်ဘူးမောင်
မပြတ်သားချင်သေးတာ

ကျွန်မဘက်ကသာမောင့်ကို
စွန့်ပစ်ဖို့ဆုံးဖြတ်လိုက်မယ်ဆို
မောင်မှမဟုတ်ဘူး

မိုးပေါ်ကသိကြားမင်းဆင်းတားရင်တောင်
ကျွန်မဆိုတဲ့မိန်းမက
ဆုံးဖြတ်ချက်ကိုပြန်ပြင်မဲ့မိန်းမမဟုတ်တဲ့အတွက်

ကျွန်မကိုစိန်မခေါ်မိစေနဲ့
မောင့်ကိုအပြီးပိုင်စွန့်လွှတ်ဖို့အတွက်
ကျွန်မလုံးဝပြတ်သားနိုင်တယ်။

27/04/2023

ကိုယ့်ရဲ့ပထမဦးဆုံးအချစ်က
မင်းဖြစ်သလို
နောက်ဆုံးအချစ်ကိုလည်း
မင်းဆိုတဲ့လူသားလေးနဲ့
ဘဲအဆုံးသတ်ချင်ပါတယ်

Address

London
1112005

Website

Alerts

Be the first to know and let us send you an email when Letter 4 U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Letter 4 U:

Share

Category