YuTo Endo

YuTo Endo 李永俊�KAIRI���2024.2.25�Anh à, em sẽ không bao giờ chia tay, xin hãy yêu em thật nhiều nhé��

စိတ်ကူးယဥ်သက်သက်နဲ့သူကိုမျှော်နေခဲ့မိတယ်  #ဘဝအတွတ်စာဖတ်ပါ  #ခွန်အားရှိသောစာတ်ိုများ  #စာတို
23/10/2025

စိတ်ကူးယဥ်သက်သက်နဲ့
သူကိုမျှော်နေခဲ့မိတယ် #ဘဝအတွတ်စာဖတ်ပါ #ခွန်အားရှိသောစာတ်ိုများ #စာတို

လွယ်လွယ်နဲ့ရရင်လူတွေက တန်ဖိုး မထားချင်ကြဘူး ဒါကို.......မင်းသိရင်...နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့ လူတစ်ချို့မင်းကို...
19/10/2025

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုး မထားချင်ကြဘူး

ဒါကို.......မင်းသိရင်...
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ် ဆိုတိုင်း
မင်းက တန်ဖိုး မရှိလို့ မဟုတ်ဘူး

လူတစ်ချို့
မင်းအနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး

လူတစ်ချို့
မင်းကို အရေး မလုပ်တော့ဘူး ဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး

တကယ်တော့...

မင်းမေတ္တာ စေတနာ
မင်းရဲ့ ပေးဆပ်မှု့ မင်းရဲ့ အလေးထားမှု့နဲ့
မထိုက်တန်သူတွေ ရှိသလို....
မင်းရဲ့ အရမ်းချစ်တဲ့ ဒဏ်ကို
မခံနိုင်သူတွေလဲ ရှိတယ်

လွယ်လွယ်နဲ့ ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့

စွန့်ပစ်ခံရတယ် ဆိုတိုင်း
အမှိုက် မဟုတ်ဘူး ဆိုတာ နားလည်
တစ်ဖက်က
တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်လေ

တစ်ခါတစ်လေမှာ...
ကိုယ်နဲ့ မထိုက်တန်သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့ သူတွေကို
လောကကြီး က
သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်း တာပါဘဲ

အဲ့တော့....
မနေချင်တဲ့ သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူသဘော အတိုင်းရှိစေ

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို

မင်းဆုံးရှုံးသွား တာက
အမြဲ စိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေကို

ကဲ ဘယ်သူ နာလဲ
မင်း မနာပါဘူး

အမှိုက်တွေ ရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့

တစ်ယောက်ထဲ နေလဲဖြစ်တယ်
နှစ်ယောက် ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေ များလေပဲ

ကိုယ့်မိသားစုနဲ့
ကိုယ့်ကို တကယ်ချစ်တဲ့ သူကိုဘဲ
တန်ဖိုး ထား မြတ်နိုးပြီး ချစ်ပါ

ကျန်တဲ့ အပေါ်ယံတွေ အတွက်
အလေးအနက်ထားပြီး မခံစားပါနဲ့

နော်..နောက်ထပ် မမိုက်ချင်ပါနဲ့

မင်းက သင်ခန်းစာတွေ ရဖို့
စာလေး တစ်ပုဒ် ပဲ ဖတ်ရတာ

ငါ့မှာက
ဘဝ နဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ် ။

အလိမ္မာ စာမှာရှိ
#ဘဝအတွတ်စာဖတ်ပါ #စာပေဗဟုသုတများ

အသစ် အသစ်တွေ အများကြီးရှိပါတယ်စိတ်ယိုင်ခြင်း၊ မယိုင်ခြင်းကတော့ ကိုယ်ကျင့်သိက္ခာနဲ့ သစ္စာတရားအပေါ် မူတည်ပါတယ်။ဘယ်အခြေအနေမ...
18/10/2025

အသစ် အသစ်တွေ အများကြီးရှိပါတယ်
စိတ်ယိုင်ခြင်း၊ မယိုင်ခြင်းကတော့ ကိုယ်ကျင့်သိက္ခာနဲ့
သစ္စာတရားအပေါ် မူတည်ပါတယ်။
ဘယ်အခြေအနေမျိုးမှာမဆို
ကိုယ့်ကို ရွေးချယ်တဲ့ သူမျိုးကိုပဲ လက်တွဲပါ။💗🍂🌺

#စာတို #ခွန်အားရှိသောစာတ်ိုများ #ဘဝအတွတ်စာဖတ်ပါ

ချစ်ပေးနိုင်တာထက် ပိုချစ်ခဲ့တာပဲမို့လမ်းခွဲခြင်းတွေမှာနောင်တတွေတော့ ရှိမနေပါဘူးတစ်သက်စာဆိုပြီး မျှော်လင့်ထားခဲ့မိတဲ့အတွက...
16/10/2025

ချစ်ပေးနိုင်တာထက် ပိုချစ်ခဲ့တာပဲမို့
လမ်းခွဲခြင်းတွေမှာ
နောင်တတွေတော့ ရှိမနေပါဘူး
တစ်သက်စာဆိုပြီး မျှော်လင့်ထားခဲ့မိတဲ့
အတွက်ကြောင့်တော့ နာကျင်ရတယ်။

#ဘဝအတွတ်စာဖတ်ပါ

14/10/2025

သူ့ပုံစံကလည်းကိုယ့်ကိုနာကျင်စေတယ်
ကိုယ့်ဘက်ကလည်းမပြတ်နိုင်ဘူးဆိုရင်
ထပ်ပြီချစ်လိုက်ဖို့ပဲအကြံပေးချင်တယ်။

ဝဋ်မကုန်သေးတာလည်းဖြစ်နိုင်တယ်
ကိုယ့်ဘက်ကမပြတ်သားနိုင်သေးတာလည်းဖြစ်နိုင်တယ်
အချိန်မတန်သေးတာလည်းဖြစ်နိုင်တယ်။

အချိန်တန်ရင်အားလုံးဟာ
နေရာအမှန်ကိုရသွားပါလိမ့်မယ်
နာကျင်နေတာမှန်ပေမယ့်
ဒီထက်အများကြီးလိုက်မခံစားတော့ပါနဲ့
အများကြီးတွေးရင် အများကြီးခံစားရလိမ့်မယ်။

တစ်ချို့ဒဏ်ရာတွေဟာ ဆေးထည့်လို့မပျောက်ဘူး
ဒဏ်ရာကိုဒဏ်ရာနဲ့ပြန်ကုမှပျောက်တာ။

မပြတ်သားနိုင်သေးတာမှန်ရင်
ပြတ်သားသွားနိုင်မယ့်အထိဆက်ချစ်လိုက်ပါ
တကယ်နာကျင်လာတဲ့အခါ
နှလုံးသားကသူ့အလိုလိုဖယ်ခွာသွားပါလိမ့်မယ်။

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ

13/10/2025

ဘယ်လိုမှ အဆင်မပြေမှန်းသိနေရဲ့သားနဲ့ လက်လွှတ်လိုက်ရမလား ၊ ဆက်ပဲဆွဲထားရမလား ဆောက်တည်ရာမရဖြစ်နေတဲ့သူတွေကိုတွေ့ရင် အဆုံးထိဆွဲထားဖို့ပဲ အကြံပေးဖြစ်တော့တယ်

အရှက်ဆိုတာ ကမ်းကုန် ၊ မာနဆိုတာ တစ်စက်မှ မကျန်တော့တဲ့ ဟိုးအောက်ဆုံးထိရောက်ဖူးသွားတဲ့အခါ ချစ်စိတ်တွေဟာ အလိုလို ကုန်ခမ်းသွားပါလိမ့်မယ်

Move on လုပ်ဖို့ အချိန်တောင် မပေးရတော့တဲ့အထိကို သံယောဇဉ်တွေ ယတိပြတ်သွားတာမျိုးပေါ့ … #စာတို 😥

 #ထားခဲ့တော့မယ်ပေါ့ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ။ ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေးပါ ကျ တော် ကြောင့် မပျော်ခဲ့ရဖူးဘူ...
13/10/2025

#ထားခဲ့တော့မယ်ပေါ့
ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ။ ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေးပါ ကျ တော် ကြောင့် မပျော်ခဲ့ရဖူးဘူးလား ကျ တော် ရပ်နေသမျှ တစ်လျှောက်လုံး အတတ်နိုင်ဆုံးတော့ မင်း အတွက်တွေးပေးခဲ့ပါတယ် ။
အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးတော့ ကိုယ်ခက်ခဲနေလည်း မင်းအတွက်ဆို ပြီး ရှေ့တန်းတင်ခဲ့တာပါ ။ အဆင်ပြေပါတယ်ဆိုတဲ့ စကား တွေ တဖွဖွ ပြောခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့တွေမှာကျ တော့ ဘာတစ်ခုမှ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့ ။
ဒါပေမယ့် နှစ်ယောက်အတူ စကားပြောနေခွင့်ရှိတဲ့အချိန် မှာ အနည်းဆုံးတော့ ပျော်စရာတွေချည်း ပေးချင်ခဲ့တာပါ ။
မင်းဖုန်းလေးလာရင် ဘယ်လောက်မအားနေပါစေ အား ပါတယ်ဆိုတဲ့ စကားလေးပဲ သုံးခဲ့တယ် ။ မင်းစိတ်လို လက်ရဆက်တဲ့ဖုန်းတွေကို အလွတ်မပေးချင်ခဲ့တာလေ ။ ထမင်းစားနေရင် ထမင်းစားတာ ရပ်ထားတတ်တယ် ။ မီး အားသွင်းထားရင် အားသွင်းကြိုးတန်းလန်းနဲ့ စကားပြော နေတတ်တာ ပါ။ အများကြီးပေါ့
နေရာတကာမှာ မင်းပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် အတွက်တွေး ဖြစ်ခဲ့တာပါ ။
#ဒါပေမယ့်ချန်ခဲ့လဲရပါတယ်
🥺😔

ဖတ်ကြည့်စေချင်ပါတယ်ဒေါသထွက်နေတဲ့အချိန် စကားမပြောပါနဲ့ဒေါသဟူသည် အကျိုးမဲ့ခြင်းကိုသာဖြစ်စေတတ်သည်။ဒေါသထွက်နေတဲ့ အချိန်မှာဟာ...
13/10/2025

ဖတ်ကြည့်စေချင်ပါတယ်

ဒေါသထွက်နေတဲ့အချိန် စကားမပြောပါနဲ့

ဒေါသဟူသည် အကျိုးမဲ့ခြင်းကိုသာဖြစ်စေတတ်သည်။

ဒေါသထွက်နေတဲ့ အချိန်မှာဟာ စကားမပြောပဲ နေလိုက်တာဟာ

အမှားပေါင်းများစွာ အကျိုးမဲ့ပေါင်းများစွာ ဆုံးရှုံးမှုပေါင်းများစွာကို တားဆီးပေးတဲ့ အကောင်းဆုံး နည်းပါပဲ။

ဒေါသဖြစ်နေတဲ့အခါ အမှန် အမှား မခွဲခြားနိုင်တော့ဘူး။

အကောင်းအဆိုး မတွက်ဆနိုင်တော့ဘူး။ စကားတွေဟာ မှားပြီးရင်း ဆက်မှားနေတော့တယ်။

စကားကျွံရင် နှုတ်မရတော့ဘူး စကားတစ်ခွန်းကြောင့်လည်း မိတ်ဆွေကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။

တခဏတာ ဒေါသစကားတွေက တစ်ဘဝစာ ကြေမွအောင် ဖျက်ဆီးပစ်နိုင်တာမို့ ဒေါသထွက်နေရင် စကားမပြောပါနဲ့။ #ခေတ္တကျွန်တော် #စာတို

13/10/2025

သင့်ကို ပိုပြီး ပင်ပန်း စေတာက သင့်အလုပ်တွေ မဟုတ်ပါဘူး သင့် အတွေးတွေကို ဂရုစိုက်ပါ.

13/10/2025

ကန့်သတ်ချက်

သူတို့မလုပ်ဘူး။၊✌️

ငွေ စကားအရမ်းမပြောပါနဲ့ "လူကြီးမင်း" ငွေပေးပြီးဖြေရှင်းလို့ရတဲ့ထဲ"သေမင်း"မပါ သလို ငွေပေးပြီး ကြေအေးလို့ရတဲ့ထဲ"ဝဠ်ကြွေး"မ ပါ ဘူး

12/10/2025

""စိတ်ချမ်းသာချင်ရင်)

မသိချင်ယောင်ဆောင်လိုက်ပါ #🥺

住所

Chiyoda-ku, Tokyo

電話番号

+959666697134

ウェブサイト

アラート

YuTo Endoがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

YuTo Endoにメッセージを送信:

共有する

カテゴリー