Takaken Hamamatsu 不動産

Takaken Hamamatsu 不動産 📍Hamamatsu, Iwata, Fukuroi, and Kakegawa areas.
ဂျပန်ရောက်မြန်မာလူမျိုးများအတွက် စိတ်အချရဆုံး အိမ်ငှားဝန်ဆောင်မှု

ဂျပန်မှာ ပိတ်ရက်ရှည်ကို မျှော်နေကြတဲ့သူတွေ ရှိလား? မကြာခင် အိုဘွန်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော် အိုဘွန်း(お盆) ဆိုတာ ဂျပ...
10/08/2026

ဂျပန်မှာ ပိတ်ရက်ရှည်ကို မျှော်နေကြတဲ့သူတွေ ရှိလား?
မကြာခင် အိုဘွန်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော်

အိုဘွန်း(お盆) ဆိုတာ ဂျပန်နိုင်ငံရဲ့အလေးထားရတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပြီး၊ နှစ်စဉ် ဘိုးဘွားများကို အောက်မေ့သတိရတဲ့အနေနဲ့ မိသားစုဝင်တွေ ပြန်လည်စုဝေးကြတဲ့ ကာလဖြစ်ပါတယ်။

ဒီအချိန်မှာ မိသားစုနဲ့အတူ အချိန်ပေးခြင်း၊ သင်္ချိုင်းသို့ သွားရောက်ဂါရဝပြုခြင်း စတာတွေ ပြုလုပ်ပြီး ဘိုးဘွားများအပေါ် ကျေးဇူးတရားနဲ့ လေးစားမှုကို ဖော်ပြကြပါတယ်။
-----------------
📅 Takaken အိုဘွန်းပိတ်ရက်
8月11日(火)〜 8月16日(日)

ပိတ်ရက်ကာလအတွင်း ရရှိလာသော ဆက်သွယ်မေးမြန်းမှုများကို
ပိတ်ရက်ပြီးဆုံးပြီးနောက် အစဉ်လိုက် ပြန်လည်ဖြေကြားပေးသွားပါမယ်ရှင်။

အားလုံးပဲ ပျော်ရွှင်အေးချမ်းတဲ့ အိုဘွန်းပိတ်ရက်ကို ဖြတ်သန်းနိုင်ကြပါစေ ✨

📍 (株)高建工業・高建不動産
〒430-0811
静岡県浜松市中央区名塚町105-1
☎️ TEL:053-460-6193

✨ Your Trusted Real Estate Support in Japan ✨
📍 Hamamatsu | Iwata | Fukuroi | Kakegawa

🏠 2DK အခန်းတွေ ဘာကြောင့် အဟောင်းများတာလဲ?ဂျပန်မှာ အိမ်ရှာတဲ့အခါ 「2DK」 ဆိုတဲ့ အခန်းပုံစံတွေကို မကြာခဏ တွေ့ရတတ်ပါတယ်။2DK ဆ...
07/08/2026

🏠 2DK အခန်းတွေ ဘာကြောင့် အဟောင်းများတာလဲ?

ဂျပန်မှာ အိမ်ရှာတဲ့အခါ 「2DK」 ဆိုတဲ့ အခန်းပုံစံတွေကို မကြာခဏ တွေ့ရတတ်ပါတယ်။

2DK ဆိုတာ 「အခန်း ၂ ခန်း + ထမင်းစားခန်း/မီးဖိုချောင်(DK)」 ပါဝင်တဲ့ အိမ်ပုံစံဖြစ်ပြီး အရင်ခေတ်မှာ လူကြိုက်များခဲ့တဲ့ အခန်းပုံစံတစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် 1970〜1990 ခုနှစ်ဝန်းကျင်မှာ မိသားစုငယ်များအတွက် သင့်တော်တဲ့ ပုံစံဖြစ်လို့ အများအပြား ဆောက်လုပ်ခဲ့ပါတယ်။
ဒါကြောင့် ယနေ့ခေတ်မှာ 2DK အခန်းတွေကို တွေ့ရတဲ့အခါ 築年数(အဆောက်အဦးသက်တမ်း)ကြာနေတဲ့ အဆောက်အဦးတွေ ဖြစ်တာများပါတယ်။

ဒါ့အပြင် ယနေ့ခေတ်မှာတော့ လူနေမှုပုံစံပြောင်းလဲလာပြီး 1LDK၊ 2LDK လိုမျိုး Living Space ကျယ်တဲ့ အခန်းပုံစံတွေကို ပိုမိုရွေးချယ်လာကြတာကြောင့် အသစ်ဆောက်လုပ်တဲ့ 2DK အခန်းတွေက နည်းလာပါတယ်။

ဒါပေမယ့် 2DK အခန်းတွေမှာလည်း အားသာချက်များစွာ ရှိပါတယ်နော်
✅ အခန်းခွဲထားလို့ Privacy ကောင်းခြင်း
✅ 1LDK ထက် ငှားရမ်းခ သက်သာနိုင်ခြင်း
✅ ပစ္စည်းများများရှိသူများအတွက် အဆင်ပြေခြင်း
✅ မိသားစုငယ်များအတွက် အသုံးပြုရလွယ်ကူခြင်း

ဒါကြောင့် 築年数 (အဆောက်အဦးသက်တမ်း) တစ်ခုတည်းကို မကြည့်ဘဲ အခန်းအတွင်းအခြေအနေ၊ ပြုပြင်မွမ်းမံထားမှု(リフォーム)နဲ့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံနဲ့ ကိုက်ညီမှုကို ကြည့်ပြီး ရွေးချယ်ဖို့ကလည်းအရေးကြီးပါတယ်နော်

ဒီနေ့ကတော့ 内見အတွက်🥰အခန်းအချက်အလက်တွေကို သေချာစစ်ဆေးပြီး၊ အိမ်လာကြည့်မယ့်သူတွေ အဆင်ပြေအောင် ပြင်ဆင်နေပါတယ်အိမ်ရှာနေတဲ့သူတ...
05/08/2026

ဒီနေ့ကတော့ 内見အတွက်🥰
အခန်းအချက်အလက်တွေကို သေချာစစ်ဆေးပြီး၊ အိမ်လာကြည့်မယ့်သူတွေ အဆင်ပြေအောင် ပြင်ဆင်နေပါတယ်
အိမ်ရှာနေတဲ့သူတိုင်း စိတ်ကြိုက်အခန်းလေး တွေ့ကြပါစေလို့ မျှော်လင့်ပါတယ်နော်🍀

☀️ ဂျပန်မှာ 「南向き」 (တောင်ဘက်မျက်နှာလှည့်) အခန်းတွေကို ဘာကြောင့် လူကြိုက်များတာလဲ?ဂျပန်မှာ အိမ်ရှာတဲ့အခါ 「南向き」 ဆိုတဲ့ စကား...
04/08/2026

☀️ ဂျပန်မှာ 「南向き」 (တောင်ဘက်မျက်နှာလှည့်) အခန်းတွေကို ဘာကြောင့် လူကြိုက်များတာလဲ?

ဂျပန်မှာ အိမ်ရှာတဲ့အခါ 「南向き」 ဆိုတဲ့ စကားကို မကြာခဏတွေ့ရပါတယ်။
ဘာကြောင့် 南向き အခန်းတွေက လူကြိုက်များတာလဲဆိုရင်

① နေရောင်ကောင်းကောင်းရတယ်☀️
တောင်ဘက်မျက်နှာလှည့် အခန်းတွေက နေ့ဘက်မှာ နေရောင်ဝင်ချိန် ပိုကြာတာကြောင့် အခန်းထဲက ပိုလင်းပြီး နွေးနွေးထွေးထွေး ခံစားရပါတယ်။

② အဝတ်အစားတွေ ခြောက်လွယ်တယ်👕
ဝရန်တာ (Balcony) ရှိတဲ့ အခန်းဆိုရင် နေရောင်ကောင်းတာကြောင့် အဝတ်အစားတွေ ပိုမြန်မြန် ခြောက်နိုင်ပါတယ်။
အထူးသဖြင့် ဆောင်းရာသီမှာ ဒီအချက်က အရမ်းအသုံးဝင်ပါတယ်။

③ အခန်းထဲက ပိုနေချင်စရာကောင်းတယ်🌿
သဘာဝအလင်းရောင် ဝင်တဲ့အခန်းတွေက ပိုကျယ်သလို ခံစားရပြီး နေ့ဘက်မှာ မီးဖွင့်စရာလည်း နည်းပါတယ်။

④ ဆောင်းရာသီမှာ ပိုနွေးတယ်❄️
ဂျပန်ဆောင်းရာသီက အေးတဲ့အတွက် နေရောင်ရတဲ့ အခန်းတွေက နေ့ဘက်ဆိုရင်
ပိုနွေးပါတယ်။

ဒါပေမယ့် 南向き တိုင်းက အကောင်းဆုံးလို့တော့ မဆိုလိုပါဘူးနော်

ဥပမာ
နွေရာသီမှာ အခန်းက ပိုပူနိုင်ပါတယ်။
အဆောက်အဦးအမြင့်တွေ ပိတ်နေမယ်ဆိုရင် 南向き ဖြစ်ပေမယ့် နေရောင် သိပ်မဝင်တာမျိုးလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် အခန်းရွေးတဲ့အခါ "南向き" ဆိုတာတစ်ခုတည်း မကြည့်ဘဲ

✅ နေ့အလင်းရောင် အမှန်တကယ်ဝင်မဝင်
✅ ပတ်ဝန်းကျင်မှာ အဆောက်အဦးတွေ ကာနေသလား
✅ ကိုယ့်နေထိုင်မှုပုံစံနဲ့ ကိုက်ညီလား
ဆိုတာတွေကိုပါ ထည့်စဉ်းစားဖို့ အရေးကြီးပါတယ်နော်

#ဂျပန်မှာအိမ်ရှာ #南向き #အိမ်ငှား #不動産

ဩဂုတ်လထဲ Hamamatsuမြို့ နဲ့ အနီးအနားမှာ သွားလည်လို့ကောင်းတဲ့ မီးပန်းပွဲ ၃ ခု 🎆 📅 ဩဂုတ်လ 1 ရက် (စနေ)🎇 佐鳴湖花火大会 (Hamamatsu)...
31/07/2026

ဩဂုတ်လထဲ Hamamatsuမြို့ နဲ့ အနီးအနားမှာ သွားလည်လို့ကောင်းတဲ့ မီးပန်းပွဲ ၃ ခု 🎆

📅 ဩဂုတ်လ 1 ရက် (စနေ)

🎇 佐鳴湖花火大会 (Hamamatsu)
🕢 19:30–20:30
🎆 မီးပန်း 1,000 လုံးခန့်
Hamamatsu Station ကနေ Bus နဲ့ သွားလို့အဆင်ပြေပါတယ်။

🎇 鹿島の花火大会 (Tenryu)
🕖 19:00–21:00
🎆 မီးပန်း 4,000 လုံးခန့်
Hamamatsu မြို့လယ်ကနေ ရထားနဲ့ ၁ နာရီဝန်းကျင် သွားရပါတယ်။

📅 ဩဂုတ်လ 2 ရက် (တနင်္ဂနွေ)

🎇 三ヶ日花火大会
📍 Hamamatsu 市 浜名区 (Mikkabi)
🎆 မီးပန်း 2,500 လုံးခန့်
Hamana Lake (浜名湖) နားမှာ ကျင်းပတာပါ။

📅 ဩဂုတ်လ 15 ရက် (စနေ)

🎇 佐久間祭典花火大会
📍 Tenryu Ward
သဘာဝတောင်တန်းတွေကြားမှာ ကျင်းပတဲ့ ပွဲဖြစ်လို့ အသံပဲ့တင်သံနဲ့ အရမ်းလှပါတယ်။

🎇 森町納涼花火大会
📍 Mori Town (Hamamatsu နဲ့ နီးပါတယ်)
အစဉ်အလာရှိတဲ့ မီးပန်းပွဲတော်တစ်ခုပါ။

ဂျပန်မှာ အိမ်ငှားတဲ့အခါ「保証会社への加入が必要です」(အာမခံကုမ္ပဏီ ဝင်ထားရန် လိုအပ်ပါတယ်)ဆိုတဲ့စာကို မကြာခဏတွေ့ရပါတယ်။保証会社 ဆိုတာက အိမ်င...
29/07/2026

ဂျပန်မှာ အိမ်ငှားတဲ့အခါ
「保証会社への加入が必要です」
(အာမခံကုမ္ပဏီ ဝင်ထားရန် လိုအပ်ပါတယ်)
ဆိုတဲ့စာကို မကြာခဏတွေ့ရပါတယ်။

保証会社 ဆိုတာက အိမ်ငှားသူက အကြောင်းတစ်ခုခုကြောင့် အိမ်လခကို မပေးနိုင်တဲ့အခါ၊ အိမ်ရှင်ဆီကို အရင်ဆုံး အိမ်လခပေးပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
အရင်တုန်းကတော့ မိဘ၊ ဆွေမျိုး စတဲ့ 連帯保証人 ရှိဖို့ လိုတာများခဲ့ပေမယ့်၊ အခုအခါမှာတော့ 保証会社 ကို အသုံးပြုရတဲ့အိမ်တွေ များလာပါတယ်။

保証会社 ကို အသုံးပြုရင် ဘာကောင်းလဲ?
အိမ်ရှင်ဘက်က အိမ်လခမရနိုင်တဲ့ စိုးရိမ်မှု လျော့နည်းသွားပါတယ်။
အိမ်ငှားသူဘက်ကလည်း 連帯保証人 ရှာဖို့ခက်တဲ့အခါ အိမ်ငှားနိုင်ဖို့ ပိုအဆင်ပြေပါတယ်။
နိုင်ငံခြားသားများ၊ ကျောင်းသားများ၊ ဂျပန်မှာ ဆွေမျိုးမရှိသူများအတွက်လည်း အသုံးဝင်နိုင်ပါတယ်။

သတိထားရမယ့်အချက်
保証会社 က အိမ်လခကို အစားထိုးပေးလိုက်တယ်ဆိုပေမယ့်၊ အိမ်ငှားသူရဲ့ ပေးဆပ်ရမယ့်တာဝန် ပျောက်သွားတာ မဟုတ်ပါဘူး။
保証会社 က အိမ်ရှင်ကို အရင်ပေးပြီးနောက်၊ အဲဒီငွေကို အိမ်ငှားသူဆီ ပြန်လည်တောင်းခံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စာချုပ်ချုပ်ချိန်မှာ—

初回保証料 (စငှားချိန် တစ်ကြိမ်ထဲသာ)
毎年の更新保証料 (နှစ်စဥ် ပေးဆောင်ရ)
月額保証料 (လစဥ် ပေးဆောင်ရ)

စတဲ့ ကုန်ကျစရိတ်တွေ ရှိနိုင်ပါတယ်။ ငွေပမာဏနဲ့ အကျုံးဝင်တဲ့အကြောင်းအရာတွေက 保証会社 တစ်ခုနဲ့တစ်ခု မတူတာကြောင့် စာချုပ်မချုပ်ခင် သေချာစစ်ဆေးသင့်ပါတယ်။

ဒါပေမယ့် အိမ်လခပေးစရာ မလိုတော့တာ မဟုတ်ပါဘူး။
保証料၊ 更新料 နဲ့ စာချုပ်စည်းကမ်းတွေကို မချုပ်ခင် သေချာဖတ်ဖို့ အရေးကြီးပါတယ်။

------------
ဒီ Page ကနေတစ်ဆင့်...
🏠 အိမ်ငှားခြင်း၊ အိမ်ရှာခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတများ၊
🇯🇵 ဂျပန်မှာ နေထိုင်ရင်း ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးတွေ၊
📍 Hamamatsu အနီးတဝိုက်က အသုံးဝင်တဲ့ အချက်အလက်တွေကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
🤗အိမ်ငှားခြင်းနဲ့ ပတ်သက်ပြီး နားမလည်တာရှိရင် လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
---------------
📍 (株)高建工業・高建不動産
〒430-0811
静岡県浜松市中央区名塚町105-1
☎️ TEL : 053-460-6193
✨ Your Trusted Real Estate Support in Japan ✨
📍 Hamamatsu | Iwata | Fukuroi | Kakegawa

#不動産
#賃貸
#保証会社
#家賃保証

🚌ဂျပန်မှာ ပထမဆုံး Bus စီးခဲ့တဲ့ အတွေ့အကြုံကိုယ်ဂျပန်ရောက်ခါစတုန်းက အဆောင်မှာခဏနေခဲ့ရတယ်။ နေတဲ့အဆောင်နဲ့ အလုပ်ကလည်း တော်တ...
27/07/2026

🚌ဂျပန်မှာ ပထမဆုံး Bus စီးခဲ့တဲ့ အတွေ့အကြုံ

ကိုယ်ဂျပန်ရောက်ခါစတုန်းက အဆောင်မှာခဏနေခဲ့ရတယ်။ နေတဲ့အဆောင်နဲ့ အလုပ်ကလည်း တော်တော်လေးဝေးပြီး Hamamatsu ရဲ့ ကိုယ်နေတဲ့ဘက်မှာက ရထားထက် Bus နဲ့ သွားလာရတာက ပိုအဆင်ပြေတဲ့နေရာ ဖြစ်နေတော့ အလုပ်စဝင်ရတော့မယ့်အချိန်မှာ Bus နဲ့အသွားအပြန် လုပ်ရမှာပေါ့နော်

ဒီကြားထဲမှာ ကိုယ်ဂျပန်ရောက်ခါစက SIM Card မရှိသေးဘူး။ အပြင်ရောက်ရင် ဖုန်း Internet သုံးလို့မရ။
လမ်းပျောက်သွားရင် ၊ မှတ်တိုင်ကျော်သွားရင်၊ တစ်ခုခုဖြစ်ရင် ဘယ်ဘယ်လိုဆက်သွယ်ရမလဲ
ဆိုပြီး ကိုယ့်ဘာသာကိုယ် တွေးပြီးပိုရင်ခုန်နေတာပေါ့။ 😂

အဲ့ဒါနဲ့ Google Maps မှာ အရင်ဆုံး သွားမယ့်လမ်းကြောင်းကို သေချာရှာပြီး Hamamatsu ဘူတာကနေ Bus ပြောင်းစီးရတဲ့ Route ကိုပါ ကြိုကြည့်ထားတယ်။
မှတ်တိုင်တွေကလည်း မနည်းဘူးရယ်...၄၀ ကျော်လောက်ရှိတဲ့ မှတ်တိုင်တွေကို Screenshot တွေရိုက်ထားလိုက်တာ 😂

အဲဒီတုန်းက ကိုယ့်ဖုန်းမှာ Internet မရှိတော့
"တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ" ဆိုပြီးပဲ စိုးရိမ်နေတာ။
အရေးကြီးတာတစ်ခုခုဖြစ်ရင်တော့ လမ်းမှာ 100 ယန်းနဲ့ ဖုန်းဆက်လို့ရတဲ့ Public Phone တွေ ရှိမှာပဲ ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်အားပေးထားရတယ် 😂

ဒါနဲ့ပဲ မစီးခင်ကတည်းက YouTube မှာ ဂျပန် Bus စီးနည်း Video တွေ ရှာကြည့်ထားတာပေါ့
🚌 ကားပေါ်တက်ရင် အဝင်ဝမှာ 整理券(せいりけん)လက်မှတ်ယူရမယ်။
🎫 ဆင်းတဲ့အချိန်မှာ ကျသင့်တဲ့ ယာဉ်စီးခနဲ့ လက်မှတ်ကို သတ်မှတ်ထားတဲ့ Box ထဲ ထည့်ရမယ်။
📺 ကိုယ်ပေးရမယ့် ယာဉ်စီးခကိုလည်း ကားပေါ်က Screen မှာ ကြည့်လို့ရတယ်...
ဆိုတာတွေ အကုန်လေ့လာထားတာ။ 😆

တကယ်တမ်း စီးကြည့်လိုက်တော့
ကိုယ်ထင်ထားတာထက် အများကြီး ပိုလွယ်နေရောပဲ

မှတ်တိုင်တိုင်းမှာ ဆိုင်းဘုတ်တွေ ရှင်းရှင်းလင်းလင်းရှိတယ်။
ကားပေါ်မှာလည်း နောက်ထပ်ရောက်မယ့် မှတ်တိုင်တွေကို စနစ်တကျ ပြပေးတယ်၊ အသံနဲ့လည်း ကြေညာပေးတယ်။
အဲ့ဒီတော့မှ ကိုယ်စိုးရိမ်ထားသလောက် မခက်ဘူးဆိုတာသိလိုက်ရတယ်။ 😊

အခု ပြန်တွေးကြည့်ရင်တော့ ရယ်မိတာပေါ့နော်
ဂျပန်ရောက်ခါစမှာ အရာအားလုံးက အသစ်အဆန်းဖြစ်ပြီး သေးသေးလေးကအစ စိတ်လှုပ်ရှားစရာကောင်းခဲ့တာပါပဲ

ဒီလို ဂျပန်ရောက်ခါစ အတွေ့အကြုံလေးတွေလည်း ထပ်ရှိသေးတာမို့ နောက် Post တွေမှာလည်း ဆက်ပြီး မျှဝေပေးသွားပါမယ်နော်။ 🥰

#ဂျပန်မှာနေထိုင်ခြင်း #မြန်မာinJapan #ဂျပန်အတွေ့အကြုံ

Hello Hello 👋ဒီနေ့တော့ ဂျပန်စရောက်တဲ့နေ့က ရိုက်ထားမိတဲ့အမှတ်တရပုံလေးတွေကို မျှဝေပေးချင်ပါတယ်။ 📸🇯🇵ပုံတွေကို ပြန်ကြည့်ရင်း...
24/07/2026

Hello Hello 👋

ဒီနေ့တော့ ဂျပန်စရောက်တဲ့နေ့က ရိုက်ထားမိတဲ့အမှတ်တရပုံလေးတွေကို မျှဝေပေးချင်ပါတယ်။ 📸🇯🇵
ပုံတွေကို ပြန်ကြည့်ရင်း ဂျပန်ရောက်တဲ့ပထမနေ့ကို ပြန်တွေးမိတယ်

လေယာဉ်ပေါ်ကဆင်းခါစမှာတော့ စိတ်လှုပ်ရှားနေပြီးအရာအားလုံးက အသစ်အဆန်းတွေချည်းပဲနော်😅
ပြီးရင် လေယာဉ်စီးလာလို့ ရောက်တာနဲ့နားရအုံးမယ်မထင်နဲ့နော်
(အခုမှလာမယ့်သူတွေဆိုလည်း အဲ့ဒါလေးတွေးထားပါနော်၊ ဒီမှာက ရောက်တာနဲ့ လုပ်စရာရှိတာတွေ တန်းrun ရတာ များပါတယ်)

အဲ့ဒီနေ့ပဲ 役所 (မြို့နယ်ရုံး)သွားတာ၊ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်တာ၊ နေရာအသစ်မှာ အဆင်ပြေအောင် စီစဉ်တာတွေနဲ့ ဆက်တိုက်နော်
(ပင်ပန်းပေမယ့်လည်း သဘောကောင်းတဲ့သူတွေနဲ့ ကြုံရတာမို့ ပထမနေ့မှာတင် နွေးထွေးတဲ့ခံစားချက်လေးရပါတယ်🥰)

ကဲ Minasan တို့ရော...
ဂျပန်ကို စရောက်တဲ့နေ့က ဘယ်လိုခံစားခဲ့ရလဲ?
အဲဒီနေ့က ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေ ရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

#မြန်မာinJapan #အမှတ်တရ

🗾ဂျပန်မှာ အိမ်ငှားတော့မယ်ဆိုရင် အိမ်လခတစ်ခုပဲ ပေးရတာလား ??ဂျပန်မှာ အိမ်ငှားဖို့ အခန်းရှာတဲ့အခါ 「家賃 5万円」 ဆိုပြီး တွေ့ရင်"...
22/07/2026

🗾ဂျပန်မှာ အိမ်ငှားတော့မယ်ဆိုရင် အိမ်လခတစ်ခုပဲ ပေးရတာလား ??

ဂျပန်မှာ အိမ်ငှားဖို့ အခန်းရှာတဲ့အခါ 「家賃 5万円」 ဆိုပြီး တွေ့ရင်
"အိမ်လခ 50,000 ယန်းပဲဆိုတော့ အိမ်ဝင်ရင် 50,000 ယန်းပဲ ပေးရမှာပေါ့" လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်း အိမ်စငှားတဲ့အချိန်မှာတော့ 家賃 (အိမ်လခ) အပြင် တခြားကုန်ကျစရိတ်တွေပါ ရှိနိုင်ပါတယ်နော်
အဲဒါကို 初期費用 (しょきひよう / ကနဦးကုန်ကျစရိတ်) လို့ ခေါ်ပါတယ်။

📌 初期費用 ဆိုတာ အိမ်စငှားပြီး စတင်နေထိုင်တဲ့အချိန်မှာ တစ်ခါတည်း ပေးရတဲ့ ကုန်ကျစရိတ်တွေဖြစ်ပါတယ်။

အခန်းနဲ့ စာချုပ်အခြေအနေပေါ်မူတည်ပြီး ကုန်ကျစရိတ်ကမတူနိုင်ပေမယ့် အများအားဖြင့် ဒီလိုအရာတွေ ပါဝင်နိုင်ပါတယ်

① 敷金 (しききん )

အိမ်ရှင်ဘက်ကို ပေးထားရတဲ့ အာမခံငွေ လို့ နားလည်လို့ရပါတယ်။
အိမ်ကနေ ထွက်တဲ့အခါ အခန်းသန့်ရှင်းရေးခ၊ ပျက်စီးမှု ပြုပြင်ခ စတာတွေအတွက် အသုံးပြုနိုင်ပြီး ကျန်ငွေရှိရင် ပြန်ရနိုင်ပါတယ်။

📌 ဒါပေမယ့် စာချုပ်မှာ ဘယ်လိုသတ်မှတ်ထားလဲဆိုတာ သေချာစစ်ဆေးဖို့ လိုပါတယ်။

② 礼金 (れいきん)

အိမ်ငှားတဲ့အခါ အိမ်ရှင်ကို ပေးရတဲ့ ကျေးဇူးတင်ငွေလို့ နားလည်လို့ရပါတယ်။

⚠️ 敷金 နဲ့ မတူတာက 礼金 ကို ပုံမှန်အားဖြင့် ပြန်မရပါဘူး။

အခန်းတစ်ခန်းနဲ့တစ်ခန်း 礼金 ရှိတာ၊ မရှိတာ မတူနိုင်ပါဘူး။

③ 仲介手数料 (ちゅうかいてすうりょう)

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကနေ အခန်းရှာပြီး စာချုပ်ချုပ်တဲ့အခါ ပေးရတဲ့ အကျိုးဆောင်ခ ဖြစ်ပါတယ်။
အခန်းရှာပေးတာ၊ စာချုပ်လုပ်ငန်းစဉ်တွေမှာ ကူညီပေးတာ စတဲ့ ဝန်ဆောင်မှုတွေအတွက် ပေးရတာပါ။

မပေးရတဲ့ အကျိုးဆောင်ကုမ္ပဏီတွေလည်း ရှိပါတယ်။

④ 保証会社利用料 (ほしょうがいしゃりようりょう)

ဂျပန်မှာ အိမ်ငှားတဲ့အခါ 保証会社 (အာမခံကုမ္ပဏီ) ကို အသုံးပြုဖို့ လိုအပ်တဲ့ အခန်းတွေ ရှိပါတယ်။

အိမ်လခကို ကိုယ်တိုင် မပေးနိုင်တဲ့အခြေအနေမျိုး ဖြစ်လာရင် အာမခံကုမ္ပဏီက အိမ်ရှင်ဘက်ကို အစားထိုးပေးနိုင်တဲ့ စနစ်မျိုးပါ။
ဒီအတွက် 保証会社利用料 ပေးရနိုင်ပါတယ်။

📌 ကုန်ကျစရိတ်နဲ့ ပေးချေရမယ့်ပုံစံက အာမခံကုမ္ပဏီနဲ့ စာချုပ်အပေါ် မူတည်ပြီး ကွာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ 保証料က ပြန်မရပါဘူး။

⑤ 火災保険料 (かさいほけんりょう)

အိမ်ငှားတဲ့အခါ မီးဘေးအာမခံ စတာတွေအတွက် ပေးရတဲ့ အာမခံကြေး ဖြစ်ပါတယ်။

မီးဘေးအပြင် ရေကြောင့် ပျက်စီးမှု စတဲ့ အခြေအနေတွေမှာလည်း အာမခံအကျုံးဝင်နိုင်တာကြောင့် စာချုပ်မှာ ဘာတွေ Cover လုပ်ပေးထားလဲ စစ်ကြည့်ဖို့ လိုပါတယ်။

⑥ 鍵交換費用 (かぎこうかんひよう)

အရင်နေထိုင်သူအသုံးပြုခဲ့တဲ့ သော့အစား သော့အသစ်လဲပေးတဲ့ ကုန်ကျစရိတ် ဖြစ်ပါတယ်။

အခန်းနဲ့ စာချုပ်အခြေအနေအလိုက် မဖြစ်မနေ လုပ်ရတာရှိသလို ရွေးချယ်လို့ရတာလည်း ရှိနိုင်ပါတယ်။

⑦ クリーニング費用

အခန်းထဲကို မဝင်ခင် သန့်ရှင်းရေးလုပ်ပေးတဲ့အတွက် ကုန်ကျစရိတ် ဖြစ်နိုင်ပါတယ်။

အခန်းထဲဝင်တဲ့အချိန်မှာ ပေးရတာရှိသလို၊ အခန်းကနေထွက်တဲ့အချိန်မှာ ပေးရမယ်လို့ စာချုပ်ထဲမှာ သတ်မှတ်ထားတာ ရှိနိုင်ပါတယ်။

⑧ 前家賃 (まえやちん)

အိမ်ထဲဝင်နေမယ့် ပထမဆုံးလအတွက် အိမ်လခကို ကြိုတင်ပေးရတာ ဖြစ်ပါတယ်။

အခန်းဝင်မယ့်ရက်ပေါ်မူတည်ပြီး 日割り家賃 (နေ့အလိုက်တွက်တဲ့ အိမ်လခ) နဲ့ နောက်လအိမ်လခကိုပါ တစ်ခါတည်း ပေးရတာမျိုး ရှိနိုင်ပါတယ်။

🤔ဒါဆို ဘယ်လောက်ကုန်နိုင်လဲ?

ဥပမာ—

🏠 家賃 = 50,000 ယန်း ဆိုရင်
အိမ်လခ 50,000 ယန်းတစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။

敷金 + 礼金 + 仲介手数料 + 保証会社利用料 + 火災保険 + 鍵交換費用 + クリーニング費用 + 前家賃 စတာတွေ ပေါင်းလိုက်ရင် အစပိုင်းကုန်ကျစရိတ်က အိမ်လခ +++ အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အခန်းရွေးတဲ့အခါ...

❌ 「家賃 ဘယ်လောက်လဲ?」 တစ်ခုတည်း မမေးဘဲ

✅ 「初期費用は全部でいくらかかりますか?」
(အစပိုင်း စုစုပေါင်းကုန်ကျစရိတ် ဘယ်လောက်ကျမလဲ?)
လို့ မေးကြည့်ပြီး ကိုယ့်ဝင်ငွေနဲ့ ကိုက်ညီတဲ့ အခန်းကိုငှားနိုင်ဖို့ အရေးကြီးပါတယ်။

#ဂျပန်မှာအိမ်ငှားခြင်း #初期費用 #家賃 #敷金 #礼金 #အိမ်ငှား #အိမ်ရှာ #不動産 #မြန်မာinJapan

☀️အခုလို ရာသီဥတုပူတဲ့နေ့တွေမှာ အေးအေးလေးစားရတာ အရမ်းကောင်းသော😋
21/07/2026

☀️အခုလို ရာသီဥတုပူတဲ့နေ့တွေမှာ အေးအေးလေးစားရတာ အရမ်းကောင်းသော😋

住所

105-1 Nazuka-cho, Chuo-ku
Hamamatsu-shi, Shizuoka

ウェブサイト

アラート

Takaken Hamamatsu 不動産がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー