Nyi Nyi Htun Myanmar

Nyi Nyi Htun Myanmar Nyi Nyi Htun Myanmar, 不動産, Osakaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

29/11/2023

လူသေပြီးနောက် (၇)ရက်
အိမ်မှာ ကပ်နေသည့် ဖြစ်ရပ်ဟာ
ဘယ်က စခဲ့သလဲ

ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်က
တိဿ ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။

" အဲဒီ ရဟန်းဟာ
နှမတော်ဖြစ်သူ လှူထားတဲ့
သင်္ကန်းကို စွဲလန်းပြီး
သေခဲ့ရပြီးတော့
အဲဒီ သင်္ကန်းမှာ
သန်းကြီး ဖြစ်ရရှာတယ် "တဲ့။

တစ်နေ့မှာ
" ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ကိုယ်တော်တွေဟာသူ့ကျောင်းကို ရောက်ပြီး
ပျံလွန်တော်မူသွားတဲ့ ကိုယ်တော်ရဲ့
ပစ္စည်းတွေကို သိမ်းဆည်းဖို့ အလာမှာ အဲဒီ သန်းပြိတ္တာကြီးက
သင်္ကန်းပေါ်မှာ ပတ်ပြေးနေပြီး
ငါ့သင်္ကန်းကြီး မထိနဲ့၊ ငါ့သင်္ကန်းကြီး မယူနဲ့ ဆိုပြီး ပတ်ချာလည် ပြေးလွှားနေတယ် " တဲ့။

အဲဒီ ဖြစ်စဉ်ကို
" ဗုဒ္ဓမြတ်စွာဘုရားရှင်က မြင်တော်မူပြီး ရဟန်းတို့ ထိုသင်္ကန်းကို လုံးဝမထိနဲ့။ (၇)ရက်ပြည့်ပြီးမှ ကိုင်ကြပါ " လို့ မိန့်ကြား လိုက်ပါတယ်။

သန်းတွေရဲ့အသက်ဟာ
(၇)ရက်ပဲ ခံတာကြောင့်ရယ်
(၇)ရက် မပြည့်ခင် အဲဒီ သင်္ကန်းကို အခြားကိုယ်တော်တွေက သွားထိမိရင် သန်းပြိတ္တာကြီးက သံဃာကို ပြစ်မှားမိတဲ့ ကံကြောင့် အဝီစိ ကျမယ့်အရေးနဲ့၊ သင်္ကန်းဝတ်မိတဲ့ ကိုယ်တော်ကြောင့် သန်းပြိတ္တာကြီး သေမယ့်အရေး ဒါတွေကို ကြိုမြင်ခဲ့လို့ ဗုဒ္ဓမြတ်စွာဘုရားရှင်က
သင်္ကန်းကို (၇)ရက် ပြည့်ပြီးမှ
ကိုင်ကြပါလို့ မှာကြားခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး
လူတွေကလည်းလူတွေသေပြီးရင်
(၇)ရက်ပြည့်မှ အိမ်က ထွက်တယ်တို့၊ သေပြီးရင် ကြားခံဘဝ ဝိညာဉ်ကောင်၊ လိပ်ပြာကောင် ဘဝနဲ့
ရှိနေကြသေးတယ် စသဖြင့်
အယူ မှားတတ်ကြပါတယ်။

ဒီ အယူမှားဟာ
မြန်မာလူမျိုးတွေကြားထဲမှာ
ပျံ့နှံ့နေခဲ့တာကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကြားခံဘဝ၊ဝိညာဉ်ကောင်၊
လိပ်ပြာကောင် ဘဝ ရှိနေသေးတယ် လို့ ယူဆရင် သဿတဒိဋ္ဌိ ဖြစ်ပါတယ်။

သေပြီးသူမှာ ကြားခံဘဝ၊ ဝိညာဉ်ဘဝ ဆိုတာမရှိပါဘူး။ နိဗ္ဗာန်ကို မရခဲ့ပါက မိမိနဲ့ ထိုက်တန်တဲ့ ဘဝအသစ်ကို စက္ကန့်မခြားပဲ ရောက်ကြရတာချည်းပါပဲ။

အိမ်အနီးအနားမှာ ရှိနေတယ်၊
တွေ့ရတယ် စသဖြင့်...
ဒီလို တွေ့မြင်မိရင်တော့ အဲဒါ ပြိတ္တာဘဝ ရောက်သွားခြင်းပါ။
ကြားခံဘဝ မဟုတ်ပါဘူး။

" သေပြီးသူရဲ့ဝိညာဉ်ဟာ
တစ်ခါတည်း ချုပ်ပျောက်ပြီး
မတူထူးခြားတဲ့ နောက်ဘဝ တစ်ခုမှာ
အခြားဝိညာဉ်နဲ့ အခြားသတ္တဝါ ချက်ချင်း ဖြစ်ရပါတယ်။ "

" မူလဝိညာဉ်ဟာသေဆုံးပြီးတာနဲ့
တစ်ခါတည်း ချုပ်ပျောက်ပါတယ်။ "
ဝိဉာဏ် ဆိုသည်မှာ ဝိဉာဏ ဆိုတဲ့
ပါဠိစကားက လာတာပါ။

ဝိ = မတူထူးခြားသော အနေအားဖြင့်
ဉာဏ = သိတယ်
ဒီလို အဓိပ္ပါယ် ရှိပါတယ်။

" သေပြီး(၇)ရက် အိမ်မှာ ရှိနေတယ် ဆိုတဲ့ အယူကို လက်ခံထားရင်ဗုဒ္ဓဘာသာစစ်စစ် မဖြစ်သေးပါဘူး။ "
သင်္ချိုင်းကနေ သစ်ကိုင်းလေးနဲ့ ခေါက်ပြီးလိပ်ပြာ ပြန်ခေါ်လာတာမျိုး၊ (၇)ရက် ပြည့်ရင် အိမ်လှေကားမှာ ပြာတို့၊ ဆန်တို့ ခံပြီး ခြေရာ ကျန်၊ မကျန် ကြည့်တာတို့ အပြင်မှာ သေတဲ့ မသာကို ရွာထဲ၊ ရပ်ကွက်ထဲ ရွာနာတယ် လို့ ယူဆမှားပြီး အဝင် မခံတာမျိုး၊ ဒါမျိုးတွေဟာ (၅)ပါးသီလ ပျက်တာထက် ပိုအပြစ်ကြီးတဲ့
နိယတ မိစ္ဆာဒိဋ္ဌိ အယူဆိုးတွေပါ။

လူသေကို ရွာထဲ အဝင် မခံဘူး ဆိုရင် နေ့စဉ် ကြက်မသာ၊ ဝက်မသာ တွေကျတော့ ပါးစပ်ထဲတောင် သွင်းနေကြသေးတာပဲ။ လူမသာကိုမှ
ပိုကြောက်ကြတယ် ဆိုရင်ဖြင့်
သေချာပါတယ်၊ လောဘ၊ ဒေါသ၊
မောဟ ကြီးတဲ့ လူတွေဟာ တိရစ္ဆာန်တွေထက် ပိုကြောက်စရာ ကောင်းလို့ပဲဖြစ်မှာပါ။

အသိ မှားတော့ အမှတ် မှားတယ်။
အမှတ် မှားတော့အယူ မှားတယ်။
အယူ မှားတော့ တရား မှားတယ်။

တရား မှားပြီ ဆိုရင်တော့ အပါယ်ဘုံသာ သွားရမှာ ဖြစ်ပါတယ်။

ဂျပန်တွေက သေပြီးရင် (၄၉)ရက်
အိမ်မှာ ကပ်နေတယ် လို့
ယူကြပါတယ်။ သူတို့က မဟာယာနတွေဖြစ်လို့ရှိစေတော့။

" ကိုယ့်ထေရဝါဒ ဗုဒ္ဓဘာသာတွေကတော့ တရားစစ်၊ တရားမှန်တွေ
ရှိပါလျက်နှင့် တရား မမှား၊
အယူ မမှား သင့်ပါ။ "

🙏 ကျေးဇူးရှင် ပါချုပ် ဆရာတော်ဘုရားကြီး 🙏

First Time
30/10/2023

First Time

30/10/2023

"ပထမကို ဦးစားပေးပါ"

လူတိုင်းလိုလိုက ကမ္ဘာကြီးကိုတော့
ကယ်တင်ချင်ကြတယ်
ဒါပေမယ့် အမေပန်းကန်ဆေးနေတာကို
ဝိုင်းကူဖို့ မစဉ်းစားကြဘူး။

လူတစ်ချို့က ပရဟိတတော့
လုပ်ချင်နေကြတယ်
အိမ်က အဖေ ထင်းခွဲနေတာကိုတော့
ကူလုပ်မယ်လို့ မစဉ်းစားကြဘူး။

လူတစ်ချို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ
ငိုနေတာကိုတော့ သနားပီးခံစားနေကြတယ်
အိမ်က မိဘတွေရဲ့ ရင်ထဲကဒဏ်ရာတွေကိုတော့
မြင်အောင်မကြည့်ကြဘူး။

ပထမရဲ့ တန်ဖိုးကိုမသိဘဲ ဒုတိယရဲ့ တန်ဖိုးကို
မက်မောနေသမျှ ပထမနဲ့ ဝေးကွားနေရအုံးမှာပါ။

Credit

Jobs4U

28/10/2023

ဂျပန်ရောက်ပြီး

ပထမဆုံးအလုပ်လုပ်
ပထမဆုံးဆိုဒ်အတွေ့အကြုံက
အချိန်လင့်ပြိးသွားပြီ
အတွေ့အကြုံအမျိုးမျိုးနဲ့
အခက်အခဲဆုံးကဂျပန်စကားပဲ
အောက်ခြေသိမ်းကစလုပ်ပြီး
မညည်းမငြူလုပ်ခဲ့တယ်
ပင်ပန်းခဲ့ရတဲ့ပထမဆိုဒ်က
ဒီကနေ့နောက်ဆုံးနေ့အထိ
တပတ်မတိုင်ပင်ကတည်းက
အဖွဲ့အသီးသီးနဲ့နှုတ်ဆက်ပွဲလုပ်ဖြစ်ခဲ့တယ်
ဒီကနေ့ကဆိုဒ်ရဲ့အရေးပါဆုံး
Designအဖွဲ့နဲ့လုပ်ဖြစ်ခဲ့တာပဲ
တော်တော်လေးပျော်ခဲ့ရတယ်
နောက်မှတနှစ်တာအ​သေးစိတ်ရေးမယ်
စိတ်ပါရင်ပေါ့

ကျေးဇူးပဲ

 #
06/10/2023

#

ဒီဓါတ်ပုံကို စမြင်တုန်းက
သဘောရိုးပဲတွေးမြင်ခဲ့တာပါ။
ကြောင်လေးက မြွေဟောက်ရဲ့အမြီးကို
ကြွက်လို့ထင်ပြီး ဖမ်းဖို့ပြင်နေတဲ့ ပုံပေါ့။

သေချာလေ့လာကြည့်မှ

ဒါဟာ အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့

Mr.Marco Melgrati ရေးဆွဲခဲ့တဲ့

သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။

မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီး
ကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာ
မင်းလုံးဝမသိသေးပဲ
လွယ့်လင့်တကူ မကစားပါနဲ့..

သူများက မင်းအကြောင်း
အကုန်လုံးကို
မြင်ပြီး သိပြီးသားပါ
မင်းကို မသတ်ချင်သေးလို့
ကြည့်နေတယ် ဆိုတာ မှတ်ပါ။

ဘာလုပ်လုပ်

ဘယ်လိုလူစားနဲ့ တွေ့တွေ့

လူတိုင်းကိုလေးစားပါ ၊

ရိုးသားပါ ၊

မကစားပါနဲ့ ။

မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့

နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ

အမြဲသတိရှိပါ

ဒါကြောင့် လူတိုင်းကို

လွယ်လွယ်နဲ့ ပေါ့ပေါ့တန်တန်တွေးပြီး

မဆက်ဆံပါနဲ့ လေးစားမှုရှိပါ။

တစ်ချို့က ကိုယ့်လုပ်ရပ်ကို

တစ်ခြားလူမသိဘူးထင်ပြီး လွယ်လွယ်နဲ့ကစားချင်ကြတယ်။

သတိလေးတော့ထားပေါ့😅😅😅
.

Crd

01/09/2023

မင်းတို့သဘောကျလှပါတယ်ဆိုတဲ့ ငါ့ပုံစံဆိုတာ
ငါပြသလောက်ပဲ မင်းတို့မြင်ရတာ ၊

ငါထုတ်ပြသလောက်ပုံစံလောက်ကိုပဲ ကြည့်ပီး ၊
သဘောအကျဆုံးပါပဲ လို့ ၊
လွယ်လွယ်မပြောနဲ့။

တစ်ချိန်" မှာ
ငါ့ရဲ့တဖက်ခြမ်းက မင်းတို့မကြိုက်တဲ့ပုံစံကို မြင်ပီးသွားရင် ၊
အဲ့လိုလူစားလား ? ဆိုပီး ရှုံ့ချဦးမှာမလား။

မင်းတို့ဘာသာ "ငါ့ကို သဘောကျတယ်" ပြောခဲ့ပီး ၊
မင်းတို့ကိုယ်တိုင်ပဲ စိတ်ပျက်နေမှာမို့လား။

ငါက ဟန်ဆောင်နေခဲ့တာမှ မဟုတ်တာ။
ထုတ်မပြခဲ့ရုံပဲ .. ။


#𝐿𝐸𝑂

住所

Osaka, Osaka
567-0897

ウェブサイト

アラート

Nyi Nyi Htun Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー