23/01/2026
♦️ ငှက်သိုက်အခြောက် ၁ ကျပ်သား ပမာဏကို ပေါင်းလိုက်လျှင် လူတစ်ဦး ၁၄ ရက်စာခန့် နေ့စဥ် ပုံမှန် သောက်သုံးနိုင်ပါသည်။ (လူကြီး မိဘများအတွက် ကန်တော့လိုလျှင် ၅ ကျပ်သား ပမာဏသည် လူနှစ်ယောက် ၁ လခွဲစာခန့် လုံလောက်စေပါသည်။)
🕊️မြိတ်ဇီဝဇိုးငှက်သိုက်နှင့် ကျန်းမာရေး
♦️ဦးနှောက်နဲ့ အာရုံကြောစနစ်တစ်ခုလုံးကို ကောင်းမွန်စေတယ်။
(အယ်လ်ဇိုင်းမား၊ သတိမေ့၊ စိတ်ကျရောဂါတွေကို ကာကွယ်ပေးနိုင်တယ်)
သဘာဝငှက်သိုက်စစ်စစ်မှာ Sialic Acid, Tyrosine နဲ့ Phenylalanine ဓါတ်တွေပါဝင်လို့ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေကို ကောင်းကောင်းလှုံ့ဆော်ပေးနိုင်ပြီး လူကြီးမိဘ ဖိုးဖွား အများစု အသက်ကြီးလာရင်ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတာ၊ သတိမေ့တာနဲ့ အယ်ဇိုင်းမားရောဂါတွေ မဖြစ်အောင် ကောင်းကောင်းကာကွယ်ပေးနိုင်တယ်။ နောက်ထပ် သက်ကြီးပိုင်းအရွယ်မှာအဖြစ်များတဲ့ စိတ်အားငယ်မှုနဲ့ စိတ်ကျရောဂါတွေကိုလည်း သဘာဝငှက်သိုက်စစ်စစ်ကို ပုံမှန်သောက်သုံးခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပါတယ်။
♦️နှလုံး/အသည်းရောဂါကို ကာကွယ်နိုင်တယ်။
Threonine ဓါတ်နဲ့ Antioxidents တွေလည်း သဘာဝငှက်သိုက်ထဲမှာ အများအပြားပါဝင်လို့ နှလုံးသွေးကြောစနစ်ကို အထောက်အကူပြုတဲ့အပြင် အသည်းနဲ့ နှလုံးကျန်းမာရေးကို အထူးကောင်းမွန်တိုးတက်စေတယ်။ ဒါ့အပြင် အသည်းမှာ အဆီတွေစုပုံလာခြင်းကိုလည်း တားဆီးပေးနိုင်တယ်။ ဒါ့အပြင် ငှက်သိုက်မှာ Selenium (သတ္တုဓါတ်) ပါ ပါဝင်လို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို ကောင်းမွန်တိုးတက်စေသလို သိုင်းရွိုက်ကျန်းမာရေးကို ကောင်းမွန်အောင်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။
♦️ကင်ဆာတိုက်ဖျက်ရာတွင် ကူညီပေးတယ်။
ကင်ဆာရောဂါ ခံစားနေရသူတွေ ကီမိုဆေးသွင်းပြီး ဘေးထွက်ဆိုးကျိုးဝေဒနာ ခံစားနေရသူ၊ ဓာတ်ကင်နေရသူတွေအတွက် ဘေးထွက်ဆိုးကျိုးဒဏ်တွေကို ခံနိုင်ရည်ရှိအောင် သဘာဝငှက်သိုက်ကကူညီပေးတာကြောင့် ကင်ဆာရောဂါရှိသူတွေ သဘာဝငှက်သိုက်စစ်စစ်ကို ပုံမှန်မှီဝဲသောက်သုံးသင့်ပါတယ်။
♦️ကိုယ်ခံအားကို ကောင်းမွန်တိုးတက်စေတယ်။
ငှက်သိုက်ထဲမှာပါတဲ့ ပရိုတင်းဓာတ်တစ်မျိုးက သွေးဖြူဥအရေအတွက်ကို တိုးပွားစေတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး လွယ်လွယ်နဲ့ နေမကောင်း၊ ဖျားနာတာမျိုး မဖြစ်စေဘူး။ နောက်ပြီး သွေးအတွင်းက မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။
~~~~~
♦️ဦးနှောက်ကောင်းပြီး မှတ်ဉာဏ်ထက်မြက်စေတယ်။
သဘာဝငှက်သိုက်ထဲမှာ Magnesium, Bromine, Copper, Zinc စတဲ့ သတ္တုဓါတ်တွေပါဝင်လို့ လူငယ်လူရွယ်တွေမှာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်တယ်။ ဒါကြောင့် ဦးနှောက်အများဆုံးသုံးနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အတိုင်ပင်ခံ ပညာရှင်တွေ၊ စာတွေ အများကြီးကျက်မှတ်ရတဲ့ ကျောင်းသူကျောင်းသားတွေ ငှက်သိုက်ပေါင်းကို ပုံမှန်သောက်သုံးသင့်တယ်။
♦️ဆီးချိုသွေးချို ထိန်းညှိပေးနိုင်တယ်။
ငှက်သိုက်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် သကြား လုံးဝမပါတဲ့ သဘာဝငှက်သိုက် (တစ်နည်းအားဖြင့်) သကြားလုံးဝမထည့်ဘဲ ကိုယ်တိုင်ပေါင်းထားတဲ့ သဘာဝငှက်သိုက်စစ်စစ်ကသာ ဆီးချိုသွေးချို ဖြစ်နေသူတွေသောက်ဖို့ အသင့်တော်ဆုံးဖြည့်စွက်စာ ဖြစ်ပါတယ်။
♦️ကိုယ်ဝန်ဆောင်တွေ နာကျင်ပင်ပန်းတာသက်သာစေပြီး မွေးဖွားရလွယ်စေတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ သဘာဝငှက်သိုက်ကို သောက်သုံးမယ်ဆိုရင် ပင်ပန်းမှုလျော့ပြီး ညဘက်သက်သောင့်သက်သာ အိပ်ပျော်စေတယ်။ ကိုယ်ဝန်ဆောင်နေစဥ် ခန္ဓာကိုယ် နာကျင်မှုဒဏ်တွေကိုပါ လျော့ပါးသက်သာစေပြီး ကလေးမွေးဖွားပြီးတဲ့အခါမှာလည်း အမြန်ဆုံး နလန်ပြန်ထူနိုင်အောင် သဘာဝငှက်သိုက်က ကူညီပေးပါတယ်။