Sato Fudousan

Sato Fudousan Sato Fudousan, 不動産仲介, Kanagawa, Yokohamaの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Sato Fudousan specializes in the Japanese property market, offering tailored services to help international clients find and rent/sale of apartments and condominiums across Japan.

国道16号国道16号ကိုဂျပန်အိမ်ခြံမြေလောက(不動産業界)မှာ(ルビコン川)ခေါ်ကြတယ်တဲ့။ルビコン川ဆိုတဲ့စကားပုံဟာ အီတလီ🇮🇹ကနေလာတာပါ။စစ်ဘုရင် Julius Caes...
14/04/2025

国道16号

国道16号ကိုဂျပန်အိမ်ခြံမြေလောက(不動産業界)မှာ
(ルビコン川)ခေါ်ကြတယ်တဲ့။

ルビコン川ဆိုတဲ့စကားပုံဟာ အီတလီ🇮🇹ကနေလာတာပါ။စစ်ဘုရင် Julius Caesarက ルビコン ချောင်း ကိုဖြတ်ပြီး ရောမကိုသိမ်းဖို့ သူ့ပြိုင်ဘက် pompey ကိုစစ်ကြေညာတာတဲ့။အဲ့ကနေရောမမှာပြည်တွင်းစစ်စဖြစ်ကြတာ။အဲ့ကနေ စီးပွါးလောကမှာ ပြိုင်ဆိုင်မှုများတာ၊အရေးကြီးတဲ့အခါတွေမှာ သုံးကြတဲ့စကားပုံဖြစ်လာတယ်။

国道16号 ဟာ တိုကျိုမြို့အလယ်ကနေအပြင်ကို ပတ်ပတ်လည် 30km အကွာကိုလှည့်ဖောက်ထားတဲ့လမ်းမကြီး။ဒီလမ်းဟာ Yokohama ဘက်ကိုအခြေပြုဖောက်ထားတာလို့ကြားဖူးတယ်။

ဂျပန်ရဲ့လူဦးရေဟာ 国道16号 အတွင်းမှာအများဆုံးနေထိုင်ကြတယ်။ဘယ်နေရာတွေလည်းဆိုတော့ Tokyo,Kanagawa, Saitama, Chiba ဧရိယာတွေဖြစ်တယ်။

Tokyo ဆိုရင်အားလုံးသိတဲ့အတိုင်း 23 区 စျေးလည်းကြီးသလို၊အိမ်ငှါးရတာအရမ်းခက်ပါတယ်။အိမ်ဝယ်
မယ်ဆိုလည်း Yamanote Line မှာဆိုတော်ရုံလူ မဝယ်နိုင်ကြပါဘူး။အထူးသဖြင့်အခုနောက်ပိုင်း 23 区 ဟာနိုင်ငံခြားသားတွေကြားမှာလည်းအရမ်းရေပန်းစားပါတယ်။အဲတာတွေကြောင့် တိုကျိုမြို့အလယ်ဆိုလူဦးရေအတိုးပဲရှိပါတယ်။

အဲ့လိုပဲ တိုကျိုပတ်လည်မှာရှိတဲ့ Yokohama, Saitama လိုနေရာတွေဟာလည်း အလုပ်ကိုင်ပေါများမှု၊တိုကျိုနဲ့ရထားသွားရလွယ်ကူမှုတွေကြောင့် အိမ်အငှါး၊အဝယ် စျေးကောင်းပါတယ်။

2025 ခုနှစ်က ဂျပန်မှာ 都心部のマンション市場バブル လို့ပြောလို့ရတယ်။ တန်းကြေးအမှန်ထက် ပိုများတဲ့စျေး 億 အထိပေးဝယ်ရတာတွေရှိလာတယ်။အခုနောက်ပိုင်း ကိုယ်ပိုင်အိမ်နဲ့ နေတာကြိုက်တဲ့သူတွေလည်းရှိသလို၊ခိုးဆိုးလုယက်မှုတွေ၊အိမ်ထဲအထိဝင်ရောက်တာတွေ များလာတော့ လုံခြုံရေးကောင်းတဲ့တိုက်ခန်းတွေ၊タワマンတွေလည်း အဝယ်များလာကြတယ်။

အဓိကကတော့ ဂျပန်မှာအိမ်ပဲဝယ်တာပဲဖြစ်ဖြစ်၊ငှါးတာပဲဖြစ်ဖြစ် ဘူတာနဲ့နီးတဲ့နေရာရွေးတာ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။ 国道16号 အတွင်းဆိုရင်လည်းဘူတာနဲ့နီးတဲ့နေရာကပိုပြီး 人気ဖြစ်တယ်။အိမ်ငှါးရတာလည်းခက်ခဲပါတယ်။ 国道16号 အပြင်ရောက်သွားရင်တော့ အိမ်အရောင်းအဝယ်အေးသွားမယ်။အိမ်ငှါးတာကတော့နိုင်ငံခြားသားဆို နည်းနည်းပိုပြီးချောင်လာပါမယ်။

အခုနောက်ပိုင်း Tokyo 23 区မှာ နိုင်ငံခြားသားဆို အိမ်ငှါးရတာပိုပြီးခက်ခဲလာပါတယ်။ပြီးတော့အိမ်လခ၊しききん,れいきん စတာတွေနဲ့စာချုပ်ချုပ်တဲ့အခါ အများကြီးကုန်ကျလာပါတယ်။နောက်ပိုင်းပိုပြီး ဝမ်းနည်းစရာကောင်းတာက နိုင်ငံခြားသားမှာမှ မြန်မာဆိုမငှါးတာတွေလည်းတွေ့လာရပါတယ်။အဲ့အတွက်တိုကျိုမှာအိမ်ငှါးကြမယ်ဆို စျေးသက်သာမယ်၊အိမ်လည်းကိုယ်တိုင်သွားကြည့်လို့ကြိုက်ရင် ချက်ချင်းစာချုပ်ချုပ်ကြပါ။ချက်ချင်းမချုပ်ရင် တခြားအိမ်ငှါးတဲ့လူတွေလည်း အရမ်းများတဲ့အတွက် မရဖြစ်တက်ပါတယ်။တချို့အိမ်တွေစာချုပ်ချုပ်တဲ့အခါ ဂျပန်လူမျိုးအာမခံလိုတာတွေလည်းရှိပါတယ်။အဲ့အတွက်အခုကတည်းက ဂျပန်တွေနဲ့လည်းအဆင်ပြေအောင်နေကြပါ။

ありがとうございます。

日経新聞ကနေအဓိကကောက်နုတ်ပါတယ်။

ကျွန်တော်ဂျပန်မှာနှစ်ရှည် ကားအသစ်အရောင်းဆိုင် (ディーラー)နဲ့ကားအဟောင်းဆိုင်(中古車販売)မှာ 整備士အနေနဲ့အလုပ်လုပ်ခဲ့တဲ့အတွေ့ကြုံနဲ့ယှ...
11/04/2025

ကျွန်တော်ဂျပန်မှာနှစ်ရှည် ကားအသစ်အရောင်းဆိုင် (ディーラー)နဲ့ကားအဟောင်းဆိုင်(中古車販売)မှာ 整備士အနေနဲ့အလုပ်လုပ်ခဲ့တဲ့အတွေ့ကြုံနဲ့ယှဉ်ပြီးဂျပန်ရောက်မြန်မာတွေ ကားအဝယ်မမှားဖို့ပြောပြပေးပါမယ်။

ဂျပန်မှာကားဝယ်မယ်ဆို ပိုက်ဆံလုံလုံလောက်လောက်ရှိရင် ကားအသစ်ဝယ်တာ အကောင်းဆုံးပါ။ဘာလို့လည်းဆိုတော့ စိတ်ချမ်းသာစွာနဲ့ စီးနိုင်လို့ပါပဲ။ကားအသစ်ဆိုတိုင်း လုံးဝအပြစ်ကင်းတာမျိုးမဟုတ်ဘဲ ချို့ယွင်းတာတွေ၊ ပျက်တာတွေရှိလို့ပါ။အဲ့အတွက်(メーカー保証)ကားထုတ်တဲ့ကုမ္ပဏီရဲ့အာမခံပါလို့ပါ။အဲ့အာမခံနဲ့အကုန်လုံးတော့လုပ်မရပေမယ့်ကားရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေတော်တော်များများပါပါတယ်။ပြီးတော့ (リコール)ခေါ်တဲ့ ချို့ယွင်းချက်တွေ့ရင် ပြန်ခေါ်ပြီးပြင်ပေးတာတွေရှိပါတယ်။အခုနောက်ပိုင်းကားတွေဟာ ECU(Electronic Control Unit)ပိုပြီးမှီခိုလာတဲ့အတွက်ပိုပြီးတော့ ECUက
အလုပ်လုပ်ရတာများလာပါတယ်။အဲ့အတွက်ကားECUနဲ့ပတ်သတ်တဲ့ အချက်လက် အသစ်တွေဟာ メーカー ကနေディーラーဆီကိုတိုက်ရိုက်ပေးပို့တာဖြစ်တဲ့အတွက် ကားပြင်ရင်အကောင်းဆုံးကတော့ディーラーပြင်တာပါပဲ။

ဒါပေမယ့် ディーラーမှာ ကားပြင်ရင် စျေးကြီးပါတယ်။အထူးသဖြင့် 車検整備စျေးကြီးပါတယ်။တက်နိုင်တဲ့လူတွေက အဆင်ပြေပေမယ့်။မတက်နိုင်တဲ့သူတွေအတွက်ကတော့ အပြင်ဆိုင်မှာလုပ်ရပါမယ်။

ဂျပန်မှာကားဝယ်စီးမယ်ဆိုရင် Maintenance ကိုသေချာလုပ်ပါ။မိမိရဲ့ကားပြင်ဆင်မှုနဲ့လည်းဥပဒေတင်းကျပ်ထားပါတယ်။
အဲ့အတွက်車検ဝင်မှမဟုတ်ဘဲ နှစ်ဝက်တစ်ခါ၊တစ်နှစ်တစ်ခါလည်းပုံမှန်စစ်ဆေးသင့်ပါတယ်။

ပြီးရင် 車 任意保険 ကားအာမခံ လည်းသေချာဝင်ကြပါ။ကျွန်တော်တို့ မြန်မာတွေ အာမခံနဲ့ပတ်သတ်ရင်ခပ်စိမ်းစိမ်းဆိုပေမယ့် အာမခံကိုတော့မဖြစ်မနေဝင်ကြပါ။ဘာလို့လည်းဆိုတော့ ဂျပန်မှာတစ်ခုခုဆို အလျော်အစားကြီးပါတယ်။

ကားအဟောင်း(中古車)
ဝယ်မယ်ဆိုရင် おすすめကားက TOYOTA
ပါပဲ။ Toyota ကားအားလုံးကောင်းတယ်လို့မဆိုလိုပါဘူး။အပျက်များတဲ့ကားစီးရီးလည်းရှိပါတယ်။ဒါပေမယ့် အားလုံးခြုံကြည့်ရင် Toyota အုပ်စုကဝယ်ဖို့အကောင်းဆုံးပါပဲ။

ကားအဟောင်းဝယ်ရင်ရှောင်သင့်တာကတော့(外車)
နိုင်ငံခြားကသွင်းလာတဲ့ကားတွေပါ။အဲ့ထဲမှာအထူးသဖြင့် BMW, Mercedes-Benz စတဲ့စီးရီးတွေပါ။BMW တွေအဖြစ်များတာကတော့ အင်ဂျင်ကနေ ဆီယိုတာ၊ရေစိမ့်တာယိုတာပါ။ Mercedes ကြတော့ turbo ကနေငြီးသံထွက်တာ၊ O2センサー ပျက်တာ၊အင်ဂျင်အချက်ပြ エンジン警告灯(အင်ဂျင်သတိပေးချက်မီး) ထွက်တာပါ။ဂျာမဏီကားတွေက အပိုပစ္စည်းမှာရင် အများစုက ဂျာမဏီကလာတာဖြစ်တဲ့အတွက် စျေးကြီးပါတယ်။ပြင်ဆင်စရိတ်လည်းကြီးပါတယ်။တခါတလေပြင်ပေမယ့် ပြင်မရတာတွေလည်း ရှိတက်ပါတယ်။အဲ့လို brand ကားမျိုးစီးချင် အသစ်ပဲအားပေးပါတယ်။

ဂျပန်ကထဲမှာတော့ Nissan ထဲက セレナ C25,C26,C27(SERENA)အုပ်စုအပျက်များပါတယ်။Honda ထဲမှာဆို ODYSSEY (オデッセイ), n-box JF3 turbo.

n-boxမှာ turbo ပါတာနဲ့မပါတာဆိုပြီးနှစ်မျိုးရှိပါတယ်။turbo ပါတာကအပျက်များပါတယ်။JF1 မှာအဲ့လောက်မဟုတ်ပေမယ့် JF3 မှာအင်ဂျင်ပိုင်းပြသာနာရှိပါတယ်။ ဘယ်လိုမျိုလည်းဆိုတော့ အင်ဂျင်ထဲကိုဆီပို့ပြီးလောင်ကျွမ်းစေတဲ့အခါမှာ အင်ဂျင်အတွင်းပိုင်းမှာနောက်ကျပြီးမှ လောင်ကျွမ်းတာမျိုး၊လေဗာနင်းလည်းမသွားတာမျိုးတွေပါ။ ပြီးရင် turbo ကနေဆီယိုတာပါ။

ကားအဟောင်းဝယ်မယ်ဆို အဓိကစျေးချိုတာကိုမလိုက်ဖို့။ကီလိုအရမ်း များတာမဝယ်ဖို့။လေလံကားတွေမဝယ်ဖို့။ပါကစ္စတန်တွေ၊အာဖရိကတွေဆီက မဝယ်ဖို့။

လေလံကားဘာလို့မဝယ်စေချင်တာလည်းဆိုတော့။ဂျပန်မှာကားလေလံပစ်တယ်ဆိုတာ ကားအသစ်ရောင်းဆိုင်၊အဟောင်းရောင်းဆိုင်တွေမှာ(買取、下取り) ပြန်ဝယ်တဲ့ခါ ပြန်ရောင်းဖို့တန်းမဝင်တဲ့ကား၊တိုက်ကြေကား(事故車 )၊ပျက်တဲ့ကား၊ရောင်းမထွက်တဲ့ကားကိုပြန်ပြီးလေလံပစ်တာပါ။ပြီးရင် နိုင်ငံခြားကိုပို့ကြတာပါ။လေလံကားတွေ မကောင်းဘူးလို့မဆိုလိုပါဘူး။ဂျပန်လူမျိုးတွေကတော့ ပြန်စီးဖို့ လေလံကနေမဝယ်တာ များပါတယ်။ချွင်းချက်အနေနဲ့ နိုင်ငံခြားကနေ အဝယ်လိုက်တဲ့ ကားတွေ ဥပမာ(land cruiser)လိုကားမျိုးတွေကိုတော့ မဆိုလိုပါဘူး။

ကားအဟောင်းဆိုင်တွေမှာအဓိကရောင်းတာက လက်ရှိဂျပန်မှာစီးနေကြတဲ့ကားတွေကို ပြန်ဝယ်ပြီး ဆိုင်မှာတင်ရောင်းကြတာပါ။ကားအဟောင်းဆိုင်တွေလည်း လေလံကနေ ပြန်ဝယ်ရောင်းလုပ်တာတွေလည်းရှိပါတယ်။ဒါပေမယ့်နည်းပါတယ်။

ပါကစ္စတန်တွေ၊အာဖရိကတွေဆီက ဘာလို့မဝယ်ခိုင်းတာလည်းဆိုတော့ ဂျင်းထည့်လို့ပါ။အတက်နိုင်ဆုံးရှောင်သင့်ပါတယ်။

ကားအဟောင်းဝယ်တဲ့အခါ (After service) ပါတာရွေးဝယ်ဖို့ တိုက်တွန်းပါရစေ။ဘာလို့လည်းဆိုတော့ အဟောင်းဖြစ်တဲ့အတွက် တစ်ခုမဟုတ်တစ်ခု ပျက်လို့ပါပဲ။အဲ့အတွက်အာမခံ ဝင်တာမျိုး၊အင်ဂျင်ဝိုင်အလကားလဲပေးတာမျိုးတွေလည်း ဝင်ထားသင့်ပါတယ်။

ကားဝယ်တဲ့အခါ အတက်နိုင်ဆုံးကိုယ်နဲ့သိတဲ့ကားအကြောင်းနားလည်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးမှ ဝယ်တာမျိုး၊ google မှာကိုယ်လိုချင်တဲ့ကားအကြောင်းရှာကြည့်တာမျိုးတို့လုပ်ဖို့တိုက်တွန်းပါတယ်။ပြီးရင် စိတ်မလောဘဲ ခေါင်းအေးအေးနဲ့ဝယ်ဖို့လည်း လိုအပ်ပါတယ်။

佐藤

#ကားအဟောင်း

#中古車







#

အားလုံးပဲ မင်္ဂလာပါဗျ။🚞JR Yamanote line Takadanobaba ဘူတာလမ်းလျှောက် 9 မိနစ်။🏡 1K အိမ်လေးတစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေ။အိမ်...
21/03/2025

အားလုံးပဲ မင်္ဂလာပါဗျ။

🚞JR Yamanote line

Takadanobaba ဘူတာလမ်းလျှောက် 9 မိနစ်။

🏡 1K အိမ်လေးတစ်လုံးနဲ့ မိတ်ဆက်ပေးပါ

ရစေ။

အိမ်လခ ¥80000 円( လစဉ်)

စာချုပ်ချုပ်ရင် ကုန်ကျငွေ Total ¥40 သောင်းဝန်းကျင်(အိမ်လခတစ်လစာအပါ)

ချက်ချင်းနေလို့ရတဲ့အိမ်လေးပါ။

customerကိုယ်တိုင် အိမ်လည်းကြည့်ရပါတယ်။

☎️ ဆက်သွယ်ရန်

🤵‍♂️ Sato Zomyo

Facebook cab

080-5771-3436

よろしくお願いします。

အားလုံးပဲ မင်္ဂလာပါဗျ။ကျွန်တော် 1R အိမ်လေးတစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေ။🏡 အိမ်ရဲ့တည်နေရာကတော့ 📮東京都大田区東馬込1丁目 မှာပါဗျ။နေရာကလည...
21/03/2025

အားလုံးပဲ မင်္ဂလာပါဗျ။

ကျွန်တော် 1R အိမ်လေးတစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေ။

🏡 အိမ်ရဲ့တည်နေရာကတော့

📮東京都大田区東馬込1丁目

မှာပါဗျ။

နေရာကလည်း Tokyo ရဲ့ Shinagawa, Meguro တို့လို

main နေရာမှာရှိတဲ့အတွက် နေလို့အရမ်းကောင်းတဲ့နေရာလေးပါ။

🚞 ရထားလိုင်းတွေဘူတာတွေလည်း အနီးနားမှာပေါပါတယ်ဗျ။

Toei Asakusa line,Magome ဘူတာ လမ်းလျှောက် 1 မိနစ်။

Tokyu Oimachi line,Ebaracho ဘူတာ လမ်းလျှောက် 13 မိနစ်။

Toei Asakusa line,Nakanobu ဘူတာ လမ်းလျှောက် 14 မိနစ်။

🏡 အိမ်လခ လစဉ် ¥ 54000 円(ခန်းရိဟိအပါ)

れいきん-0円

しききん-1 ケ月

📝 စာချုပ်ချုပ်ရင် Total ကုန်ကျငွေ ¥ 250000 円

ဝန်းကျင်(အိမ်လခတစ်လစာအပါ)။

✅ ဘယ်ဗီဇာမဆို OK

ပြီးတော့ကျွန်တော်တို့ customer တွေ အိမ်ပြောင်းရွေ့

အခက်ခဲရှိရင်လည်း တက်နိုင်တဲ့ဘက်က ကူညီပေးပါတယ်ခင်ဗျ။

✅ ဗီဇာအပြောင်းလဲကိစ္စ

✅ ကီလိုအရောင်းအဝယ်

✅ မြန်မာပြည်ကနေဂျပန်လာမယ့်ကိစ္စအဝဝဆွေးနွေး

တိုင်ပင်လို့ရပါတယ်။

‼️ဂျပန်မှာ အိမ်ငှါးမယ်ဆိုရင် အခန်းကောင်းရတာတဲ့စာချုပ်ချုပ်ကြပါ။

အိမ်ငှါးရတာ အိမ်ရှာရတာ ခက်ခဲပါတယ်ဗျ။

‼️နိုင်ငံခြားသားကို မငှါးတဲ့အိမ်က အရမ်းများကြလို့ပါဗျ။

☎️ဆက်သွယ်ရန်

🤵‍♂️ Sato Zomyo

Facebook cb

📞080-5771-3436

よろしくお願いします。

20/03/2025
19/03/2025

home 🏡

Tokyo နဲ့နီးတဲ့နေရာလေး။ Shin Kemigawa ဘူတာလမ်းလျှောက် ၅ မိနစ်။Keisei Chiba Line Kemigawa ဘူတာလမ်းလျှောက် ၁၂ မိနစ်။Chiba ...
18/03/2025

Tokyo နဲ့နီးတဲ့နေရာလေး။

Shin Kemigawa ဘူတာလမ်းလျှောက် ၅ မိနစ်။

Keisei Chiba Line Kemigawa ဘူတာလမ်းလျှောက် ၁၂ မိနစ်။

Chiba က 1K အိမ်လေး။

အိမ်လခ ¥ 66000 သောင်း။(ခန်းရိဟိအပါ)

စာချုပ်ချုပ်ရင် ကုန်ကျငွေ ¥26 သောင်းဝန်းကျင်(အိမ်လခ ၁ လစာအပါ)

早めに申し込みお願い致します。

အားလုံးပဲ မင်္ဂလာပါခင်ဗျ။❤️🏡 ဂျပန်မှာ အိမ်ရှာမယ်ဆို ကျွန်တော် Sato ကအကောင်းဆုံးဝန်ဆောင်မှုပေးနေပါပီခင်ဗျ။အိမ်ရှာပေးတာတင်...
17/03/2025

အားလုံးပဲ မင်္ဂလာပါခင်ဗျ။❤️

🏡 ဂျပန်မှာ အိမ်ရှာမယ်ဆို ကျွန်တော် Sato ကအကောင်းဆုံးဝန်ဆောင်မှုပေးနေပါပီခင်ဗျ။

အိမ်ရှာပေးတာတင်မဟုတ်ပဲ အိမ်ရလို့ အိမ်အပြောင်းရွေ့နဲ့🚗

ရေခဲသေတ္တာ၊အဝတ်လျှော်စက် အရောင်းအဝယ်ကိုပါ

တက်နိုင်တဲ့ ဘက်ကကူညီပေးပါတယ်ခင်ဗျာ။

🛫ကုန်သွယ်ရေး သွင်းကုန်ပို့ကုန် နိုင်ငံတကာ သို့ ပို့ဆောင်ပေးပါတယ်🛥️

🇯🇵ဂျပန်ပြည်တွင်း ဗီဇာ သက်တမ်းတိုးခြင်း ၊ ဗီဇာ

ပြောင်းလဲခြင်း ဆိုင်ရာ ကိစ္စအဝဝ ကို ကျွမ်းကျင်သော 行政書士 နှင့်

တိုင်ပင်ဆွေးနွေးကာ ဝန်ဆောင်မှုပေးနေပါပီ ခင်ဗျာ ။

🚗ဒါ့အပြင် customer တွေ ဂျပန်မှာကားဝယ်တဲ့အခါ ဘယ်လို

ကားက ကောင်းတယ်ဆိုတာ၊ 車検整備 နဲ့ပတ်သတ်တာတွေ

ကျွန်တော်ကိုယ်တိုင် ကားလောကမှာနှစ်ရှည်အလုပ်လုပ်ခဲ့တဲ့

အတွေ့ကြုံတွေကို ဝေမျှပေးပါမယ်ခင်ဗျ။

🇲🇲အိမ်ရှာတာ၊ကီလို၊ဗီဇာ၊ကားနဲ့ပတ်သတ်တာဆွေးနွေး

ချင်ရင်ဆက်သွယ်လိုက်ပါ။ကျွန်တော်တို့ customer တွေ

ပေးချေရတဲ့အရာနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုပေးချင်ပါ

တယ်ခင်ဗျ။

🇯🇵For foreigners in Tokyo, Chiba, Saitama, Kanagawa, Gunma, Tochigi, Ibaraki, Yamanashi.

Fudousan Office 🏡
〒171-0022
Tokyo, Toshima-ku, Minami-Ikebukuro, 3-13-5-3F

Phone ☎️ 080-5771-3436

Logistics ,Consultant Office 🛫

〒246-0037

Yokohama,Seya Ku,Hashido 3-34-4

Phone ☎️ 080-4807-7318

#不動産
#ကီလို
#ဗီဇာ


Sato Fudousan specializes in the Japanese property market, providing comprehensive services for international clients se...
13/03/2025

Sato Fudousan specializes in the Japanese property market, providing comprehensive services for international clients seeking to find and rent apartments and condominiums across Japan. The company offers expert assistance in navigating Japan’s real estate market, ensuring clients have access to properties that meet their specific needs and preferences.

In addition to property services, Sato Fudousan provides a wide range of value-added solutions designed to facilitate the relocation process. These include visa assistance, helping clients obtain the necessary documentation to live and work in Japan, as well as logistics support to ease the transition. The company also offers automotive services, including car rentals, repairs, and consultations, ensuring that clients have access to reliable transportation options during their stay.

Sato Fudousan’s commitment to customer satisfaction is reflected in its tailored approach, designed to address the unique requirements of each client. By offering integrated solutions in real estate, visa support, and automotive services, Sato Fudousan aims to streamline the relocation experience for international residents. This comprehensive service model ensures that clients can focus on settling into their new environment, knowing that their housing, legal, and transportation needs are in expert hands.

For foreigners in Tokyo, Chiba, Saitama, Kanagawa, Gunma, Tochigi, Ibaraki, and Yamanashi。

🇯🇵🇨🇳🇲🇲🇻🇳🇮🇳🇮🇩🇱🇰🇧🇩🇵🇭🇳🇵🇹🇭 🇸🇬

🇯🇵Phone 080-5771-3436

Fudousan Office
〒171-0022
Tokyo, Toshima-ku, Minami-Ikebukuro, 3-13-5-3F





#不動産
#佐藤ゾーミョ

12/03/2025

ကျွန်တော်တို့ အိမ်ခြံမြေလုပ်ငန်းမှ ကြိုဆိုပါတယ်

住所

Kanagawa
Yokohama, Kanagawa

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00

ウェブサイト

アラート

Sato Fudousanがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー