31/12/2025
စီးပွားရေးကျဆင်းမှုကြောင့် တက္ကသိုလ်နှင့် ဘွဲ့ရကျောင်းဆင်းများအတွက်📉 အလုပ်အကိုင် အခွင့်အလမ်းနှုန်းသည် 60ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းခဲ့ပါတယ်။🤦 တစ်ချိန်တည်းတွင်၊ နိုင်ငံတကာ ကျောင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှုန်းသည် 30ရာခိုင်နှုန်းကျော် တိုးလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။🙄
➡️ပညာရေးဝန်ကြီးဌာန၊ National Data Agencyနှင့် Korean Educational Development Institute
တို့မှ ထုတ်ပြန်သော “2024 အဆင့်မြင့်ပညာရေးဘွဲ့လွန် အလုပ်အကိုင်စာရင်းအင်းစစ်တမ်း” အရ 🧑🎓👩🎓တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နှင့် ဘွဲ့လွန် ဘွဲ့ရကျောင်းသားများထဲမှ အလုပ်ခွင်ဝင်နေသူ 377,120ဦး ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းနှုန်းမှာ 69.5ရာခိုင်နှုန်းအနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ 🥺ပြီးခဲ့တဲ့ 2023ခုနှစ်တွင် အလုပ်အကိုင်အခွင့်အလမ်းနှုန်းသည် ပထမအကြိမ် 70ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သော်လည်း တစ်နှစ်အတွင်း 0.8ရာခိုင်နှုန်း(point)အထိ ကျဆင်းသွားကာ 60ရာခိုင်နှုန်း အတိုင်းအတာအထိ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။🥹 ပညာရေးဝန်ကြီးဌာနသည် ယမန်နှစ်က စီးပွားရေးကျဆင်းမှုကို ရောင်ပြန်ဟပ်မှုတစ်ခုအဖြစ် သုံးသပ်ခဲ့ပါတယ်။🗣
🏢ကျောင်းအမျိုးအစားအလိုက်၊ ဘွဲ့လွန်ကျောင်း(대학원)များသည် အမြင့်ဆုံး အလုပ်အကိုင်
အခွင့်အလမ်းနှုန်းမှာ 82.1ရာခိုင်နှုန်းရှိပြီး၊ အသက်မွေးဝမ်းကျောင်းကောလိပ်(전문대)များ 72.1ရာခိုင်နှုန်းနှင့် ရိုးရိုးတက္ကသိုလ်(일반대)များ 62.8ရာခိုင်နှုန်းမှာ ရှိနေခဲ့ပါတယ်။⏸️
↪️လေ့လာမှုနယ်ပယ်အရ ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် အလုပ်အကိုင်အခွင့်အလမ်းနှုန်းသည် 79.4ရာခိုင်နှုန်း အမြင့်ဆုံးနေရာတွင် ရှိနေခဲ့ပြီး၊ ပညာရေး 71.1ရာခိုင်နှုန်းနှင့် အင်ဂျင်နီယာ 70.4ရာခိုင်နှုန်းတို့ကလည်း ပျမ်းမျှနှုန်းတားထက် ပို၍ မြင့်မားနေခဲ့ပါတယ်။ တဖက်မှာလည်း လူမှုရေးသိပ္ပံ(사회계열) 69.0ရာခိုင်နှုန်း၊ အနုပညာနှင့် ကာယပညာ(예체능계열) 66.7ရာခိုင်နှုန်း၊ သိပ္ပံ(자연계열) 65.4ရာခိုင်နှုန်းနှင့် လူသားပညာရပ်(인문계열) 61.1ရာခိုင်နှုန်း အားလုံးကတော့ အလုပ်အကိုင်အခွင့်အလမ်းနှုန်း ပျမ်းမျှထက် ပိုနည်းနေခဲ့ပါတယ်။😶
⏩️ယမန်နှစ်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းမှ ဘွဲ့ရကျောင်းသားများအကြား နိုင်ငံတကာ ကျောင်းသားဦးရေ 36,271ဦးအထိ ရှိခဲ့ပြီး ယခင်နှစ်ထက် 3,000ဦးခန့် တိုးလာခဲ့ပါတယ်။ ထိုသူများအနက် အလုပ်ဝင်နေသူ 4,993ဦး ရှိပြီး ယခင်နှစ်ထက်(3,607ဦး) 1,386ဦး တိုးလာခဲ့ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနှုန်းသည် 33.4ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ယခင်နှစ်(21.7ရာခိုင်နှုန်း) 11.7ရာခိုင်နှုန်း သိသိသာသာ တိုးလာခဲ့ပါတယ်။⬅️
#ကျောင်းသား/သူများလည်း အလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေ ချောမွေ့ကြပါစေ။🙏