Ko Phyo

26/08/2022

ပျော်စရာတွေများတဲ့...

သူ့ဘဝလေး...

25/08/2022

သူပြောလိုက်တဲ့...

စကားတစ်ခွန်းက ဘာခံစားချက်မှမပါပေမဲ့...

အပြောခံလိုက်ရတဲ့ သူတစ်ယောက်ကတော့
နာကျင်ရတယ်...

ဒီလိုပါပဲ...

သူလုပ်လိုက်တဲ့အရာလေးတစ်ခုက
တစ်ခြားတစ်ယောက်ကို
ဘယ်လောက်ထိ ခံစားရမလည်းဆိုတာ
သူ့ဘက်ကသိချင်မှသိမှာပါ...

ဘာပဲဖြစ်ဖြစ်...

ချစ်နေဆဲပါ...

23/08/2022

နေနိုင်သူ...

တစ်ယောက်ကို မပြစ်မပြောပါနဲ့...

အပြစ်ပြောလည်း မင်းဘက်ကပဲ
အမှားဖြစ်မယ်...

နေနိုင်မှုပေါ် မခံစားပါနဲ့
နေနိုင်သူကတော့ ပုံမှန်ပဲမလို့
မင်းပဲစိတ်ဆင်းရဲရလိမ့်မယ်...

သူ့ရဲ့နေနိုင်မှုပေါ်
ခွင့်လွှတ်နားလည်ပေးလိုက်ပါ...

မင်းစိတ်ချမ်းသာအောင်နေပါကွာ...

ပျော်ရွှင်ပါစေ
နေနိုင်သူ...

21/08/2022

တိမ်တွေကို မင်းဖမ်းဆုပ်လို့ မရနိုင်သလို...
အတွေးတွေကိုလည်း မင်းဖမ်းဆုပ်လို့မရနိုင်ပါဘူး...
ဒါပေမဲ့...
တိမ်တွေပေါ်ကို မင်းရောက်အောင်သွားနိုင်သလို...
မင်းရဲ့အတွေးတွေကိုလည်း
လက်တွေ့အကောင်ထည်ဖော်နိုင်ပါတယ်...

You can't catch the clouds, and you can't catch your thoughts, but you can reach on the clouds, and you can make your thoughts come true...

21/08/2022

ပြုံးပြလိုက်ပါကွာ...

ပတ်ဝန်းကျင်က ဘာတွေပဲပြောပြော
ပြုံးပြလိုက်ပါ...

အဆင်မပြေဘူးမလား ပြုံးပြလိုက်ပါ...

အပြစ်ပြောခံရလည်း ပြုံးပြလိုက်ပါ...

အရာရာတိုင်းကို ပြုံးပြလိုက်ပါ
အေးချမ်းသွားလိမ့်မယ် ...

19/08/2022

အတွေးဆိုတာ...

တွေးချင်ရာတွေးလို့ရပါတယ်
ဒါပေမဲ့ ဦးနှောက်ကတွေးတာကို
နှလုံးသားကိုမပို့ပါနဲ့...

တစ်ခါတစ်လေ
အတွေးနယ်ချဲ့ပြီး စိတ်ခံစားမှုများရင်
မင်းလေးပဲနာကျင်ရလိမ့်မယ်...

မင်းလေးရဲ့အတွေးကို ကိုမသိပေမဲ့
မင်းလေးရဲ့အတွေးတွေက
မင်းကိုနှိပ်စက်နေတဲ့ အခါကြရင် သိပ်သိသာတယ် မျက်နှာလေးညှိုးနေတယ်...

အတွေးတွေများလာရင်
မင်းလေးဘာမှမလုပ်ချင်ဘူးမလား
ဘယ်သူနဲ့မှလည်းစကားမပြောချင်ဘူးလား
ကိုသိတာပေါ့...

ဒါပေမဲ့လည်း အဲ့အတွေးတွေကိုဖျောက်ဖျက်ပြီး
အဲ့အတွေးတွေနေရာမှာ တစ်ခြားအရာလေး
အစားထိုးကြည့်လိုက်ပါ...

မင်းလေးရဲ့နာကျင်မှုတစ်ချို့ သက်သာသွားလိမ့်မယ်...

အရာအားလုံးကို ပျော်တဲ့စိတ်ထားပြီး
အကောင်းဆုံးအမြင်နဲ့ကြည့်လိုက်ပါ...

အတွေးဆိုးတွေကိုလည်း ဝေးဝေးမှာထားခဲ့
ချစ်သော...

19/08/2022

ဧည့်သည်...

ဟုတ်ပါတယ်
ကျန်ခဲ့တဲ့သူကတော့ နာကျင်ရတာပေါ့...

ကြိုးပျက်သွားတဲ့ စက္ကူစွန်လေးဟာ
လေနဲ့အတူမျောပါသွားပေမဲ့
ကျန်ခဲ့တဲ့ ရစ်ဘီးလေးကတော့
အဝေးကနေပဲကြည့်နေရရှာတယ်...

လောကမှာ တစ်စုံတစ်ယောက်က
ခနတာ လာနားတာကို
ကိုယ့်ဘက်က
အတင်းအကျပ်ဖက်တွယ်ထားရင်
ကိုယ်ပဲနာကျင်ရလိမ့်မယ်...

ဧည့်သည်ကို ဧည့်သည်လို မဆက်ဆံမိတဲ့
ကိုယ်ကပဲ ရူးမိုက်ပြီးမှားခဲ့တာပါ...

ဧည့်သည်ဆိုပေမဲ့လည်း
ကို့တွက်တော့ အိမ်ရှင်လိုပါပဲ...

အခုလောလောဆယ်တော့
ဧည့်သည်ကိုနှုတ်ဆက်ရအုံးမယ်
အဆင်ပြေပါစေ...

ဧည့်သည်...

19/08/2022

Morning...

မနေ့က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ဘယ်လိုအဆိုးတွေပဲကြုံခဲ့ကြုံခဲ့...

အိပ်စက်အနားယူပြီးတဲ့နောက်...

ဒီနေ့နိုးလာတဲ့ မနက်ခင်းလေးကစပြီး
ပျော်ပျော်ရွှင်ရွှင် စိတ်သစ် လူသစ်နဲ့
တစ်နေ့တာကို ဖြတ်သန်းသွားပါနော်...

မနက်ခင်းလေးကိုတော့
အပြုံးလေးနဲ့ဆီးကြိုလိုက်ပါ...

အရာအားလုံးကိုလည်း
အပြုံးနဲ့ရင်ဆိုင်လိုက်ပါ...

အခုတော့...

Morning...

Address

Aung San Street
Bago
BAGO

Alerts

Be the first to know and let us send you an email when Ko Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Phyo:

Share

Category