AK/B G O

AK/B G O ကားရောင်းဝယ်ရေး BGO AK ☎️09791539587☎️

သာမိုစတက် မကောင်းတဲ့အခါ...~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မော်တော်ကားအင်ဂျင် အအေးပေးစနစ်ရဲ့ coolant လမ်းကြော...
22/11/2025

သာမိုစတက် မကောင်းတဲ့အခါ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မော်တော်ကားအင်ဂျင် အအေးပေးစနစ်ရဲ့ coolant လမ်းကြောင်းကို သာမိုစတက် (Thermostat) ဖြင့် အဖွင့် အပိတ် ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

အင်ဂျင်အပူချိန်အေးနေတဲ့အချိန်မှာ သာမိုစတက်ပိတ်နေပြီး အင်ဂျင်အပူချိန် မြင့်တက်နေစဉ်မှာ သာမိုစတက်က အင်ဂျင်ကူးလန့်လမ်းကြောင်းကို ဖွင့်ပေးတာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ သာမိုစတက် မကောင်းရင် သိနိူင်တဲ့ အချက်များနှင့်ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေပေးချင်တာ ဖြစ်ပါတယ်။

🔸၁) ဆူညံသံကြားရခြင်း –

အင်ဂျင်နှိုးထားစဉ် ပုံမှန်မဟုတ်တဲ့ ဆူညံသံများ (ဥပမာ – နော့ကင်သံ၊ ရေဆူသံ စသည်)ကို အင်ဂျင်ထဲမှ ကြားနေရပြီဆိုရင်လည်း အင်ဂျင်ရပ်ပြီး ချက်ချင်းစစ်ဆေးသင့်ပါတယ်။

သာမိုစတက်ပိတ်နေတဲ့အခါ အင်ဂျင်အပူချိန်မြင့်တက်မှုဖြစ်စေပြီး ဆူညံသံတွေ ထွက်စေမှာဖြစ်ပါတယ်။

🔸၂) အင်ဂျင်ကူးလန့်ယိုစိမ့်ခြင်း –

သာမိုစတက်ပိတ်ခြင်းကြောင့် ကူးလန့်စီးဆင်းမှုမကောင်းမွန်တဲ့အပြင် အတွင်းဖိအားများခြင်းကြောင့် ရေပိုက်အက်ခြင်း၊ ရေပြန်ဗူးရေအန်ခြင်းကိုဖြစ်စေကာ အင်ဂျင်ကူးလန့် ယိုစိမ့်စေပါတယ်။
အင်ဂျင်ကူးလန့်ယိုစိမ့်မှုဖြစ်တယ်ဆိုရင်တော့ အမြန်စစ်ဆေးပြုပြင်သင့်ပြီး စစ်ဆေးပြုပြင်မှုမပြုလုပ်ပါက အင်ဂျင်ကူးလန့်ကုန်ခမ်းကာ အင်ဂျင်အပူလွန်ကဲစေနိူင်ပါတယ်။

🔸၃) ဟီတာအလုပ်မလုပ်ခြင်း –

သာမိုစတက်က အင်ဂျင်အပူချိန်ပေါ်မူတည်ကာ အပိတ် အဖွင့်ပြုလုပ်ပေးရမှာဖြစ်ပြီး သာမိုစတက်ပိတ်နေခြင်း (သို့မဟုတ်) သာမိုစတက်ပွင့်နေခြင်းပြစ်ချက်ကြောင့် ဟီတာအလုပ်မလုပ်ဘဲ အဲကွန်းဖွင့်ထားချိန်မှာလည်း အပူချိန်ပြောင်းလဲမှု ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ သာမိုစတက်ကို စစ်ဆေးသင့်ပါတယ်။

🔸၄) heat မီးလင်းခြင်း (သို့) heat ဂိတ်တက်နေခြင်း –

ကားရဲ့ဒိုင်ခွက်မှာ ကားအင်ဂျင်အပူချိန်ကို ကားမောင်းနှင်သူသိရှိအောင် ဖော်ပြပေးနေတဲ့ ဟိဂိတ် (သို့မဟုတ်) ဟိမီး (Engine Heat Warming Light) ပါဝင်ပါတယ်။

သာမိုစတက်ပိတ်နေတဲ့အခါ အင်ဂျင်အပူလွန်ကဲမှုဖြစ်ပြီး ဟိမီးလင်းခြင်း (သို့) ဟိဂိတ်အဆုံးထိတက်ခြင်းတို့ ဖြစ်နိူင်ပါတယ် (ဟိဂိတ်က ပုံမှန်ဆိုရင် တဝက်ခန့်သာ ဖော်ပြပါတယ်)။
ဒါဆိုရင်တော့ သာမိုစတက်ကို စစ်ဆေးသင့်နေပါပြီ။

အထက်ပါအချက်များကတော့
သာမိုစတက်မကောင်းတဲ့အခါ ကြုံတွေ့ရနိူင်တဲ့ ပြစ်ချက်တွေဘဲဖြစ်ပါတယ်။

တချို့မိတ်ဆွေများက သာမိုစတက်ကို ဖြုတ်ထားကြပါတယ်။ သာမိုစတက်ဖြုတ်ထားတဲ့အခါ အင်ဂျင်အိုဗာဟိ မဖြစ်စေသော်လည်း ဆီစားများခြင်း၊ အင်ဂျက်တာသက်တမ်းတိုခြင်း၊ ပလပ်များ လျှင်မြန်စွာ ပျက်စီးစေခြင်း၊ ကျောက်ဇကာပျက်စီးစေခြင်းတို့ကို ဖြစ်စေပါတယ်။

ဒါကြောင့် ကားထုတ်လုပ်သူများက လိုအပ်တဲ့အတွက် ဒီဇိုင်းပြုလုပ်ထည့်သွင်းပေးထားတဲ့ သာမိုစတက်ကို မဖြုတ်သင့်ဘဲ ပျက်စီးနေပါက အသစ်တပ်ဆင်အသုံးပြုသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ကိုးကား – https://cartreatments.com/)

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️16000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️17000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️15000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️16000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

  (4×4) ကားရှယ်လေးတစ်စီးရောင်းမည်။ 🙏🙏🙏🙏🙏  - ဓာတ်ဆီ5   ဂီယာ #ထိုင်ခုံအပူအအေး  #လည်သာစိYGN လိုင်းစင်သက်တန်းအသစ်တိုးထားပီ 2...
04/11/2025

(4×4) ကားရှယ်လေးတစ်စီးရောင်းမည်။ 🙏🙏🙏🙏🙏

- ဓာတ်ဆီ

5 ဂီယာ

#ထိုင်ခုံအပူအအေး #လည်သာစိ

YGN လိုင်းစင်သက်တန်းအသစ်တိုးထားပီ 2027 ထိ

#တာယာလေးလုံးအသစ်

အရိုးဆစ်အတိုက်အခိုက်ရှင်း

BGO ကားကြည့်ရမည်။

09791539587 / 09754601450

  အကြောင်းသင့်အနေနဲ့ မိသားစု ခရီးဝေးသွားတာပဲ ဖြစ်ဖြစ်/ မြို့တွင်း မြို့ပြင် အတွင်းခန်း ကျယ်ကျယ်နဲ့ ငြိမ့်ငြိမ့်ညောင်းညော...
29/05/2025

အကြောင်း

သင့်အနေနဲ့ မိသားစု ခရီးဝေးသွားတာပဲ ဖြစ်ဖြစ်/ မြို့တွင်း မြို့ပြင် အတွင်းခန်း ကျယ်ကျယ်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း စီးချင်ရင်တော့ တိုယိုတာ Alphard ကို ညွှန်းပါရစေ။
ဂျပန်မှာ Alphard လို့ခေါ်ပေမဲ့ international မှာတော့ Vellfire လို့ ခေါ်ကြပါတယ်။
စတင်ထုတ်လုပ်ခဲ့စဉ်က MPV အနေနဲ့ ပွဲထုတ်လာခဲ့ပေမဲ့ ယနေ့အချိန် တတိယ မျိုးဆက်မှာတော့ full size large luxury MPV ဖြစ်သွားခဲ့ပြီး TRD လို့ခေါ်တဲ့ sport model မျိုးထိ ထုတ်လုပ်နေပါတယ်။

Toyota Alphard ပထမမျိုးဆက်ရဲ့ Grade အမျိုးအစား လေးပါ အကြမ်းဖျင်းသိရှိထားစေလိုပါတယ်။
Toyota Alphard ကို ၂၀၀၂ မှာ စထုတ်ပါတယ်။

First generation (2002 to 2007)
မြန်မာပြည်မှာ ယနေ့အချိန်ထိ အတွေ့ရများဆုံးသော အမျိုးအစားမို့ ,သာသာထိုးထိုးလေးပြောပါရစေ။
MPV အမျိုးအစား 7 seater / 8 seater ဆိုပြီး ခွဲထားပါတယ်။
8 seater ကတော့ ဂရိတ်အနိမ့်တွေ မှာအတွေ့များ ပြီး / ဂရိတ်မြင့်ရင်တော့ 7 seater ပဲ တွေ့ရများပါတယ် ။
ဒါပေမဲ့ ဒီမော်ဒယ်ရဲ့ ရူပ်ထွေးမှုက ရောသမမွှေထား ခွင့်ပေးတာကြောင့်ပါ ။
ဂျပန်တွေက ကိုယ်တိုင် ထည့်ချင်တဲ့ optional ကို ရွေးမှာခွင့်ရတဲ့ အတွက် ဘယ်grade မှာမှ ဘာတွေ ပါမယ်လို့ပြောရခက်ပါတယ် ။
အဓိက လေ့လာမိသလောက်ကတော့ အင်ဂျင် ပိုင်းပါ ။
သူ့မှာ အင်ဂျင် ၂ မျိုးလာပါတယ် 2.4 L I4 နဲ့ 3.0 L V6 အမျိုးအသားတွေဖြစ်ပါတယ်။
Grade ခွဲအနေ နဲ့ AX / AX-L / AS
MX / MX-L / MS / MZ / MZG ဆိုပြီး ၈ မျိုးလောက်တွေ့ပါတယ် ။
A နဲ့ စတဲ့ ဂရိတ်တွေမှာ 2.4 VVT-i အင်ဂျင်သုံးပါတယ် ။
M နဲ့ စတဲ့ ဂရိတ်တွေမှာ 3.0 VVT-i အင်ဂျင်ပါ
ဒုတိယ စာလုံးတွေထဲက X ကတော့ အတွင်းခန်း ပုံမှန် ပဲ / S ကတော့ sport ဆန်ဆန် အပြင်အဆင် လို့ ဆိုလိုပါတယ် ။
တတိယစာလုံး L ကတော့ Luxury ဆိုတာပါ ထိုင်ခုံတွေ နဲ့ dashboard တွေရဲ့ leather ကquality အကောင်းဆုံး ဖြစ်သွားပါတယ် ။
စျေးကလည်း တော်တော်ကြီး ကွာသွားပါတယ်
MZ နဲ့ MZG ကတော့ ဂရိတ် အမြင့်ဆုံး ဖြစ်ပါတယ်
အတွင်းပစ္စည်းတွေ ကလည်း luxury grade ဖြစ်သွားပါတယ် slight door တွေကလည်း အမျိုးစုံ ပါပါတယ် / ဒီဂရိတ် ၂ မျိုးမှာတော့ 7 seater ပဲအတွေ့များပါတယ် ။
အပြင်ကလည်း sonar တွေ အများကြီးပါလာတယ် / TV တွေ အပိုပါလာတယ် / sound system ကွာသွားတယ် / air bag တွေ ၁၀ လုံးပါလာတယ်/ ရှေ့ကင်မရာ စနစ် / နောက်ကင်မရာ စနစ် စသဖြင့်
အများကြီးကွဲသွားပါ ပြီ စျေးကလည်း ၂ ဆ နီးနီး ကွာသွားပါ ပြီ ။
Alphard ရဲ့ နောက်ထပ်ရူတ်ထွေးမှုက 2WD and 4WD ပါ ဘယ်ဂရိတ်မှာမဆို ဒါက အမှန် မရှိပါဘူး / 2WD ကတော့ ရှေ့ယက် ဖြစ်ပါတယ် ဆီစားနှုန်းနိမ့်တယ်။
ဒါပေမဲ့ 4WD ကတော့ ပိုပြီး ဆီစားနှုန်း မြင့်ပါတယ် ( မြန်မာတွေ သိပ်မကြိုက်တဲ့ အချက်) ဒါပေမဲ့ ပိုပြီး safe ဖြစ်တယ် weight လည်း ၂၀၀ ကီလိုလောက် ကွာတာကိုး ။
4WD ရဲ့တစ်ခုအားသာချက်က Traction Control လို့ခေါ်တဲ့ TRC control ပါ သူက အကွေ့တွေမှာ ကားရဲ့ balancing ကို တိတိကျကျ ထိန်းပေးပါတယ် ။ ABS ကို advance လုပ်တာပါ ABS ရဲ့အလုပ်လုပ်ပုံမျိုးပဲ ဒါပေမဲ့ ကားရဲ့stability အတွက်ပိုမိုကောင်းမွန်စေပါတယ် ။

Second generation ( 2007 to 2014)
ဒီဒုတိယ မျိုးဆက်မှာတော့ 3.0 L အင်ဂျင် မရှိတော့ပါဘူး။ 2.4 L (168hp) နဲ့ 3.5 L ( 266hp) နှစ်မျိုး ထုတ်ပါတယ်။ CVT ဂီယာ 7 speed နဲ့ 6 speed ECT နှစ်မျိုးထိ တပ်ဆင်ပေးပါတယ်။
2011 မော်ဒယ်မှာ ပုံအနည်းငယ်ပြောင်းသွားပါတယ်။ ပြီးတော့ 2012 မှာ တော့ hybrid model နဲ့ TRD sport model တွေပါ ထပ်ထွက်လာပါတယ်။
3.5 L V6 အင်ဂျင်ကတော့ 2GR-FE အမျိုးအစား ဖြစ်ပြီး 2.4 L အင်ဂျင်ကတော့ အရင် သုံးတဲ့ 2AZ အမျိုးအစားပဲဖြစ်ပါတယ်။

Third generation ( 2014 to present )
Full size luxury MPV ဆိုတဲ့ ဘွဲ့ကို ခံယူရင်း တတိယ မျိုးဆက်မှာ အရွယ်အစား ထပ်မံကြီးထွားလာပြန်ပါတယ်။ 2.4 L အင်ဂျင်ကို အနည်းငယ် ဖြည့်စွက်ထားတဲ့ 2.5 L 2AR-FE I4 (180hp)အင်ဂျင်တပ်ဆင်ပေးသလို , second generation တုန်းက 3.5 L 2GR-FE အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ပေမဲ့ ပါဝါပိုမိုထုတ်ပေးနိုင်ပါတယ် ( 276 hp)။
Hybrid မော်ဒယ်အတွက်ကတော့ 2.5 L နဲ့ပဲထုတ်ပေးပါတယ်။ ထူးခြားတာကတော့ CVT (hybrid) လို့ခေါ်တဲ့ ဂီယာ hybrid စနစ်တပ်ဆင်ပေးထားတဲ့ အတွက် 3.5 L အင်ဂျင်ရဲ့ ဆီစားနှုန်းဟာ ပုံမှန် 2.0 L အက်ဂျင်လောက်ပဲ ရှိတော့ပါတယ်။

🚐 Toyota Alphard အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

: 🤗

ကမ္ဘာ့သမိုင်းတလျှောက် အရောင်းရဆုံးကားကမ္ဘာ့မော်တော်ကားသမိုင်းမှာ အရောင်းရဆုံး ကားကတော့ တိုယိုတာကိုရိုလာ ဖြစ်ပါတယ်။၁၉၆၆ ခ...
29/05/2025

ကမ္ဘာ့သမိုင်းတလျှောက် အရောင်းရဆုံးကား

ကမ္ဘာ့မော်တော်ကားသမိုင်းမှာ အရောင်းရဆုံး ကားကတော့ တိုယိုတာကိုရိုလာ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်၊ ဂျပန်နိုင်ငံမှာ ပထမဆုံးကိုရိုလာကို မိတ်ဆက်ခဲ့ချိန်က ဘယ်သူမှ ဒီကားလေးဟာ ကမ္ဘာ့အရောင်းရဆုံးကား ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။

ဒါပေမယ့် တိုယိုတာက အံ့အားသင့်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ ခမ်းနားကြီးကျယ်တဲ့ကား မဟုတ်ဘဲ သာမန်ပြည်သူတွေအတွက် စိတ်ချရပြီး ဈေးသင့်တဲ့ကားကို ထုတ်လုပ်ဖို့ပါပဲ။

ကိုရိုလာဟာ သူ့ခေတ်အလိုက် ပြောင်းလဲလာခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်များက ရိုးရှင်းတဲ့ဒီဇိုင်းကနေ ၁၉၇၀ ခုနှစ်များရဲ့ ခေတ်ဆန်တဲ့ပုံစံ၊ ၁၉၈၀ ခုနှစ်များက ခက်ခဲတဲ့စီးပွားရေးကာလမှာ လောင်စာချွေတာတဲ့ မော်ဒယ်တွေ၊ ၁၉၉၀ ခုနှစ်များက ပိုမိုသက်တောင့်သက်သာရှိတဲ့ဒီဇိုင်း၊ နောက်ဆုံး ၂၀၀၀ ခုနှစ်များမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးတဲ့ ဟိုက်ဘရစ်မော်ဒယ်တွေအထိ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။

ကိုရိုလာရဲ့ အောင်မြင်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ရိုးရှင်းပါတယ်။ သူဟာ ဘယ်တော့မှ အကောင်းဆုံးကား မဖြစ်ခဲ့သလို၊ အမြန်ဆုံးကားလည်း မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် သူဟာ အယုံကြည်ရဆုံးကား ဖြစ်ခဲ့ပါတယ်။ မိုင်သိန်းချီ မောင်းနှင်နိုင်တဲ့ ခံနိုင်ရည်၊ ရိုးရှင်းတဲ့ပြုပြင်ထိန်းသိမ်းမှု၊ လောင်စာဆီစရိတ်သက်သာမှု စတဲ့ အားသာချက်တွေက ကိုရိုလာကို မိသားစုတွေရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ဖြစ်စေခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ကိုရိုလာဟာ ကမ္ဘာတဝှမ်း အစီးရေ သန်း ၅၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းက ကိုရိုလာဟာ ကမ္ဘာ့အရောင်းရဆုံးကား ဖြစ်ရုံသာမက ကမ္ဘာ့အရောင်းရဆုံး စက်မှုထုတ်ကုန်တစ်ခုလည်း ဖြစ်နေပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ရောင်းချနေတဲ့ ကိုရိုလာဟာ ကမ္ဘာ့ယာဉ်မောင်းတွေရဲ့ ယုံကြည်မှုကို ရယူထားနိုင်ပါတယ်။

Credit မူရင်းရေးသားသူ

ဗဟုသုတ ရရှိစေရင် ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်

  ကားအကြောင်းတစ်စေ့တစ်စောင်းToyota ရဲ့ Mid range SUV အမျိုးအစား Hilux Surf အကြောင်းလေး ပြောချင်ပါတယ်။တနည်းအားဖြင့် 4 Run...
29/04/2025

ကားအကြောင်းတစ်စေ့တစ်စောင်း

Toyota ရဲ့ Mid range SUV အမျိုးအစား Hilux Surf အကြောင်းလေး ပြောချင်ပါတယ်။

တနည်းအားဖြင့် 4 Runner လို့လည်းခေါ်ပါတယ် အမေရိကန် စျေးကွက် လို့ ခေါ်တဲ့ North America region မှာပါ။

Asia / South Asia နဲ့ Japan မှာတော့ Surf လို့ခေါ်ကြပါတယ် ။
Hilux = High Luxury
Surf = Large waves

First generation N60 ( 1984 - 1989)

သူရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ Hilux ခေါ် pick up ကားကို အသွင်ပြောင်းပြီး SUV ဖြစ်အောင်စတင် တည်ဆောက်ခဲ့ပါတယ်။ အဓိက Hilux မျိုးဆက်ကို အခြေခံတဲ့အတွက် သူ့မှာ တံခါး ၂ ပေါက်ပဲ ပါလာပါတယ် ဒါပေမယ့် နောက်ခုံတန်း ပါဝင်ပါတယ် ။
Hilux ထက် အနံ ၃ လက်မလောက် ပိုကားပေးလိုက်တဲ့ အတွက် ကားက ပိုငြိမ်သွားတာတွေ့ရပါတယ်။
နောက်ကာဗာက တော့ ပလပ်စတစ် အကောင်းစား ဖုံးပေးထားပါတယ်။
တပ်ဆင်တဲ့ အင်ဂျင်တွေကတော့
ဓါတ်ဆီ ၂.၀ လီတာ 3Y I4
2.4 L 22R-TE I4
ဒီဇယ် ၂.၄ လီတာ 2L I4
စတဲ့ အင်ဂျင်တွေ အသုံးပြုထားပါတယ်

Second Generation N120/130 (1989-1995)

ဒီမော်ဒယ်လေးကတော့ မြန်မာပြည်မှာ အတွေ့ရအများဆုံး လေးမို့ ပြည်ု့ပြည့်စုံစုံလေး ပြောပါရစေ။
သူကလည်း သူ့နောင်တော် Hilux ရဲ့ ရုပ်ကိုပဲ အသုံးပြုပြီး ထွက်ပေါ်လာတာပါပဲ။ ထူးခြားတာကတော့ တံခါး ၅ ပေါက် ဖြစ်လာပါပြီ ပြီးတော့ နောက်ကာဗာက အုပ်ထားတဲ့ ဟာမျိုး မဟုတ်တော့ပါဘူး။ တကယ့် SUV တစ်စီးရဲ့ ရုပ်ထွက်ဖြစ်လာပါပြီ။
နောက်တန်းတွေက coil type suspension တွေဖြစ်လာပါပြီ ။ စပါယ်ယာ ဘီး ဟာ နောက် မှာရော တံခါးမှာပါ တပ်လို့ ရအောင် လုပ်ပေးထားပါတယ်။
အင်ဂျင်တွေကလည်း ပိုစုံလာတာတွေ့ရပါတယ်
ဓါတ်ဆီ ထဲမှာ
2.0 L 3Y I4
2.2 L 4Y I4
2.4 L 22R-E I4
3.0 L 3VZ-E V6
ဒီဇယ်ထဲမှာ
2.4 L 2L-TE turbo diesel I4
2.8 L 3L I4
3.0 L 1KZ-T turbo diesel I4
စသဖြင့် ရှိနေပါတယ်
Transmission ကတော့ 4 speed auto နဲ့ 5 speed manual နှစ်မျိုးပဲ ရှိပါတယ်
ဂရိတ်ခွဲအနေနဲ့ ကတော့
SSR Limited
SSR-V
SSR-X
SSR-X Limited
SSR-G ( အမြင့်ဆုံးဂရိတ်) ဆိုပြီး ရှိပါတယ်
95/96 model တွေမှာAir bag - 2 လုံး ထည့်ပေးထားပါတယ်။ အဲ့ဒီထက်စောတဲ့ မော်ဒယ်တွေမှာ Airbag မပါဝင်ပါဘူး။
ကားတိုင်းမှာ ပါဝင်တာကတော့ ADD လို့ခေါ်တဲ့ Automatic disconnecting differential စနစ်ပါ, သူက 2 Wheel နဲ့ 4 wheel ကို အလိုလျောက် ချိန်းပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

Third generation N180 ( 1995-2002)

ဒီတတိယမျိုးဆက်ရဲ့ အဓိက ထူးခြားချက်ကတော့ မိဘရင်ခွင်က ခွာထွက်လိုက်တဲ့ Chassis ပါပဲ။
သူ့ရဲ့ chassis ဟာ Land cruiser Prado ရဲ့ chassis line up ထဲ ဝင်သွားခဲ့ပြီး သီးသန့် ရပ်တည်ဖို့ ကြိုးစားလာတာပါ။ တကယ့် Mid size SUV လို့ ကြော်ငြာလိုက်တဲ့ သဘောပါပဲ , Hilux ဆီက ရုပ်ကိုလည်း ကူယူးခြင်း မရှိတော့ပဲ သီးသန့် ဒီဇိုင်းတစ်ခု ခွဲထွက်လာပါတယ်။
အင်ဂျင်အနေနဲ့တော့ အတော့်ကို ကြီးလာတာ တွေ့ရသလို့ ကားရဲ့ ဒီဇိုင်းက ဆွဲဆောင်မှုရှိလာပါတယ်။
မြန်မာပြည်မှာလည်း တွေ့ရများတဲ့ လူကြိုက်များတဲ့ အမျိုးအစားလေးပါ ။
ဓါတ်ဆီ အင်ဂျင်မှာတော့ ၂ မျိုး
2.7 L 3RZ-FE I4
3.4 L 5VZ-FE V6
ဒီဇယ်မှာတော့ ၁ မျိုးတည်း
3.0 L 1KZ-TE turbo diesel I4 ကိုပဲ ဆက်သုံးပါတယ်။
ကားရဲ့ ရှေ့နဲ့နောက် က အရင် မျိုးဆက်ထက် ပိုမြင့်လာတယ် suspension က ပိုမို ကောင်းမွန်လာပါတယ်။ ရှေ့နောက် ဘီးတွေကြားမှာ On the fly လို့ခေါ်တဲ့ level shifter တစ်မျိုး တီထွင်ထည့်သွင်းပေးထားပါတယ်။ ဒါဟာ SUV ဆရာကြီး Land cruiser ရဲ့ နည်းပညာကို ထည့်သွင်းပေးလိုက်တာပါ။
ပြီးတော့ body ကို ၂ မျိုးခွဲ ထုတ်ပါတယ် SSR G ဟာ wide body ဖြစ် ပြီး SSR-X မှာ တော့ Wide body နဲ့ standard body ဆိုပြီး ကွဲပြားပါသေးတယ်။
အဓိက အားဖြင့် 4WD သာထုတ်လေ့ရှိပေမဲ့ 2WD model ကို ဒီ တတိယမျိုးဆက်မှာ မိတ်ဆက်ပါတယ်, နောက်ဆွဲ ရှေ့ထိုင် နဲ့ 4WD မော်ဒယ်ထက် ၄ လက်မလောက်နိမ့်သွားတဲ့ အတွက် အကွေ့တွေမှာ အားသာချက် များသွားပါတယ်။

Fourth generation N210( 2002-2009)

Surf ရဲ့ ထုံးစံလို့ ဆိုရလောက်ဆောင် ဒီဇိုင်းပိုင်း ထူး ခြားစွာ ပွဲထွက်လာပြန်ပါတယ်။ Land cruiser Prado ရဲ့ အနီးစပ်ဆုံး တူအောင် ဖန်တီးပြီး ရုပ်ကိုတော့ ကွဲပြားတဲ့ ပုံစံ တည်ဆောက်ထားပါတယ်။
အင်ဂျင်ကတော့ V8 အမျိုးအစား ဖြစ်လာပါတယ်။
ဓါတ်ဆီ အင်ဂျင် ကတော့ ၃ မျိုး
3.0 L 1KD-FTV I4
4.0 L 1GR-FE V6
4.7 L 2UZ-FE V8
ဒီဇယ်ကတော့ ထုံးစံမပျက်
3.0 L 1KZ-FTV I4
တွေကို သုံးထားပေးပါတယ်။
ဂီယာကတော့ manual မထုတ်တော့ပါဘူး 5 speed auto Aisin တွေပဲ ဖြစ်လာပါတယ်။

Fifth Generation N280 ( 2009- present)

လက်ရှိထုတ်နေတဲ့ နောက်ဆုံး မျိုးဆက်မှာတော့ လုံးဝ နီးပါး Land cruiser ကို မှီငြမ်းလိုက်ပါပြီ။ ထပ်ပြောင်းပြီး ထည့်လိုက်တဲ့ နောက်ဆုံးပေါ်စနစ်တစ်ခုကတော့ KDSS လို့ ခေါ်တဲ့ Kinetic Dynamic Suspension system, crawl control , rear locking differential and stabiliser.
Engine ကတော့ Dual VVT-i ဖြစ်သွားပြီး ဒီဇယ်မထုတ်တော့ပါဘူး ။
2WD & 4WD နှစ်မျိုးလုံး မှာလို့ရပါတယ် ဒါပေမဲ့ 4WD ကတော့ part time 4WD အဖြစ်လာပါတယ်။
2WD model မှာတော့ 2.7 L 2TR-FE I4 အင်ဂျင်တပ်စနစ် နဲ့ 4WD မှာတော့ 4.0L 1GR-FE V6 အင်ဂျင်တပ်ဆင်ပေးပါတယ်။

Grade တွေခွဲပုံနဲ့ ပါဝင်ရမဲ့ ပစ္စည်းတွေရေးမယ်ဆိုရင်တော့ စာအုပ်တစ်အုပ်စာ လောက် ဖြစ်သွားနိုင်ပါတယ် ဒါကြောင့် ချန်လှပ်ခဲ့ပါရစေခင်ဗျာ

Toyota ရဲ့ နာမည်ကြီး လူကြိုက်များတဲ့ Hilux Surf အကြောင်း အနည်းငယ်သိရှိသွားပြီလို့ ယူဆမိပါတယ်ခင်ဗျာ

ကြိုက်နှစ်သက်တယ်ဆိုရင် Page လေးကို Like And Follow လေးလုပ်ခဲ့ကြပါအုံးခင်မျာ🙏

Credit To Original 🙏

  ကားအကြောင်းတစ်စေ့တစ်စောင်းဒီကနေ့ Toyota ရဲ့ Mid-Luxury crossover SUV ကို စတင်မိတ်ဆက်ခဲ့တာကတော့ December 1997 ခုနှစ်မှာ...
29/04/2025

ကားအကြောင်းတစ်စေ့တစ်စောင်း

ဒီကနေ့ Toyota ရဲ့ Mid-Luxury crossover SUV ကို စတင်မိတ်ဆက်ခဲ့တာကတော့ December 1997 ခုနှစ်မှာပါ။ Toyota ကနေ ဒီဇိုင်းတူ / မော်ဒယ်တူ ပြီး နာမည် နှစ်မျိုးနဲ့ ထုတ်ခဲ့ပါတယ်။

Harrier နဲ့ Lexus RX ဆိုပြိးထုတ်ဖို့ ဒီဇိုင်းဆွဲခဲ့တာကတော့ ဂျပန် ဒီဇိုင်းနာ Makoto Oshima ပဲဖြစ်ပါတယ်။

Harrier ကို တော့ ဂျပန်ပြည်တွင်း သုံးအဖြစ်ထုတ်လုပ်ရောင်းချခဲ့ပြီး Lexus RX ကိုတော့ ကမ္ဘာနဲ့ အဝှမ်း တင်ပို့ရောင်းချခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ harrier ဟာ unibody ရဲ့ ရှေးအကျဆုံး ကားတည်ဆောက်ခြင်းခံရတာပါ။ Unibody ဆိုတာကတော့ ကားရဲ့ frame မှာ မျိုးစုံလာရောက်တွဲဆက်တဲ့ ဒီဇိုင်းပါ။ 1990 ဝန်းကျင်မှာ ကား အားလုံးဟာ body သတ်သတ် frame သတ်သတ် တည်ဆောက်လေ့ ရှိပြီး၊ နောပ်ဆုံးမှာ တွဲဆက်လိုက်တာ မျိုးပါ။ Harrier ကတော့ အစိတ်အပိုင်းအားလုံး တတွဲစပ်တည်း ပွဲထွက်လာတဲ့ Unibody စနစ်ပါ။ လက်ရှိ အချိန်ထိ မျိုးဆက် လေးဆက်တိုင်ခဲ့ပြီ ဖြစ်တဲ့ Harrier အကြောင်း အောက်မှာ ရှင်းပြထားပါတယ်။

First Generation ( 1997-2003)

First generation မှာတင် အဆင့်နှစ်ဆင့် ခွဲခြားလို့ ရနိုင်ပါသေးတယ်။ 2000 နောက်ပိုင်း မော်ဒယ်တွေ မှာ facelift လုပ်ခဲ့ပြီး မီးခွက်ဒီဇိုင်းတွေ ပြောင်းတဲ့ အပြင် chassis ပါ ပြောင်းခဲ့ပေမယ့် Generation အနေနဲ့ တော့ မပြောင်းပါဘူးလို့ တိုယိုတာ ကိုယ်တိုင် ထုတ်ပြန်ထားတာပါ။
မြန်မာပြည်အနှံ့ တွေ့မြင်နေရလေ့ ရှိတဲ့ ဒီပထမ မျိုးဆက်ရဲ့ engine တွေကတော့ ၃ မျိုး အထိ ရှိပါတယ်။
2.2L 5S-FE I4 ( 130 hp, 4400 rpm)
2.4L 2AZ-FE I4 ( 160 hp, 5600 rpm)
3.0L 1MZ-FE V6 ( 194 hp, 5200 rpm)
ဆိုပြီး တပ်ဆင်ပေးလေ့ရှိပါတယ်။ 2.4L အင်ဂျင်ကတော့ 2000 နောက်ပိုင်း မော်ဒယ်မှာသာ တွေ့ရမှာပါ။ 2.2 L အင်ဂျင် line-up ကို အစားထိုးလိုက်တာ ဆိုရင်လည်း မမှားပါဘူး။ 5S-FE အင်ဂျင် တွေကို 1999 နောက်ပိုင်း ထပ်မံထုတ်လုပ်ခြင်း မရှိတော့ပါဘူး။
ကားရဲ့ အရွယ်အစားတွေ ကတော့
Wheel base = 2619 mm
Length = 4575 mm
Width = 1816 mm
Height = 1669 mm
အသီးသီး ရှိနိုင်ပြီးတော့ Lexus မော်ဒယ်မှာ ကားအမြင့်ဟာ ပိုနိုင်ပါတယ်။
ဂရိတ် အနေနဲ့တော့ S နဲ့ G လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပြီး ဂရိတ်ပျောက်လည်း ရှိပါတယ်။ S ဂရိတ်မှာတော့ S PACKAGE , G ဂရိတ်မှာတော့ G PACKAGE လို့ ကားနောက်ဖုံးမှာ ရေးလေ့ရှိပြီး , 4WD ဆိုရင်တော့ FOUR ဆ်ုတာလေး ပါဝင်လာပါလိမ့်မယ်။
Chassis အနေနဲ့ ကတော့ အင်ဂျက်ပါဝါပေါ်မူတည်ပြီး နှစ်မျိုးသာ ကွဲပြားပါမယ်။
2.2L မှာ GF-SXU10W
3.0L မှာ GF-MCU10W
ဖြစ်ပြီးတော့ 4WD ဆိုရင်တော့ 10W နေရာမှာ 15W နဲ့ ဆုံးပါတယ်။
2000 နောက်ပိုင်း မှာတော့ 2.2L ပျောက်သွားပြီး 2.4 နဲ့ 3.0 သာ ထုတ်ပါတော့တယ်။ Chassis အနေနဲ့ကတော့ ပြောင်းသွားပြီး 2.4L မှာ TA-ACU10W နဲ့ 3.0L မှာ TA-MCU10W ဖြစ်ပြီး၊ 4WD ဆိုရင်တော့ 15W နဲ့ ဆုံးတဲ့ chassis ပါပဲ။
ဂရိတ်အနေနဲ့ ခွဲရရင်တော့
PRIME SELECTION
IR VERSION
G
ဆိုပြီး သုံးမျိုး ခွဲနိုင်ပါတယ်။

Second Generation ( 2003-2008 )

မြန်မာတွေ ခေါ်လေ့ရှိတဲ့ ဇွန်ကြီး ဆိုတဲ့ second generation ကတော့ ထူးထူးခြားခြား ကားနောက်ပိုင်းက လုံးထွက်နေတာလေး မှတ်မိကြမှာပါ။ ပိုပြီးကျဟ်လစ်တဲ့ ဒီဇိုင်း, LED taillight , Golden bird's eye maple တွေအပြင် အတွင်းခန်း အဆင့်မြင့်တင်ထားတဲ့ storage area တွေ ကဆွဲဆောင်မှု အားကောင်းလွန်းလှပါတယ်။ တိုယိုတာရဲ့ K platform ထဲကို ဆွဲသွင်းခြင်းခံရတဲ့ ထိ အောင်မြင်တဲ့ ဒီမော်ဒယ်ဟာ ရှုတ်ထွေးတဲ့ chassis တွေ နဲ့ ပွဲထွက်လာပြီး အင်ဂျင်အနေနဲ့ နှစ်မျိုးသာ ရှိပါတယ်။
2.4L 2AZ-FE I4 ( 160hp, 5600 rpm)
3.0L 1MZ-FE V6 ( 194hp, 5200 rpm)
ဆိုပေမယ့် Lexus RX အတွက်မှာတော့
3.5L 2GR-FE V6 ( 268hp, 6200 rpm)
ကို သီးသန့် မှာယူနိုင်ပါသေးတယ်။
အင်ဂျင်အားလုံးဟာ Dual VVT-i version နဲ့သာလာပါတယ်။
စာကြွင်း ။ ။ Toyota K platform ဆိုတာ တိုယိုတာရဲ့ အကောင်းဆုံး ကားတည်ဆောက်မှု နည်းပညာတွေ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ Avalon, Camry, Highlander, Sienna, Venza, Lexus RX, Lexus ES တွေအပြင် အခြား နာမည်ကြီး တိုယိုတာ ကား အများစု အတွက် အသုံးပြုပါတယ်။

ဒီဒုတိယ မျိုးဆက်မှာ ဂရိတ်/ Chassis အနေနဲ့ကတော့
240G
(UA-ACU30W-AWPGK)
240G L PACKAGE
(UA-ACU30W-AWPGKA)
240G Premium L PACKAGE
(UA-ACU30W-AWPGKB)
AIRS
(UA-MCU31W-AWAGK)
300G
(UA-MCU30W-AWAGK)
300G L PACKAGE
(UA-MCU30W-AWAGKA)
300G Premium L PACKAGE
(UA-MCU30W-AWAGKB)
ဆိုပြီးတော့ ရှိပြီး 4WD ဆိုရင်တော့ FOUR ပါဝင်လာပြီး chassis မှာတော့ 30W အစား 35W ဖြစ်လာပါလိမ့်မယ်။
3.5 L အင်ဂျင်တပ် Lexus RX မှာတော့ RX350G လို့ ရေးလေ့ရှိပါတယ်။
အင်ဂျင်ပါဝါ မြင့်လာလေလေ ဂရိတ်စုံလာလေလေ ပါဝင်ပစ္စည်းများလာလေလေ ဆိုတာကတော့ ဂျပန်တွေရဲ့ စံချိန်လို့တောင် ပြောရမလိုပါပဲ။
ဂရိတ်အနေနဲ့ အတူတူပေမယ့် Chassis အနေနဲ့ အပြောင်းအလဲ ဖြစ်လာခဲ့ပါသေးတယ်။ 2004 မှာ UA ကနေ CBA ပြောင်းတယ် ( နောက်ကကျန်တာတူ) ။ 3.5L အင်ဂျင်တပ်ရင်တော့ DBA နဲ့ စပါလိမ့်မယ်။

Third Generation ( 2008-2012 )

တတိယမျိုးဆက်ကတော့ ဒုတိယမျိုးဆက်လောက် အောင်မြင်မှု သိပ်မရပေမယ့် အရှိန်အဝါကိုတော့ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ကတော့ ဒုတိယမျိုးဆက်နဲ့ အတူတူပေမယ့် ဂရိတ်ခွဲများစွာ မထုတ်တော့ပဲ နှစ်မျိုးသာ ထုတ်ပေးပါတယ်။
2.4L နဲ့ 3.5L နှစ်မျိုးပါပဲ။ ဂျပန်ကားဟောင်းသာ အတွေ့ရများတဲ့ မြန်မာပြည်မှာတော့ ဒီမျိုးဆက်ရဲ့ 3.5L ဟာ ရှားပါး နေအုံးမှာပါ။ ဂျပန်မှာ 2.4L သာ အသုံးများတာကြောင့်ပါ။
ဒီမော်ဒယ်မှာ စတင် အသုံးပြုလာတာက တိုယိုတာရဲ့ hybird စနစ်ပါ။ နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ harrier ကို mid-crossover SUV အနေနဲ့ထားခဲ့ပြီး Lexus ကိုတော့ Full size SUV အဖြစ်ခွဲထုတ်လိုက်တာ တွေ့ရပါတယ်။
Harrier မှာ
2.4L 2AZ-FE ကိုပဲ အနည်းငယ် ပြုပြင်ပေးထား တဲ့ ဗားရှင်းအသစ် ကို ထည့်သွင်းပြီး ဂျပန်မှာ ရောင်းချပါတယ်။ 3.5L အင်ဂျင်မှာတော့ build in hybird system ထည့်သွင်းပေးထားပေမယ့် ဂျပန်မှာ အစီးရေ အနည်းငယ်သာ ရောင်းချခဲ့ရပါတယ်။
Lexus RX မှာတော့
2.7L 1AR-FE I4 ( 182 hp, 4200rpm)
3.5L 2GR-FE V6 ( 268 hp, 6200rpm)
3.5L 2GR-FXE (292 hp ) D-4S system
ဖြစ်သွားပြီး Lexus RX450h လို့ခေါ်ကြပါတယ်။

Fourth Generation ( 2012-Present)

လက်ရှိ နောက်ဆုံး ထုတ်လုပ်ရောင်းချနေတဲ့ မော်းယ်ကတော့ ထူးထူးခြားခြား ဒီဇိုင်းအပြင် ရုပ်ထွက်က ဆွဲဆောင်မှု အပြည့် နဲ့ မြင်သူငေးကြတဲ့ အမျိုးအစားပါပဲ။
နောက်ထပ်ထူးခြားမှု တစ်ခုကတော့ လူတွေ အဓိက စဉ်းစားတဲ့ ဆီစားသက်သာမှုကို ထပ်ပေါင်း လိုက်တော့ အလွန့်အလွန်ရွေးချယ်သင့်တဲ့ အမျိုးအစား အဖြစ်ပွဲထွက်လာတာပါပဲ။
ဒီမျိုးဆက်မှာတော့ အင်ဂျင်တစ်မျိုးသာ သုံးပါတယ်။ ဒီအင်ဂျင်ကတော့ တိုယိုတာရဲ့ နောက်ဆုံပေါ် အင်ဂျင် စီရီး ဖြစ်တဲ့ ZR စီးရီးထဲက 3ZR-FAE I4 , 2.0L အင်ဂျင်ပါပဲ။
193 Nm / 3800 rpm ရှိတဲ့ ဒီ အင်ဂျင်ဟာ တိုယိုတာရဲ့ နောက်ဆုံးပေါ် ကား အများစုမှာ တပ်ဆင်ပေးထားပါတယ်။

ဂရိတ်/ Chassis အနေနဲ့ကတော့
PREMIUM
( DBA-ZSU60W-ANXGP )
PREMIUM ADVANCED PACKAGE
( DBA-ZSU60W-ANXGP(A) )
GRAND
( DBA-ZSU60W-ANXXP )
ELEGANCE
( DBA-ZSU60W-ANXMP )
ဆိုပြီး လာပါတယ်။ 4WD မော်ဒယ်မှာတော့ FOUR ဆိုတဲ့ စာလေး နဲ့ 60W ကနေ 65W လို့ ပါဝင်မှာကတော့ သက်တမ်းတစ်လျောက် မပြောင်းလဲတဲ့ DNA အသေးစားလေးပေါ့။ ဒီမျိုးဆက်မှာ ကွဲပြားထွက်လာတာကတော့ ဂီယာဘောက်ကြောင့်လည်း ထူးခြားလာပါတယ်။ CVT ဂီယာဘောက်ကြောင့် engine ရဲ့ efficiency ပိုကောင်းလာတာကြောင့် အင်ဂျင်ပါဝါသေးသွားပေမယ့်လည်း အဆွဲအရုန်းဟာ ပိုတောင်သွက်လက်လာပါသေးတယ်။ Third Generation အထိ တောက်လျောက် harrier မှာ 4AT/ 5AT စတဲ့ အော်တိုဂီယာဘောက်တွေသာ သုံးစွဲခဲ့တာပါ။

ဒီလောက်ဆိုရင်တော့ Toyota ရဲ့ Harrier အကြောင်း အနည်းငယ်သိရှိလောက်ပါပြီထင်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် Page လေးကို Like And Followလေးလုပ်ခဲ့ပေးကြပါအုံးခင်မျာ🙏

Credit To Original

Address

Bago
Bago

Alerts

Be the first to know and let us send you an email when AK/B G O posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AK/B G O:

Share

Category