u mg htwe

u mg htwe I'm a employeen. Using for Facebook to connect with my family & many friends: share music: video:picture. to stay up to date all the latest news and events.

20/01/2026
20/01/2026
17/11/2025
17/11/2025

🌹အဆင့်အတန်း🌹

လူတစ်ယောက်က ကိုယ့်ကို ဆက်ဆံချင်တဲ့ပုံစံအတိုင်း ဆက်ဆံခွင့်မပေးတာဟာ ကိုယ့်ရဲ့တန်ဖိုးအဆင့်အတန်းကို သိသူတွေရဲ့ သင်္ကေတပဲဖြစ်ပါတယ်..။ အဆင့်အတန်းလို့ ဆိုလိုက်တာနဲ့ ပစ္စည်းဥစ္စာပြည့်စုံချမ်းသာမှ.. ပညာတွေတတ်မှ… ရာထူးဂုဏ်ဒြပ်ကြီးမြတ်မှ အဆင့်အတန်းမြင့်သူရယ်လို့ သတ်မှတ်လို့ မရနိုင်ပါဘူး…။

ပစ္စည်းဥစ္စာတွေပြည့်စုံပြီး… အသိဥာဏ်ပညာ မပြည့်စုံရင်..အဆင့်အတန်းမရှိနိုင်ပါဘူး..။ ပညာတွေတတ်ပြီး စိတ်ဓါတ်အဆင့်အတန်းမရှိသူတွေလည်း ရှိနေနိုင်တာပါပဲဲ..။ ရာထူးဂုဏ်ဒြပ်မြင့်မားပြီး ကိုယ်ချင်းစာနာစိတ်မရှိသူ.. မာန်မာနကြီးပြီး မောက်မာသူ..အဆင့်အတန်းခွဲခြားတတ်သူဟာ… စိတ်ဓါတ်အဆင့်အတန်းနိမ့်ကျသူသာ ဖြစ်ပါတယ်..။

အဆင့်အတန်းဆိုတဲ့အရာကို တိုင်းတာဖို့အတွက် အပေါ်ယံ စည်းစိမ်ချမ်းသာဂုဏ်ဒြပ်တွေနဲ့ တိုင်းတာရမှာမဟုတ်ဘဲ သူ့ရဲ့လူလူချင်းအပေါ် ထားတဲ့စိတ်…စာနာနားလည်တတ်တဲ့စိတ်.. ယဉ်ကျေးမှုရှိတဲ့စိတ်နဲ့သာ တိုင်းတာရမှာဖြစ်ပါတယ်…။

လူအချို့က သူ့လောက် ပစ္စည်းဥစ္စာမပြည့်စုံတဲ့သူ..သူ့လောက် ပညာမတတ်တဲ့သူ… သူ့လောက် ရာထူးဂုဏ်ရှိန်မရှိတဲ့သူဆို ကြည့်တဲ့အကြည့်ကအစ… ပြောဆိုဆက်ဆံတဲ့လေသံအသုံးအနှုန်းအဆုံး.. နှိမ်ချစွာ ပြောဆိုဆက်ဆံတတ်ပါတယ်..။ အဲ့ဒိလိုအခါမျိုးမှာ သူနှိမ်ချလိုက်တဲ့အဆင့်အတန်းမျိုးဆီ ကိုယ့်ကိုယ်ကိုယ် မသက်ဆင်းမိဖို့ လိုပါတယ်..။ ကိုယ့်ရဲ့ကိုယ်ကျင့်သီလ.. ဂုဏ်သိက္ခာ.. စိတ်ဓါတ်အဆင့်အတန်းဆိုတာတစ်ပါးသူက သတ်မှတ်ဖို့အခွင့်အရေးပေးစရာမလိုဘဲ ကိုယ်တိုင်တန်ဖိုးထား အသိအမှတ်ပြုထားရမယ့်အရာသာဖြစ်ပါတယ်..။ ဘယ်လောက်
ပြင်းထန်တဲ့ ရေလှိုင်းတွေ ပုတ်ခတ်ပါစေ… ကျောက်ဆောင်ကျောက်သားတွေက အရည်ပျော်ကျမသွားဘဲ မာကျောမြဲမြံစွာ မတ်မတ်ရပ်တည်နိုင်သလိုမျိုးပါပဲ…။ ဘယ်သူကပဲ ကိုယ့်ရဲ့အရည်အသွေးကို နှိမ့်ချဖို့ကြိုးစားပါစေ… ကိုယ့်ရဲ့စိတ်ခံစားမှုတွေ လိုက်ပြီးနိမ့်ကျမသွားစေရပါဘူး…။

တစ်ချို့သူတွေကတော့ ကိုယ့်ရဲ့အဆင့်အတန်းကို နှိမ့်ချချင်တဲ့အခါ ကိုယ့်ကို နာကျင်ထိခိုက်စေတဲ့… သွေးဆူပေါက်ကွဲစေတဲ့ ထိုးနှက်စော်ကားမှုတွေနဲ့ ရန်စတိုက်ခိုက်တတ်ပါတယ်..။ အဲ့ဒိလိုအခါမျိုးမှာ ကိုယ်က သူဆွဲချလိုက်တဲ့ နေရာထိရောက်သွားအောင်… ဒေါသတကြီးပေါက်ကွဲစွာတုံ့ပြန်ခြင်းမပြုဘဲ…ကိုယ့်ရဲ့စိတ်နှလုံးကို တည်ငြိမ်အေးချမ်းစွာရှိစေပြီး အလုပ်အကိုင်မပျက်… အောင်မြင်မှုမပျက်…အကြည်ဓါတ်မပျက်စေဘဲ…အေးအေးဆေးဆေး လျစ်လျူရှုထားနိုင်တာဟာ… ကိုယ့်ရဲ့အဆင့်အတန်းကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်ပါတယ်…။ ကိုယ့်ကို ရန်လိုထိုးနှက်တိုက်ခိုက်နေသူကို တစ်ချက်ကလေးမှ ဂရုမစိုက်ဘဲ ကိုယ့်လမ်းကိုယ် တည်တည်ငြိမ်ငြိမ် ဆက်လျှောက်နေနိုင်တာဟာ…သူ့ကို ကိုယ်နဲ့တန်းညီသွားအောင် ဆွဲမခေါ်ဘဲ သူ့ရဲ့နေရာမှာသာ ရှိစေလိုက်တာဖြစ်ပါတယ်…။

#လွန်းထားထား
#အဆင့်အတန်း
#ပိုကောင်းဖို့ဖြစ်တာပါ

17/11/2025

"အူမကြီးကျန်းမာရေး"

အစာစားချင်စိတ်နည်းလာတာ၊ ဝမ်းသွားရင် (ပုံမှန်ဝမ်းမဟုတ်) ဝမ်းကိုက်သလို အသေးလေးတွေသွားတာ၊ ဝမ်းကျန်တာ( ၄ ကြိမ်လောက် ထပ်ကာထပ်ကာ ဝမ်းသွားနေရတာ)၊ ရင်ဘတ်ကြီးတောင့်နေသလိုခံစားရတာ နှစ်လနီးပါးရှိလာတာကြောင့် နီးစပ်ရာ ဆေးခန်းမှာ အစာအိမ်နှင့် အူလမ်းကြောင်း ဆရာဝန်နှင့် ပြသလိုက်ပါသည်။

ဆရာဝန်ကလည်းအင်မတန်စိတ်ရှည် ပြီး စပ်းသပ်မှုတွေ လုပ်ဆောင်ပေးပါတယ်၊ ဆေးတစ်ပတ်သောက်ထားရန်ညွှန်ကြားပြီး၊ (OGD)&
( colonoscopy)(ပြုလုပ်ရန်)ကြည့်ရန် အကြံပေးပါသည်။
ဒါနဲ့ လိုအပ်တဲ့ သွေးစစ်၊ ( ultrasoung)၊ နှလုံး ၊ သွေးတိုး၊ဆီချို စစ်ဆေးမှု ပြုလုပ်ပြီး မှန်ပြောင်းကြည့်ဖြစ်ပါသည်။

အဖြေကတော့ အစာအိမ်၌ အနာငယ်လေးတွေ့ရှိ၊လည်ပြွန်၌ (မှို) တွေ့ရှိရသဖြင့် အသားစ(tissue)ယူပြီး biospy စစ်ဆေးထားပါသည်။
အဖြေကတော့ ရင်ခုန်စွာနဲ့ စောင့်စားနေရတဲ့ ခဏတာပေါ့။ (YES or NO)တစ်ခူခုပေါ့။

"တာဝန်ပျက်ကွက်ခြင်း"၂၀၂၅ နိုဝင်ဘာလ ၁၆ ရက်နေ့ဟာ သားလေး ၅ နှစ်ပြည့်မြောက်သည့်နေ့၊ အမေကတာဝန်၊ အဖေက တာဝန်(ဖခင်ဖြစ်သူက အဝေးတစ...
17/11/2025

"တာဝန်ပျက်ကွက်ခြင်း"
၂၀၂၅ နိုဝင်ဘာလ ၁၆ ရက်နေ့ဟာ သားလေး ၅ နှစ်ပြည့်မြောက်သည့်နေ့၊ အမေကတာဝန်၊ အဖေက တာဝန်(ဖခင်ဖြစ်သူက အဝေးတစ်နေရာမှာ) တာဝန်ဆိုတဲ့ခေါင်းစဥ်ဟာ မိသားစုတာဝန်ကြီးကို ဥပက္ခာပြု( လွှမ်းမိုးသွား) လိုက်ရတဲ့ဘဝ အခြအနေ၊ အမှန်အတိုင်း ပြောရရင် ရင်ကွဲမတတ်ခံစား ရပါတယ်၊ သားလေးကို ရင်အုပ်မကွာ အုပ်ထိန်းရမဲ့ မိဘတာဝန် ပျက်ကွက်ခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ ရင်တွင်းခံစားချက်ကို ခံစားဖူးသူသာ ကိုယ်ချင်း စာနာကြမှာ၊ နားလည်ကြမှာပါ။

16/11/2025
16/11/2025
“တိတ်တိတ်လေး စိတ်ကုန်နေပါသော်လည်း”နေ့စဥ်ဘဝမှာ အာရုဏ်မိုးသောက် ရောက်သော် ယနေ့အဖို့ “နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် တစ်နေ့...
27/10/2025

“တိတ်တိတ်လေး စိတ်ကုန်နေပါသော်လည်း”

နေ့စဥ်ဘဝမှာ အာရုဏ်မိုးသောက် ရောက်သော် ယနေ့အဖို့ “နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် တစ်နေ့တာ ကုန်ဆုံးလွန်မြောက်ရပါလို၏ အရှင်ဘုရား”ဟု ဆုတောင်းပြီး ဖြတ်သန်းနေရတဲ့ အခြေအနေတစ်ခု။ ရက်သတ္တ တစ်ပတ်မှာ နှစ်ရက်လောက်တောင် အေးချမ်းစွာ ဖြတ်သန်း ခွင့်မရှိလှတဲ့အနေအထား။

ယနေ့မှာလည်း တာဝန်ကြောင့် မိမိမှာ အခြားနေရာတစ်ခုသို့ ရောက်နေချိန် စိတ်မချမ်း မြေ့စရာ ဖုန်းသတင်းက ဝင်လာပါလေရော၊ ဘယ်သူကတော့ ပြောဆိုမရဘဲ ပေါက်ကြောင်ကြောင်နဲ့ ထွက်သွားပြန်ပြီတဲ့၊ မတားကြဘူးလားဆိုတော့ တားလို့ကို မရလိုက်တာတဲ့။ အတော်လည်း ပြဿနာရှာတဲ့ (ကောင်) လူပါလား။

ကောင်းကောင်းမွန်မွန်ထွက်သွားတာက ပြဿနာ မဟုတ်ပေမယ့် ကြောင်တောင်တောင်နဲ့ ထွက်သွားတာက အန္တရာယ်များလွန်းတယ်၊ ကားပေါ်ကပြုတ်ကျနိုင်တာမျိုး၊ လမ်းဖြတ်ကူးလို့ ကားတိုက်ခံရနိုင်တာကတစ်မျိုး၊ မသင်္ကာလို့ ဆွဲစိသွားမှာက တစ်ဖုံ ဖြစ်နိုင်ခြေရှိတာတွေကို စဥ်းစားတွေးပူပြီး သောကတွေများရပြီလေ၊ ရှာကြည့်ကြပါဦးလို့ လှမ်းမှာ တော့ ရှာဖွေကြည့် ကြပြီးဖြစ်တယ်၊ ဘယ်မှာ မတွေ့ဘူးတဲ့။ (လူပျောက်တိုင်လို့ရတဲ့ အခြေအနေကလည်း မရှိပြန်)။ သောကပွေလီနဲ့ တစ်ညကို ကုန်ဆုံးလွန်မြောက်ခဲ့။

နောက်တစ်နေ့မှာတော့ ဘယ်ပန်းခြံမှာ တွေ့တယ်ဆိုတဲ့ သတင်းရပြန်တော့ သွားခေါ်လိုက်ကြပါဦး၊ ကျေးဇူးရှင်ကို ထိုင်တောင်ကန်တော့ရမယ့် အခြေ အနေ။ ပြန်ရောက်လာတော့ သရုပ်ဆောင်ချက်က ရုပ်ရှင်မှာဆို အကာ်ဒမီရသွားနိုင်တဲ့အကွက်မျိုး၊ ကိုယ်အမူအရာ၊ မျက်နှာအနေအထား၊ အခုပဲ မူးပြီးလဲကျသွားမဲ့ပုံစံ။ ပြောဆိုဆုံးမခြင်းလုပ်ဖို့တောင် ပြန်ပြီးအားနာ နေရတာ။

အဲဒီတစ်ယောက်ပြဿနာကမရှင်းရသေးဘူး၊ ဟော နောက်တစ်ယောက်က အရက်သမားလိုလို ဆေး သမားလိုလိုကောင်က ပျောက်သွားပြန်ုပြီ၊ သူ့ဇနီး ဗိုက်ကြီးသည်ကို လှမ်းဖုန်းဆက်အကြောင်း ကြားတော့ ကျွန်မ သူသွားတတ်တဲ့နေရာ သွားခေါ်ပြီး ပြန်လာပို့ပါမယ့်တဲ့၊ ၄င်း၏ဇနီးဖြစ်သူမှာလည်း နောက် နှစ်ပတ်ခွဲမှာ မွေးမယ်လို့ အိုဂျီမှ ရက်ချိန်း ပေးထားသူ။

ညနေမိုးချုပ်လို့ ရောက်လာချိန်မှာတော့ ကြည့်မကောင်း၊ မြင်လို့မသင့်တော်ကို ရုပ်ပျက်ဆင်းပျက်။ အကုသိုလ်ကို တန်ချိန်ပေါင်းများစွာပေး။ (မယူချင်လည်းမရတဲ့ အကုသိုလ်)။မိမိဖာသာ တိတ်တိတ်လေးစိတ်ကုန်နေတာကို မရဘူး မိုးလင်း၊ မိုးချုပ် မြည်တွန်အော်ဟစ် ၊ လူလိုဆုံးမလို့ နားမလည်တဲ့လူတွေကို တိရစ္ဆာန်လို ဆုံးမတာ လည်းမရပြန်ဘူး။ တော်ပါသေးတယ် မိတစ်ရာသားတွေမဟုတ်ဘဲ အမိအစိတ်လောက်က မွေးထားတဲ့သားတွေဖြစ်နေသေးလို့သာ။

အက်(ဖ)ဘီ စကားနဲ့ပြောရရင် “ဆေးသားမညီ လူမပီသတဲ့ “လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ အတော် စိတ်ရှုပ်၊ စိတ်ကုန်နေရတယ်၊ စိတ်ကုန်တာတောင် တိတ်တိတ်ကလေး စိတ်ကုန်လို့မရပါလား။

Address

Botataung

Website

Alerts

Be the first to know and let us send you an email when u mg htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category