Ngwe Lar Real Estate-North Dagon

  • Home
  • Ngwe Lar Real Estate-North Dagon

Ngwe Lar Real Estate-North Dagon Real Estate service

05/04/2023

ဒဂုံသီရိ လမ်း 42ရပ်ကွက်
ပေ 20×60
ဂရန်မိတ္တူ 1850 လျော့တင်းပါးပါး ရှိ

25/03/2023

အိမ်ခြံမြေ ဝယ်သူများ “မြေချပါမစ် အတု’’ နဲ့ လွဲစေသား
======================

“ကိုဗစ်” ကာလမှာ ကားဈေးကကျ “အိမ်ခြံမြေဈေးကကြွ” လာတာကို တွေ့ရတယ်။ ထို့ကြောင့် မြို့သစ်နေအနှံ့အပြား လမ်းမတွေပေါ်မှာ “အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း” တွေလည်း “မှို” ပေါက်သလို အထင်သား တွေ့မြင်လာရတယ်။

တကယ်အရောင်းအဝယ်တွေ ဖြစ်မဖြစ် ဗေဒင်မေးစရာမလိုဘဲ ကြေးမုံသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ရှေ့နေ ငှားပြီး မြေကွက်၊ ခြံကွက်၊ တိုက်ခန်း ဝယ်တာတွေ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာတွေ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

ဒီလိုကန့်ကွက်နိုင်ကြောင်း ကြော်ငြာတာကိုတော့ မောင်ကောင်းဖေလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ မြေကွက်ကိုင်ထားသူတွေ ဖတ်ကြည့်တာမကြည့်တာကတော့ သူတို့အလုပ်လေ။ နိုင်ငံပိုင် သတင်းစာက ကြော်ငြာတဲ့အတွက် တရားဝင် အရောင်းအဝယ်လုပ်တယ်ဆိုတာကို တစ်ပိုင်းတစ်စ ဆောင်ရွက်ပြလိုက်တာဘဲ။ သတင်းစာကြော်ငြာ စာရွက်ဟာ “စကားမပြောသောသက်သေ” ဖြစ်သွား၊ သက်သေခံ အထောက်အထားရတာပေါ့။

ပါမစ်အမည်ပေါက် မှန်၊ မမှန်စစ်ဆေးရန် စည်ပင်ပြေးရပြန်
======================

“မြေချပါမစ်” အရောင်းအဝယ်တွေဆိုရင်တော့ ဒီလိုသတင်းစာကြော်ငြာရုံနဲ့တင် မလုံလောက်ဘူးလေ။ အဲဒီ မြေကွက်ဟာ မြို့တော်စည်ပင် မြေစီမံဌာန မြို့မြေစာရင်းမှာ အမည်ပေါက် ပါ/မပါ၊ ကန့်ကွက်ချက် ရှိ/မရှိ၊ ဂရန်လျှောက်ထားခြင်း ရှိ/မရှိ စသဖြင့် သိနိုင်အောင် အရင်စုံစမ်းသင့်ပါတယ်။ မြို့မြေစာရင်းမှာ အမည်ပေါက်တယ်၊ ကန့်ကွက်ချက်မရှိဘူး၊ ဂရန်လျှောက်ထားခြင်း၊ မြေပုံကူးယူထားခြင်း မရှိဘူး ဆိုရင်တော့ စရန်ငွေချဖို့ ပြင်ဆင်လို့ ရပြီပေါ့။

“ပါမစ်မြေ” ကို ဘာကြောင့် ဒီလိုစစ်ရသလဲဆိုရင် မြို့မြေကွက်တွေ ဖော်ထုတ်တာက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဆောင်ရွက်ပေးတာဖြစ်တယ်။ အဲဒီလို ဖော်ထုတ်ပြီးနောက် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကို လွှဲပြောင်းပေးလို့ရတယ်။ အဲဒီလို လွှဲပြောင်းပေးတဲ့အခါမှာ တစ်ချို့မြေကွက် နံပါတ်တွေက စည်ပင်ကို ပါမသွားဘဲ ကွက်လပ်ကျန်ရစ်ခဲ့တာမျိုးတွေ ရှိတယ်။ အဲဒီအခါမှာ မြေချပါမစ် စာရွက်စာတမ်းတွေ ပြည့်စုံပါလျက် မြို့မြေစာရင်းမှာ အမည်ပေါက်မရှိတာမျိုးတွေလည်း ရှိတယ်။ အဲဒါဆိုရင်လည်း မြို့တော်စည်ပင်ကနေ အိုးအိမ်ပြန်မေးနေရတော့ အချိန်တစ်နှစ်လောက်ကြာသွားတတ်တာမျိုးတွေလည်း ရှိကြတယ်။

ကျွမ်းကျင်သူကိုရှာ ပါမစ် မှန်/မမှန် စစ်ဆေးပါ
=======================

အဲဒီထက် အခြေအနေဆိုးတာက အခုလို အိမ်ခြံမြေ အရောင်းအဝယ်တွေကောင်းလာတဲ့အခါမှာ မြေချပါမစ် ဝယ်ရတာ အထူးဂရုစိုက်ရမယ့်ကာလ ဖြစ်လာနေပြီး အထက်ကပြောခဲ့သလို သတင်းစာကြော်ငြာတာ၊ စည်ပင်မြေကွက်ပြေးစစ်တာနဲ့တင် မလုံလောက်တော့ဘူး။ ပါမစ်မြေကွက် ဝယ်ပြီဆိုရင် ကျွမ်းကျင်သူထံမှာ ပြသပြီး ပါမစ်အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုချက်ရမှ ဝယ်ယူသင့်တဲ့အချိန် ရောက်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ ရှေ့နေကတော့ လာငှားရင် သတင်းစာမှာကြော်ငြာပေးလိုက်မှာဘဲ။ အဲဒီအတူဘဲ စည်ပင်မြေစီမံဌာနကလည်း အမည်ပေါက် မှန်/မမှန် လျှောက်ထားလာရင် မြို့မြေစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အကြောင်းပြန်ပေးလိုက်မှဘဲ။ အခက်ဆုံးက စရန်ငွေပေးပြီူး အပိုင်ဝယ်ယူတော့မယ်။ ပါမစ်မူရင်းဟာ အတုအစစ်ခွဲခြားသိနိုင်ဖို့အတွက် ဝယ်သူအများစုကတော့ အိမ်ခြံမြေအကျိုးဆောင်နဲ့ ရှေ့နေတွေကိုဘဲ အားကိုးကြတာဘဲ။

အတုအစစ်ခွဲခြားပေးဖို့ဆိုတာ အကျိုးဆောင်ရှေ့နေတွေကလည်း မိမိတို့ရဲ့ လုပ်သက်အတွေ့အကြုံအရဘဲ ခန့်မှန်းပေးနိုင်ကြတာလေ။ ပါမစ်တွေကို တကယ်ထုတ်ပေးခဲ့တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူလောက် ဘယ်သူမှသိနိုင်ကြမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ပါမစ်မြေကွက် ဝယ်ပြီဆိုရင်တော့ အိုးအိမ်ရုံးမှာသွားပြီး ပြေးစစ်တာက စိတ်အချရဆုံးပါ။

ပါမစ်အစစ်ရဲ့သဘော ခန့်မှန်းပြော
=======================

စာရေးသူတို့ သိခွင့်ရတာလေးတွေ ဗဟုသုတက ဖြန့်ဝေရရင် ၁၉၉၀ ခုနှစ်မှ ၁၉၉၈ ခုနှစ်လောက်အထိ ထုတ်ပေးခဲ့တဲ့ ပါမစ်စာရွက်တွေမှာတော့ အိုးအိမ် ဒုတိယညွှန်ကြားရေးမှူး(၃)ဦး (သို့) (၄)ဦး ခန့်လောက်ရဲ့ လက်မှတ်နဲ့ ရုံးစည်းတံဆိပ်တွေ ရပါတယ်။ အဲဒီလက်မှတ်တွေကလည်း မြေကွက်ရသူနဲ့ ရာဇဝင်အကျဉ်းချုပ်စာမျက်နှာနဲ့ ဓာတ်ပုံနောက်ကျောမှာသာ ရေးထိုးပေးလေ့ရှိတာကို တွေ့ရပါတယ်။ အိမ်ရာဆောက်လုပ်ခွင့်နဲ့ မှီခိုသူစာရင်းစာရွက်တွေမှာတော့ အိုးအိမ်ဦးစီးအရာရှိက လက်မှတ်ထိုး စည်းတံဆိပ်အဝိုင်း ရိုက်ထားတာကို တွေ့ရပါတယ်။

မြေချပါမစ်စာရွက်တွေဟာ ဝါကြင့်ကြင့်စစ်တောင်းစက္ကူတွေပေါ်မှာ ပုံနှိပ်ရေသွင်းတာ တွေ့ရပါတယ်။ အခုဆိုရင် (၂၅)နှစ် (၃၀)နှစ်လောက်ရှိပြီဆိုတော့ ဟောင်းနွမ်းပြီး စာရွက်နှုတ်ခမ်းသားတွေကို သတိထားကိုင်ရပါတယ်။ ရုံးစည်းတံဆိပ်အဝိုင်းတွေဆိုရင်လည်း "မှုံ”ဝါးဝါး ဖြစ်နေကြပါပြီ။ ပါမစ် လက်ပြောင်းလက်လွှဲများရင် ပိုပြီးသတိထား ကိုင်တွယ်ရတာပေါ့။ ဒါက မြေချပါမစ်အစစ်ရဲ့ သဘာဝကို ခန့်မှန်းပေးလိုက်ရတာပါ။

အဲဒီလို မဟုတ်ဘဲ အခုဈေးကွက်ထဲမှာ မိမိတို့ဝယ်ယူတော့မယ့် ပါမစ်စာရွက်တွေဟာ ၁၉၉၈ ခုနှစ်လောက်က ထုတ်ပေးထားတဲ့စာရွက်တွေ ဖြစ်ပါလျက် စာရွက်အသစ်ကဲ့သို့ ထူထူထဲထဲ ဖြစ်နေမယ်။ ဝါညစ်ညစ်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးထားမယ်။ ပြီးတော့ ဒုတိယညွှန်ကြားရေးမှူးလက်မှတ်၊ အိုးအိမ်ဦးစီးအရာရှိတွေရဲ့လက်မှတ်တွေဟာ ဘောပင်မှင်ရောင် ထင်ရှားနေမယ်။ လက်မှတ်ရေးထိုးနေကျ ပုံစံအတိုင်း အဆွဲအရစ်မတူဘဲ ဖြစ်နေမယ်ဆိုရင် သတိထားရပါတော့မယ်။

ဒီထက်ပိုဆိုးတာက စာရွက်တိုင်းရဲ့လက်မှတ်တွေဟာ မကြာသေးမီကထိုးထားသကဲ့သို့ ဘောပင်မှင်ရောင်တွေဟာ တောက်ပနေမယ်။ ရုံးစည်းတံဆိပ်အဝိုင်းနဲ့ အရာရှိလက်မှတ်အောက်က တံဆိပ်တုံးမှင်ရောင်တွေဟာ အသစ်ကဲ့သို့ လင်းလက်တောက်ပနေပြီဆိုရင်တော့ အဲဒီပါမစ်စာရွက်တွေဟာ ဝယ်ယူဖို့ မသင့်ပါကြောင်း ဗဟုသုတမျှဝေ လိုက်ပါတယ်။

အိမ်ခြံမြေ ဝယ်သူများ ပါမစ်အတုနဲ့ လွှဲပါစေ။

Credit .လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 # #ပါမစ်အကြောင်း သိကောင်းစရာ # #ပါမစ် ဆိုသည်မှာ အိုးအိမ်းဖွံဖြိုးရေးဦးစီးဌာနကနေပီး ဌာနအသီးသီး(ဥပမာ ပညာရေးဌာန သတ္တုတွင်း...
29/01/2023

# #ပါမစ်အကြောင်း သိကောင်းစရာ # #
ပါမစ် ဆိုသည်မှာ အိုးအိမ်းဖွံဖြိုးရေးဦးစီးဌာနကနေပီး ဌာနအသီးသီး(ဥပမာ ပညာရေးဌာန သတ္တုတွင်းဝန်ကြီးဌာန စသည့်)ရဲ့ ဝန်ထမ်းများအတွက် ချပေးထားသောမြေကွက်တွေကို ဆိုလိုခြင်းဖြစ်သည်။
ပါမစ်တွင် ပါမစ်သစ် ပါမစ်ဟောင်းဆိုပြီး အရပ်စကားအရ နှစ်မျိုးရှိနေတတ်သည်။
ပါမစ်မြေဝယ်ရင် သတိထားရမည့်အချက်များ
➡ ပါမစ်တွင် ပါဝင်သည့် အချက်အလက်များ။

၁။ မြေယာဌာန၏ရုံးတံဆိပ်အဝိုင်း ရိုက်နှိပ်ထားသည့် မြေကွက်အမည်ပေါက် (သို့) မိသားစုဓာတ်ပုံမူရင်း၊ ဓာတ်ပုံနောက်ကျောတွင် မြေယာဦးစီး၏ လက်မှတ်ပါရှိရမည်။

၂။ ရွေ့ပြောင်းမည့်သူများ၏ အမည်နှင့်ရာဇဝင်
အကျဥ်းချုပ်

၃။ မြေကွက်တွင်အိမ်ရာဆောက်လုပ်နေထိုင်ခွင့်

၄။ မြေနေရာချထားပေးခံရသူ၏ မှီခိုသူများစာရင်း

၅။ မြေနေရာချထားပေးခြင်း ခံရသူ၏ လက်မှတ် စသည့်တို့ဖြစ်ပါသည်။

ထို့ပြင် အိုးအိမ်/ စည်ပင်ရုံးမှာလည်း အရူပ်အရှင်း၊ ရာဇဝင် သိရှိစေရန် ကိုယ်တိုင် သွားစစ်ကြပါ။

လူအချင်းချင်းလိမ်လည်ခြင်းမှ ကင်းဝေးကြပါစေ🙏
Ngwe Lar Group

22/01/2023

အိမ်ခြံမြေ အရောင်းဝယ်နှင့်ပတ်သက်၍ စိတ်ကြိုက်မေးမြန်းနိုင်ပါပြီ

Address

North Dagon

NORTH DAGON

Telephone

+959941953209

Website

Alerts

Be the first to know and let us send you an email when Ngwe Lar Real Estate-North Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngwe Lar Real Estate-North Dagon:

  • Want your business to be the top-listed Realtor/realty Service?

Share