緬甸仰光房地產資訊交流中心Yangon Real Estate

緬甸仰光房地產資訊交流中心Yangon  Real Estate 本專頁提供緬甸房地產相關法規、地產開發流程、MIC項目審批、YCDC、HIC、FSD

မြန်မာ-ကိုရီးယားချစ်ကြည်​ရေး(ဒလ) တံတား စီမံကိန်း၏ ​ရေလယ်ပင်မတံတားမှ  Form Traveler ဖြုတ်သိမ်းခြင်း လုပ်ငန်း ​ဆောင်ရွက်ရန...
12/09/2025

မြန်မာ-ကိုရီးယားချစ်ကြည်​ရေး(ဒလ) တံတား စီမံကိန်း၏ ​ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းခြင်း လုပ်ငန်း ​ဆောင်ရွက်ရန် ​ရေ​ကြောင်းသတိ​ပေးချက် Notice to Mariners ထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များ ထုတ်ပြန်ကြေညာ ၁။ ကရင်နှစ်သစ်ကူး​နေ့ (ပြာသိုလဆန်း ၁ ရက်) သည် ၂၀၂၆ ခုနှစ်အတွင...
23/08/2025

၂၀၂၆ ခုနှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များ ထုတ်ပြန်ကြေညာ

၁။ ကရင်နှစ်သစ်ကူး​နေ့ (ပြာသိုလဆန်း ၁ ရက်) သည် ၂၀၂၆ ခုနှစ်အတွင်း ကျ​ရောက်ခြင်းမရှိပါ။

23/08/2025
Great view from the other side of YANGON.
14/08/2025

Great view from the other side of YANGON.

ဒလတံတား စီမံကိန်း၏ ရေလယ် ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်နေစဉ် တံတားအောက်မှ ဖြတ်သန်းမည့် ရေယာဉ်များအတွက် ရေကြောင်းသ...
16/03/2025

ဒလတံတား စီမံကိန်း၏ ရေလယ် ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်နေစဉ် တံတားအောက်မှ ဖြတ်သန်းမည့် ရေယာဉ်များအတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထား

NOM၊မတ် ၁၆ ၊၂၀၂၅

credit to original

၁။ ပါမစ်အမည်ပေါက်မှသာ       ဂရန်သစ်လျောက်ထားခွင့်ရှိမည်။၂။ ပါမစ်အမည်ပေါက်ကွယ်လွန်ခဲ့ပါက      ပါမစ်တွင်ပါဝင်သော မှီခိုသူမ...
28/07/2024

၁။ ပါမစ်အမည်ပေါက်မှသာ
ဂရန်သစ်လျောက်ထားခွင့်ရှိမည်။

၂။ ပါမစ်အမည်ပေါက်ကွယ်လွန်ခဲ့ပါက
ပါမစ်တွင်ပါဝင်သော မှီခိုသူများစာရင်းတွင်
ပါရှိသူများကဂရန်သစ်လျှောက်ခွင့်ရှိမည်။

၃။ ပါမစ်တွင်ပါရှိသည့် မှီခိုသူစာရင်းတွင်မပါဝင်ခဲ့ပါကအမည်ပေါက်သူနှင့်ဆက်နွယ်ပက်သက်သည့်ဆက်ခံသူများမှအမွေဆက်ခံပိုင်ဆိုင်ကြောင်းတရားရုံးဒီကရီတင်ပြ၍ ဂ ရန်သစ်လျောက်ထားရန်။

၄။ ပါမစ်အမည်ပေါက်ထံမှအရပ်ကတိစာချုပ်ဖြင့်ဝယ်ထားခဲ့လျှင်တရားရုံးမှဒီကရီယူပြီးနောက်အခွန်ထမ်းဆောင်ပီးကြောင်းတင်ပြရျ်ဂရန်သစ်လျောက်ထားရန်။

၅။ ပါမစ်မြေ ဂရန်သစ်လျောက်ထားမှု့နှင့်ပါတ်သက်ရျ်အရပ်ကတိဖြင့်ဆောင်ရွက်ဆဲဖြစ်လျင်အခွန်ထမ်းဆောင်စေရန်။

ပြည်သူ့အဌားအိမ်ရာ အိမ်ခန်းပေါင်းတစ်သောင်းတည်ဆောက်မူစီမံကိန်းလုပ်ငန်းတိုးတတ်မူအခြေအနေများ ဆွေးနွေး (2021Jan 27 Myanmar Al...
31/01/2021

ပြည်သူ့အဌားအိမ်ရာ အိမ်ခန်းပေါင်းတစ်သောင်းတည်ဆောက်မူစီမံကိန်းလုပ်ငန်းတိုးတတ်မူအခြေအနေများ ဆွေးနွေး (2021Jan 27 Myanmar Alinn )
MoC organizes meeting on public rental housing construction project s (2021 Jan 27 GNLM)

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှာ တ...
30/01/2021

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှာ တည်ရှိသော မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အဦတွင် ရန်ကုန်မြို့ပြ အမွေအနစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က အမွေအနစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖြစ် အပြာရောင်ကမ္ပည်းပြား (Blue Plaque)တပ်ဆင် ဂုဏ်ပြုခြင်း အခမ်းအနားကို (၃၀.၁.၂၀၂၁)ရက်နေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် YHT တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ချီးမြှင့်ခဲ့ပြီး အဆောက်အဦအတွင်းရှိ Record Room နှင့် Urban Research and Development Institute သို့ လှည့်လည် ကြည့်ရှုခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်

Source from:

DUHD(Ygn)
Admin

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ် (ဆိပ်ကမ်း)မြို့နယ် မြနန္ဒာလမ်းရှိ မြေဧရိယာ (၆)ဧကခန့်ပေါ်တွင်နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္...
28/01/2021

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ် (ဆိပ်ကမ်း)မြို့နယ် မြနန္ဒာလမ်းရှိ မြေဧရိယာ (၆)ဧကခန့်ပေါ်တွင်နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မူဝါဒ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့ပြနှင့်အိမ်ရာ ဖွဲ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတည်ဆောက်ခဲ့ရာ ပြီးစီး၍ ၂၈-၁-၂၀၂၁ ရက်နေ့ နံနက် (၀၉၀၀) နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဌ တို့မှ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပါသည်
မြနန္ဒာ ဝန်ထမ်းအငှားအိမ်ရာသည် ၈ခန်းတွဲ ၅ ထပ် (ခြေတံရှည်) အမျိုးအစားတိုက် (၁၄) လုံးစုစုပေါင်း တိုက်ခန်း(၄၄၈ ခန်းပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ဆဲ အစိုးရ ဝန်ထမ်းများကို ငှားရမ်း နေထိုင်ခွင်ပေးသွားမည် ဖစ်ပါသည်

Source: DUHD yangon

ကွမ်းခြံကုန်းမြို့နယ်တွင် လာမည့် ၅နှစ်အတွင်း ဧက တစ်ထောင်ခန့် ကျယ်ဝန်းသည့် စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန်ရှ...
23/01/2021

ကွမ်းခြံကုန်းမြို့နယ်တွင် လာမည့် ၅နှစ်အတွင်း ဧက တစ်ထောင်ခန့် ကျယ်ဝန်းသည့် စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန်ရှိ
-------------------------------
ရန်ကုန်၊ဇန်နဝါရီ ၂၂ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် လာမည့် (၅)နှစ်အတွင်း ဧကတစ်ထောင်ခန့် ကျယ်ဝန်းသည့် စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် တိုင်းဒေသကြီးအစိုးအဖွဲ့က ဆောင်ရွက်နေကြောင်း အဆိုပါမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အဆိုပါစီမံကိန်းတည်ဆောက်မည့်နေရာမှာ ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွကျေးရွာနှင့်သရက်သုံးပင်ကျေးရွာအနီးရှိ မြေနေရာဖြစ်ကာ ယင်းနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့်သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများမှတာဝန်ရှိသူများက ယနေ့(ဇန်နဝါရီ ၂၂ရက်) နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ပြီး လုပ်ငန်းအဆိုပြုထားသည့် Southern Metal Industry Co.Ltd.(SMI) ကုမ္ပဏီတာဝန်ရှိသူများမှ လုပ်ငန်းများဆောင်ရွက်နိုင်ရေးကို အဆိုပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

စီမံကိန်းဖော်ဆောင်မည့် အခြေအနေနှင့်ပတ်သက်၍ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းက " လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်မြို့နယ်ပြင်ပ ကိုကိုးကျွန်းမပါတော့ (၁၀)မြို့နယ်မှာ ဧက တစ်ထောင်လောက်ရှိတဲ့ စက်မှုဇုန်တွေလုပ်ဖို့ ဆို ပြီးတော့ အစီအစဉ်လုပ်ခဲ့တယ်ပေါ့။ ဒီတော့ တို့ဘက်ကလည်း နေရာရွေးပြီးတော့ အဲ့နေရာမှာရှိတဲ့ လယ်သမားတွေနဲ့ ညှိနှိုင်းပြီး မြေတိုင်းတာတွေ ဘာတွေလုပ်ထားပြီးတော့ ထားတယ်ပေါ့။ အခုကတော့ လုပ်နိုင်တဲ့သူ လုပ်ချင်တဲ့သူ ပေါ်လာတဲ့အတွက် ဝန်ကြီးတို့ အဖွဲ့က လာစစ်တာပါ”ဟု ပြောကြားသည်။

ကွမ်းခြံကုန်းမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းကလည်း မြို့နယ်အတွင်း စက်မှုဇုန်နှင့်အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် လုပ်ငန်းအဆိုပြုထားသည့် ကုမ္ပဏီမှ တိုင်းအစိုးရသို့ ရှင်းလင်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

" အစိုးရရဲ့ အစီအစဉ်အရဆိုရင် စက်မှုဇုန်ဖြစ်ဖို့က ၅နှစ်တောင်မကြာပါဘူး။ ဒါပေမယ့် လုပ်ရမယ့် လုပ်ငန်းစဉ်တွေက အများကြီးဆိုတော့ တဆင့်ချင်းစီ သွားရမှာပါ”ဟုလည်း ကွမ်းခြံကုန်းမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းက ဆိုသည်။

Source from:မင်းဟိန်း/Myanmar Harp

Address

No. 9, Ahttaka Street, South Okkalapa, Yangon
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when 緬甸仰光房地產資訊交流中心Yangon Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category