21/05/2026
စိတ်ရှုပ်တာမခံနိုင်တဲ့အမျိုးသမီး။
စိတ်ရှုပ်တာကို မခံနိုင်ဘူး॥
အိပ်ရေးမဝရင်လည်း စိတ်ရှုပ်တယ်॥
အသံတွေဆူနေရင်လည်းစိတ်ရှုပ်တယ်॥
လူများလွန်းရင်လည်းစိတ်ရှုပ်တယ်॥
ကိုယ်တွေးထားသလိုဖြစ်မလာခဲ့ရင်လည်း စိတ်ရှုပ်တယ်॥
စိတ်ရှုပ်လာပြီဆိုဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး॥
စကားတွေလည်း မပြောချင်တော့ဘူး॥
ချစ်တဲ့သူတွေကိုတောင်စိတ်ရှုပ်လာရင်စကားမပြောချင်တော့ဘူး॥
တစ်ခါတလေကိုယ့်ကိုယ်ကိုယ်တောင်စိတ်ရှုပ်စရာကြီးလို့မြင်မိတယ်။
စိတ်ရှုပ်တာမခံနိုင်လို့ ကိုယ့်ကိုထားသွားခဲ့ကြသလို၊
စိတ်ရှုပ်မခံနိုင်လို့ ကိုယ့်ကထားခဲ့တာတွေလည်းရှိတယ်॥
အဲ့လိုနဲ့ပဲတချို့လူတွေ၊တချို့အရာတွေကကိုယ့်အနားကနေတဖြည်းဖြည်းဝေးသွားကြတာများတယ်॥
Holiday's Su