Shwe Paing Htut Real Estate

Shwe Paing Htut Real Estate Finding The Dream For Every Owner

Skincare အလှအပရေးရာနဲ့မဆိုင်ပေမဲ့ Shwe Chuu သဲလေးတို့အတွက် ကြားဖြတ်ကြေငြာလေးဝင်မယ်နော် ❌🚫❌ပွဲစားမဟုတ်လုံးဝမဟုတ်ပါ ❌🚫❌ပို...
08/06/2025

Skincare အလှအပရေးရာနဲ့မဆိုင်ပေမဲ့ Shwe Chuu သဲလေးတို့အတွက် ကြားဖြတ်ကြေငြာလေးဝင်မယ်နော်

❌🚫❌ပွဲစားမဟုတ်လုံးဝမဟုတ်ပါ ❌🚫❌

ပိုင်ရှင်ကယုံကြည်လို့အပ်ထားတဲ့ အချက်ချာကျ မြို့မရပ်ကွက် လှည်းကူးမြို့ပေါ်က တိုက် နဲ့ ခြံလေးပါ

ဒီခေတိ နဲ့ အရမ်းတန်ပြီး အချက်အချာကျ ပတ်ဝန်းကျင်ကောင်း တဲ့နေရာလေးမို့ စိတိဝင်စားရင်
Shwe Chuuကို ဟလိုလေးလုပ်ပေးနော်🙏

မိုးတွင်းရေလုံးဝမတင်ပါ ပတ်ဝန်းကျင်အေးဆေးပြီး အချက်အချာကျတဲ့မြို့ကွက်လေးပါ

ဘုရားခန်းတစ်ခနိး အိပ်ခန်းကျယ်(၁)ခနိး အိပ်ခနိးတခနိး အလည် ဧည့်ခမ်းမကျယ် ရေချိုးခနိး(၁)/ အိမ်သာ(၁)/မီးဖိုခနိး(၁) ပါရှင့်

မြေအကျယ် ၄၀ x ၆၀ ပါ

မြေကော အိမ်ကောအပါ မှ သိန်း ၁၉၅၀တည်းပါ နော် တကယ်တနိလို့ ငွေပိုလေးရှိရင်ဝယ်ထားလိုက်နောိ

လှည်းကူးက ကျွန်တော်တို့ရဲ့ Home Sweet Home အိမ်လေးကတော့ အောင်မြင်စွာပြီးသွားပါပြီဗျလှည်းကူးမှာ မြေကွက်လိုချင်ရင်တော့ အခု...
22/05/2025

လှည်းကူးက ကျွန်တော်တို့ရဲ့ Home Sweet Home အိမ်လေးကတော့ အောင်မြင်စွာပြီးသွားပါပြီဗျ
လှည်းကူးမှာ မြေကွက်လိုချင်ရင်တော့ အခုပဲ Hiလိုက်ပါဗျ😍😘😍

2022 မှာ မြေရောင်းမြေဝယ်လုပ်ရင်း ခု ဒီချိနိမှာ Home Sweet Homeအိမ်လေးပိုင်ဆိုင်ရတော့မယ်💜💜💜ရန်ကုန်သားက လှည်းကူးသူလေးယူပြီ...
03/03/2025

2022 မှာ မြေရောင်းမြေဝယ်လုပ်ရင်း ခု ဒီချိနိမှာ Home Sweet Homeအိမ်လေးပိုင်ဆိုင်ရတော့မယ်💜💜💜
ရန်ကုန်သားက လှည်းကူးသူလေးယူပြီး လှည်းကူးသားလေးဖြစ်နေပါပြီရှင့်
# # တန်ခိုးကြီးဘုရားနှစ်ဆူကြားရှိနေတဲ့ အဝေးပြေးလမ်းဘေးက လှည်းကူးမြို့လေးမှ ဈေးတန်ဈေးမှန် နဲ့ မြေကွက်လေးတွေလိုချင်ရင် 095064895 ကို အမြန်ဆုံးHiပေးပါနော်🙏

01/07/2023

မိတ်ဆွေ စျေးနှုန်းမကြည့်ဘဲ ၀ယ််ချင်ရင်
နာရီမကြည့်ဘဲ အလုပ်လုပ်နော်...။

Just for sharing

crd video

အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေတန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?မေးသူများမဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး......
23/06/2023

အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ
တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မေးသူများ

မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...

တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့် အမြတ် အရမ်းကျန်ပါတယ်။

ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာဈေးသက်သာလွန်းရင်လည်း ဝယ်သူ မယုံကြည်မှာစိုးတာကြောင့်
ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြပါတယ်။

အဲ့ဒါကလည်း တရားမဝင်အကွက်
ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်းများစွာကို ရစေပါတယ်။

တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ

အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့

တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။
အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့ ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက်
"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား" ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည်တော့ပါဘူး။

အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင် သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် သိန်းရာကျော်ထိ စသဖြင့် ဈေးတင်ရောင်းကြတာပါ။

အဲ့ဒီလိုရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာကြပါတယ်။

ဘယ်လိုအသုံးချသလဲဆိုရင်
အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီးအဖွဲ့ဖွဲ့ လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။

အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ်။

ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။
သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။
ဒါမှ မကျေနပ်တဲ့သူတွေကတိုင်ရင် အခြားနည်း အသုံးပြုခွင့်လျှောက်ထားတာလို့
ဆင်ခြေပေးလို့ရအောင်လို့ပါ။

ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထားပါတယ် ဆိုပြီးတော့လေ။
မြေယာပုံစံ-၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ။

အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်းပေးမယ်။

ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီးရောင်းပါတယ်။

အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။
အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး

"မြေကွက်တွေဘယ်နားမှာ ရှိတယ်
ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး" စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။

တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။

ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။
တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။

လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။
တစ်ချို့က မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။
နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...

တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက
ဒီအကွက်တွေ ရောင်းပေး။
ခင်ဗျားကသင့်သလိုဈေးခေါ် သိန်း အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း

ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်းဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။
ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
သိန်းရာကျော်လေးနဲ့မြေကွက်အပိုင်ရမှာဆိုတာရယ်...

မြေယာဥပဒေတွေကို မသိနားမလည်းတဲ့
အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။

ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။

ဒီပစ္စည်းက ရောင်းသူလက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။
သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှုလား။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။

အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာများပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။

တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး။

အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ
မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။

အဲ့ဒီလိုဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။
ဒီမြေယာဟာ ဘယ်လောက်ပဲတန်တယ်ဆိုတာ
ဝယ်သူအများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။

ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော

တစ်ကယ်ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီးရောင်းတဲ့သူရယ်
သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။

မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်းအဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး

သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ်။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့

မြေကိုအဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။
ပြဿနာဖြစ်လာရင် သူတို့ကိုဆွဲထည့်လို့
မရတော့ဘူးလေ။

သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည်ကြောင်ပတ်လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင်လုပ်မယ်။ ဘယ်လောက်ကောင်းလဲ။

စာချုပ်ထဲမှာ အမည်ပါတဲ့သူတွေ
လက်မှတ်ထိုးတဲ့သူတွေ လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။ အဲ့ဒီလို လုပ်ကြတာပါ။

အမြတ်ကြတော့လည်း တွက်ကြည်ဦး။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာပေးတဲ့သူ တစ်သိန်း

လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း
မြေကွက်အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။

ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။

ငါးယောက်လောက်စုပြီး တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။

တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက်မြတ်မလဲ
စဉ်းစားကြည့်လို့ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။

တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။

တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင်
မချုပ်စေချင်ပါဘူး။

ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ်
အခွန်တွေ ဆောင်ရမယ်။

ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေလုပ်သလို
ဂျင်းထည့်တာပါ။ တစ်ချို့ဝယ်သူတွေကြတော့လည်း ဘာမှနားမလည်ကြပါဘူး။

သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။

အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။

တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။

မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။

ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။

တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ
နားမလည်တဲ့သူတွေကို အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။

မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...

ကိုယ်တိုင်ခံရမှ
အစိုးရမတရားဘူး တို့...
တရားမျှတမှုမရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့တာတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...
စာများများဖတ်ကြ...

လေးစားစွာကူးယူဖော်ပြသည်

မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုစိတ်မရှိပါ

မင်္ဂလာပါ ခင်ဗျ 🙋အေးချမ်းလှပြီး အနားယူ /စိတ်အပန်းဖြေဖို့ အကောင်းဆုံး တောင်ကြီးမြို့လေးဟာဆိုရင် စီးပွားရေး လုပ်ငန်းတွေလုပ...
16/06/2023

မင်္ဂလာပါ ခင်ဗျ 🙋

အေးချမ်းလှပြီး အနားယူ /စိတ်အပန်းဖြေဖို့ အကောင်းဆုံး တောင်ကြီးမြို့လေးဟာဆိုရင် စီးပွားရေး လုပ်ငန်းတွေလုပ်ဖို့လည်းကောင်းတဲ့နေရာဒေသလေးပဲဆိုတာ ကိုယ့်မိတ်ဆွေတို့ သိပြီးကြပြီးသားဖြစ်မှာပါနော်💁

တောင်ကြီးမြို့လည်ခေါင် မြို့မဈေးအနီး မီးပွိုင့်နား ဗိုလ်ချုပ်လမ်းမကြီးမေးတင် စီးပွားရေးအချက်အချာကျတယ့်နေရာလေးက ဆိုင်ခန်း/အိမ်ခန်းလေးနဲ့မိတ်ဆက်ပေးလိုက်ပါပြီခင်ဗျ✌️

👉အကျယ်အဝန်း - ၁၁'x ၅၅' (၂)ခန်း (မြေညီ+ပထမထပ် )

👉စာရွက်စာတမ်း ဂရန်အပြည့်အစုံ

👉ပိုင်ရှင်တိုက်ရိုက်ပါ

👉သိန်း ၆,၆၀၀ (အလျော့အတင်းအနည်းငယ်ရှိ)

စိတ်ဝင်စားပါက 09-5064895 သို့တိုက်ရိုက်ဆက်သွယ်နိုင်သလို Page Messenger ကလည်းဆက်သွယ်နိုင်ပါတယ် ခင်ဗျ✅

နေရာမကြည့်ခင်ကြိုပြီး Appointment ယူပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျ✌️

အိမ်/ခြံမြေ/ကွန်ဒို/ဂိုဒေါင်/အခန်း ပိုင်ရှင်များတိုက်ရိုက်ဆက်သွယ်အပ်နှံနိုင်ပါတယ်✌️

Shwe Paing Htut Real Estate နဲ့ လက်တွဲလုပ်ဆောင်နေတယ့် Client & Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ🙏

𝐒𝐡𝐰𝐞 𝐏𝐚𝐢𝐧𝐠 𝐇𝐭𝐮𝐭 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞
𝐹𝑖𝑛𝑑𝑖𝑛𝑔 𝑡ℎ𝑒 𝑑𝑟𝑒𝑎𝑚 𝑓𝑜𝑟 𝑒𝑣𝑒𝑟𝑦 𝑜𝑤𝑛𝑒𝑟

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘁𝗼 𝘂𝘀
Viber & Call ⬇️
09-5064895 , 09-421026318



🙋‍♂️ မင်္ဂလာပါ ခင်ဗျ💁‍♂️ မှော်ဘီမြို့ လှပဒါးစံပြကျေးရွာရှိ အုတ်လုပ်ငန်းလိုင်စင်ကျပြီးသား အခြားနည်းသုံးစွဲခွင့်ပါ မြေဧက ၁...
16/06/2023

🙋‍♂️ မင်္ဂလာပါ ခင်ဗျ

💁‍♂️ မှော်ဘီမြို့ လှပဒါးစံပြကျေးရွာရှိ အုတ်လုပ်ငန်းလိုင်စင်ကျပြီးသား အခြားနည်းသုံးစွဲခွင့်ပါ မြေဧက ၁၇ ဧက အရောင်းလေးနဲ့ မိတ်ဆတ်ပေးချင်ပါတယ် ခင်ဗျ

အုတ်လုပ်ငန်းလုပ်ကိုင်နေသောလုပ်ငန်းရှင်များ၊အခြားနည်းသုံးစွဲခွင့်ပါလို့အခြားသောစီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း တကယ်ကိုသင့်တော်ပါတယ် ခင်ဗျ☑️

မှော်ဘီမြို့ ဘုရားကြီးလမ်းခွဲအနီး မှော်ဘီ-ထန်းတစ်ပင်လမ်းနှင့်အခြားခရိုင်ချင်းဆက်လမ်းကြားတည်ရှိပြီး ရန်ကုန်-ပြည်လမ်းမှ ၁၅ မိနစ် သာ​ဝေးပါတယ် ခင်ဗျ☑️

တကယ်ကိုအချက်အချာကျတယ့်နေရာမှာတည်ရှိပြီး ရင်းနှီးမြုပ်နှံဖို့ကောင်းတယ့်မြေနေရာလေး ပြီးကျဈေးလေးကလည်းသင့်တင့်တော့ ရွေးချယ်ဖို့အတွက်စဉ်းစားသင့်ပါတယ် ခင်ဗျ☑️

👉အကျယ်အဝန်း - ၁၇ ဧက

👉မြေအမျိုးအစား -လန(၃၉) - ၁ဧက /လယ်ယာမြေပုံစံ(၇)-၁၆ဧက

👉အုတ်လုပ်ငန်းလိုင်စင်သတ်တမ်းတိုးပါပြီး

💁‍♂️ပိုင်ရှင်တိုက်ရိုက်ပါခင်ဗျ

💁‍♂️စျေးနှုန်း..... သိန်း ၅,၀၀၀ ( အနည်းငယ်ညှိနှိုင်း)

စိတ်ဝင်စားပါက 09-5064895 သို့တိုက်ရိုက်ဆက်သွယ်နိုင်သလို Page Messenger ကလည်းဆက်သွယ်နိုင်ပါတယ် ခင်ဗျ✅

နေရာမကြည့်ခင်ကြိုပြီး Appointment ယူပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျ✌️

အိမ်/ခြံမြေ/ကွန်ဒို/ဂိုဒေါင်/အခန်း ပိုင်ရှင်များတိုက်ရိုက်ဆက်သွယ်အပ်နှံနိုင်ပါသည်။

Shwe Paing Htut Real Estate နဲ့ လက်တွဲလုပ်ဆောင်နေတယ့် Client & Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ🙏

𝐒𝐡𝐰𝐞 𝐏𝐚𝐢𝐧𝐠 𝐇𝐭𝐮𝐭 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞
𝐹𝑖𝑛𝑑𝑖𝑛𝑔 𝑡ℎ𝑒 𝑑𝑟𝑒𝑎𝑚 𝑓𝑜𝑟 𝑒𝑣𝑒𝑟𝑦 𝑜𝑤𝑛𝑒𝑟

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘁𝗼 𝘂𝘀
Viber & Call ⬇️
09-5064895 , 09-421026318




လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံများပုံစံ(၁) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာပုံစံ(၂) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထား...
15/06/2023

လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံများ

ပုံစံ(၁) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ
ပုံစံ(၂) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ

ပုံစံ (၂-က) လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ
ပုံစံ(၃) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ မှတ်ပုံစာရင်း
ပုံစံ(၄) လယ်ယာမြေ လုပ်ပိုင်ခွင့် စစ်ဆေးချက်
ပုံစံ(၅) လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူများမှတ်ပုံစာရင်း
ပုံစံ(၆) လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိရန်လျှောက်ထားချက်ကို ငြင်းပယ်ခံရသူများ မှတ်ပုံစာရင်း
ပုံစံ(၇) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်
ပုံစံ(၈) လယ်ယာမြေ လုပ်ပိုင်ခွင့်ရလိုကြောင်းလျှောက်လွှာကို ငြင်းပယ်သော အကြောင်းကြားစာ
ပုံစံ(၉) လယ်ယာမြေ လုပ်ကိုင်ခွင့် ရရှိသူအမည်ပြောင်းလဲပေးရန် လျှောက်လွှာ
ပုံစံ(၁၀) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ် ပြောင်းလဲပေးရန်လျှောက်လွှာ
ပုံစံ(၁၁) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း
ပုံစံ(၁၂) နစ်နာကြေးနှင့် လျော်ကြေးပေး ဆောင်ရန် တွက်ချက်မှု
ပုံစံ(၁၃) အခြားသီးနှံပြောင်းလဲ စိုက်ပျိုးခြင်းအတွက် ခွင့်ပြုမိန့်
ပုံစံ(၁၄) လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်လွှာ
ပုံစံ(၁၅) လယ်ယာမြေမှတစ်ပါး လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်
ပုံစံ(၁၆) လယ်ယာမြေအား အခြားနည်းဖြင့်အသုံးချရန်ခွင့်ပြုပြီး ကိစ္စရပ်အပေါ် စိစစ်တွေ့ရှိချက်အခြေအနေ
ပုံစံ(၁၇) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေနုကျွန်းမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း
credit to copy.

💁‍♂️  ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီး အနီးရှိ (Sein Yadanar Condo) တွင် ပြင်ဆင်ပီး အသင့်နေ အလွှာနိမ့်(လမ်းမဘက်မေးတင်အခ...
07/06/2023

💁‍♂️ ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီး အနီးရှိ (Sein Yadanar Condo) တွင် ပြင်ဆင်ပီး အသင့်နေ အလွှာနိမ့်(လမ်းမဘက်မေးတင်အခန်း) ကွန်ဒိုခန်းအရောင်း 🏢

* ကမာရွတ်မြို့နယ် *

* စိန်ရတနာအဆင့်မြင့်ကွန်ဒို *✌️

☑️ 1450 sqft
☑️Second Floor
☑️ Master Bedroom (2)
☑️Single Bedroom (1)
☑️Toilet & Bathroom 3
☑️Dining Room 1
☑️Living Room 1
☑️Kitchen Room 1
☑️ပါကေးခင်း
☑️ Air cons 4
☑️ လိုက်ကာတပ်ပြီး
☑️ Car parking
☑️Lift
☑️24hours security
☑️Generator

💁‍♂️ကမာရွတ် အောင်မြေသာစည်အိမ်ရာ ၊ ရတနာမြိုင်အိမ်ရာ ၊ PISM International school ကပ်ရပ်၊ ဂမုန်းပွင့် အနီး /မိုးမေတ္တာဆေးရုံ အနီး

💁‍♂️ပိုင်ရှင်တိုက်ရိုက်ပါခင်ဗျ

💁‍♂️စျေးနှုန်း..... သိန်း ၂၈၅၀( အနည်းငယ်ညှိနှိုင်း)

စိတ်ဝင်စားပါက 09-5064895 သို့တိုက်ရိုက်ဆက်သွယ်နိုင်သလို Page Messenger ကလည်းဆက်သွယ်နိုင်ပါတယ် ခင်ဗျ✅

နေရာမကြည့်ခင်ကြိုပြီး Appointment ယူပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျ✌️

အိမ်/ခြံမြေ/ကွန်ဒို/ဂိုဒေါင်/အခန်း ပိုင်ရှင်များတိုက်ရိုက်ဆက်သွယ်အပ်နှံနိုင်ပါသည်။

Shwe Paing Htut Real Estate နဲ့ လက်တွဲလုပ်ဆောင်နေတယ့် Client & Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ🙏

𝐒𝐡𝐰𝐞 𝐏𝐚𝐢𝐧𝐠 𝐇𝐭𝐮𝐭 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞
𝐹𝑖𝑛𝑑𝑖𝑛𝑔 𝑡ℎ𝑒 𝑑𝑟𝑒𝑎𝑚 𝑓𝑜𝑟 𝑒𝑣𝑒𝑟𝑦 𝑜𝑤𝑛𝑒𝑟

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘁𝗼 𝘂𝘀
Viber & Call ⬇️
09-5064895 , 09-421026318



ခြံထဲ တစ်လုံးထဲသောကန်စွန်းပင်က ကန်စွန်းဥကြီး😋😛
05/06/2023

ခြံထဲ တစ်လုံးထဲသောကန်စွန်းပင်က ကန်စွန်းဥကြီး😋😛

Address

Say Ta Nar 1 St Street
Hlegu

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Shwe Paing Htut Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category