ရာဘာကြိတ်စက် Hpa-an TUN

ရာဘာကြိတ်စက် Hpa-an TUN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရာဘာကြိတ်စက် Hpa-an TUN, Real Estate, 4/89, kannar Road, Hpa-an.

01/08/2026

ကြာအင်းဆိတ်ကြီးသို့ပို့ဆောင်ရန်အသင့်ဖြစ်နေသော ခံနိုင်ရည်မြင့်ကြိတ်လုံးကို အသုံးပြုထားတဲ့ ၆လုံးတွဲရော်ဘာကြိတ်စက်ကြီးပါ။
Tun ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေး
Hpa-an
09785660157

27/07/2026

TUN ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေး
Hpa-an မှထုတ်လုပ်တဲ့ ရိုးရှင်းပြီး ခံနိုင်ရည်ကောင်းတဲ့ ရော်ဘာကြိတ်စက်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
၁။ ၄လက်မခွဲကြိတ်လုံး ၂၈လက်မအရှည်
ခံနိုင်ရည်ကောင်းတဲ့ သံပိုက်အထူနှင့် ဝင်ရိုးအူမချောင် ကြိတ်လုံးကိုအသုံးပြုထားပေးပါတယ်။
၂။ ကြိတ်စက်ဘောင်တွေကိုလဲ ယူဟင်ကလန်တွေကိုအသုံးပြုပြီးတောင့်တင်းပြီးရိုးရှင်းအောင်ပြုလုပ်ထားပေးပါတယ်။
၃။ ကြိတ်လုံး၂လုံးကို အတင်းအလျော့ပြုလုပ်တဲ့အခါမှာအသုံးပြုတဲ့ အရစ်တွေကို ၁လက်မခေါင်း၁လက်မအရစ်ချောင်းတွေကိုအသုံးပြုထားတဲ့အတွက် လိုအပ်တဲ့အခါနီးစပ်ရာ အလုပ်ရုံတွေမှာလွယ်ကူစွာ ပြုပြင်နိုင်ပါတယ်။
၄။ ဘီးတွေကိုကြိတ်လုံးနှင့် မတွဲထားပဲ သီးသန့်နေရာမှာ ထားပေးတဲ့အတွက် ပြုပြင်ရလွယ်ကူစေပါတယ်။
စက်ကိုအနဲငယ်စောင်းထားပေးတာလဲ ရော်ဘာပြားထည့်ကြိတ်တဲ့အခါ လွယ်ကူစေပါတယ်။
စက်အနဲငယ်သာထုတ်လုပ်နိုင်ပါတယ်။
ပြောင်စက်၁လုံး ၉၀၀၀၀၀
ပန်းစက်၁လုံး. ၁၀၅၀၀၀၀
09785660157

ရော်ဘာကြိတ်စက်အကြီးတွေပဲထုတ်လုပ်တော့မှာလား အမေးများနေလို့ရည်ရှည်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့ စက်ငယ်တွေကိုလဲ ခံနိုင်...
26/07/2026

ရော်ဘာကြိတ်စက်အကြီးတွေပဲထုတ်လုပ်တော့မှာလား အမေးများနေလို့
ရည်ရှည်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့ စက်ငယ်တွေကိုလဲ ခံနိုင်ရည်နှင့် လိုအပ်တဲ့အခါပြုပြင်ရလွယ်ကူပုံ တွေကို ဒီရက်ထဲသေချာလေးရှင်းပြပေးမှာပါ။
TUN ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေး
HPA-AN
09785660157

ခံနိုင်ရည်ကောင်းတဲ့ ရော်ဘာကြိတ်လုံးတွေသာထုတ်လုပ်ပေးပါတော့မည်။သံပိုက်အထူကိုအသုံးပြုပြီးထုတ်လုပ်ထားပေးပါတယ်။ အလုပ်ချိန်နှင...
22/07/2026

ခံနိုင်ရည်ကောင်းတဲ့ ရော်ဘာကြိတ်လုံးတွေသာထုတ်လုပ်ပေးပါတော့မည်။
သံပိုက်အထူကိုအသုံးပြုပြီးထုတ်လုပ်ထားပေးပါတယ်။ အလုပ်ချိန်နှင့်ပစည်းတန်ဖိုးအနဲ ငယ် ကွာပေမယ့် အသုံးပြုသူအတွက် ကတော့ ကြိတ်လုံးနဲ့ပတ်သက်လို ပူစရာကိုမရှိတော့ပါခင်ဗျာ။
နိုင်ငံခြားစက်အချို့နှင့် မြန်မာထုတ်စက်ကြီးအချို့မှာလဲ သံပိုက်အထူနှင့်ကြိတ်လုံး ကိုအသုံးပြုထားတာရှိပါတယ်။
ရော်ဘာလုပ်ငန်းရှင်များကို အစဥ်အလေးထားလျက်
TUN ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေး
Hpa-an
09785660157


ရာဘာကြိတ်စက် Hpa-an TUN

@၂၀၂၆ခုနှစ်ရဲ့ ရော်ဘာကြိတ်စက်မှာယူတဲ့ကာလအစကို ရွှေကျင်မှ အကိုတစ်ဦးကစျေးဦးဖောက်လိုက်ပါတယ်ခင်ဗျာ။၂၀၂၅က ပဲခူးရိုးမကိုပိုတ...
13/06/2026

@၂၀၂၆ခုနှစ်ရဲ့ ရော်ဘာကြိတ်စက်မှာယူတဲ့ကာလအစကို ရွှေကျင်မှ အကိုတစ်ဦးကစျေးဦးဖောက်လိုက်ပါတယ်ခင်ဗျာ။
၂၀၂၅က ပဲခူးရိုးမကိုပိုတဲ့အချိန်က ၇လပိုင်း၂၀ရက်နေ့ဖြစ်တော့ ဒီနှစ် ၁လစောသွားပါတယ်။
တစ်နှစ်ပြီးတစ်နှစ် လိုအပ်သည်များကိုဖြည့်စွက်ပြီး အကောင်းဆုံးပြင်ဆင်လုပ်ဆောင်ပေးထားပါတယ်။
အသိရော်ဘာခြံက စက်အသုံးပြုပုံကိုသဘောကျလို့ ယုံကြည်စွာနဲ့မှာယူအားပေးတဲ့ ရွှေကျင်မှ ရော်ဘာလုပ်ငန်းရှင်ကြီးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ရွှေကျင်မြို့ထိ ပို့ဆောင်ပေးချင်ပေမယ့် အချိန်မလုံလောက်တာကြောင့်
ပြွန်တန်ဆာမြို့ရှိ အကိုမိတ်ဆွေ အောင်တံခွန် လယ်ယာသုံးပစည်းဆိုင်သို့ သေချာစွာပို့ဆောင်ပေးခဲ့ပါတယ်။
TUN ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေး
Hpa-an
09785660157

04/05/2026

ရိုက်တံပါတဲ့ ၃လုံးဖိစက်လေး ၁လုံးအဆင်သင့်ရှိပါတယ်ခင်ဗျာ။
စျေးနှုန်း ၃၅သိန်းပါခင်ဗျာ။
ရာဘာကြိတ်စက် Hpa-an TUN
09785660157

မတ်စေ့လိုကြိတ်လုံးမှာ ထောင့်ပြားလေးတွေပါတဲ့ ၃လုံးဖိစက်ဖြစ်ပါသည်။စေးခဲကန်ဖြင့်သာအသုံးပြုမည်ဖြစ်တာကြောင့် ရိုက်တံ အသုံးပြု...
01/05/2026

မတ်စေ့လိုကြိတ်လုံးမှာ ထောင့်ပြားလေးတွေပါတဲ့ ၃လုံးဖိစက်ဖြစ်ပါသည်။
စေးခဲကန်ဖြင့်သာအသုံးပြုမည်ဖြစ်တာကြောင့် ရိုက်တံ အသုံးပြုစရာမလိုပါ။
ဒီလိုစက်မျိုးကို ရိုက်တံ နှင့်လည်းမှာယူနိုင်ပါတယ်။
မှာယူအားပေးတဲ့ အထက်ကော့ရင်းမှ တော်ဝင်​ဟင်္သာ ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ရာဘာကြိတ်စက် Hpa-an TUN
09785660157

ကျိုက်မရော၊ကျွန်းရွာကရော်ဘာလုပ်ငန်းရှင်အကိုနဲ့အမက ရော်ဘာစက်ရုံထဲမှာရှိတဲ့ရော်ဘာကြိတ်စက်တွေ၊၃လုံးဖိစက်တွေ၊၂လုံးဖိစက်တွေ၊၆...
06/04/2026

ကျိုက်မရော၊ကျွန်းရွာကရော်ဘာလုပ်ငန်းရှင်အကိုနဲ့အမက ရော်ဘာစက်ရုံထဲမှာရှိတဲ့ရော်ဘာကြိတ်စက်တွေ၊၃လုံးဖိစက်တွေ၊၂လုံးဖိစက်တွေ၊၆လုံးတွဲစက်၊၅လုံးတွဲစက် မကောင်းတာတစ်လုံးမှမကျန်အောင်အကုန်ပြင်ဖို့ စက်တစ်လုံးပြီးတစ်လုံးအပ်တာ December လကတည်းက အခုတော့ပြီးခါနီးပါပြီ။ ဖိစက် ၂လုံးပဲကျန်ပါတယ်။
ကျေးဇူးရှင်အကိုနဲ့အမ အရင်ထက်မကစီးပွားတိုးတက်ပါစေလို့
TUN
ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေး
Hpa-an မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
09785660157

01/03/2026

ဇောင်းစက် second လေးတစ်လုံးပတ်ကားပြင်ဆင်ပြီးအာမခံနဲ့ရောင်းပေးချင်ပါတယ်။
၇၅၀၀၀၀
TUN
ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေး
Hpa-an
09785660157

ကျိုက်မရော ဖိစက် ၂လုံး အလုံးစုံပြုပြင်ပို့ဆောင်ပေးခဲ့ပါတယ်။ယုံကြည်စွာလုပ်ငန်းအပ်နှံပေးတဲ့လုပ်ငန်းရှင်မိသားစုကို TUNရော်ဘ...
21/02/2026

ကျိုက်မရော ဖိစက် ၂လုံး အလုံးစုံပြုပြင်ပို့ဆောင်ပေးခဲ့ပါတယ်။ယုံကြည်စွာလုပ်ငန်းအပ်နှံပေးတဲ့လုပ်ငန်းရှင်မိသားစုကို
TUN
ရော်ဘာကြိတ်စက်ထုတ်လုပ်ပြုပြင်ရေးလုပ်ငန်း
Hpa-an မှကျေးဇူးအထူးတင်ရှိပါတယ်။
09785660157

Address

4/89, Kannar Road
Hpa-an

Website

Alerts

Be the first to know and let us send you an email when ရာဘာကြိတ်စက် Hpa-an TUN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category