Kalaw225

Kalaw225 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kalaw225, Vacation Home Rental, No 225. 9 Quarter, Yay Htwat Oo Street, Kalaw.

ဆိုင်​လေး  ပြန်ဖွင့်တဲ့နေ့မှာရောင်းအားထက် ပိုပြီး ဝမ်းသာရတဲ့အရာ​လေးက​တော့ကိုယ်ပြန်လာတဲ့အခါ ကိုယ့်ကို ပြန်လက်ခံပေးတဲ့လူတွ...
18/09/2026

ဆိုင်​လေး ပြန်ဖွင့်တဲ့နေ့မှာရောင်းအားထက် ပိုပြီး ဝမ်းသာရတဲ့အရာ​လေးက​တော့
ကိုယ်ပြန်လာတဲ့အခါ ကိုယ့်ကို ပြန်လက်ခံပေးတဲ့လူတွေ ရှိနေခြင်းပါပဲ 🤍

ကျွန်မတို့ Soft Opening လုပ်တာ ၂ရက်​မြောက်​နေ့​​လေးမှာ က​လောကဧည့်သည်​တွေက​တော့ မနက်ကတည်းက လာစားကြတာအခုထိပါပဲ။
“ဆိုင်ပြန်ဖွင့်တာ ကြားလို့ လာတာ” ဆိုပြီး ​အောင်ပန်းက​နေ​တောင် လာ​ပေးကြပါတယ်။

ဒီ​နေ့​တော့ဆိုင်ပိတ်ချိန် ညနေ ၅ နာရီတောင် မထိုးသေးခင်ပြင်ဆင်ထားသမျှ အားလုံးနီးပါး ကုန်သွားခဲ့ပါပြီ။

တကယ်တော့ ဒီလိုဖြစ်မယ်လို့ ကျွန်မတို့ သိပ်မမျှော်လင့်ထားခဲ့ပါဘူး။

ရောင်းအားကောင်းလို့ ဝမ်းသာတာထက်
ကလောသူ၊ ကလောသားတွေက ဒီဆိုင်ကို ပြန်ပြီး နေရာပေးကြလို့ ပိုဝမ်းသာရတာပါ။

ဆိုင်တစ်ဆိုင်ဆိုတာ
စားစရာ၊ သောက်စရာတွေ ရောင်းတဲ့နေရာတစ်ခုတည်း မဟုတ်ပဲ လူတွေ ပြန်ဆုံတဲ့နေရာ၊အမှတ်တရတွေ ပြန်စတဲ့နေရာ၊တစ်နေ့တာပင်ပန်းမှုတွေ ခဏချထားတဲ့နေရာလေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဒီဆိုင်ကို ပြန်ဖွင့်တဲ့ဒီတကြိမ်မှာ​မော်လမြိုင်က ကျွန်မတူမ​လေးက ဦးစီးပြီး Management လုပ်ပေးနေတာမို့ ​မော်လမြိုင်သူရဲ့ ​ကွေ့တီယိုMenu ​လေးက အရမ်းကို​ရောင်းရပါတယ်📌

ကိုယ့်ကို စောင့်နေတဲ့လူတွေ ရှိနေသေးရင်
ပြန်စဖို့ အကြောင်းပြချက်တစ်ခုတော့ အမြဲရှိနေပါတယ်။

ဒီနေ့ ကျွန်မတို့အတွက်
အဲဒီအကြောင်းပြချက် ဖြစ်ပေးကြတဲ့
ကလောသူ၊ ကလောသား ၊ ​အောင်ပန်းက ဧည့်သည်​တွေအားလုံးကိုတကယ်ကို ကျေးဇူးတင်ပါတယ်။ ❤️

Soft Opening နေ့​လေး​တွေမှာအခုလို အားပေးပေးကြတာကိုကျွန်မတို့ အမြဲမှတ်ထားပါမယ်။

မနက်၈နာရီက​နေ ည​နေ ၅နာရီအထိဖွင့်ပါတယ်။
တနလာ်​နေ့က​တော့ပိတ်ရက်​လေးပါ📌

8ရပ်ကွက် နှီးဘုရားအနီး က​လော​နာရီစင်က​နေ 6mins



တစ်ချိန်က ကလောကို ကူညီခဲ့တဲ့ လက်တွေကို…ဒီတစ်ခါ ကော်ဖီတစ်ခွက်နဲ့ ကျေးဇူးပြန်တင်ချင်ပါတယ်။ ☕️🤎တချို့အမှတ်တရတွေကအချိန်တွေကြ...
16/09/2026

တစ်ချိန်က ကလောကို ကူညီခဲ့တဲ့ လက်တွေကို…
ဒီတစ်ခါ ကော်ဖီတစ်ခွက်နဲ့ ကျေးဇူးပြန်တင်ချင်ပါတယ်။ ☕️🤎

တချို့အမှတ်တရတွေက
အချိန်တွေကြာသွားလည်း မပျောက်သွားပါဘူး။

လွန်ခဲ့တဲ့၂နှစ် ကလောရေဘေးဖြစ်ခဲ့တဲ့အချိန်တုန်းက
ကလောမြို့လေးဟာ အခက်အခဲတွေ အများကြီးနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
အိမ်တွေ ပျက်စီးခဲ့တယ်။
တချို့မိသားစုတွေ နေထိုင်ရေးအတွက်တောင် အခက်အခဲဖြစ်ခဲ့ကြတယ်။

အဲဒီအချိန်မှာကလောနဲ့ တိုက်ရိုက်မဆိုင်တဲ့သူတွေက Kalaw225 page က​နေတဆင့် ကျမတို့ကိုယုံကြည်စွာ
“ကလောအတွက်” ဆိုပြီး လက်တွဲကူညီခဲ့ကြပါတယ်။

ကျမတို့အတွက်တော့သူတို့ဟာ “အလှူရှင်” ဆိုတာထက် ပိုပါတယ်။

အခက်အခဲတွေကြားမှာ​တောင် လက်မလွှတ်ခဲ့တဲ့ လက်တွေပါ။
အခုတော့ အချိန်တွေ ပြောင်းလဲလာပါပြီ။

တစ်ချိန်က ခဏပိတ်ထားခဲ့တဲ့
ကျမတို့ရဲ့ Coffee Shop လေးကို
Kalaw 225 Kitchen & Cafe အနေနဲ့ ပြန်ဖွင့်ပါတော့မယ်။ ☕️🍴

တစ်ခါက ကလောကို နွေးထွေးပေးခဲ့တဲ့သူတွေကို
ကျမတို့ဘက်ကလည်းတစ်ခုခု ပြန်မျှဝေချင်
ဒါကြောင့် ဆိုင်ပြန်ဖွင့်တဲ့အချိန်မှာ

☕️ ကလောရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ခဲ့လှူဒါန်းခဲ့သူများကို အခုချိန်ထိ လှူဒါန်းသူနာမည်အပြည့်အစုံနဲ့စာရင်းရှိပြီးသားဖြစ်လို့ Coffee တစ်ခွက် Free လာ​သောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

အဲဒီအချိန်က ပါဝင်ကူညီခဲ့သူဆိုရင်ဆိုင်ကိုလာတဲ့အခါ
အမှတ်တရဓာတ်ပုံလေးတစ်ပုံဖြစ်ဖြစ်၊
အဲဒီအချိန်က ပါဝင်ခဲ့ကြောင်း 225 page messengerကို ပို့ထားတဲ့ စာ​လေး ပြောပြပေးရုံပါပဲ။

🌸ကျေးဇူးဆိုတာအချိန်ကြာသွားလဲ ပျောက်သွားရမယ့်အရာ မဟုတ်လို့ပါပဲ 🌸

ဗိုက်ဆာတဲ့အချိန် စားလို့ကောင်းမယ့် Menu တွေ၊
သူငယ်ချင်းတွေနဲ့ စကားပြောရင်း ဝိုင်းစားလို့ကောင်းမယ့် Snacks တွေ၊
ကလောရဲ့အေးတဲ့ရာသီဥတုမှာ အေးအေးဆေးဆေး သောက်လို့ကောင်းမယ့် Drinks တွေကိုလည်း ပြင်ဆင်ထားပါတယ်။

Chicken Pop
အပြင်က ကြွပ်ကြွပ်၊ အတွင်းက နူးနူးလေးနဲ့
🧀 Cheese
🌶️ Mala
🍅 Tom Yum
၃ မျိုးရွေးလို့ရပါတယ်။

French Fries 🍟 လည်း
Cheese / Mala / Tom Yum
၃ မျိုးနဲ့ ရပါတယ်။

🌽 Baby ပြောင်းဖူးကော်ပြန့်ကြော် လေးလည်း ရှိပါတယ်။

🍞 ကလောရဲ့ အေးမြတဲ့မနက်ခင်းမှာ
Coffee တစ်ခွက်နဲ့ Toast လေးတစ်ချပ်ဆိုလည်း
နေ့တစ်နေ့ကို စတင်ဖို့ လုံလောက်ပါတယ်။

🥜🍌 Peanut Butter Banana
🥑 Avocado Toast
🥚🧀 Egg & Cheese Toast
၃ မျိုးရွေးလို့ရပါတယ်။

🍚 ဗိုက်ဆာတဲ့အချိန်အတွက်
ပေါ့ပေါ့ပါးပါး Snack တွေမဟုတ်ဘဲ
ဗိုက်ပြည့်ပြည့် စားချင်ရင်လည်း

🥗 ပဲပုပ်ထမင်းသုပ် + ကြက်ကြော်
ရိုးရိုးလေးနဲ့ စားကောင်းတဲ့ ဒေသစာအရသာ။
🥗 လက်ဖက်ထမင်းသုပ် + ကြက်ကြော်
ရှမ်းလက်ဖက်နှပ်ရဲ့ မွှေးမွှေးအရသာနဲ့ကြက်ကြော်လေးကို တွဲထားပါတယ်။

ပြီးတော့ ကလောလို အေးတဲ့မြို့လေးမှာ
📌225 ရဲ့ Signature Menu

🍜 ကြက်ပေါင်း ကွေ့တီယိုပြုတ်
ကြက်ပေါင်းကွေ့တီယိုအသုပ်

Milkshake နဲ့ Yogurt menu ​လေး​တွေလဲထည့်ထားပါတယ်။

☕️ Coffee ကတော့…
လောလောဆယ် 225 Coffee လေးပဲ ရပါသေးတယ်။

Coffee Menu အသစ်လေးတွေကိုလည်း
မကြာခင် ထပ်ထည့်ပေးသွားမှာမို့Coffee ချစ်သူတွေအတွက်စောင့်မျှော်စရာလေးတွေ ရှိနေပါသေးတယ် 🤎

တစ်ယောက်တည်းလာပြီး
ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးထိုင်ချင်တဲ့လည်း ရပါတယ်။

သူငယ်ချင်းတွေနဲ့လာပြီး
Chicken Pop တစ်ပွဲ၊ Fries တစ်ပွဲဝိုင်းစားရင်း
စကားတွေရှည်ချင်တဲ့လည်း ရပါတယ်။

မိသားစုနဲ့လာပြီး
Menu တစ်ခုချင်းစီမှာပြီး အတူတူစားချင်လည်း ရပါတယ်။

ဒီတစ်ခေါက် Kalaw 225 Kitchen & Cafe ပြန်ဖွင့်ခြင်းမှာကျမတို့အတွက် အဓိပ္ပာယ်အရှိဆုံးကတော့
တစ်ချိန်က ကလောကို ကူညီပေးခဲ့တဲ့ လက်တွေကို
ဒီတစ်ခါ ကော်ဖီတစ်ခွက်နဲ့ ပြန်ကြိုဆိုနိုင်ခြင်းပါ ☕️🤎

📌Kalaw225 kitchen ​လေးကို soft opening အ​နေနဲ့ September တလ လုံး 10% ​လျော့ထား​ပေးပါတယ်။

မနက်၈နာရီက​နေ ည​နေ ၅နာရီအထိဖွင့်ပါတယ်။
တနလာ်​နေ့က​တော့ပိတ်ရက်​လေးပါ📌

8ရပ်ကွက် နှီးဘုရားအနီး က​လော​နာရီစင်က​နေ 6mins





📌Kalaw225 kitchen ​လေးကို soft opening အ​နေနဲ့ September တလ လုံး 10% ​လျော့ထား​ပေးပါတယ်။  တောင်ပေါ်လေကောင်းလေသန့်၊ အေးမြ...
15/09/2026

📌Kalaw225 kitchen ​လေးကို soft opening အ​နေနဲ့ September တလ လုံး 10% ​လျော့ထား​ပေးပါတယ်။

တောင်ပေါ်လေကောင်းလေသန့်၊ အေးမြတဲ့ရာသီဥတုနဲ့ သဘာဝမြေဆီလွှာတွေကြောင့် ကလောဒေသကထွက်တဲ့ ရှမ်းအာလူးတွေဟာ သူ့ရဲ့ သဘာဝချိုချိုအရသာလေး မပျောက်သွားအောင် သေချာကြွပ်ကြွပ်လေး ကြော်ထားတာကတော့ 225 Kitchen ရဲ့ ဒေသထွက် သဘာဝအာလူးချောင်းကြော်ပါ။ 🤎

တစ်ချောင်းစားလိုက်တာနဲ့ အပြင်က ကြွပ်ကြွပ်လေး၊ အတွင်းက အာလူးရဲ့ နူးညံ့တဲ့အရသာလေးကို ခံစားရမှာပါ။ အာလူးရဲ့ မူလသဘာဝအရသာကို မဖျောက်ဘဲ၊ လူတိုင်းကြိုက်နိုင်မယ့် အရသာ ၃ မျိုးနဲ့ ပေါင်းစပ်ထားပါတယ်။

🧀 Cheese Flavor
Cheese ရဲ့ နူးညံ့ချိုဆိမ့်တဲ့အရသာနဲ့ အာလူးရဲ့ သဘာဝချိုချိုအရသာလေး ပေါင်းစပ်ထားတဲ့ အရသာ။

🌶️ Mala Flavor
စပ်စပ်လေးကြိုက်တဲ့သူတွေအတွက် Mala ရဲ့ မွှေးမွှေးစပ်စပ်အရသာနဲ့ တစ်ချောင်းပြီး တစ်ချောင်း ဆက်စားချင်လာမယ့် အရသာ။

🍋 Tom Yum Flavor
ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာထူးခြားတာကို ကြိုက်တဲ့သူတွေအတွက် Tom Yum အရသာ။

ကိုယ်ကြိုက်တာ​လေးစားရရင် နေ့တစ်နေ့ကို ပိုပြီးပျော်စရာကောင်းစေတယ်။ ကလောတောင်ပေါ်က ထွက်တဲ့ ရှမ်းအာလူးရဲ့ သဘာဝချိုချိုအရသာနဲ့ ကြွပ်ကြွပ်လေး ကြော်ထားတဲ့ ဒီအာလူးချောင်းလေးက ready made ကို​ကြော်ထားတာမဟုတ်ပါဘူး။

သူငယ်ချင်းတွေနဲ့ စကားပြောရင်းဖြစ်ဖြစ်၊ ကော်ဖီတစ်ခွက်နဲ့ တွဲစားရင်းဖြစ်ဖြစ်… ဘယ်အချိန်မဆို လက်က မရပ်ဘဲ ဆက်စားချင်နေမယ့် အရသာလေးပါ.....

ကလောတောင်ပေါ်ရဲ့ သဘာဝအရသာကို 225 Kitchenရဲ့ အာလူးချောင်းတစ်ချောင်းချင်းစီမှာ ခံစားကြည့်လိုက်ပါ​နော် 🥔✨

မနက်၈နာရီက​နေ ည​နေ ၅နာရီအထိဖွင့်ပါတယ်။
တနလာ်​နေ့က​တော့ပိတ်ရက်​လေးပါ📌

8ရပ်ကွက် နှီးဘုရားအနီး က​လော​နာရီစင်က​နေ 6mins



‎ပန်းပွင့်တယ်ဆိုတာက‎သဘာဝပါ ခင်။‎‎အလှကြည့်ခံချင်လို့ ‎ပန်ဆင်ပါစေ ရည်စူးပြီး‎ဖူးပွင့်မဆင်။‎‎ခင် ကြိုက်ရင် အညှာကိုချိုး‎ခင်...
09/09/2026

‎ပန်းပွင့်တယ်ဆိုတာက
‎သဘာဝပါ ခင်။
‎
‎အလှကြည့်ခံချင်လို့
‎ပန်ဆင်ပါစေ ရည်စူးပြီး
‎ဖူးပွင့်မဆင်။
‎
‎ခင် ကြိုက်ရင် အညှာကိုချိုး
‎ခင်မြတ်နိုးတော့ ပန်ချင် ပန်
‎မပန်ချင် ခင် မကြိုက်တော့လည်း
‎ပစ်လိုက်ပေါ့..နော်..ခင်
‎ဆင်ချင်မှ ဆင် ပါတော့။
‎
‎ခင်ရယ်...
‎မဆင်လို့ဘဲ ပစ်ပစ်
‎မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့
‎သစ်ရွက်ကြို သစ်ရွက်ကြားက
‎ခင် သွားရင် ရနံ့ပေး
‎ခင် မွှေးရင် ပျော်ရွှင်လို့
‎ခင် မမြင်၊ ခင် မကြည့်ပေမဲ့
‎ခင် သိရင် စိတ်ကျေနပ်ပါရဲ့
‎ရွက်ချပ်စို ကြိုအကြားမှာပဲ
‎ပွင့်သွားဝာာပေါ့။
‎
‎
‎ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)

September လ ရဲ့ က​လော​စျေး​နေ့​လေးပါ 💗
07/09/2026

September လ ရဲ့ က​လော​စျေး​နေ့​လေးပါ 💗

“ဒီတစ်ခါ Menu မှာ ဘာတွေပါလာမလဲ?” 👀ဆိုင်ပြန်ဖွင့်မယ့်နေ့ကို စောင့်နေရင်းဒီတစ်ခါ Cafe မှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာသိချင်...
05/09/2026

“ဒီတစ်ခါ Menu မှာ ဘာတွေပါလာမလဲ?” 👀

ဆိုင်ပြန်ဖွင့်မယ့်နေ့ကို စောင့်နေရင်း
ဒီတစ်ခါ Cafe မှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ
သိချင်နေကြမယ်ထင်ပါတယ်။

Re-opening အတွက်
ဆိုင်ရဲ့ vibe လေးတွေကို ပြန်ပြင်ဆင်ထားသလို
Menu ကိုလည်း ဒီတစ်ခါ အသစ်လေးတွေ ပြင်ဆင်ထားပါတယ်။

ပထမဆုံး ​တော့ Coffee ☕️​ပေါ့
နေ့တစ်နေ့ကို coffee လေးနဲ့ စချင်တဲ့သူတွေအတွက်
Hot Coffee တွေရော၊ Cold Coffee တွေရော ရှိမယ်။

Coffee မသောက်ချင်တဲ့သူတွေအတွက်လည်း
Refreshing Drinks & Non-Coffee တွေ ရှိဦးမယ်။ 🥤

ပြီးတော့ ဗိုက်ဆာလာပြီဆိုရင်…

Noodles 🍝
Snacks 🍟
Dessert 🥪

လိုမျိုး စားစရာလေးတွေလည်း ရှိမယ်။

ဒါပေမယ့် ဒီဆိုင်လေးရဲ့ အဓိကက
စားစရာ၊ သောက်စရာတွေပဲ မဟုတ်ပါဘူး။

ကော်ဖီတစ်ခွက်ကို ဖြည်းဖြည်းချင်း အရသာခံသောက်ရင်း
စာဖတ်လို့ရမယ်၊
သူငယ်ချင်းတွေနဲ့ စကားပြောလို့ရမယ်၊
တစ်ယောက်တည်းလာပြီး ကိုယ့်ကိုယ်ပိုင်အချိန်လေးကို
အေးအေးဆေးဆေး ဖြတ်သန်းလို့ရမယ့်
နေရာလေးတစ်ခုဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။ 🤎

အထူးသဖြင့် ကလောရဲ့အေးချမ်းတဲ့ vibe လေးနဲ့
လိုက်ဖက်အောင် ဖန်တီးထားတဲ့နေရာလေးမို့
Cafe ကိုလာတဲ့အချိန်တိုင်း ကိုယ်ပိုင်အချိန်လေးကိုအေးအေးဆေးဆေး ဖြတ်သန်းလို့ရမယ်။ 🌿

အခုတော့ ဆိုင်လေးကဖွင့်ဖို့ ပြင်ဆင်နေဆဲပါ။

ကလောရောက်တဲ့အခါ
“ဒီနေရာလေးတော့ သွားကြည့်ဦးမယ်”
ဆိုတဲ့ Café ဆိုင်လေးတစ်ဆိုင် ဖြစ်လာဖို့….

Re-opening Soon — Kalaw 225 Kitchen🌿☕️

မကြာခင်တွေ့ကြမယ်နော်။ ☕🤎

ပင်လယ်ပြင်မှာကော်ဖီတစ်ခွက်နဲ့ စခဲ့တဲ့ အိပ်မက်၊ အိမ်လေးတစ်လုံးနဲ့ ဆက်ခဲ့တဲ့ ဇာတ်လမ်း......225က အိမ်​လေး​တွေကတည်းခိုဖို့အတ...
24/08/2026

ပင်လယ်ပြင်မှာကော်ဖီတစ်ခွက်နဲ့ စခဲ့တဲ့ အိပ်မက်၊ အိမ်လေးတစ်လုံးနဲ့ ဆက်ခဲ့တဲ့ ဇာတ်လမ်း......

225က အိမ်​လေး​တွေကတည်းခိုဖို့အတွက် ဆောက်ထားတယ်ဆိုတာထက်လူတစ်ယောက်ရဲ့ အိမ်လွမ်းစိတ်ထဲကနေ မွေးဖွားလာတဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်လောက်ကvacation 1 ​လေးကို စဖွင့်ဖြစ်ခဲ့တယ်။

ကျွန်မအမျိုးသားက Chief Engineer တစ်ယောက်အဖြစ် ပင်လယ်ပြင်ပေါ်မှာ အချိန်အများကြီးကုန်ဆုံးခဲ့သူပါ။

နိုင်ငံတွေ အများကြီးရောက်တယ်။
ဆိပ်ကမ်းတွေ အများကြီးကပ်တယ်။
ကမ္ဘာတစ်ဖက်တစ်ချက်က Coffee Shop လေးတွေမှာ ထိုင်ခဲ့ဖူးတယ်။
ဒါပေမယ့် နိုင်ငံခြားက ကော်ဖီဆိုင်တွေကြားထဲမှာ
သူအမြဲတမ်းရှာ​ဖွေခဲ့တာက
ကော်ဖီတစ်ခွက်ထက် ပိုတဲ့အရာတစ်ခုပါ။

"အိမ်"
အိမ်ကိုလွမ်းတဲ့နေ့တွေမှာ
အရက်သောက်ပြီး မေ့ပစ်ဖို့ထက်Coffee တစ်ခွက်သောက်ပြီးကိုယ့်အတွေးတွေနဲ့ ကိုယ်ထိုင်နေတတ်တဲ့သူပါ။
တစ်ခါတလေ ကမ်းကပ်တဲ့နိုင်ငံတစ်နိုင်ငံမှာ
Coffee Shop လေးတစ်ဆိုင်ထဲ ဝင်ထိုင်ရင်း
“တစ်နေ့နေ့ကျရင်
ကိုယ်တို့လည်း ဒီလိုဆိုင်လေးတစ်ဆိုင် ဖွင့်ကြမယ်နော်…”လို့ ပြောတတ်ပါတယ်။

အဲ့ဒီစကားက အဲ့ဒီအချိန်တုန်းက​တော့ရိုးရိုးလေးပြောခဲ့တဲ့ အိပ်မက်တစ်ခုပါပဲ။

ဒါပေမယ့် အိပ်မက်ဆိုတာတစ်ခါတလေ မေ့သွားပေမယ့်ပျောက်မသွားပါဘူး။
လွန်ခဲ့တဲ့ ၉ နှစ်ကသူအိမ်ကိုလွမ်းတိုင်း
“အေးအေးချမ်းချမ်းနေလို့ရမယ့် အိမ်လေးတစ်လုံးရှိရင် ကောင်းမှာပဲ…”လို့ ပြောတတ်ခဲ့ပါတယ်။

အဲ့ဒီစကားကနေဒီအိမ်လေးတွေကို စလုပ်ဖြစ်ခဲ့တာပါ။

ကိုယ်တိုင်အိမ်လွမ်းဖူးတဲ့သူမို့
အိမ်နဲ့ဝေးနေတဲ့လူတွေဟာတစ်နေ့တာအတွက်ပဲဖြစ်ဖြစ်
“အိမ်ရောက်နေသလို” ခံစားရမယ့်နေရာတစ်ခု လိုအပ်တယ်ဆိုတာ သူနားလည်ခဲ့တယ်။

225 ကအိမ်လွမ်းတဲ့စိတ်ထဲကနေအိမ်တစ်လုံးကို ဖန်တီးခဲ့တာပါ။

ပြီးတော့ လွန်ခဲ့တဲ့ ၂ နှစ်က…
တစ်ချိန်က ပြောခဲ့ဖူးတဲ့ အိပ်မက်ကို
တကယ်အကောင်အထည်ဖော်ပြီး225 kitchen ​လေးကို ဖွင့်ဖြစ်ခဲ့ပါတယ်။

အချိန်တစ်ခုကြာပြီးနောက် သူကလည်း သ​ဘော်ပြန်တက်သွားတဲ့အချိန် အိမ်​တွေကလဲ အ​ရေအတွက်တိုးခဲ့တာရယ် ကျမကိုယ်တိုင်က စာအုပ်​တွေ​ရေး​နေခဲ့တာ​ကြောင့် 225 kitchen လေးကို ခဏပိတ်ထားခဲ့ပေမယ့်
အိပ်မက်ကိုတော့ မပိတ်နိုင်ခဲ့ပါဘူး....

သူက Engineer တစ်ယောက်ဆိုတော့ စက်တွေ၊ နည်းပညာတွေနဲ့ အလုပ်လုပ်ရတာကို သဘောကျသူပါ။
စက်တစ်လုံးရဲ့ အလုပ်လုပ်ပုံကို ကြည့်ရတာ၊
ကိုယ်တိုင်ကိုင်တွယ်စမ်းသပ်ရတာ၊
တစ်ခုခုကို အစကနေ တဖြည်းဖြည်း တည်ဆောက်လာရတာကို သဘောကျတဲ့သူပါ။

အဲ့ဒီဝါသနာက Coffee နဲ့​ပေါင်းစပ်ပြီး Coffee တစ်ခွက် သောက်ရုံနဲ့ မရပ်ဘဲ
“ကိုယ်တို့ကိုယ်တိုင် Coffee ကို ထုတ်လုပ်ကြည့်ရင်ရော…”
ဆိုတဲ့ အတွေးတစ်ခု ထပ်ပေါ်လာခဲ့ပါတယ်။

225 ရဲ့အိပ်မက်က Coffee Shop တစ်ဆိုင်ဖွင့်ဖို့ပဲမဟုတ်ပဲ Coffee Production ကိုပါ ကိုယ်တိုင်အကောင်အထည်ဖော်ဖို့ စတင်နေပါပြီ။

လာမယ့် စက်တင်ဘာလ မှာ225 Kitchen ​လေး ကို ပြန်ဖွင့်ပါတော့မယ်။

ပင်လယ်ပြင်ပေါ်မှာ
အိမ်ကိုလွမ်းရင်း စိတ်ကူးခဲ့တဲ့အိမ်။
ကမ္ဘာအနှံ့က Coffee Shop တွေမှာ
ထိုင်ရင်း မွေးလာခဲ့တဲ့ Coffee Shop အိပ်မက်။

Engineer တစ်ယောက်ရဲ့ စက်တွေအပေါ် ဝါသနာ✨️

ပြီးတော့
အဲ့ဒီအိပ်မက်တွေကို
တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်လာခဲ့တဲ့
225 ဆိုတဲ့ နာမည်လေး။

225 ဆိုတဲ့နာမည်​လေးဖြစ်လာဖို့ ကိုယ်ချစ်တဲ့လူတ​ယောက်ရဲ့ အိမ်မက်​တွေအ​ကောင်ထည်​ပေါ်လာဖို့
ရသမျှ ပိုက်ဆံ​တွေရယ် အချိန်​တွေ စု​ဆောင်းပြီး ၉နှစ်ကြာ ကြိုးစားခဲ့တဲ့ အမျိုးသမီးတ​ယောက် .....

ဒီစက်တင်ဘာမှာ
225 kitchen ​လေး ပြန်ဖွင့်တဲ့အခါ
ကော်ဖီတစ်ခွက်ကို လာသောက်ကြည့်ပါ။
အိမ်လေးမှာ နေကြည့်ပါ။
ပြီးတော့ 225 ရဲ့ဇာတ်လမ်းကို ကိုယ်တိုင် ခံစားကြည့်ပါ​နော် .....

တစ်နေ့နေ့မှာ
ဒီနေရာကို ပြန်သတိရတဲ့အခါ
“ဟိုတစ်ခါ Kalaw သွားတုန်းက225 မှာ နေခဲ့တာလေ…”
ဆိုပြီး ပြောစရာအမှတ်တရလေးတစ်ခု ဖြစ်နေစေချင်ပါတယ်။ 🤎

📍 Kalaw225 Vacation Home
☕ 225 Coffee — Reopening September 2026
Page Messenger မှာ ဆက်သွယ်နိုင်ပါတယ်။



တို့များ ၅၀ ကျော်လာတဲ့အခါ… ✨️✨️✨️✨️✨️အသက်ငယ်တုန်းကသူငယ်ချင်းများများရှိတာကို တန်ဖိုးထားခဲ့တယ်။လူတွေ ကိုယ့်ကို ဘယ်လိုမြင်...
19/08/2026

တို့များ ၅၀ ကျော်လာတဲ့အခါ… ✨️✨️✨️✨️✨️

အသက်ငယ်တုန်းက
သူငယ်ချင်းများများရှိတာကို တန်ဖိုးထားခဲ့တယ်။
လူတွေ ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာ ဂရုစိုက်ခဲ့တယ်။
အပြင်ပန်းပြည့်စုံဖို့လည်း ကြိုးစားခဲ့တယ်။

၅၀ ကျော်လာတဲ့အခါတော့
ဘဝမှာ “များများ” ထက် “မှန်မှန်” က ပိုအရေးကြီးမှန်း သိလာတယ်။

သူငယ်ချင်းအများကြီး မလိုတော့ဘူး။
လနဲ့ချီ မတွေ့ဖြစ်ရင်တောင်
ပြန်တွေ့တဲ့အခါ မနေ့ကမှခွဲခဲ့သလို
နွေးနွေးထွေးထွေး ရယ်မောနိုင်တဲ့သူ၊
ကိုယ်ကောင်းတဲ့အချိန်မှာ ဝမ်းသာပေးပြီး
ကိုယ်ကျတဲ့အချိန်မှာ လက်တွဲပေးမယ့်သူ
တစ်ယောက်၊ နှစ်ယောက်ရှိရင် လုံလောက်ပါပြီ။

လူတွေကို ချစ်ရင်းနဲ့လည်း
ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာတယ်။

သူများစိတ်မဆိုးဖို့ ကိုယ့်စိတ်ကို မနာကျင်စေတော့ဘူး။
မပျော်တဲ့နေရာက ထွက်လာတတ်တယ်။
ပင်ပန်းရင် အနားယူတတ်တယ်။
ကိုယ့်စိတ်အေးချမ်းမှုကို ကိုယ်ကာကွယ်တတ်လာတယ်။

အိမ်ဘယ်လောက်ကြီးလဲထက်
အဲဒီအိမ်ထဲမှာ ကိုယ်ပျော်ရဲ့လား။

လူဘယ်လောက်များများ ကိုယ့်ကိုသိလဲထက်
ကိုယ့်ကို တကယ်နားလည်တဲ့သူ ဘယ်နှယောက်ရှိလဲ။

အပြင်ပန်း ဘယ်လောက်ပြည့်စုံလဲထက်
အတွင်းစိတ် ဘယ်လောက်အေးချမ်းလဲ။

ဒါတွေက ပိုအရေးကြီးလာတယ်။

၅၀ ကျော်လာတာ အိုသွားတာ မဟုတ်ပါဘူး။
ဘဝရဲ့ အပေါ်ယံတွေထက်
အနှစ်သာရကို ပိုမြင်တတ်လာတဲ့ အရွယ်ပါ။ ❤️

သူငယ်ချင်း​တွေနဲ့လာ​ရောက်တည်းခိုသွားတဲ့အမ​တွေအတွက် ဘ၀မှာ အမှတ်တရ​လေးကျန်ခဲ့မယ်ဆိုရင် 225 က ​ကျေနပ်ပါပြီ 💗💗💗
​ကျေးဇူးပါရှင့် 🙏




ရှေ့ရက်​တွေက​ရေတက်​ပေမယ့် အခု​တော့ပြန်ကျသွားပါပြီ။ ဒီ​နေ့က က​လော​စျေး​နေ့​လေးပါ✨️🍃 ကလောရောက်ရင် “ဈေးနေ့” နဲ့ ကြုံအောင် တ...
14/08/2026

ရှေ့ရက်​တွေက​ရေတက်​ပေမယ့် အခု​တော့ပြန်ကျသွားပါပြီ။ ဒီ​နေ့က က​လော​စျေး​နေ့​လေးပါ✨️

🍃 ကလောရောက်ရင် “ဈေးနေ့” နဲ့ ကြုံအောင် တစ်ခေါက်လောက်​တော့ နေကြည့်ပါ။

ကလောကို ချစ်စရာကောင်းစေတာက
ရာသီဥတုအေးတာ၊ တောင်တန်းတွေလှတာတင် မဟုတ်ပါဘူး။
ကလောသူ၊ ကလောသားတွေရဲ့ နေ့စဉ်ဘဝလေးတွေကို နီးနီးကပ်ကပ် မြင်ရတာကလည်း ကလောရဲ့အရသာတစ်မျိုးပါပဲ​နော်။
အထူးသဖြင့် ကလောဈေးနေ့​ပေါ့

ဈေးနေ့မနက်ဆိုရင်သာမန်နေ့တွေထက် ကလောမြို့လေးက နည်းနည်းပိုအသက်ဝင်နေတတ်ပါတယ်။
အနီးအနားရွာတွေကနေ
ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊
ရာသီပေါ်အသီးအနှံတွေ၊ ဒေသထွက်စားစရာတွေ ယူလာရောင်းကြတယ်။

တောင်ပေါ်ဒေသရဲ့ လတ်ဆတ်တဲ့အသီးအရွက်တွေကိုကြည့်ရင်းမဝယ်ဖြစ်ရင်တောင် ဈေးထဲလျှောက်ရတာကိုက ပျော်စရာကောင်းတယ်။

ဈေးသည်တွေရဲ့အသံ၊ ဈေးဝယ်လာသူတွေရဲ့ စကားသံ၊စားစရာဆိုင်လေးတွေက ထွက်လာတဲ့ အနံ့လေးတွေ…
အဲဒီမနက်ခင်းမှာဧည့်သည်တစ်ယောက်အနေနဲ့ ကလောကို “လာလည်တာ” ထက်
ကလောမှာ ခဏတာ “နေထိုင်ကြည့်ရသလို” ခံစားရ​စေပါတယ်။
ကျွန်မကတော့ ခရီးသွားတဲ့အခါနာမည်ကြီးနေရာတွေကို သွားကြည့်ရတာ ကြိုက်သလို
ဒေသခံဈေးတွေထဲ လျှောက်ကြည့်ရတာလည်းသဘောကျပါတယ်။
ဘာလို့လဲဆိုတော့မြို့တစ်မြို့ရဲ့ တကယ့်ပုံစံကို သိချင်ရင်အဲဒီမြို့ရဲ့ ဈေးထဲ တစ်ခေါက်လောက် ဝင်ကြည့်ရတယ် လို့ ထင်လို့ပါ။
ကလောကို နောက်တစ်ခေါက်လာတဲ့အခါ
မနက်စောစောထ၊ အနွေးထည်လေးဝတ်ပြီး
ကလောဈေးထဲ ဖြည်းဖြည်းလျှောက်ကြည့်ပါ။
ကြိုက်တာလေးတွေ ဝယ်ခဲ့၊
ဒေသအစားအစာလေးတွေ မြည်းခဲ့၊
ပြီးရင် Kalaw225 Vacation Home ကို ပြန်လာပြီး
ဝယ်လာတာလေးတွေနဲ့ ကိုယ့်လူတွေအတူ ချက်စားကြည့်ပါ​နော်။ 🏡🥬🍓

ခရီးတစ်ခေါက်ရဲ့ အမှတ်တရဆိုတာ
တစ်ခါတလေ နာမည်ကြီးနေရာတစ်ခုရှေ့မှာ ရိုက်ခဲ့တဲ့ဓာတ်ပုံမဟုတ်ဘဲ…
မနက်စောစော ဈေးခြင်းလေးဆွဲပြီး
ဒေသခံတွေကြားထဲ လျှောက်ခဲ့ဖူးတဲ့
သာမန်မနက်ခင်းလေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ 🤍

Kalaw ​စျေး​နေ့​လေးပါ 🌱
06/08/2026

Kalaw ​စျေး​နေ့​လေးပါ 🌱

Address

No 225. 9 Quarter, Yay Htwat Oo Street
Kalaw
06021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09444788802

Website

Alerts

Be the first to know and let us send you an email when Kalaw225 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share