Bright Future Private Preschool

Bright Future Private Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bright Future Private Preschool, Real Estate, North Zizawa Street, Kyaikto.

ကစားခြင်းမရှိဘဲ∆∆∆∆∆ဖွံ့ဖြိုးမှုမရှိနိုင်
ဖွံ့ဖြိုးမှုမရှိဘဲ∆∆∆∆∆သင်ယူမှုမဖြစ်နိုင်


ဇီဇဝါမြောက်လမ်းသွယ်၊အလယ်ဝိမလ(၁)လမ်း၊ကော့စံနိုင်ရပ်ကွက်၊ကျိုက်ထိုမြို့။

☎️ 09425289364

13/03/2026

Letter sounds

27/02/2026
၂၀၂၆ အတွက် နွေရာသီ သင်တန်းများ 📣📣📣           မိဘတစ်ယောက်အနေနဲ့ မိမိသား၊ သမီးကို “အနာဂတ်မှာ မိမိကိုယ်မိမိ ယုံကြည်နိုင်တဲ့...
23/02/2026

၂၀၂၆ အတွက် နွေရာသီ သင်တန်းများ 📣📣📣





မိဘတစ်ယောက်အနေနဲ့ မိမိသား၊ သမီးကို “အနာဂတ်မှာ မိမိကိုယ်မိမိ ယုံကြည်နိုင်တဲ့ လူတစ်ယောက်ဖြစ်စေချင်တယ်” လို့ စိတ်ထဲမှာ အမြဲရှိနေမလား?

နွေရာသီဟာ ဖုန်းကြည့်ပြီး အချိန်ကုန်သွားနိုင်တဲ့ ကာလလည်း ဖြစ်နိုင်ပါတယ်… ဒါမှမဟုတ် အခြေခံခိုင်မာပြီး Level Up ဖြစ်နိုင်တဲ့ အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။

Bright Future မှာ ကျွန်ုပ်တို့ ယုံကြည်ထားတာက…
ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုဟာ စာမေးပွဲအမှတ်နဲ့သာ မသတ်မှတ်နိုင်ပါဘူး။

• စိတ်ဓာတ်ခိုင်မာမှု

• ကိုယ့်ကိုကိုယ် ယုံကြည်မှု

• စဉ်းစားတွေးခေါ်နိုင်စွမ်း

• ပြဿနာဖြေရှင်းနိုင်စွမ်း

တွေလဲ ရှိနေဖို့လိုအပ်ပါတယ်။

နွေရာသီမှာ ကလေးတွေ ရရှိမည့် အကျိုးကျေးဇူးများ
နဲ့ သင်တန်းများ

👉မြန်မာစာ (အခြေခံခိုင်မာရေး)

👉English 4 Skills
(Listening, Speaking, Reading, Writing)

👉Maths

👉Art

👉 Phonics

မိဘတိုင်းအတွက် အရေးကြီးဆုံးမေးခွန်းက — “ဒီနွေရာသီမှာ ငါ့ကလေးကို ဘယ်လိုအခွင့်အရေး ပေးမလဲ?”

Bright Future မှာ နွေရာသီကို အနာဂတ်အတွက် အမြစ်တည်စေမယ့် အချိန်အဖြစ် ပြောင်းလဲပေးပါတယ်။
🙏🙏🙏

ကျောင်းသားဦးရေ ကန့်သတ်ထားပါသည်။အတန်တစ်တန်း(၁၀)ဦးသာလက်ခံမှာဖြစ်ပါတယ်ရှင်။

အသေးစိတ်သိရှိလိုတာရှိရင် Page Messenger ကဖြစ်စေ၊ ဖော်ပြပါ ဖုန်းနံပါတ်များမှ ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန် 📱

09-425289364
09-682689213
09-793554960

🏫 အလယ်ဝိမလ(၁)လမ်း၊ကော့စံနိုင်ရပ်ကွက်၊ကျိုက်ထိုမြို။

23/02/2026

ခရီးတိုလေးမထွက်ခင် ကလေးထိန်းနည်းလေး


#အလယ်ဝိမလ၁လမ်းကော့စံနိုင်ရပ်ကွက်ကျိုက်ထိုမြို့

သားသားမီးမီးရဲ့ကျောင်းတွင်းသင်္ကြန်လေးကျင်းပပေးတာဖြစ်ပါတယ်ရှင်။သင်္ကြန်ကျင်းပရခြင်းရည်ရွယ်ချက်လေးကတော့ ကလေးဘဝကတည်းကသင်္က...
23/02/2026

သားသားမီးမီးရဲ့ကျောင်းတွင်းသင်္ကြန်လေးကျင်းပပေးတာဖြစ်ပါတယ်ရှင်။

သင်္ကြန်ကျင်းပရခြင်းရည်ရွယ်ချက်လေးကတော့ ကလေးဘဝကတည်းကသင်္ကြန် အခါသမယမှာ ပြုလုပ်‌‌ လေ့ရှိသောလှူဒါန်းပုံ၊ပျော်ပွဲရွှင်ပွဲများ၊ရေကစားပုံ၊ ရေပက်ခံထွက်ပုံ စသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံစံများကိုသိရှိနားလည်စေရန် ရည်ရွယ်ပါတယ်ရှင်

#အလယ်ဝိမလ၁လမ်းကော့စံနိုင်ရပ်ကွက်ကျိုက်ထိုမြို့

တနှစ်တာအမှတ်တရတွေထဲက တစ်ခုကလေးလေးတွေပျော်ရွှင်နေကြတာကြည့်ပြီးပီတိဖြစ်ရပါတယ်။သူတို့လေးတွေဘယ်လောက်အပြစ်ကင်းလိုက်သလဲ?   #အလ...
23/02/2026

တနှစ်တာအမှတ်တရတွေထဲက တစ်ခု
ကလေးလေးတွေပျော်ရွှင်နေကြတာကြည့်ပြီးပီတိဖြစ်ရပါတယ်။
သူတို့လေးတွေဘယ်လောက်အပြစ်ကင်းလိုက်သလဲ?

#အလယ်ဝိမလ၁လမ်းကော့စံနိုင်ရပ်ကွက်ကျိုက်ထိုမြို့

“မူကြိုဆိုတာ စာသင်တဲ့နေရာမဟုတ်ပါဘူး”ဖေဖေမေမေတို့ရေမူကြိုဆိုတာကခ အော်ဆိုတဲ့နေရာမဟုတ်ပါA B C သင်ပေးတဲ့နေရာမဟုတ်ပါဘူး။၁ ၂ ၃...
23/02/2026

“မူကြိုဆိုတာ စာသင်တဲ့နေရာမဟုတ်ပါဘူး”

ဖေဖေမေမေတို့ရေ

မူကြိုဆိုတာ
ကခ အော်ဆိုတဲ့နေရာမဟုတ်ပါ
A B C သင်ပေးတဲ့နေရာမဟုတ်ပါဘူး။
၁ ၂ ၃ ရေတွက်သင်ပေးတဲ့နေရာလည်း မဟုတ်ပါဘူး။

မူကြိုဆိုတာ
ကလေးရဲ့ ဘဝအတွက် အခြေခံဖွံ့ဖြိုးမှုတွေကိုတည်ဆောက်ပျိုးထောင်ပေးတဲ့နေရာပါ။

မိဘတချို့က မေးကြတယ် —
“စာမသင်ရင် ဘာသင်လဲ?” လို့။

ဒီမှာ အရေးကြီးတာက
မူကြိုက စာထက် အရေးကြီးတဲ့ အရာတွေ သင်ပေးနေတယ် ဆိုတာ နညးလည်ရပါမယ်



လူမှုရေးဖွံ့ဖြိုးမှု (Social Development)

ကလေးက
မျှဝေတတ်လာတယ်။
စောင့်ဆိုင်းတတ်လာတယ်။
မိတ်ဆွေဖွဲ့တတ်လာတယ်။

ဒါတွေဟာ
စာအုပ်ထဲမှာ မရှိတဲ့ သင်ခန်းစာတွေပါ။



စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Emotional Development)

ကလေးက
ဒေါသကို ထိန်းချုပ်တတ်လာတယ်။
ကြောက်ရွံ့မှုကို ပြောပြတတ်လာတယ်။
အောင်မြင်မှုနဲ့ အရှုံးကို လက်ခံတတ်လာတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု မရှိရင်
စာတတ်တာတောင် အကျိုးမရှိပါဘူး။



ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (Physical Development)

ပုံဆွဲခြင်း
ကတ်ကြေးညှပ်ခြင်း
ကစားခြင်း
ခုန်ခြင်း
ပြေးခြင်း စတဲ့
ဒီလှုပ်ရှားမှုတွေက
လက်ချောင်းအသေးစားကြွက်သား (Fine Motor)
ကိုယ်ခန္ဓာကြီးထွားကြွက်သား (Gross Motor)
ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။

စာရေးနိုင်ဖို့အတွက်
ပထမဆုံး လက်ကို ခိုင်မာအောင် လေ့ကျင့်ရပါတယ်။



ဘာသာစကားဖွံ့ဖြိုးမှု (Language Development)

မူကြိုမှာ
ပုံပြင်နားထောင်တယ်
စကားတွေပြောကြတယ်
သီချင်းနားထောင်ကြတယ်
မေးခွန်းမေးတတ်လာတယ်
ဒီလို လေ့ကျင့်မှုတွေကြောင့်
နောက်ပိုင်း စာဖတ်၊ စာရေး လွယ်ကူလာပါတယ်။



ဖန်တီးနိုင်စွမ်း (Creativity)

မူကြိုမှာ ကလေးကို မှားနေတယ်လို့ မပြောကြဘူး။ အပြစ်မတင်ကြဘူး

ကလေးရဲ့ အတွေးအမြင်ကို
အကန့်အသတ်မထားဘူး။

ဒါကြောင့်
စိတ်ကူးယဉ်နိုင်စွမ်း
ဖန်တီးနိုင်စွမ်း
ပြဿနာဖြေရှင်းနိုင်စွမ်း
တိုးတက်လာတယ်။



အရေးကြီးဆုံး ပြောချင်တာ

မူကြိုက
စာအတွက် ပြင်ဆင်တာမဟုတ်ပါဘူး။

ဘဝအတွက် ပြင်ဆင်တာပါ။

စာသင်ခြင်းကို အမြန်လုပ်ချင်လို့ စာတတ်ချင်လို့ဆိုပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ကျော်မသွားပါနဲ့။

အခြေခံမခိုင်ရင်
အဆောက်အဦး မတည်မြဲနိုင်ပါဘူး။

မူကြိုက
စာတတ်စေဖို့ထက်
လူကောင်းတစ်ယောက်ဖြစ်ဖို့
အခြေခံတည်ဆောက်ပေးနေတဲ့ အဆင့်ပါ။

ဖေဖေမေမေတို့ရေ
ကလေးကို စာထက် အသက်အလိုက်ဖွံ့ဖြိုးမှုကို ဦးစားပေးပါ။

စာက နောက်မှ လိုက်လာပါလိမ့်မယ်။
ဖွံ့ဖြိုးမှုက မစောင့်နေဘူးနော်

ဒါကြောင့်
မူကြိုကို စာသင်ကျောင်းလို့ မမြင်ပါနဲ့။
ဘဝအခြေခံတည်ဆောက်ရာနေရာလို့ မြင်ပါ။

ကလေးအတွက်
မှန်ကန်တဲ့ ချစ်ခြင်းနဲ့ ပျိုးထောင်ပေးတဲ့ မျှော်မှန်းချက် ရှိပါစေ။

ချစ်တဲ့
တီချာလင်း

မွေးနေ့မှစပြီးသက်ရှည်ကျန်းမာပြီး ပျော်ရွှင်စွာဖြင့်ဘဝကိုပုံဖော်နိုင်ပါစေသမီးလေး မှုံရတီဦးရေ 🎊🎉🎂🥳
21/02/2026

မွေးနေ့မှစပြီးသက်ရှည်ကျန်းမာပြီး ပျော်ရွှင်စွာဖြင့်ဘဝကိုပုံဖော်နိုင်ပါစေသမီးလေး မှုံရတီဦးရေ 🎊🎉🎂🥳

19/02/2026

သားသားမီးမီးတို့အတွက် ကျောင်းကောင်း၊အဆောင်ကောင်းရှာနေပါသလား ?

Preschool program
Summer class program
Government curriculum
Night study program
စသည်တို့ကို တစ်နေရာတည်းတွင် သင်ယူနိုင်ပြီး
ကိုယ်ပိုင်ကျောင်းတက်တဲ့ ကလေးများအတွက်လည်း ကျောင်းချိန်ပြင်ပ kg မှစ grade 9ထိ လက်ခံ သင်ကြားပေးနေပါတယ်ရှင့်။

မူလတန်းအရွယ်ကျောင်းချိန်ပြင်ပ government curriculum များအနေဖြင့် အင်္ဂလိပ်စာ၊သင်္ချာ နှစ်ဘာသာကို international curriculum အတိုင်း worksheets များဖြင့်လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်ရှင့်။

မြန်မာစာမှစပြီးကျန်ဘာသာရပ်များကို night study အချိန်မှာသာ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်ရှင်။

မေမေတွေပြောလာတဲ့မြန်မာလိုမဖတ်တတ်ဘူးလို့ပြောလာတဲ့အပေါ်ကျမ ကို government curriculum ပြန်သင်ပေးဖို့ တွန်းအားဖြစ်စေပါတယ်ရှင့်။

ရပ်ဝေးများမှကိုယ်ပိုင်ကျောင်း၊အစိုးရကျောင်းတက်ဖို့အခက်အခဲဖြစ်နေတဲ့မိဘများအတွက် အလယ်တန်း၊အထက် တန်းကလေးများအတွက်လည်း ညအိပ်ဘော်ဒါလက်ခံပါတယ်ရှင့်။

မိန်းကလေးသီးသန့် (ကလေးဦးရေ အကန့်အသတ်ဖြင့်သာ)လက်ခံပါတယ်။

မူကြိုကလေးများအတွက် တက်ရမည့်ကျောင့်းသည် မူလ Bright Future ဖြစ်ပြီး၊ ညအိပ်ဘော်ဒါများအတွက်ကတော့ အခြားအဆောက်အဦးတစ်ခုဖြစ်ပါတယ်ရှင်။

တချို့မေမေတွေ သိချင်တာလေးလည်းရှင်းပြပေးတာပါရှင်။သင်ကြားရေးအတွေ့အကြုံအပြင် အခြားသောပညာရေးအတွေ့အကြုံများစွာ ရှိသော ကျမကိုယ်တိုင်ဦးစီးပြီး ကျမရဲ့ Bright Future team မှ ဝိုင်းဝန်းအကောင်အထည်ဖော်တာဝန်ယူမှာဖြစ်ပါတယ်ရှင့်

သင့်ကလေး ပညာရေးအုတ်မြစ်အခြေခံကောင်းဖို့အတွက်ကျမတာဝန်ယူပါတယ်ရှင်။သင်တို့က ကျမဆီကျောင်းအပ်ဖို့သာတာဝန်ယူပါ။

ကဲ
ဘာလိုသေးလဲ💁‍♀️
နွေရာသီ အတန်းတွေကိုလည်း
4 .3.2026 မှာ စတင်ပေးသွားမှာဖြစ်လို့
အသေးစိတ်ကို
Viber - 09682689213
Phone-09425289364
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
ဖေဖေမေမေတို့ ရင်သွေးလေးများရဲ့
အနာဂတ်ပညာရေးအတွက်
စိတ်ချယုံကြည်ဖို့ BFEC

Big shout out to my newest top fans! 💎 Hnin EI Phyo, Lay Pyay Htet Naing, May Thu Aung, Thandar Win, Zue ZueDrop a comme...
31/01/2026

Big shout out to my newest top fans! 💎 Hnin EI Phyo, Lay Pyay Htet Naing, May Thu Aung, Thandar Win, Zue Zue

Drop a comment to welcome them to our community,

28/01/2026

Circle time
Nursery class

Address

North Zizawa Street
Kyaikto
12021

Telephone

+959425289364

Website

Alerts

Be the first to know and let us send you an email when Bright Future Private Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category