Ultra Idiot

Ultra Idiot Cultivate your real potential, enjoy your hard work

14/05/2025

Hey guys!
ဒီနေ့တော့ Doppler effect အကြောင်း ဆွေးနွေးရအောင်
Doppler effect ကို Christian Doppler က 1842 က တွေ့တယ်လို့ propose လုပ်ထားတယ်

သူ့ရဲ့ စာရွက်ပေါ်မှာ Doppler effect နဲ့ပက်သက်ပြီး "On the coloured light of the double stars and certain other stars of the heavens." ရေးသားထားခဲ့ပါတယ်

ဒါတွေက Doppler effect ကို အခြေခံပြီး နောက်ပိုင်းမှာ ‌တွေ့လာတဲ့ red shift, blue shift တွေပါ

Doppler effect ရဲ့ အဓိကအချက်က လှိုင်းတွေရဲ့ ပျံ့နှံ့ပုံကို မူတည်ပြီး တစ်ယောက်ချင်းဆီတိုင်းဟာ မတူညီတဲ့ လှိုင်းရလဒ်၊မူလနဲ့ ကွဲပြားသော လှိုင်းရဲ့ ဂုဏ်သတ္တိတွေ( ကြိမ်နှုန်း) တွေ ရရှိနိုင်တာကို အခြေခံထားတယ်

တစ်နည်း relative ဖြစ်တယ်ပေါ့ ဘယ်လောက်ပဲ အသံလွှင့်တဲ့ source က အရွေ့ပြောင်းလဲပြောင်းလဲ observer ပေါ်မှာမူတည်ပြီး observed frequency (f_o) ကိုက‌‌ ပြောင်းလဲနိုင်တယ်

Doppler effect မှာ လှိုင်းတွေက နီးလာရင် စိတ်လာပြီး ဝေးလာရင် ကျဲတာ ဘာကြောင့်လဲ

ဒါကတော့ nature လို့ပဲ ပြောရမလား

ဥပမာလေးတစ်ခုပြောပြကြည့်မယ်

မင်းက ချောင်းကမ်းနားစပ်မှာ ထိုင်နေတဲ့လူတစ်ယောက်ဆိုပါတော့

ချောင်းလယ်တည့်တည့်မှာ လူတစ်ယောက်ကို လှေကိုရပ်ထားပြီး လက်နဲ့ ရေကို ယက်နေတယ်

လှိုင်းတွေက မင်းရှိတဲ့ ကမ်းနားစပ်ထိလာနေမှာပဲ

ဒါပေမဲ့ လှေပေါ်ကလူက လှေကို မင်းဆီ ခတ်လာမယ်ဆိုရင်ရော

သေချာတယ် လှေရှေ့က လှိုင်းတွေက စိတ်လာပြီး လှေနောက်မှာကျ ပြန်ကျဲသွားတာကိုတွေ့ရမှာဖြစ်တယ်

အဲ့တာ Doppler effect ပဲ

Doppler effect က ဘယ်နေရာမှာမဆို ရှိနေတယ် observer ပေါ်မူတည်ပြီး ရရှိနိုင်ပုံမတူဘူး

09/05/2025

‎This is time for physics!
‎ဒီ‌ နေ့တော့ နေကပူ cooling fan လေးသုံးနေတုန်း Thermoelectric အကြောင်းစိတ်ဝင်စားတာနဲ့

‎Thermoelctric နဲ့ Peltier's effect အကြောင်းပြောပြပါမယ် 🫰🏼

‎Thermoelectric ဆိုတာ မြန်မာလိုဆိုရင် မတူညီတဲ့ အပူချိန် ခြားနားခြင်းမှ လျှပ်စစ် ထုတ်လုပ်ခြင်းလို့ မှတ်လို့ရတယ်
‎လျှပ်စစ်မီးနဲ့ မီးပူတိုက်တယ်၊ အပူထွက်တယ်၊ အပူကနေမှ လျှပ်စစ်ပြန်ထုတ်တယ်

‎Peltier's effect ဆိုတာကတော့ အမျိုးအစားမတူတဲ့ အရာဝတ္ထုနှစ်ခု ( လျှပ်တစ်ပိုင်းကူးပစ္စည်းလိုမျိုး(ဆိုလာ)) ကို လျှပ်စစ်ဖြတ်စီးတဲ့အခါ အရာဝတ္ထုတစ်ခုက အေးလာပြီး ကျန်တစ်ဖက်က ပူလာခြင်းလို့ ယူဆလို့ရပါတယ်

‎Peltier's effect မှာ တစ်ဖက်ပူ၊တစ်ဖက်အေးကရော ဘာဖြစ်လို့ ဖြစ်တာလဲ

‎လျှပ်စီးကြောင်းမှ electrons တွေက semiconductors တွေကို ဖြတ်စီးတဲ့အခါ semiconductor တစ်ခုမှာ n junction နဲ့ နောက်တစ်ခုမှာ p junction ဆိုပြီးဖြစ်လာပါတယ်

‎n junction က လျှပ်စစ်ရထားတဲ့ electrons တစ်နည်းအားဖြင့် စွမ်းအင်(အပူ)ရထားတဲ့ electrons တွေက p junction ကိုရောက်ဖို့ စွမ်းအင် မလုံလောက်ပါဘူး

‎semiconductors နှစ်ခုဆက်ထားတဲ့ နေရာမှ ပတ်ဝန်းကျင် atoms ရဲ့အပူစုပ်ယူပြီး p junction ကိုသွားရပါတယ် စွမ်းအင်တွေကို စုပ်ယူလိုက်တာ တစ်နည်း အဆက်နေရာကနေ အပူစုပ်လိုက်တာကြောင့် semiconductor နှစ်ခုကို ဆက်ထားတဲ့နေရာ material (အဆက်)က အေးလာပါတယ်

‎အခုခေတ် ဂိမ်းမာတွေရဲ့ cooling fan(TEC cooler) တွေမှာလည်း Peltier's effect ကိုသုံးထားပါတယ်

‎Note. Peltier's effect ဖြစ်ဖို့လျှပ်စီးကြောင်းသည် တစ်သမတ်တည်းရှိရမှာဖြစ်ပြီး semiconductor နှစ်ခုကိုလည်း အစီအစဉ်တကျ စီထားရမှာဖြစ်ပါတယ် electrons စစီးမဲ့ဘက်ကို p type junction ထားလို့မရပါဘူး


30/03/2025

‎ပုသိမ် ရွှေမောဌော ဘုရားဖူးစဉ်အခါက ဘုရားရင်ပြင် ဆောင်းတန်းတစ်ချပ်၌ နားနေစဉ် စာတစ်ကောင်သည် ရင်ပြင်ပေါ်တွင် တလွှားလွှား သွားလာနေသည့် အင်းဆက် တစ်ကောင်အား သုတ်ချီ၍ အကြိမ်ကြိမ်ပင်လျှင် ထိုးစိတ်လျက်နှိပ်စက်နေသည်။ ငှက်ပင်ဖြစ်သည့်အလျောက် ဘုရားရိပ် နားခိုရာအရပ်တွင်ပင် အကုသိုလ်အမှုကို ကျူးလွန်သည်ကို တွေးမိ၍ စာငှက်‌အပေါ်တွင် အပြစ်ဖို့ချင်သော စိတ်များတဖွားဖွား ပေါ်ပေါက်လာသည်။ သို့သော် များမကြာမီ ထိုစိတ်တို့ ဖြေလျော့၍ အတွေးတစ်ခုဝင်လာမိသည်။ မိမိသည် အသက်အားဖြင့်လည်း ငယ်ရွယ်သေးသည်။ ကြိုးစားအားထုတ်နိုင်သော ကံ၊ဉာဏ်၊ဝီရိယ သုံးပါးလုံးနှင့်လည်း ခပ်သိမ်းပြည့်စုံနေသေးသည်။ သို့ဖြစ်ပါလျက် လူ့အဖြစ်ကို ရရှိလာခိုက်တွင် တရားဓမ္မကို ကျင့်ကြံအားထုတ်ခြင်းမရှိဘဲ မွေ့လျော်ရာ အရပ်၌နေထိုင်ခဲ့မိလေသည်။ ရွှေမောဌောဘုရားအား လာရောက်ဖူးမြော်ခြင်းမှ လွဲ၍ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောဖော်ညွှန်ပြခဲ့လေသော တရားတို့ကို ကျင့်ကြံအားထုတ်နိုင်စွမ်း မရှိချေ။ထိုသို့ ဆင်ခြင်မိပြီးနောက်တွင် မိမိ၏အဖြစ်ကိုပင် အ‌စောက စာငှက်ထက်ပင်လျှင် ပိုမိုသနားဖြစ်မိလာတော့သည်။

‎အီဒီးယုတ်

အတ္တာဟိ အတ္တနော နာထောမိမိကိုယ်သာ မိမိ၏ ကိုးကွယ်ရာ
28/03/2025

အတ္တာဟိ အတ္တနော နာထော

မိမိကိုယ်သာ မိမိ၏ ကိုးကွယ်ရာ

Conditional မှာ ပုံမှန်လိုမမေးဘဲ လှည့်ပြီး instructions ပေးနိုင်တယ်👌🏼
14/02/2025

Conditional မှာ ပုံမှန်လိုမမေးဘဲ လှည့်ပြီး instructions ပေးနိုင်တယ်👌🏼

02/02/2025

A simple probe of Pythagoras' theorem

Source from Rill History

မှန်မှန်သာလုပ်မယ်ဆို အများကြီးပြောင်းလဲပစ်ဖို့ မလိုပါဘူး  Crd photo
18/01/2025

မှန်မှန်သာလုပ်မယ်ဆို အများကြီးပြောင်းလဲပစ်ဖို့ မလိုပါဘူး


Crd photo

𝐓𝐢𝐦𝐞 𝐝𝐢𝐥𝐚𝐭𝐢𝐨𝐧 Grade-12 modern physics ပိုင်းက time dilation ကိုမြန်မာလိုကြီးရှင်းပြမယ်မရှင်းပြခင် အလျင်ရဲ့ဖော်မြူလာကို သ...
04/01/2025

𝐓𝐢𝐦𝐞 𝐝𝐢𝐥𝐚𝐭𝐢𝐨𝐧

Grade-12 modern physics ပိုင်းက time dilation ကိုမြန်မာလိုကြီးရှင်းပြမယ်

မရှင်းပြခင် အလျင်ရဲ့ဖော်မြူလာကို သိထားဖို့လိုမယ်၊ အလျင်ကိုလိုချင်ရင် အကွာအဝေးကိုတည်ပြီး အချိန်နဲ့ စားပေးရမယ်

အလျင် = အကွာအဝေး÷အချိန်
နှိုင်းရအလျင်(သို့)ပြောင်းလဲခြင်းအလျင်ဆိုရင်
∆အလျင် limit ∆t->0= ∆အကွာအဝေး÷ ∆အချိန်
ဆိုပြီးရမယ်

ဒီလောက်ဆိုရပြီ ပုံကိုထောက်ပြီး ဆက်လေ့လာလို့ရမယ်

လူတိုင်းမှာ မေးခွန်းကိုယ်စီနဲ့မင်းရော ဆက်ကြိုးစားနေသင့်လား
03/01/2025

လူတိုင်းမှာ မေးခွန်းကိုယ်စီနဲ့

မင်းရော ဆက်ကြိုးစားနေသင့်လား

𝐖𝐡𝐨 𝐢𝐬 𝐅𝐞𝐲𝐧𝐦𝐚𝐧?1956 ခုနှစ်ရဲ့ ရူပဗေဒ နိုဘယ်ဆုရ ပညာရှင်Quantum mechanics, Quantum electrodynamics, particle physics လိုမျ...
03/01/2025

𝐖𝐡𝐨 𝐢𝐬 𝐅𝐞𝐲𝐧𝐦𝐚𝐧?

1956 ခုနှစ်ရဲ့ ရူပဗေဒ နိုဘယ်ဆုရ ပညာရှင်

Quantum mechanics, Quantum electrodynamics, particle physics လိုမျိုး ရူပဗေဒပညာရပ်ခွဲတွေကိုကျယ်ကျယ်ပြန်ပြန်လေ့လာခဲ့တဲ့ အမေရိကန်နိုင်ငံသား

သူရဲ့ ထူးခြားတဲ့ စာသင်ပြမှုနည်းလမ်းတွေကြောင့် science communicator လို့တင်စားခံရ

ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်က သူရဲ့စာလေ့လာမှုနည်းလမ်းကို ချပြသွားတယ်ဆိုယုံမလား

𝐹𝑒𝑦𝑛𝑚𝑎𝑛 𝑡𝑒𝑐ℎ𝑛𝑖𝑞𝑢𝑒

1. 𝑺𝒆𝒍𝒆𝒄𝒕 𝒂 𝒕𝒐𝒑𝒊𝒄
စာစလုပ်တော့မယ်ဆို ကိုယ်စပြီးလေ့လာမဲ့အရာ ကို ရွေးချယ်ဖို့လိုအပ်ပါတယ်

2. 𝑻𝒆𝒂𝒄𝒉 𝒊𝒕 𝒕𝒐 𝒂 𝒄𝒉𝒊𝒍𝒅
ကလေးတစ်ယောက်ကို ကိုယ်လေ့လာထားတာကို သင်ပြနိုင်ရပါမယ် Feynman အဆိုအရတော့ 5 နှစ်အရွယ်ကလေးကို နားလည်အောင် မရှင်းပြနိုင်သရွေ့ မင်းအဲ့တာကို ကောင်းကောင်း နားမလည်သေးဘူးလို့ပြောပါတယ်

3. 𝑭𝒊𝒏𝒅 𝒈𝒂𝒑𝒔 𝒂𝒏𝒅 𝒄𝒐𝒎𝒑𝒂𝒓𝒆 𝒅𝒊𝒇𝒇𝒆𝒓𝒆𝒏𝒄𝒆𝒔
အကယ်၍မေ့သွားတာရှိရင် ပြန်လေ့လာရပါမယ် ဘာတွေကွာခြားသွားလဲကို သေချာမှတ်သားရပါမယ် ပြီးရင် နှိုင်းယှဉ်ကြည့်ရပါမယ်

4. 𝑹𝒆𝒗𝒊𝒆𝒘 𝒂𝒏𝒅 𝒓𝒆𝒑𝒆𝒕𝒊𝒕𝒊𝒐𝒏
ကိုယ်လေ့လာထားတာတွေကို ပြန်တွေးတာမျိုးလုပ်ပေးရမယ်

နောက်ဆုံး ကိုယ်က လေ့လာထားတဲ့ အကြောင်းအရာကို ထိထိမိမိ နားလည်မယ်၊ရှင်းပြနိုင်မယ်ဆို လေ့လာမှုပြီးမြောက်တယ်လို့ Feynman ကိုဆိုထားပါတယ်

Cons : Time consuming
Rating : 9/10

Study scientifically ✨Scientific researches တွေအရ ကျောင်း‌တိုင်းမှာ ရှိတဲ့ အဆင့်ကန့်သတ်ချက်တွေတိုင်းမှာ ယေဘုယျအားဖြင့် အ...
21/12/2024

Study scientifically ✨

Scientific researches တွေအရ ကျောင်း‌တိုင်းမှာ ရှိတဲ့ အဆင့်ကန့်သတ်ချက်တွေတိုင်းမှာ

ယေဘုယျအားဖြင့် အဆင့်တစ်ဆင့်တက်တိုင်းမှာ ကျောင်းသားတွေရဲ့ efficiency က 0.044 လောက်တက်လာပါတယ်

သဘောက 1 st placed ကျောင်းသားနဲ့ 2 nd placed ကျောင်းသားကြားမှာ approximately efficiency 0.044 လောက်ကွာပါတယ်

စာလုပ်ချိန်ချင်းတူရင်တောင် စာရပုံချင်းမတူပါဘူး

1 st placed student နဲ့ 2 nd placed student က စာလုပ်ချိန်တူရင်တောင် 1 st placed ကျောင်းသားက စာပိုရနေမှာပါ

တွက်ချက်မှုအရ နှစ်ယောက်လုံး စာ6နာရီ လေ့လာမယ်ဆိုရင် 0.044×6=0.246hour (15.84 minutes)
လောက်ကွာပါတယ်

2 nd placed ကျောင်းသား 6နာရီနဲ့ 15 မိနစ်ကျော် စာလုပ်မှ

1st placed ကျောင်းသားရဲ့ 6နာရီ စာလုပ်တာကိုမှီမှာပါ

ဒါပေမဲ့ efficiency က develop မဖြစ်နိုင်ဘူးလို့မပြောနိုင်ပါဘူး

အောက်မှာ ပြထားတဲ့ tips တွေအတိုင်းလေ့လာမယ်ဆိုရင် တစ်လအတွင်းမှာတင် 0.0286-0.0506 efficiency လောက်တက်လာနိုင်ပါတယ်

Address

Kyonpyaw

Website

Alerts

Be the first to know and let us send you an email when Ultra Idiot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category