13/08/2025
#ကိုက်ခွပ်တွေအကြောင်း
ကြက်တစ်ကောင်ခွပ်လမ်းခွပ်ကွက်အတွက်အရေးပါဆုံး
ကဏ္ဏတစ်ခုဖြစ်တဲ့
နူတ်ခွပ်မှာ
အဓိက နှစ်မျိုးပဲရှိတယ်
ကြက်သမားအခေါ်
ယူခွပ်တာနဲ့
ကိုင်ခွပ်တာ နှစ်မျိုးပဲရှိတယ်
ယူခွပ်တယ်ဆိုတာ ဘာလဲ?
ကိုင်ခွပ်တယ်ဆိုတာ ဘာလဲ?
ယူခွပ်
ယူခွပ်တယ်ဆိုတာ
တစ်ဖက်က လာတာကို ခွပ်တာဖြစ်တယ်
နူတ်ကပ်လာတဲ့အခါ
ကြုံရာအနေအထားနဲ့ တွေ့တဲ့နေရာကိုဖမ်းပြီး
အလိုက်သင့်ခွပ်တတ်တာ ဖြစ်တယ်
ယူခွပ်တဲ့ နူတ်သီးခမ်း ကြက်ခွပ်တွေက
ကြက်ဖက်
ကြက်လျော်
ကြက်ချွတ်
ကြက်ဖော/ကြက်ရော
ကြက်ပေါင်း
ကြက်ချုပ်
စသည်ဖြင့် ခွပ်ဟန်တွေပါဝင်တယ်
အဲ့လို.ယူခွပ်တဲ့နေရာမှာတောင်
နှစ်မျိုးတွေ့ရတယ်
စောင့်ခွပ်နဲ့
ဆုတ် ခွပ်ဆိုပြီး နှစ်မျိုးတွေ့ရတယ်
အချို့ကြက်တွေက တစ်ဖက်ကလာတာကို ရပ်ပြီး
စောင့်ခွပ်တဲ့ကြက်နဲ့
တစ်ဖက်ကလာတာကို တစ်ဖက်ကြက်နဲ့အတူ
အလိုက်သင့်လိုက်ပြီး
ဆုတ်ခွပ်တဲ့ ကြက်ဆိုပြီး
နှစ်မျိုးတွေ့ရတယ်
အဲ့နေရာမှာ ခြေဝင်ကိုကြည့်ပြန်ရင်
စောင့်ခွပ်တဲ့ ကြက်တွေထက်
ဆုတ်ခွပ်တဲ့ကြက်က
ကြက်ခံသက်သာပြီး
အလုံးရေပိုခွပ်ရတတ်ပြန်တယ်
ဆုတ်ခွပ်တဲ့ကြက်က
ဆုတ်ပြီးခွပ်ရတဲ့အတွက်
အားနှစ်မျိုးသုံးရပြီး
စောင့်ခွပ်တဲ့ကြက်က
လာတာတစ်ပေါက်အတွက်ပဲ
အားထည့်ရလို့ဖြစ်တယ်
ကိုင်ခွပ်
ကိုင်ခွပ်ဆိုတာက ကိုယ်ကနှုတ်နဲ့ဖမ်းပြီး
မိမိရ ကိုက်မိတဲ့အခါ ခွပ်တဲ့ခွပ်ဟန်ဖြစ်တယ်
ကိုင်ခွပ် ခွပ်တဲ့နေရာမှာ တောင်နှစ်မျိုးရှိတယ်
ဘယ်လိုကိုင် ခွပ်ရ ခွပ်ရ ခွပ်တတ်တဲ့ကြက်နဲ့
အကြိုက်တွေ့မှ ခွပ်တတ်တဲ့ကြက်နှစ်မျိုးရှိတယ်
နှုတ်နဲ့ နေရာရှာပြီး ခွပ်တာတောင်
နှစ်မျိုးရှိပြန်တယ်
ရာခွပ်
နဲ့အလျော့ခွပ်
ရာခွပ်မှာ
နှုတ်ထောက်ခြေရောက်ခွပ်ဟန်
နဲ့
လည်စမွှေး
ခေါင်းမွှေး
ကျောမွှေး
အမှီးဖုံး
အမှီးဆံ
နှုတ်ရာလိုက်တာနဲ့
တွေ့ရာ
ဆွဲ ခွပ်တတ်တဲ့ကြက်မျိုးရှိသလို
ရာပြီး အကြိုက်မတွေ့ရင့်
မခွပ်တဲ့ကြက်တွေရှိတယ်
ကိုင်ခွပ်တဲ့နေရာမှာတောင်
တစ်ချို့ကြက်တွေ သူတို့ ကြိုက်တဲ့နေရာ
မဟုတ်ခဲ့ရင် လွတ်ပေးလိုက်တာ
အကြိုက်မတွေ့မချင်း
နှုတ်နဲ့လိုက်ရာတာတွေရှိတယ်
အဲ့လိုကြက်တွေကို
နှုတ်ငမ်းတယ်လို့လည်းခေါ်ပါတယ်
ကိုင်အခွပ်ခံရတဲ့ကြက်တွေမှာ
ကြက်ခံမတတ်တဲ့အခါ
အောက်ခေါင်းလိုဖြစ်သွားတတ်တယ်
ကိုင်ခွပ်တဲ့ ကြက်တွေထဲမှာ
အလျော့ဆွဲ ဆိုတဲ့ နားနဲ့လည်စ
ကို ကိုက်ပြီးခွပ်ဟန် နဲ့ကြက်မှာတောင်
ဘယ် နား
ညာနား
ဘယ် ညာစုံ
ခွပ်တတ်တဲ့ ကြက်နှစ်မျိုးရှိပြန်တယ်
တစ်ဖက် ခွပ် အလျော့ဆွဲ ကြက်မှာတောင်
နှစ်မျိုးကွဲ ပြန်တယ်
ထိပ်ကနေ ကြိုက်တဲ့ နေရာ ကိုက်ခွပ်တဲ့ကြက်နဲ့
တစ်ဖက်သက် တစ်ခြမ်းထဲ ပတ်နိူက်ပြီး လိုက်ခွပ်တဲ့
ကြက်ဆို ပြီး ရှိပြန်တယ်
အဲ့လိုကြက်တွေကို
နိုက်ခွပ်
တစ်ခြမ်းထဲလိုက်နိူက်ခွပ်တယ်လို့ခေါ်ကြတယ်
ကိုင်ခွပ်တဲ့အထဲမှာမှ
အောက်ကနေလူးကပ်ဝင်ပြီး
အထွက်မှာ
အောက်နားစ
လည်စကို
ခွပ်တဲ့ ကြက်မြှောင်ခွပ်ဆိုတာလဲရှိပြန်တယ်
အောက်ကယူခွပ်တယ်လိုလဲအချို့ဒေသက
ခေါ်ကြတယ်
တကယ်က သူက
ယူခွပ်ဟန်ထဲမှာနဲ့
ကိုင်ခွပ်ဟန်ရဲ့ ကြားမှာရှိတယ်
အဓိက သူက အောက်ကနေ
အထွက်မှာ ကြိုက်ရာအစ
ကိုက်ဆွဲပြီးခွပ်တာမို့
ကိုင်ခွပ်ထဲမှာပါတယ်လို့ပြောရမှာဖြစ်တယ်
ကြက်တစ်ကောင်
နှုတ်ကောင်းဖို့ဆိုတာ
အထက်ပါအကြောင်းအရာတွေထဲက
ယူခွပ်နဲ့
ကိုင်ခွပ်မှာ
ကိုင်ခွပ်ဟန်ရဲ့ အချို့ကို ယူခွပ်တတ်တဲ့ကြက်တွေ
နဲ့ ကြက်တိုင်း
ခွပ်တတ် ကြပြီး
ယူခွပ်တဲ့ နေရာမှာတော့ ကြက်တိုင်းမခွပ်တတ်တာ
တွေ့ရလိမ့်မှာဖြစ်ပါတယ်
နှုတ် ခွပ်မှာ ကိုယ့်ကြက်က ဘယ်လိုခွပ်သလဲဆိုတာ
တစ်ဖက်က ဘယ်လိုခွပ်တယ်ဆိုတာသိယုံနဲ့
70%နီးနီး
လမ်းချိန် လို့ရတတ်ပါတယ်
အဲ့တော့ ကြက်တစ်ကောင်ရဲ့
နှုတ်ခွပ်ဆိုတာ.ဘယ်လောက်ထိ
အရေးပါတယ်ဆိုတာ
ဝါသနာရှင်ညီ ငယ်အပေါင်းတို့သိစေရန်
နဲ့
လေ့လာသူဝါသနာရှင်များသိစေရန်
တင်ပြရင်း
စေတနာ
ဖြင့်........
credit /ကိုလတ်..))
#ကြက်ကောင်းမျာစုစည်ရာ #ကြက် #ကြက်ပညာ