23/06/2021
🚹 လူတစ်ယောက် ဘဝမှာ ဘာကြောင့်မပျော်ရွှင်ရတာလဲ ???
( 1 ) ... ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ခြင်း
မိမိကိုယ်ကို ယုံကြည်မှုမရှိ ခြင်းက
သင့်ဘဝကို ပျော်ရွှင်စရာတွေ ပျောက်ဆုံးစေမယ့်...
တစ်ခုတည်းသောအရာပါ
ယုံကြည်မှု မရှိရင် ဘယ်အရာကိုမှ မလုပ်ရဲပဲ
စိုးရိမ်စိတ်နဲ့ အားငယ်စိတ်တွေပဲ
ဖြစ်ပေါ်စေနိုင်ပါတယ် ။
(2) .... ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဉ်ခြင်း
ကိုယ်ကသူမဟုတ်တဲ့အတွက်
ဘယ်တော့မှ သူများနဲ့ မနှိုင်းယှဉ်ပါနဲ့
သူ့မှာလည်း သူ့တန်ဖိုးနဲ့သူရှိသလို
သင့်မှာလည်း သင့်တန်ဖိုးနဲ့ တူတဲ့အရာတွေ ရှိနေပါတယ်
ဒါပေမဲ့ တန်ဖိုး ခြင်းမတူတော့
ရလဒ်ခြင်းလည်း ဘယ်တူညီနိုင်ပါ့မလည်း
ဒါကိုပဲ နှိုင်းယှဉ်ပြီး စိတ်ဓာတ်တွေကျမနေပါနဲ့
ဘယ်တော့မှလည်း သူများတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင်ကသင် ၊သူကသူပဲလေ
မတူညီနိုင်ပါဘူး ။
( 3 ) ... သူတစ်ပါးဝေဖန်ချက်တွေကိုဂရုစိုက်လွန်းခြင်း
လူရယ်လို့ ဖြစ်လာရင်ကဲ့ရဲ့ ခြင်း၊ဝေဖန်ခြင်းက
ဘယ်သူမှမလွတ်ကင်းပါဘူး
ကိုယ့်အလုပ်ကိုယ်လုပ် ၊ကိုယ့်လမ်းကိုယ်
ဆက်လျှောက်နေဖို့ပဲ လိုတာပါ
ဘေးကို ဂရုစိုက်နေသရွေ.
သင့်ခြေလှမ်းတွေ ယိမ်းယိုင်သွားဖို့ပဲရှိတယ်
ပတ်ဝန်းကျင်ရဲ့ ဝေဖန်ချက်တွေ ကြားမှာ
သင့်ပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေလိမ့်မယ် ။
( 4 ) ... တစ်ခုခုဆို အတွေးလွန်ခြင်း
အတွေးလွန်ခြင်းက
မပျော်ရွှင်ခြင်းရဲ့ အစပါ
မ ဖြစ်သေးတာကို ကြိုတွေးပြီး
စိတ် ဒုက္ခကို ဖြစ်စေနိုင်ပါတယ်။
=org
#စာပေရိပ်
#မူရင်းရေးသားသူကို crd ပေးပါသည်.....😊