Shwe Pwint RealEstate & Property

Shwe Pwint RealEstate & Property Shwe Pwint Real Estate

21/04/2026

အိမ်ခြံမြေဘဏ်ချိတ်ဘယ်လိုဝယ်ရလဲ ပြောပြပေးမယ်

1.သိန်း100မြေဝယ်မယ်ဆိုရင် ကိုလက်ထဲမှာသိန်း30ရှိရမယ် ကျန်တာ70သိန်း ဘဏ်ကချေးပေးမှာပါ

‎2. ဝယ်ယူမည်သူကလစာ10သိန်းအထက်ရှိရမယ်
သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့သူနဲ့ ပေါင်းပြလို့ရပါတယ် (ကိုယ်ပိုင်လုပ်ငန်း လုပ်သူဆိုရင်လုပ်ငန်းဝင်ငွေပြလို့ရတယ်)


3.ကိုဝယ်မဲ့အိမ်က ဂရံအမည်ပေါက်ဖစ်ရမယ်

4. (၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)

(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ

(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ

(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)


Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက် ဘာတွေလိုအပ်လဲ❓

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

‎‎
✅ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့အိမ်ကို ရာဖြတ်ဌာနမှ ဆင်းကြည့်မှာဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေ ပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး၊ bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည် ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်

Credit 😍

 #သီရိမင်္ဂလာကွန်ဒိုအငှါး🌼27လမ်း 73 *74ကြား 🌼6 လွှာ🌼1600 sqft🌼MBR - 1 ခန်း ၊ SBR - 3 ခန်း🌼furniture ပါ💰တစ်လ ~ 18 သိန်း🌼2...
19/04/2026

#သီရိမင်္ဂလာကွန်ဒိုအငှါး

🌼27လမ်း 73 *74ကြား
🌼6 လွှာ
🌼1600 sqft
🌼MBR - 1 ခန်း ၊ SBR - 3 ခန်း
🌼furniture ပါ

💰တစ်လ ~ 18 သိန်း

🌼24 နာရီ ဓာတ်လှေကား / လုံခြုံရေး / ကျယ်ဝန်းတဲ့🌼ကားပါကင်ပါရှိပါတယ်

(5လပိုင်း 10ရက်နေ့အခန်းရမည်)

☎️~09959632777
☎️~09678717666

#မန္တလေးအိမ်ခြံမြေ
#သီရိမင်္ဂလာ

Address

35 (A) Street Between 69 *70 Streets
Mandalay

Telephone

+959404410405

Website

Alerts

Be the first to know and let us send you an email when Shwe Pwint RealEstate & Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Pwint RealEstate & Property:

Shortcuts

Share

Category