မန်းရတနာ အိမ်ခြံမြေရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • မန်းရတနာ အိမ်ခြံမြေရောင်းဝယ်ရေး

မန်းရတနာ အိမ်ခြံမြေရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မန်းရတနာ အိမ်ခြံမြေရောင်းဝယ်ရေး, Real Estate, Mandalay.

ဘရာဇီးတွင် နှစ် 20 အတွင်း သစ်ပင်ပေါင်း 2 သန်း စိုက်ပျိုးခဲ့သော စုံတွဲလေးစားစရာပါ။
27/01/2024

ဘရာဇီးတွင် နှစ် 20 အတွင်း သစ်ပင်ပေါင်း 2 သန်း စိုက်ပျိုးခဲ့သော စုံတွဲ

လေးစားစရာပါ။

မြေကွက်ကိုဝယ်ယူပြီးမှ_အရှုပ်အရှင်းမဖြစ်လာစေရန်_ဘယ်လိုအချက်တွေသိထားရမလဲ------------------(၁) ဝယ်ယူမယ့်မြေကွက်ကပိုင်ဆိုင်မ...
26/01/2024

မြေကွက်ကိုဝယ်ယူပြီးမှ_အရှုပ်အရှင်းမဖြစ်လာစေရန်_ဘယ်လိုအချက်တွေသိထားရမလဲ
------------------

(၁) ဝယ်ယူမယ့်မြေကွက်ကပိုင်ဆိုင်မှုခိုင်မာရမယ်။

မြေကွက်ကိုဝယ်တော့မယ်ဆိုရင်
ငွေပိုငွေလျှံရှိလို ဝယ်သည်ပဲဖြစ်စေ၊
နေထိုင်ရန်ရည်ရွယ်၍ ဝယ်သည်ပဲဖြစ်စေ၊
မိမိမှ ဆုံးရှုံးမှု တစ်စုံတစ်ရာမဖြစ်စေရန် ‌
အောက်ပါအချက်တွေ သိထားဖို့လိုမည်။

ဝယ်ယူမယ့်မြေကွက်ရဲ့ ပိုင်ရှင်အမည်ပေါက်
မြေပိုင်ဆိုင်မှုအထောက်အထား
ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ အစုံအလင်ရှိ/မရှိ။
မြေခွန်/အိမ်ခွန် ကြွေးကျန်ရှိ/မရှိ။
မြေပုံ/မြေရာဇဝင်
မြို့တော်စည်ပင်သာယာရေးကော်မတီ
(သို့မဟုတ်) မြေစာရင်းရုံးရဲ့
နောက်ဆုံးမှတ်တမ်းမှာ
မည်သို့ ရေးသွင်းမှတ်သားထားသလဲ? ဆိုတာ
တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။
***********************

(၂) မြေအမျိုးအစားကို သေချာစွာစစ်ဆေးပါ။

မိမိဝယ်မယ်မြေကွက်ဟာ
ဘိုးဘွားပိုင်မြေလား
ဂရန်မြေလား
မြေချမိန့်ရထားတဲ့မြေလား
လယ်ယာမြေလား
မီးလောင်ချထားမိန့်နဲ့မြေလား ပုံစံ(၇)ရထားတဲ့မြေလား ဆိုတာ
သေချာစစ်ဆေးရပါမယ်။
****************

(၃) မြေကွက်ကိုရောင်းချသူဟာ အဆိုပါမြေကွက်ကို ဘယ်လိုပိုင်ဆိုင်လဲဆိုတာကို စစ်ဆေးပါ။

မြေကွက်ကိုရောင်းချသူပိုင်ရှင်ဟာ
ထိုမြေကွက်ကို အမွေရခဲ့တာလာ:အမွေရခဲ့တာဆိုရင် ကျန်အမွေဆိုင်ညီမကို
မောင်နှမများရဲ့
သဘောတူညီချက်ပါရှိရဲ့လား။
တခြားရောင်းသူထံမှ
ကိုယ်တိုင်ဝယ်ယူခဲ့တာလားဆိုတာ
သေချာအောင် စုံစမ်းဖို့ လိုအပ်ပါမယ်။
******************

(၄) စာချုပ်စာတမ်းအပြည့်အစုံရှိ/မရှိစစ်ဆေးပါ။

စာချုပ်စာတမ်းစစ်ဆေးတော့မယ်ဆိုရင်ပထမအချက်က -

ဂရန်မြေဆိုရင်
မြေချထားမိန့်မူရင်း
ငွေသွင်းပြေစာမူရင်း
ဂရန်စာချုပ်မူရင်း
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင်စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်တယ်ဆိုပါက အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ(တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ်လွှဲစာများ
အိမ်ခွန်/မြေခွန်ပြေစာများ

**ဘိုးဘွားပိုင်မြေဆိုရင်**
ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
မြေပုံ/မြေရာဇဝင်
မှတ်ပုံတင်စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
ကိုယ်စားချုပ်ဆိုဖူးတာရှိရင် GP,SP ကိုယ်စားလှယ်လွှဲစာများ

**ပုံစံ(၇)ရထားတဲ့မြေဆိုရင်**
ပုံစံ(၇)မူရင်း
မြေပုံ/မြေရာဇဝင်
ရပ်/ကျေးမှတ်တမ်း
စာချုပ်အဆက်ဆက်
အမွေဆက်ခံပိုင်ဆိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္ထူ)
ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP,SP ကိုယ်စားလှယ်များကို စုံလင်စွာ စစ်ဆေးရပါမယ်။
******************

(၅) စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်‌ဆေးပြီးပါက
စရန်ပေးစာချုပ် (ကတိစာချုပ်)ချုပ်ဆိုခြင်း၊
အရောင်းအဝယ်ပြုလုပ်ခြင်းအား
ကန့်ကွက်လိုသူရှိ/မရှိ
သတင်းစာတွင် ကြေငြာခြင်း။
သတင်းစာတွင်ထည့်ပြီး
စောင့်ကြည့်နေစဥ်အတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊
မြေပုံ/မြေရာဇဝင်‌ရေးသားခြင်းတို့ကို
ဆောင်ရွက်ရပါမည်။
ကန့်ကွက်သူ မပေါ်လာပါက
အပြီးသတ်ငွေချေ စာချုပ်ချုပ်ဆိုကာ
မြေလက်ရောက်လွှဲပြောင်းရယူခြင်း
ဝယ်ယူတဲ့မြေနဲ့သက်ဆိုင်တဲ့
ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း)အားလုံး၊
အခွန်ဆောင်ထားသော
မှတ်တမ်းမှတ်ရာများ၊
စာချုပ်စာတမ်းများ၊
ဂရန်မူရင်း (သို့မဟုတ်) ပုံစံ(၇)မူရင်း
အစရှိတဲ့ စာရွက်စာတမ်းတွေ
တစ်ခါတည်းအရ ယူထားရပါမယ်။

အထက်ပါအဆင့်ဆင့်တွေ
အားလုံးလုပ်ဆောင်ပြီးပါက
မှတ်ပုံတင်အရောင်းအဝယ်
စာချုပ် မိမိလက်ဝယ်ရရှိပါက
မိမိအမည်ပေါက် ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှုအဆင့်ဆင့်ကို
ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

Crd to Original Uploader

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများအလွယ်မှတ်နည်း💌ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ...
19/01/2024

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများအလွယ်မှတ်နည်း💌

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့

မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊

ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊

အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး
မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်
Credit # Author

မန္တလေးမြို့သည်ကန်ကိုးကန် ၊ ကုန်းကိုးကုန်း ၊ တောင်ကိုးလုံး ၀န်းရံထားသည်ဟု ဆိုပါသည်။ကန်ကိုးကန်မှာ ၁ ကြာနီကန် ၊ ၂ နန္ဒာကန်...
19/01/2024

မန္တလေးမြို့သည်
ကန်ကိုးကန် ၊ ကုန်းကိုးကုန်း ၊ တောင်ကိုးလုံး ၀န်းရံထားသည်ဟု ဆိုပါသည်။

ကန်ကိုးကန်မှာ ၁ ကြာနီကန် ၊ ၂ နန္ဒာကန် ၊ ၃ အောင်ပင်လယ်ကန် ၊ ၄ ဇောင်းကလောကန် ၊ ၅ မင်းကန် ၊
၆ သရက်ကန် ၊ ၇ မဲနယ်ကန် ၊ ၈ ခတက်ကန် ၊
၉ ဆင်ဖြူကန် တို့ဖြစ်သည်။

ကုန်းကိုးကုန်းမှာ ၁ သစ်ချိုကုန်း ၊ ၂ ကျီတော်ကုန်း ၊
၃ သဇင်ကုန်း ၊ ၄ သမန်းကုန်း ၊ ၅ ဥသျှစ်ကုန်း ၊
၆ ဝါခင်းကုန်း ၊ ၇ ကုလားပျိုကုန်း ၊ ၈ ပုဏ္ဏားကုန်း ၊
၉ ဗောဓိကုန်း တို့ဖြစ်သည်။

တောင်ကိုးလုံးမှာ ၁ ဆားခါးတောင် ၊ ၂ ငါးမင်းတောင် ၊
၃ ဂန္ဓမာတောင် ၊ ၄ ရွှေလောင်းတောင် ၊ ၅ သခင်မတောင် ၊ ၆ ကုလားမတောင် ၊ ၇ ရန်ကင်းတောင် ၊ ၈ ကြက်ညီနောင်တောင် ၊ ၉ မန္တလေးတောင် ဟု တံတိုင်းသဏ္ဌာန်
တောင်ကိုးလုံး ကာရံစေကာ မြို့နန်းပန္နက်တော်
ရိုက်ယူခဲ့သည်ဟု ဆိုပါသည်။

မိတ်ဆွေများ ဗဟုသုတပွားစေရန် မျှဝေပါသည်။

Credit: ကြာနီကန်ဆရာတော် ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ
ဦးကျော်ညွန့်

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင် “မြို့...
16/01/2024

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်

“မြို့သစ်စီမံကိန်းထဲပါမယ့် မြေနေရာတွေဆိုပြီး၊ လယ်ယာမြေတွေကို ကွန်ကရစ်လမ်းတွေခင်း၊ ခြံဝန်းတွေ ခတ်ပြီး ရောင်းနေတယ်ဆရာ၊ အဲဒါတရားဝင်ပါသလား။ ပြီးတော့ မကြာမီ ကာလက ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေကိုပြင်ဆင်သည့် ဥပဒေထွက် ထားတယ်လို့ ကြားတယ် ဆရာ၊ အဲဒီ မြေကွက်ကိုဝယ်ရင် အဆင်ပြေပါ့မ လားလို့ ဆရာ့ဆီလာပြီး တိုင်ပင်တာပါ”ဟု စာရေးသူထံ မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။

“ဟုတ်ပါတယ်။ လယ်ယာမြေတွေကို အခြားနည်း အသုံးပြုခွင့်မရသေးဘဲ အကွက်ရိုက်ပြီး ရောင်းချနေ တာတွေဖြစ်နေလို့ နိုင်ငံတော် အစိုးရအနေနဲ့ တင်းကြပ်တဲ့ သဘောဆောင်ရွက်ရတာ ဖြစ်ပါတယ်”

“အချို့က ပြောတော့ တရားဝင် အသုံးပြုခွင့်မရသေးဘဲ ရောင်းချမယ်၊ ဝယ်မယ်ဆိုရင် တရားစွဲပြီးအပြစ် ဒဏ်တောင် ကျနိုင်တယ်လို့လည်း ပြောကြတယ် ဟုတ်ပါသလား”

“အခု ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်မှာတော့ ပြစ်ဒဏ်ပိုင်းကို တင်း ကျပ်ထားတာတွေ့ရပါတယ်။ ဒါမှ လည်း ဥပဒေမဲ့ပြုမူနေတာတွေ ရပ်တန့်သွားမှာ ဖြစ်တယ်”

“ဥပဒေနဲ့အညီ ရောင်းချခွင့်ရှိ တဲ့ လယ်မြေဆိုတာက ဘယ်လိုမြေ အမျိုးအစားလဲ”

“နားလည်အောင်ရှင်းပြရမယ် ဆိုရင် ရောင်းချလွှဲပြောင်းတဲ့သူဟာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ - ၇ ရရှိထားဖို့လိုပါတယ်”

“ပုံစံ - ၁၀၅ ဆိုတာက ဘာကို ဆိုလိုတာလဲ”

“ပုံစံ - ၁၀၅ ဆိုတာက လယ်ယာမြေပိုင်ဆိုင်ခွင့်အာမခံချက် မဟုတ်ဘူး။ မြေကွက်တည်နေရာ ဖော်ပြချက် ညွှန်းပြမြေပုံဖြစ်တယ်။ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက ထုတ်ပေးတာဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ်အတွင်းသာ အကျုံးဝင် တဲ့ မြေပုံမြေရာဇဝင်ဖြစ်တယ်”

“ပုံစံ - ၇ ဆိုတာက ဘယ်လို အထောက်အထားစာရွက်ပါလဲ”

“ပုံစံ - ၇ ဆိုတာက လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ကိုဆိုလိုတာဖြစ်တယ်။ အဲဒီ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ - ၁၀၅ ဖြစ်တဲ့ မြေပုံမြေရာဇဝင်ပါရှိရပါတယ်”

“ပုံစံ - ၇ ရထားတဲ့သူက လယ်ယာမြေကို ရောင်းပိုင်ခွင့်ရှိတဲ့ သဘောပေါ့ ဟုတ်ပါသလား”

“လယ်ယာမြေ ဥပဒေပုဒ်မ - ၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ သည် လယ်ယာမြေအားလုံးကိုဖြစ် စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်း ကမ်းချက်များနှင့်အညီ ရောင်းချခွင့် ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင်တော့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူဟာ မိမိလယ်ယာမြေကို ခွဲစိတ်ရောင်းချခွင့်ရှိသွားပြီပေါ့”

“မှန်ပါတယ်၊ ဒါပေမယ့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ပေးကမ်းခြင်းပြု ပါက သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံ တင်ခတို့ကို ပေးဆောင်၍ သက်ဆိုင် မြေစာရင်း ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်လို့ လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ မှာ အတိအလင်း ပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် လယ်ယာ မြေလုပ်ပိုင်ခွင့်အပေါ် လွှဲပြောင်းဝယ် ယူရင် သက်ဆိုင်ရာ မြေစာရင်းဦးစီး ဌာနမှာ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုကြရမှာဖြစ်ပါတယ်။ ဒါမှ တရားဝင်လုပ် ပိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံလွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”

“ကျွန်တော်သိတာတော့ မှတ်ပုံ တင်ရောင်းဝယ်တာမျိုး မရှိကြဘဲ၊ အရပ်စာချုပ်နဲ့ ဝယ်ပြီး အကွက်ရိုက် ရောင်းချနေတာ ဆရာ”

“ပိုင်ရှင်အစစ်အမှန်ဆီက ဝယ်တာ မဟုတ်တဲ့အတွက် ထပ်ဆင့်ရောင်းချမှုကို ဝယ်ရင်ပိုင်ဆိုင်မှု အ ခက်အခဲရှိလာနိုင်ပါတယ်”

“အကွက်ရိုက်ခွဲစိတ်ထားတဲ့ မြေကွက်ကို မူလပုံစံ (၇) ရထားသူထံကနေ တိုက်ရိုက်ဝယ်ယူမှတ်ပုံတင်ပြု လုပ်ရင် မဖြစ်ဘူးလား ဆရာ”

“လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ (ဇ) မှာ လယ်ယာမြေကို မူလစိုက် ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြု ချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရလို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိတ်ဆွေပြောသလို ပုံစံ (၇) ရှိသူထံမှ လယ်ယာမြေကို ဝယ်ရင် သတ်မှတ်ထားတဲ့ သီးနှံအမျိုး အစားကို ဆက်လက်စိုက်ပျိုးလုပ်ကိုင် ရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှ အခြားနည်းအသုံးပြုခွင့်ကို လျှောက် ထား ရယူရမှာဖြစ်တယ်”

“အခြားနည်း အသုံးပြုခွင့်ဆိုတာက အိမ်ဆောက်ခွင့်လျှောက်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ -၃၀ မှာ အများပြည်သူ အကျိုးငှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိမိတစ်ဦးတည်းအတွက် မဟုတ်ဘဲ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ လယ်ယာမြေကို အခြားနည်း ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားရမှာ ဖြစ်တယ်”

ဆရာပြောတဲ့ ဥပဒေအရ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက်ရမှ အခြားနည်းအသုံးပြု ခွင့်ရှိမှာ ဖြစ်နေတာပေါ့။ ဒီလိုဆိုရင် အခုအကွက်ရိုက်ပြီးရောင်းချနေမှုတွေက သက်ဆိုင်ရာအစိုးရရဲ့ ခွင့်ပြု ချက်မရသေးဘဲ အခြားနည်းသုံးစွဲခွင့်ဆိုပြီး လူနေလို့ရတယ်ဆိုကာ ခွဲစိတ်ရောင်းနေတဲ့ သဘောဖြစ်နေပြီ”

“ဒါကြောင့်မို့လည်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်”

“ဟုတ်ကဲ့ ရှင်းပြပါဦး ဆရာ”

“လယ်ယာမြေဥပဒေပုဒ်မ -၁၂ (ဆ) မှာ လယ်ယာမြေကို ခွင့်ပြုမိန့် မရဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယင်း တားမြစ်ချက်ကို မလိုက်နာရင် ပုဒ်မ - ၁၉ အရ (က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ် ထိုက်သူများကို နှင်ထုတ်ခြင်း (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားသော အ ဆောက်အအုံများကို ဖယ်ရှားခြင်းကို သက်ဆိုင်ရာမှ တရားစွဲဆိုဆောင် ရွက်နိုင်ခွင့် ရှိပါတယ်”

“ဒါက ပုံစံ (၇) ရရှိပြီးသားသူက အခြားနည်းနှင့် လျှောက်ထားခြင်းမရှိဘဲ ဆောင်ရွက်တဲ့ ကိစ္စမဟုတ်လား”

“မှန်ပါတယ်။ အခုဖြစ်နေတဲ့ မိတ်ဆွေကြီးပြောသလို မှတ်ပုံတင်ပြုလုပ် ဝယ်ထားခြင်း မဟုတ်ပဲ ပုံစံ (၇) လက်ဝယ်မရှိသူက မြေကွက်ကိုအ ကွက်ရိုက်ရောင်းချတဲ့ကိစ်္စရပ်နဲ့ ပတ်သက်လို့က ပြင်ဆင်တဲ့ဥပဒေပုဒ်မ -၃၇ (က) မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ ငါးသိန်း ထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ပုံစံ (၇) မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို မဝယ်သင့်ပါ သူငယ်ချင်း”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။
Credit # # # #
ထီယု(ဥပဒေအတိုင်ပင်ခံ)
ကူးယူတင်ပြပါသည်။
(ဥပဒေရေးရာ)

မန္တလေးဆိုတာ မြန်မာနိုင်ငံရဲ့အလယ်ပိုင်းမှာတည်ရှိပြီး ကုန်သွယ်ရေးမြို့တော်ဖြစ်လည်းဖြစ် ပညာရေး၊ကျန်းမာရေးအတွက်ပြည်သူတွေအား...
15/01/2024

မန္တလေးဆိုတာ မြန်မာနိုင်ငံရဲ့အလယ်ပိုင်းမှာတည်ရှိပြီး ကုန်သွယ်ရေးမြို့တော်ဖြစ်လည်းဖြစ် ပညာရေး၊ကျန်းမာရေးအတွက်ပြည်သူတွေအားထားတဲ့
မြို့ကြီးဖြစ်တယ်။စီးပွားရေးကအရှိန်မပျက်တိုးတက်မြဲတိုးတက်ဆဲရှိနေတာဖြစ်တယ်။
အဒါကြောင့်မန်းလေးမြို့ရဲ့ပတ်ဝန်းကျင်မှာ
အိမ်ဝန်းတစ်ခုလောက်ဝယ်ထားရင်နောင်ရေးအတွက် စိတ်ချရပါမယ်။
မြေဝယ်မကျဆိုတဲ့စကားပုံအတိုင်းပဲချက်ချင်းမနေသေးလည်း အိုစာ မင်းစာအတွက်ထားလို့ရတယ်။
တလုံးတခဲထဲမဝယ်နိုက်ရင်လည်းအရစ်ကျတွေရှိတယ်။
လူနေစည်ကား မီးရ ရေရ ဝန်းကျင်းသန့်တွေမှာအရစ်ကျတွေရှိတယ်နော်။
၃နေရာစာကျန်သေးတယ်။
မနှောင်ခင် လက်တို့လိုက်ကြပါနော်။
၀၉၈၉၈၉၁၆၁၁၀

ပါမစ်  #အတု ရဲ့ အင်္ဂါရပ်လေးတွေဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။အခုလက်ရှိ ပါမစ်တွေကတော့ ဝယ်လိုက် အမြတ်နည်းနည်းရရင် ပြန်ရောင်း...
14/01/2024

ပါမစ် #အတု ရဲ့ အင်္ဂါရပ်လေးတွေ
ဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။

အခုလက်ရှိ ပါမစ်တွေကတော့ ဝယ်လိုက် အမြတ်နည်းနည်းရရင် ပြန်ရောင်းလိုက်နဲ့ သူ့ဘာသူတော့လည်ပတ်နေတာပါဘဲ။
အခြားမြေအမျိုးအစားတွေထက်လဲ အရောင်းသွက်တဲ့ မြေအမျိုးအစားတစ်ခုဖြစ်နေပါတယ်။
အဲ့တော့ အရောင်းသွက်တဲ့ မြေတစ်ခုဖြစ်တဲ့ပါမစ်မြေကို အဝယ်မမှားအောင် သိထားစေချင်ပါတယ်။

အတု ကိုအကြမ်းအားဖြင့် (၃) မျိုး ရှိပါမယ်။

နံပတ် (၁)အနေနဲ့ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း စာရွက်အတုရိုက်၊ တံဆိပ်အတုထု၊ လက်မှတ်အတုထိုး ထားတဲ့ ပါမစ်မျိုးဖြစ်ပါတယ်။

နံပတ်(၂)အနေနဲ့ကတော့ မြို့နယ်မြေနဲ့အခွန်ဌာနခွဲမှာ စာရင်းမဝင်သေးရင် ခေတ်အခေါ် အင်ထရီ မဝင်သေးရင် လက်ထဲမှာ ပါမစ္က (၂ )ခုရှိတတ်တယ်လို့ဆိုပါတယ်။ ဒီအခါမြာ တစ်စောင်က မသမာသူလက်ထဲရောက်သွားခဲ့ရင် နှစ်ခါရောင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်အင်ထရီ ဝင်/မဝင် အေသအခ်ာ စစ်ကြခြင်းဖြစ်ပါတယ်။

နံပတ်(၃)အမျိုးအစားကတော့ မိတ္တူကူး ၊ Scan ဖတ်ခြင်းပါ။ အိီလကထြရောနဈ စက်ပစွည်းတွေ
ခေတ်မှီတိုးတက်လာတဲ့အတွက် မူရင်းနဲ့မခြား မိတ္တူပွားတဲ့သဘောပါ။ ဒါပေမဲ့ထူးခြားတာက မူရင်းစာရွက်နဲ့ မတူတဲ့အချက်ပါ။ စာရွက်သားမတူသလို မင်ကျမင်န လည်းမတူပါဘူး။ ဒါပေမဲ့ အမွတ္တမဲ့ဆို မခွဲနိုင်ပါဘူး။

မကြာခဏလည်း ရောင်းမှားဝယ်မှား ဖြစ်ကြပါတယ်။ တစ်ခါတစ်လေလည်း မြေကွက်ရှင်တစ်ဦးဦးကို မိတ္တူပေးပြီး ရောင်းပေးဖို့အပ်ထားရာက
သူလည်းရောင်း၊ ကိုယ်လည်းရောင်း ဆုံတတ်လို့မိတ္တူနဲ့စပ်တဲ့သူကို အတုရောင်းတယ်လို့လည်း မှားတတ်ကြပါတယ်။

မှားတတ်တာတွေကတော့ အများကြီးရှိပါတယ်။
သို့သော် ယခုဖော်ပြသော အကြောင်းအရာ အပေါ်မှာ ရောင်းမှားဝယ်မှား မဖြစ်ကြစေရန်
သိထားစေလိုပါသည်။

Crd - OP
_______________________

Good Luck January again20*40 သိန်း၁၅၀တန် စရံလက်ခံရရှိအောင်မြင်ပါစေ။ဝယ်ချင် ရောင်းချင်ဆက်သွယ်ပါ။အရစ်ကျ ဝယ်ချင်လည်းရပါတယ်။...
13/01/2024

Good Luck January again
20*40 သိန်း၁၅၀တန် စရံလက်ခံရရှိ
အောင်မြင်ပါစေ။
ဝယ်ချင် ရောင်းချင်ဆက်သွယ်ပါ။
အရစ်ကျ ဝယ်ချင်လည်းရပါတယ်။
အိမ်းငှားခလောက်သာလစဉ်ပေးရသော အရစ်ကျအိမ်ဝန်းများရှိပါသည်။
၀၉၈၉၈၉၁၆၁၁၀

ရောင်းမည်။မန်းလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊အင်ဒိုင်းကျေးရွာ ရှိ အခြားနည်းသုံးစွဲခွင့်ရပြီးသောမြေ ၁.၈ဧကရောင်းပါမည်။...
12/01/2024

ရောင်းမည်။

မန်းလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊အင်ဒိုင်းကျေးရွာ ရှိ အခြားနည်းသုံးစွဲခွင့်ရပြီးသော
မြေ ၁.၈ဧကရောင်းပါမည်။
စက်မှုလုပ်ငန်း၊ပုဂ္ဂလိကလုပ်ငန်း၊ဆေးရုံ၊ကျောင်းတည်ဆောက်ရန်နေရာကောင်းဖြစ်သည်။
စိတါဝင်စားပါကHello 09898916110

Address

Mandalay

Alerts

Be the first to know and let us send you an email when မန်းရတနာ အိမ်ခြံမြေရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category