Ko Htoo Painting Groups

Ko Htoo Painting Groups Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Htoo Painting Groups, Real Estate, Mandalay.

မိုးထဲရေထဲ ဤခရီးနီးပါပြီပတ္တီးစုံ ကော်ပတ်ပြီး💪💪လူမရလည်းဖြစ်တယ်လူတစ်ချို့က   အခိုက်တန့်ဘဲစေတနာလူတိုင်းနဲ့မတန်ဒုက္ခရောက်တဲ...
27/08/2024

မိုးထဲရေထဲ ဤခရီးနီးပါပြီ
ပတ္တီးစုံ ကော်ပတ်ပြီး💪💪လူမရလည်းဖြစ်တယ်
လူတစ်ချို့က အခိုက်တန့်ဘဲ
စေတနာလူတိုင်းနဲ့မတန်
ဒုက္ခရောက်တဲ့ချိန်သာခနသာနားခိုချင်ကြတယ်
အလိမ်ညာနဲ့လူတွေကအများသား

TOA  လိုက်ကာလေးနဲ့ပြီးစီးခဲ့😊😊
09/08/2024

TOA လိုက်ကာလေးနဲ့ပြီးစီးခဲ့😊😊

ဒီအမိုးနဲ့   ဒီမိုး အတွင်းပိုင်းလေးတွေပတ္တီးစဝင်
08/08/2024

ဒီအမိုးနဲ့ ဒီမိုး အတွင်းပိုင်းလေးတွေပတ္တီးစဝင်

ပြီးစီးသွားခဲ့ဒါလေး
08/08/2024

ပြီးစီးသွားခဲ့ဒါလေး

အိမ်သုတ်ဆေးရေအိတ်ဖြစ်ပေါ်ခြင်း_ပူဖောင်းထဖြစ်ပေါ်ခြင်းရဲ့ပြဿနာ –--–------------------------------------------------------...
08/08/2024

အိမ်သုတ်ဆေးရေအိတ်ဖြစ်ပေါ်ခြင်း_ပူဖောင်းထဖြစ်ပေါ်ခြင်းရဲ့ပြဿနာ
–--–---------------------------------------------------------

ဆေးအသစ်ပြန်သုတ်ထားတာ မကြာသေးဘူး ဆေးတွေကလေစိတွေထပြီး ကြည့်ရဆိုးပြီးပျက်စီးနေတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်။

နံရံမျက်နှာပြင်ခြောက်သွေ့မှုလုံလောက်စွာမရရှိခြင်း
--------------------------------------------

အခုလိုမိုးရာသီဆိုရင် အိမ်ဆေးသုတ်ရတာ မလွယ်ပါဘူး
နေရောင်ခြည်ထိသွေ့မှု အပြည့်မရတဲ့အတွက် ဆေးသုတ်မယ့် နံရံမျက်နှာပြင်မှာ ရေငွေ့တွေ အမြဲရှိတတ်ပါတယ် သုတ်ထားတဲ့ ဆေးသားတွေဟာ အပြင်ရေငွေ့ အတွင်းရေငွေ့ရဲ့ တွန်းကန်အားကြောင့် ဆေးပူဖောင်းထခြင်း ဖြစ်တတ်ပါတယ်။

ဆေးသုတ်လုပ်ငန်းမှာပါဝင်မယ့်အဆင့်ဆင့်ကိုအချိန်ကန့်သတ်ပေးရမယ်။

ခံဆေး သုတ်ပြီး ခြောက်သွေ့မယ့် အချိန်လုံလောက်ရမယ်

ပတ်တီးသား ဖြည့်တင်းပြီး ခြောက်သွေ့မယ့်အချိန် လုံလောက်ရမယ်

အပေါ်ဆေးသားလှိမ့်ပြီးတဲ့အခါ ခြောက်သွေ့မှု အချိန်လုံလောက်မှ နောက်ထပ်သုတ်မယ့် ဆေးအထပ်တိုင်းကို သုတ်ပေးရပါမယ်၊

ဆေးတစ်ထပ်နဲ့ တစ်ထပ် စပ်ကြားမှာ ဆေးသားခြောက်သွေ့ချိန်လုံလောက်မှုရှိရပါမယ်။
လုံလောက်တဲ့ ခြောက်သွေ့မှုမရရင်တော့ ဆေးပူဖောင်းဖြစ်ပေါ်နိုင်ပါတယ်။

သန့်ရှင်းမှုလိုအပ်မှုရှိခြင်း
---------------------

ဆေးသုတ်မယ့် နံရံမျက်နှာပြင်မှာ ဖုန်မှုန့်၊ဆီကွက် အမှုန်အမွှားတွေဟာ ဆေးသား အရည်သွေးကိုထိခိုက်စေတတ်ပါတယ်

ဆီကွက်တွေ ဖုန်မှုန့်တွေက ဆေးသား ခံဆေး တွေကို စွဲကပ်အား ကုတ်အားမကောင်းမကောင်းစေပါဘူး အဲ့အတွက် ဆေးပူဖောင်းထနိုင်ပါတယ်။

ခံဆေးဆီလာအသုံးပြုခြင်း
------------------------

ပတ်တီးသားပေါ်မှာ ဆီလာ ခံဆေးအသုံးပြုတဲ့အခါ သတိထားရပါမယ်။ တချို့ပြောကြပါတယ်။ဆီလာ ခံဆေးသုတ်ထားတာပဲ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ 👇👇

ဆီလာခံဆေး မသုတ်ခင် ပတ်တီးသားကို ကော်ပတ်စားရပါတယ် ။ စားထားတဲ့ကော်ပတ်အမှုန်တွေကို သန့်ရှင်းရေးပြန်လုပ်ပေးဖို့လို့အပ်ပါတယ်။ ကော်ပတ်တိုက်ပြီးတာနဲ့ နံရံကို ကော်ပတ်အမှုန်တွေ ခါထုတ်ပေးရမယ်။ ကော်ပတ်အမှုန်တွေ ကြမ်းခင်းမှာပြန့်ကြဲနေတာတွေကိုလည်း သန့်ရှင်းရေးပြုလုပ်ပေးရမယ်။ ပြီးမှ ဆီလာခံဆေးကို အသုံးပြုရမယ် ။

ဆီလာခံဆေးသုတ်ထားတဲ့ နံရံကို ကော်ပတ်ပြန်မတိုက်ရပါဘူး။ ဆီလာဆေးသားတွေ ပေါက်ပြဲတတ်ပါတယ် ။

ဆီလာခံဆေးက ရေရောတဲ့ အခါမှာလည်း ထည့်သင့်တဲ့ ရေ(%)လောက်ပဲ ထည်ပြီး အသုံးပြုရပါမယ်။

ပတ်တီးသားပေါ် ဆီလာခံဆေးလှိမ့်တဲ့အခါမှာလည်း သေချာလေးသုတ်ပေးပါ။

ဆီလာဆေးသား သုတ်တဲ့အခါဆီလာဆေးသား လွတ်ခဲ့ကျန်ခဲ့တဲ့နေရာတွေရှိရင် အဲ့နေရာမှာ ဆေးသုတ်တဲ့အခါ စွဲကပ်အားမကောင်းစေပါဘူး။ ဆေးသုတ်ပြုလုပ်ပုံ သေချာမှုမရှိတဲ့ နေရာကနေစပြီး ရေပူဖောင်း သို့မဟုတ် လေပူဖောင်းထနိုင်ပါတယ်။

အိမ်သုတ်ဆေးရဲ့အမျိုးစားကွဲလွဲမှု
-------------------------------

ရေပူဖောင်း လေပူဖောင်းဖြစ်ပေါ်စေတဲ့ အိမ်သုတ်ဆေးအများစုဟာ ဆေးအမျိုးစားအကောင်းတွေမှာ တွေ့ရတာ ဖြစ်တတ်တာများပါတယ်။

အဓိကအဖြစ်များတာကတော့ UPG PREMIER ဆေးအမျိုးစားပါပဲ။ UPG PREMIER ဆေးကမကောင်းဘူး ပြောတာမဟုတ်ဘူးနော် တော်တော်ကောင်းပါတယ်။
UPG PREMIER ဆေးအမျိုးစားက ဆေးသားခြောက်သွားရင် ဆီကွန်(silicone)သား သို့မဟုတ် ပလတ်စတစ် ( plastic )ဆေးသားဖြစ်သွားတယ်။
ဒါကြောင့်ဆေးသုတ်တဲ့ သူ ပေါ့ပါ့တန်တန်အသုံးပြုရင် ဆေးသားရေအိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။

UPG Premier ဆေးအသုံးပြုတဲ့အခါ အပြင်ဆေးဖြစ်ဖြစ် ၊အတွင်းဆေး ဖြစ်ဖြစ် နံရံမျက်နှာပြင်မှာဆေးသုတ်လို့ စင်တဲ့ဆေးစက်တွေ ဆေးအသီးတွေကို ခြောက်သွေ့သွားရင် မဖဲ့ချပါနဲ့။
"ဖဲ့ချ"လိုက်လို ဆေးသားပေါက်သွားရင် အခြားအိမ်သုတ်ဆေးတွေနဲ့ မတူပါဘူး ။ ဆေးသားဟသွားပြီးလေခိုခြင်း ရေအိတ်ဖြစ်ပြီးဆေးပူဖောင်းဖြစ်ပေါ်နိုင်ပါတယ်။

Address

Mandalay

Telephone

+959775877172

Website

Alerts

Be the first to know and let us send you an email when Ko Htoo Painting Groups posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Htoo Painting Groups:

Share

Category