20/08/2026
ကိုယ့်လုပ်ငန်းရဲ့ Sales မစခင် သိထားသင့်တာတွေကို တစ်ဆင့်ချင်း လေ့လာကြမယ်…
အရောင်းပညာကို သင်ယူမယ်ဆိုရင် စာတွေ့အကြောင်းအရာတွေထက် လက်တွေ့အရောင်းနယ်ပယ်မှာ ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးသူတွေဆီက အတွေ့အကြုံတွေ၊ အခက်အခဲတွေကို ဖြေရှင်းခဲ့တဲ့ နည်းလမ်းတွေနဲ့ လက်တွေ့အသုံးချပုံတွေကို လေ့လာရတာက ပိုပြီးထိရောက်စေနိုင်ပါတယ်။
ဒါကြောင့် Cherry Myanmar ရဲ့ “BEFORE YOU START SELLING” Free Seminar မှာဆိုရင် စီးပွားရေးတစ်ခု မစတင်ခင် သိထားသင့်တဲ့ Sales & Customer Essentials တွေကို လက်တွေ့အတွေ့အကြုံတွေနဲ့ ချိတ်ဆက်ပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဒါဆို ဒီ Seminar ကနေ ဘာတွေသင်ယူရမလဲ?
🔹MODULE 01 | Business Mindset
Sales စလုပ်မယ့်သူတိုင်းအတွက် အရေးကြီးတဲ့ Business & Sales Mindset ကို ဘယ်လိုတည်ဆောက်မလဲ?
🔹MODULE 02 | Know Your Customer
Customer ရဲ့ လိုအပ်ချက်၊ ပြဿနာနဲ့ ဝယ်ယူချင်စိတ် ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတွေကို ဘယ်လိုနားလည်အောင်လုပ်မလဲ?
🔹MODULE 03 | Sell Your Value
ကိုယ့် Product ရဲ့ Features တွေကို ပြောပြရုံမဟုတ်ဘဲ Customer အတွက် တကယ်အသုံးဝင်တဲ့ Value ကို ဘယ်လိုဖော်ပြမလဲ?
🔹MODULE 04 | Master the Sales Conversation
Customer နဲ့ စကားစပြောတဲ့အချိန်ကစပြီး သူတို့လိုအပ်ချက်ကို သိရှိအောင် မေးမြန်းပြီး Sales Conversation ကို ထိထိရောက်ရောက် ဦးဆောင်နိုင်အောင် ဘယ်လိုပြောဆိုမလဲ?
🔹MODULE 05 | Overcoming Objections
“ဈေးကြီးတယ်”၊ “မလိုသေးဘူး”၊ “စဉ်းစားဦးမယ်” ဆိုပြီး ငြင်းဆိုတဲ့အခါ Customer ကို ဖိအားမပေးဘဲ ဘယ်လိုကိုင်တွယ်မလဲ?
🔹MODULE 06 | After the Sale
အရောင်းပိတ်သွားတဲ့နောက် Customer နဲ့ ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းပြီး နောက်ထပ်အခွင့်အရေးတွေ ဖန်တီးမလဲ?
ဒါ့အပြင် Seminar ပြီးတဲ့အခါမှာလည်း Sales စလုပ်ရင် ဘယ်ကနေစရမလဲ၊ ဘာတွေကို အရင်ပြင်ဆင်ထားသင့်လဲဆိုတာ ပိုမိုရှင်းလင်းလာပြီး ကိုယ့်လုပ်ငန်းရဲ့ အရောင်းပိုင်းမှာ လက်တွေ့ ပြန်လည်အသုံးချနိုင်မယ့် အခြေခံကောင်းတစ်ခု ရရှိမှာ ဖြစ်ပါတယ်။
အရောင်းပိုင်းမှာ လိုအပ်တဲ့ အသိပညာတွေကို လေ့လာနိုင်ဖို့ အခုပဲ Seminar ကို Register လုပ်ထားလိုက်တော့နော်။
“BEFORE YOU START SELLING” Free Seminar Info
📅 Date - 23rd August 2026 (Sunday)
🕙 Time - 10:00 AM to 12:00 PM
📍 Platform - Zoom
Free Seminar ကို တက်ရောက်ချင်သူများ စာရင်းပေးရန် 👇
https://shorturl.at/ADkZv