ပတ္တမြားနန်းတော် အိမ်ခြံမြေ အငှားသီးသန့်-မန္တလေးမြို့

  • Home
  • Myanmar
  • Mandalay
  • ပတ္တမြားနန်းတော် အိမ်ခြံမြေ အငှားသီးသန့်-မန္တလေးမြို့

ပတ္တမြားနန်းတော် အိမ်ခြံမြေ အငှားသီးသန့်-မန္တလေးမြို့ Real Estate Services-Mandalay

ဘဏ်ချိတ်ဝယ်မည်ဆိုရင်အမေးများသော မေးခွန်းများအား မျှဝေတာပါ🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆ...
03/05/2024

ဘဏ်ချိတ်ဝယ်မည်ဆိုရင်အမေးများသော မေးခွန်းများအား မျှဝေတာပါ

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

လေးစားစွာဖြင့်
Credit to original uploader

စာချုပ်ချုပ်မည်ဆိုလျှင် လက်ရောက်ပေးအပ်ပါသည် ဆိုသည့်ကိစ္စ—————————————————-ငှားရမ်းသည် ဖြစ်စေ၊ ပေါင်နှံသည် ဖြစ်စေ ၊ ပေးကမ...
22/04/2024

စာချုပ်ချုပ်မည်ဆိုလျှင် လက်ရောက်ပေးအပ်ပါသည် ဆိုသည့်ကိစ္စ
—————————————————-
ငှားရမ်းသည် ဖြစ်စေ၊ ပေါင်နှံသည် ဖြစ်စေ ၊ ပေးကမ်းသည် ဖြစ်စေ ၊ ရောင်းသည်ဖြစ်စေ ၊ လက်ရောက်ပေး အပ်မှုသည် ပါဝင်လာစမြဲ ဖြစ်သည်။ ဥပမာ - အရောင်းအဝယ်ပြုသည်ဆိုပါက ဝယ်သူက ငွေကို ပေးချေပြီး ရောင်းသူက ပစ္စည်းကို ပေးအပ်မည် ဖြစ်သည်။

လက်ရောက်ပေးအပ်မှုနှင့် စပ်လျဉ်း၍ ယခု တင်ပြမည့် အကြောင်း အရာသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်း အတွက်ဖြစ်ပါမူ ပြဿနာ ပေါ်ပေါက်စရာမရှိဟု ဆိုရပါမည်။ သို့သော် မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွင်မူ ပြဿနာရှိနိုင်သည် ဖြစ်သောကြောင့် လက်ရောက်ပေးအပ်မှုကိစ္စနှင့် ပတ်သက်၍ စာချုပ်များ ချုပ်ဆိုကြမည် ဆိုပါက သတိမူနိုင်ရန် အချက်တစ်ရပ်အနေဖြင့် တင်ပြလိုပါသည်။

စာချုပ်ချုပ်ရာတွင် စာတစ်လုံး၏ တန်ဖိုး မည်မျှ ခရီးပေါက်သည်၊ မည်မျှ အရေးပါသည်ဆိုသည့် အချက်ကိုပါ တစ်ပါတည်း ဆင်ခြင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

အိမ်နှင့်မြေ အရောင်းအဝယ်ပြုလုပ်သည့် ကိစ္စတစ်ရပ်ကို နမူနာပေးတင်ပြပါမည်။ ထုံးစံအတိုင်း စရန်ငွေပေး သော သဘောတူစာချုပ်တစ်ခု ပြုလုပ်ကြပါသည်။ ငွေအပြီးပေးချေသောနေ့တွင် အပိုင်ရောင်းသူက အပိုင် ရောင်း သော အိမ်နှင့်မြေကို အပြီးလက်ရောက်ပေးအပ်ပါမည်ဟူသော သဘောတူညီချက်တစ်ရပ်ကိုလည်း စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုကြရပါသည်။

စာချုပ်ပါ သဘောတူမှုအတိုင်း အပိုင်ဝယ်ယူသူက ငွေများ အရစ်ကျပေးသွင်းလာခဲ့ရာမှ နောက်ဆုံး ကျန်ရှိ သော ရောင်းဖိုးငွေကို အပြီးအကျေ အပိုင်ရောင်းသူသို့ ပေးချေလာပါသည်။ အပိုင်ရောင်းသူကလည်း မူလ ချုပ်ဆိုခဲ့ကြသည့် သဘောတူကတိစာချုပ်တွင် ဖော်ပြပါရှိထားသည့်အတိုင်း ငွေအပြေအကျေ ပေးချေသောနေ့ တွင် အိမ်နှင့်မြေကို အပိုင် ဝယ်ယူလက်ဝယ်သို့ အပြီး လက်ရောက်ပြန်လည်း ပေးအပ်ပါသည်။

အပိုင်ဝယ်ယူသူသည် လက်ရောက်ပေးအပ်ခံရသော အိမ်နှင့်မြေရှိရာသို့ သွားရောက်သောအခါ နေအိမ်တွင် လူအချို့ နေထိုင်လျက်ရှိနေသည်ကို တွေ့ရပါသည်။

ဤတွင် အပိုင်ရောင်းသူနှင့် အပိုင်ဝယ်ယူတို့ ပြဿနာတက်ပါတော့ သည်။ အပိုင်ဝယ်ယူသူက အိမ်နှင့်မြေကို ၎င်းအား လက်ရောက်ပေးအပ်ခဲ့ခြင်းမရှိဟု အပိုင်ရောင်းသူအား စွပ်စွဲပါသည်။ အပိုင်ရောင်းသူကလည်း အိမ်နှင့်မြေကို အပိုင် ဝယ်ယူသူသို့ လက်ရောက်လွှဲပြောင်းပေးအပ်ပြီး ဖြစ်သည်။ ထိုသို့ လက်ရောက်လွှဲပြောင်း ပေးအပ်ခဲ့သည့် အချိန်မှအစပြု၍ ယခုအချိန်အထိ အိမ်နှင့် မြေသည် အပိုင်ဝယ်ယူသူ၏ လက်ဝယ်တွင် ရှိနေပြီ ဟုဆိုသည်။

အပိုင်ရောင်းသူ၏ ထုချေချက်ဆိုလိုရင်းမှာ ၎င်းအနေနှင့် ရောင်းသော အိမ်နှင့်မြေမှ ဖယ်ရှားထွက်ခွာ ပေးခဲ့ပြီးဖြစ်ကြောင်း ၊ ထို့နောက် အပိုင်ဝယ်ယူသူသို့ အိမ်နှင့်မြေကို လက်ရောက်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ အိမ် နှင့်မြေတွင် လူအချို့ ကျန်ရှိခြင်းမှာ ၎င်းနှင့်မသက်ဆိုင်ကြောင်း၊ ၎င်းအနေနှင့် စာချုပ်တင် သဘောတူထား သည့်အတိုင်း လက်ရောက်ပေးအပ်ပြီးဖြစ်ကြောင်း ထုချေခြင်း ဖြစ်သည်။

နေထိုင်သူများ၏ ပြောပြချက်အရ ၎င်းတို့သည် -- - - - - - - - - - အိမ်ငှားဖြစ်ကြောင်း သိရပါသည်။

ဖော်ပြပါပြဿနာကို ပြန်လည်စမ်းစစ်ရာတွင် စာချုပ်ချုပ်စဉ်က ( ငွေကို အပြီးပေးချေချိန်တွင် အိမ်နှင့် မြေ ကို အပိုင်ဝယ်ယူသူသို့ အပြီး လက်ရောက်လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည် ) ဟူသော နေရာတွင် ( ငွေကို အပြီးပေးချေ ချိန်တွင် အိမ်နှင့်မြေကို နေထိုင်သူမရှိ ၊ အပိုင်ဝယ်ယူသူသို့ အပြီး လက်ရောက်လွှဲပြောင်း ပေး အပ်ရမည် ဖြစ်သည် ) ဟူ၍ မဖော်ပြ မချုပ်ဆိုမိခဲ့၍ အထက်ပါ အတိုင်း ပြဿနာဖြစ်ရခြင်း ဖြစ်သည်ဟူ၍ ဆိုရ မည်ဖြစ်ပေသည်။

(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၈၇ ) ။

Credit-ဥပဒေရေးရာ

 #ပိုင်ရှင်နဲ့ဆက်စပ်မှုမရှိတော့တဲ့စာချုပ်မေး ။ ။ကျွန်မ အကျိုးဆောင် လုပ်ခဲ့တဲ့အထဲမှာ အရပ်စာချုပ်နဲ. ဝယ်ထားကြပြီး ပိုင်ရှင...
22/04/2024

#ပိုင်ရှင်နဲ့ဆက်စပ်မှုမရှိတော့တဲ့စာချုပ်

မေး ။ ။ကျွန်မ အကျိုးဆောင် လုပ်ခဲ့တဲ့အထဲမှာ အရပ်စာချုပ်နဲ. ဝယ်ထားကြပြီး ပိုင်ရှင်နဲ. ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်တွေကိုသာကိုင်ထားကြသူတွေ တွေ.နေရပါတယ် ။ ဘယ်လို ဆက်လက် ဆောင်ရွက်ကြရမယ် ဆိုတာ သေချာမသိလို. ဖြေပေးပါအုံး ဆရာ ။

ကျွန်မ သော်တာစံပါ

ဖြေ ။ ။မသော်တာစံ မေးတာလည်း သိသင့်တဲ့ ကိစ္စပါပဲ ။ ရှေ.နေတစ်ဦးဦးဌားလိုက်ရင်တော့ ပြီးတဲ့ကိစ္စမျိုးပါ။

အကုန်အကျသက်သာရလေအောင် ပွဲစားကိုမေး ၊ ပွဲစားကတစ်ဆင့် ဆရာကိုမေးတော့လည်း အဖြေတစ်ခုခုတော့ ရမှာပေါ။

ဒါပေမဲ့ ဆရာက ဥပဒေပညာရှင် မဟုတ်လေတော့ ဆောင်ပါးတွေထဲကလို စပ်ဆေး နဲ. တွေ.နေမှာ စိုးလို. ဆရာရဲ. အဖြေကိုလည်း ရှေ.နေရှေ.ရပ်တွေနဲ. တိုင်ပင်ပြီးမှ လုပ်ကြပါလို.တော့ ကြိုကာထားချင်ပါတယ်။

ဆရာ သိသလောက် ဖြေပေးရမယ် ဆိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်မှာ မြေတွေက ဈေးသက်သာသေးတာမို. ဂရုစိုက်မလုပ်ခဲ့ကြဘူး ထင်ပါတယ်။ ခုလို မေးခွန်းမျိုး မကြာခဏ မေးခံရလို.ပါ။

အဆက်အသွယ်တွေ ပြတ်နေတာချင်း တူပေမဲ့ ကိုယ်ဝယ်ခဲ့တဲ့ မူလ မြေအမျိုးအစားက လိုပါသေးတယ်။ ကိုဝယ်ခဲ့တဲ့ မူလ မြေတွေက ဘိုးဘွားပိုင် ဖြစ်မယ်၊ ဂရန် ရှိပြီး ဖြစ်မယ်၊ စကွာတာ ဖြစ်မယ်၊ လ/န ၃၉ ရပြီး
မြေနဲ. ၃ (B) ကင်းလွတ်ပြီးသားမြေတွေ ဆိုရင်တော့ လုပ်ရတာ အဆင်ပြေမယ်။

ပထမ အဆင့်ကတော့ ကိုယ်ဝယ်ထားတဲ့ မြေရဲ.အမည်ပေါက် ပုဂ္ဂိုလ်ကိုသာ နို.တစ်စာ ထုတ်လိုက်ပါ။ အဆက်အစပ်တွေကလည်း အဆင့်ဆင့်မို. ဘယ်သူမှ လာမှာတော့ မဟုတ်ပါဘူး။ မလာတော့မှ သက်ဆိုင်ရာ
မြို.နယ်တရားရုံးမှာ “အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင်ပေးစေလိုမှု” နဲ. တရားမကြောင်းကနေ တရားစွဲပေါ့။ (ဒါတွေ ရှေ.နေကြီးတွေ ကျွမ်းကျင်ကြပါတယ်) အနိုင်ဒီကရီကလည်း ရဖို. ရာနှုန်းများပါတယ်။ နိုင်တဲ့အခါကျမှ ဘီးလစ်ကတစ်ဆင့် မြေပုံရာဇဝင် ကူးနိုင်ပြီလေ။

အဲဒီ အနိုင်ဒီကရီရယ်၊ မြေပုံ မြေရာဇဝင်ရယ်၊ ရာဖြတ်က ဆုံးဖြတ်ပေးတဲ့ တန်းဖိုးအပါ တံဆိပ်ခေါင်းကပ်၊ အခွန်ဌာနက အခွန်ဆောင်ရမှာတွေကို ဆောင်ပြီးရင် မှတ်ပုံတင်စာချုပ် ချုပ်လို. ရသွားပြီးမို. လမ်းချောကို
ရောက်သွားပါပြီး။ အဲဒီလမ်းအတိုင်း မသွားဘဲ ထုံးမန်း မန်းသလို “ဖြတ်လမ်း” တွေထပ်လိုက်မယ် ဆိုရင် အဲဒါမှ “စပ်ဆေး” နဲ. သေချာတွေ.တော့မှာ။ ဒီမြေအမျိုးအစားတွေမှာ အခုလိုလမ်းမျိုး လေ ျှာက်လို.မရဘူး ဆိုတာ မှတ်ထားပြီး ရှင်းပြလိုက်ပါတော့ လို. ဖြေလိုက်ပါတယ်။

ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်)

🏠 ပတ္တမြားနန်းတော်အိမ်ခြံမြေ
တတ -၄၉/၈ ( ၅၈ လမ်း ) ၊
( ၁၂၅ × ၁၂၆ ) ကြား ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကိုမိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ချင်သော်လည်း အမည်ပေါက်ပိုင်ရှင် မရှိတော့...
22/04/2024

ဂရန် သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တစ်ခုကို
မိမိ နာမည်ဂရန်အမည်ပေါက်ဖြစ်အောင်
ဆောင်ရွက်ချင်သော်လည်း
အမည်ပေါက်ပိုင်ရှင် မရှိတော့ရင် ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ.--------/

နစ်(၃၀) ဂရန်မြေကွက် တစ်ကွက် ဝယ်ထားတာ
(၁၀) နစ်ကျော်ပါပြီ./အခုချိန်မှာ ဂရန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ မူရင်းအမည်ပေါက်ကနေ မိမိအမည်ပေါက်ဖြစ်အောင် ပြောင်းလိုပါတယ်./မူရင်းအမည်ပေါက်တဲ့သူ အိမ်ပြောင်းသွားတဲ့အတွက်ရှာရခက်နေပါတယ်./အကယ်၍ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ်ဝယ်ယူထားတဲ့စာချုပ်က သာမာန်အရပ်စာချုပ်နဲ့ဝယ်ထားတာလား./မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတာလားဆိုတာ ကြည့်ရပါမယ်.

မှတ်ပုံတင်စာချုပ်နဲ့ဝယ်ထားတယ်ဆိုရင်တော့ အမည်ပေါက်ပိုင်ရှင် မလိုတော့ပါဘူး. မှတ်ပုံတင်စာချုပ်နဲ့တွဲပြီးတော့ သက်ဆိုင်ရာသို့ မိမိ မှတ်ပုံတင်စာချုပ့်ဖြင့်ဝယ်ထားကြောင်းတင်ပြ၍ ဂရန်သက်တမ်းတိုးပေးရန်နှင့် အမည်ပြောင်းလဲပေးရန် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.

သက်ဆိုင်ရာမှ ဂရန်သက်တမ်းပြတ်တောက် ကာလ များအတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စေ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဂရန်သက်တမ်းတိုးပေးကာ အမည်ပေါက်ပြောင်းလဲပေးမှာဖြစ်ပါတယ်.

အရပ်စာချုပ်နဲ့ဝယ်ထားတာဆိုရင်တော့

အရပ်စာချုပ်သည် မရွှေ့မပြောင်းနိုင်သောပစွည်းနှင့်ပတ်သတ်ရင် သက်ဆိုင်ရာတရားရုံးများမှာသက်သေခံတင်သွင်းလို့မရပါဘူး.
ဂရန်သက်တမ်းကုန်ဆုံးနေတဲ့ ဂရန်တွေအတွက်တော့
ဂရန်လုပ်ထုံးလုပ်နည်းများအရ သက်ဆိုင်ရာဂရန်သက်တမ်းမကုန်ဆုံးမီ (၃) လကြိုတင်၍ ဂရန်သက်တမ်းတိုး လျှောက်ထားခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများအရ ဂရန် ပျက် သွားပြီဟု ယူဆရပါမယ်.

ထို့ကြောင့် အဆိုပါမြေသည် နိုင်ငံတော်မှ စီမံခန့်ခွဲပြီး ပြန်လည်ချထားပေးနိုင်သောမြေအဖြစ်သို့ အလိုလို ပြန်လည်ရောက်ရှိသွားပါတယ်.

ဒါကြောင့်အဆိုပါ မြေသည် ဂရန်ရမြေ မဟုတ်တော့ပါဘူးအရင်က ဂရန်ရထားပြီးသား
မြေဟုသာသတ်မှတ်ပါတယ်..

အဲ့တော့ သူသည် အရပ်စာချုပ်နဲ့ ဒီမြေပေါ်မှာ လက်ရှိထား ရယူသုံးစွဲကြောင်း အထောက်အထားတင်ပြ၍ သက်ဆိုင်ရာသို့ဂရန်အသစ်တစ်ခု ထုတ်ပေးရန်လျှောက်ထားရမှာဖြစ်ပါတယ်
DVBlawlab ကူးယူဖော်ပြပါသည်။
crd_to_owner

 #သက်တမ်းကုန်ဆုံးနေတဲ့ မိဘ(ကွယ်လွန်) အမည်ပေါက် မြေ ငှားဂရန်အားသားသမီးများအနေဖြင့်သက်တမ်းတိုး၍ အမည် ပြောင်းရမည့်ကိစ္စ။===...
22/04/2024

#သက်တမ်းကုန်ဆုံးနေတဲ့ မိဘ(ကွယ်လွန်) အမည်ပေါက် မြေ ငှားဂရန်အားသားသမီးများအနေဖြင့်သက်တမ်းတိုး၍ အမည် ပြောင်းရမည့်ကိစ္စ။
=========================================

ကွယ်လွန်သွားသည်ဖြစ်သည့် မိဘအမည်ပေါက် ဂရန်မြေကွက်ဟာ သက်တမ်းကုန်ဆုံးသွားပြီးဖြစ်လို့ သားသမီးများအနေဖြင့် မိဘသေဆုံးကြောင်းထောက်ခံစာများနှင့်အတူ အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်လုပ်ဖို့ ပိုင်ဆိုင်မြေပုံအရင်ကူးယူရပါတယ်။

အမွေဆက်ခံပိုင်ဆိုင်ကြေညာစာချုပ်ပြုလုပ်ပြီးနောက်-ဌာန၏ သတ်မှတ်ပုံစံနှင့်အတူ ‌အောက်‌ဖော်ပြပါ အ‌ထောက်အထား မူ ရင်းများနှင့် မိတ္တူကိုပါ တင်ပြ‌လျှောက်ထားရမည်-

(က) သက်တမ်းကုန်ဆုံး‌နေသည့် ‌မြေငှားစာချုပ်(ဂရန်)မူရင်း၊ မှတ်ပုံတင်ထား‌သော အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်စာ တမ်းများ၊

(ခ) လျှောက်ထားသူ၏နိုင်ငံသားစိစစ်‌ရေးကတ်ပြား၊

(ဂ) ‌မြေငှားခ‌ကြွေးကျန် ကင်းရှင်း‌ကြောင်း ‌ထောက်ခံချက် သို့ မဟုတ် ‌မြေငှားခ‌နောက်ဆုံး ‌ပေး‌ဆောင်ပြီး‌ကြောင်း‌ပြေစာ။

အထက်ဖော်ပြပါစာရွက်များနှင့်အတူ တင်ပြပြီးနောက်-

(ဃ) ကန့်ကွက်ရန်‌ကြော်ငြာစာကို ‌ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူးရုံးသို့ (၁)‌စောင်စီကို ‌လျှောက်ထားသူမှ‌ပေးပို့နိုင်‌ရေးထုတ်‌ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူးရုံးတို့မှ လက်ခံရရှိ‌ကြောင်း အ‌ ထောက်အထား (၁)‌စောင်အား ‌လျှောက်ထားသူက ပြန်လည်တင်ပြရခြင်း၊

(င) ‌မြေ‌ပေါ်ကွင်းဆင်းတိုင်းတာစစ်‌ဆေးခြင်း၊

အထက်ပါအချက်များ ဆောင်ရွက်ပြီးပါက-

(စ) မြန်မာ့အလင်းသတင်းစာ သို့မဟုတ် ‌ကြေးမုံသတင်းစာနှင့် မြို့တော် သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ ‌ကြော်ငြာရန်အတွက် ခွင့်ပြုမိန့်‌တောင်းခံခြင်းနှင့် ခွင့်ပြုပါက သတင်းစာတွင် ကြော်ငြာခြင်း၊

(ဆ) သတင်းစာ‌ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက ဌာနကအဆင့်ဆင့်စိစစ်ပြီးမှ ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့် ‌ကော်မတီဝင်များအစည်းအ‌ဝေးသို့ တင်ပြ ခွင့်ပြုချက် ရယူခြင်း၊

(ဇ) ‌ကော်မတီဝင်များအစည်းအ‌ဝေးခွင့်ပြုချက်ရရှိပါက သတ် မှတ်ထား‌သောမြို့နယ်အလိုက် ဝန်‌ဆောင်ခနှုန်းထား ပေးသွင်း‌ စေခြင်း၊ သက်တမ်းပြတ်ဒဏ်‌ကြေး ‌ပေးသွင်း‌စေခြင်း၊

(ဈ) ဝန်‌ဆောင်ခ‌ပေးသွင်းပြီးပါက ‌မြေငှား စာချုပ် (ဂရန်)စာအုပ်‌တောင်းခံခြင်းစသည့်တို့ လုပ်ဆောင်ရပါမည်။

Crd # ဦးဇင်လင်းအောင်-
( ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း )

( 2024-2025 ) ခုနှစ် ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့အိမ်ခြံမြေ/အဆောက်အဦးတန်ဘိုးဖြတ်နှုန်းထားများ
08/04/2024

( 2024-2025 ) ခုနှစ်

ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့

အိမ်ခြံမြေ/အဆောက်အဦး

တန်ဘိုးဖြတ်နှုန်းထားများ

 #  # ရွာမြေနဲ့ ဥယျာဉ်ခြံမြေရဲ့ ကွာခြားချက်ကို သိပြီးပြီလား?နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေ...
08/04/2024

# # ရွာမြေနဲ့ ဥယျာဉ်ခြံမြေရဲ့ ကွာခြားချက်ကို သိပြီးပြီလား?

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစစ်ကြည့်သင့်ပါတယ်။ ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့် မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။
မိတ်ဆွေဟာ နယ်ဘက်မှာ ခြံဝယ်မယ်၊ အိမ်ဆောက်မယ်ဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

လူတော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချက်တွေက -
( ၁ ) ရွာမြေနဲ့ ဥယျာဉ်ခြံမြေ အတူတူပဲလား?
( ၂ ) ရွာမြေဟာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိလား? ဆိုတာပါပဲ။

နံပါတ် ( ၁ ) အချက် - ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။ ရွာမြေဆိုတာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လူနေရပ်ကွက်အတွင်းက မြေကွက်ကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင် ချမှတ်ထားတဲ့ အဆင့်ထိ မရောက်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဂရန်မြေ ဖြစ်လာနိုင်ချေ ရှိပါတယ်။ လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်က ပြန်သိမ်းမလား၊ နှင်ထုတ်မလား ဆိုတာတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။

နံပါတ် ( ၂ ) အချက် - ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ( က )အရ လယ်ယာမြေ ဆိုတာဟာ လယ်၊ တောင်ယာ၊ ဥယျာဉ်၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးရန်အတွက်သာ အကျုံးဝင်ပါတယ်။ ဒါပေမယ့် မြို့နီး၊ ရွာနီး၊ လူနေရပ်ကွပ်ဝန်း အနီးအနားမှာ ရှိနေတဲ့ ဥယာဉ်မြေတွေကတော့ ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။

ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား?

အရင်ဥပဒေတွေအရတော့ ရောင်းချလို့မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်အတည်တကျ ဆောက်လုပ်နေထိုင်ခွင့်တော့ မရသေးပါဘူး။

ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ရနိုင်လား?

လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန် လျှောက်လို့ ရနိုင်ပေမယ့် လူနေရပ်ကွက်နဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက်လို့ မရနိုင်ပါဘူး။

ဒါ့ကြောင့် အိမ်ဆောက်နေထိုင်ဖို့အတွက် ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်းစစ်ဆေးပြီး ရွာမြေဆိုရင်လည်း ရွာမြေမှန်ကန်ရဲ့လား၊ ဥယျာဉ်ခြံမြေဆိုရင်လည်း လူနေရပ်ကွက်အသိုင်းအဝိုင်းကြားမှာ တည်ရှိရဲ့လား သေချာစွာ စမ်းစစ်ပြီးမှ ငွေပေးချေ ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

Crd Original Writer

 #မြေဝယ်ပြီးမှပေမပြည့်တာသိခဲ့ရရင်....“အိမ်ဝယ်စဉ်က မြေကို တိုင်း မကြည့်ခဲ့မိဘူး။ အခု ကန်ထရိုက် တိုက်ဆောက်မယ်လုပ်တော့မှ မြ...
07/04/2024

#မြေဝယ်ပြီးမှပေမပြည့်တာသိခဲ့ရရင်....

“အိမ်ဝယ်စဉ်က မြေကို တိုင်း မကြည့်ခဲ့မိဘူး။ အခု ကန်ထရိုက် တိုက်ဆောက်မယ်လုပ်တော့မှ မြေ အကျယ် ပေ ၂ဝ x ပေ ၆ဝ မှာ ပေ ၂ဝ မပြည့်ဖြစ်နေတယ်။ အဲဒါ ဘယ်လိုဆောင်ရွက်ရင်ရမလဲ”ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါ သည်။

“အိမ်၊ မြေ ဝယ်စဉ်က မျက် မြင်အတိုင်း ဝယ်လိုက်တာ မဟုတ် လား”

“ဟုတ်ပါတယ်။ တစ်ထပ် တိုက်ဖြစ်ပြီး၊ မြေငှားစာချုပ် ဂရန် အမည်ပေါက်ကလည်း ရောင်းမယ့် သူရဲ့အမည်ပေါက်မို့ ဝယ်ဖြစ်သွား တာ”

“မြေငှားစာချုပ် ဂရန်မှာ တော့ မြေကွက်အကျယ်ကို ပေ ၂ဝ ပေ ၆ဝ လို့ ဖော်ပြထားမှာပေါ့”

“မှန်ပါတယ်”

“အခု အိမ်ကို ဝယ်တာ၊ ကာလဘယ်လောက်ကြာပြီလဲ”

“ဝယ်ပြီးနေတာ ငါးနှစ် လောက်တော့ရှိပြီ”

“ဝယ်ပြီးကတည်းက အဲဒီ အိမ်မှာပဲနေကြတာပေါ့။ ဟုတ် လား”

“ဟုတ်ပါတယ်”

“အိမ် မြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကိစ္စ ဆောင်ရွက်ပြီးပြီလား၊ မြေအမည်ပေါက်လည်း ပြောင်းလဲပြီးသွားပြီလား” ကျွန်တော် က စိုးရိမ်၍ မေးလိုက်ခြင်း ဖြစ်သည်။

“အားလုံး ဆောင်ရွက်ပြီးသွား ပါပြီ”

“စာချုပ်စာတမ်းအားလုံး၊ မြေ ပုံ မြေရာဇဝင်မှာ မြေအကျယ်အ ဝန်းက ပေ ၂ဝ ပေ၊ ၆ဝ လို့ပဲ ဖော် ပြထားတာမှာပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် တကယ်တော့ ပေမပြည့်ဘူး”

“မူလတစ်ထပ်တိုက်ကို ဖျက် ပြီး ကန်ထရိုက်တိုက်ဆောက်မယ် လို့ ရည်ရွယ်တော့မှ မြေကွက်အ ကျယ်ကို တရားဝင်မြေတိုင်းနဲ့ တိုင်းတာခဲ့တာမဟုတ်လား”

“ဟုတ်ပါတယ်”

“ယခင်ကတော့ တိုင်းတာ ခြင်းမရှိခဲ့ဘဲ လက်ရှိအမြင်အတိုင်း လက်ခံနေထိုင်ခဲ့ကြတာဖြစ်တယ် ဆိုပါတော့”

“မှန်ပါတယ်။ မြေခွဲစဉ်က တည်းက ဘေးအိမ်က နှစ်ပေနီးနီး ခန့်မြေကို ကျူးကျော်ယူထားတာ ဖြစ်တယ်”

“ဘေးအိမ်ကလည်း ခိုင်ခိုင် မာမာ ဆောက်ထားတာလား”

“ခိုင်ခိုင်မာမာလို့ ပြောရမ လား၊ တစ်ထပ် ပျဉ်ထောင်အိမ်”

“မူလ ပေ ၄ဝ၊ ပေ ၆ဝ မြေ ကွက်ကို ပေ ၂ဝ ၊ ပေ ၆ဝ နှစ် ကွက်ခွဲပြီး အိမ်ဆောက်ထားကြ တာဖြစ်မယ်။ အိမ်နှစ်အိမ်အကြား လမ်းရှိလား”

“ခြံစည်းရိုးခတ်မထားတော့ ဘုံလမ်းဖြစ်နေတာပေါ့။ တစ်ဖက် အိမ်က ပြတင်းပေါက် တံခါးရွက်နဲ့ ကျွန်တော့်အိမ်ရဲ့ ပြတင်းပေါက် တံခါးရွက်က ဘုံလမ်းကြားအဖြစ် အကွာအဝေးရှိနေတယ်”

“ဒါဆိုရင် တံခါးရွက်တစ်ရွက် စာပဲရမှာပေါ့၊ နှစ်ပေကျော် ကျော် လောက်ပဲရှိမယ်။ အတိအကျ ညှိ နှိုင်းရင် တစ်ဖက်တစ်ပေစီတော့ရ မယ်၊ ခြံစည်းရိုးခတ်လိုက်ရင် ပြတင်းတံခါးတွေ ဖွင့်မရဖြစ်မယ်။ နှစ်ဖက်လုံး အလူမီနီယံ စလိုက်ဒိုး နဲ့ လုပ်ရမယ့် သဘောဖြစ်နေမယ်”

“ဟုတ်ပါတယ်၊ ကျူးကျော် ထားတဲ့ မြေနဲ့ ပတ်သက်လို့ ဘယ် လို ဆောင်ရွက်လို့ရမလဲ”

“နှစ်ဖက်ညှိနှိုင်းလို့ အဆင်မပြေရင်၊ တရားစွဲတဲ့အထိတော့ ရောက်သွားမှာပဲ”

“သူ့ဘက်က အိမ်ရှိနေတော့ ဖယ်ပေးနိုင်ပါ့မလား”

“တရားရုံးရဲ့ အမိန့်ဒီကရီ အရဆိုရင်တော့ မဖယ်မဖြစ်ဖယ် ပေးရမှာဖြစ်တယ်”

“အချိန်ဘယ်လောက်ကြာ နိုင်မလဲ”

“ဒါတော့ ခန့်မှန်းလို့ မရဘူး။ တရားမမှုသဘောအရတော့ နှစ် ရှည်ကြာတတ်တာပဲလေး၊ တရားစွဲ မယ်ဆိုရင်လည်း အထူးသတိပြုရ မယ့် အချက်က တရားစွဲဆိုပိုင်ခွင့် ရှိတဲ့ ကာလအတွင်းမှာသာ တရား စွဲရတာဖြစ်တယ်။ ဥပဒေအရ သတ်မှတ်ကာလထက် ကျော်နေ ရင်တော့ တရားစွဲဆို ပိုင်ခွင့်မရှိ တော့ဘူး”

“ဒါဆိုရင် ဒီအချက်က အ ရေးကြီးဆုံးပေါ့၊ အခုကိစ္စမျိုး တရားစွဲမယ်ဆိုရင် ဘယ်ကာလ အပိုင်းအခြားအတွင်းမှာ တရားစွဲ ရပါ့မလဲ၊ ဗဟုသုတအဖြစ် ပြောပြ ပါအုံး”

“အလွယ်ကူဆုံး မှတ်သား ထားဖို့ဆိုရင်တော့ ကျူးကျော်နေ ထိုင်မှုမှာနှစ်ကာလကျော်နေပြီဆို ရင် သူ့အပေါ် နှင်လိုမှုအဖြစ် တရားစွဲဆိုခွင့် မရှိတော့ဘူး”

“ဒါဆိုရင် ဘယ်တော့မှ တရားစွဲဆိုခွင့်မရတော့ဘဲ သူက အပိုင်သဘောဖြစ်သွားမှာပေါ့”

“မှန်ပါတယ်။ ဥပဒေ စကား အရ ပြောရရင်တော့ ဆန့်ကျင်ပိုင် ဆိုင်ခွင့် ရရှိသွားမှာဖြစ်ပါတယ်”

“အခု ဘေးအိမ်က ကျူး ကျော်ဆောက်လုပ်ထားတဲ့ ကိစ္စမှာ ဘယ်လိုဖြစ်နိုင်သလဲ၊ သူငယ်ချင်း ပြောသလို တရားစွဲဆိုပိုင်ခွင့် ကာလကျော်သွားပြီလား”

“သူငယ်ချင်းတို့ အိမ်နဲ့မြေ ဝယ်စဉ်ကတည်းက ယခုအိမ်ပုံစံ အတိုင်းရှိနေတာ မဟုတ်လား။ ငါးနှစ်ကျော်ခဲ့ပြီလေ။ သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူလက်ထက် ကတည်းက ကျူးကျော်နေထိုင်ခဲ့ မယ်။ ယခင်ရောင်းလိုက်တဲ့ သူက လည်း သိလျက်နဲ့ အစဉ် အဆက် ရောင်းလာခဲ့တယ်ဆိုရင်တော့ အဲဒီ ရောင်းသူ လက်ထက်ကတည်းက တရားစွဲခွင့်ရှိတဲ့ ကာလကိုပါ ထည့် တွက်ရမှာဖြစ် တယ်။ ဒါကြောင့် သူငယ်ချင်းတို့ကို ရောင်းလိုက်သူ လက်ထက်မှာ ခုနစ်နှစ်ထက်ကျော် ပြီးနေလာခဲ့တယ်ဆိုရင်တော့ ၁၂ နှစ် ကာလကျော်ပြီဖြစ်လို့ တရားစွဲ ရပိုင်ခွင့်မရှိတော့ဘူး”

“မြေကွက်ကို ခွဲစိတ်ပြီး အိမ် ဆောက်ကတည်းက ကျူးကျော် ထားတာဖြစ်မယ်ဆိုရင်တော့ ၁၂ နှစ်ကျော်လောက်ပြီပေါ့”

“သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဒေါက်တာစန်းစန်းရီ နဲ့ ဦးဘန်နီတင်ထွန်းပါ နှစ်ဦး။ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ စီရင်တုံး စာမျက်နှာ ၂၉ အမှုမှာ နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့် မြေတွင် သူတစ်ပါးမြေကို မိမိပိုင် မြေဖြစ် သည်ဟု မှားယွင်းယူဆ လျက်ဖြစ်စေ၊ သိလျက်နဲ့ တမင် ကျူးကျော်နေထိုင်သည်ဖြစ်စေ၊ ထို သူသည် ပိုင်ရှင်ကို ဆန့်ကျင်လျက် ရှိထားသည်ဟု ယူဆရမည်။ ဤ အမှုတွင် အုန်းပင်တစ်ပင်နှင့် မီးဖို စွန်းမှာ ဒေါ်စန်းစန်းရီ မြေဝယ်မီက တည်းက နှစ်ပေါင်း ၄ဝ ခန့်က တည်ရှိပြီး၊ အိမ်သာ အုတ်ကန်မှာ နောက်မှပြုလုပ်ခြင်းဖြစ်၍ ၁၂ နှစ်မကျော်သေးသောကြောင့် အိမ်သာ အုတ်ကန်အားဖျက်ပေး ရန် အမိန့်ချခဲ့တယ်”

“ဒါဆိုရင် မြေဝယ်ကတည်း က တိုင်းတာပြီး ဝယ်သင့်တာပေါ့ နော်”

“အဆောက်အအုံတွေ ရှိနေ တော့ မျက်မြင်အခြေအနေအတိုင်း ဝယ်ကြတာပေါ့နော်၊ ခြံစည်းရိုးကာမယ် စတဲ့ကိစ္စတွေ ရှိလာ မှ ပြဿနာဖြစ်ကြတာကိုး။ သူငယ်ချင်းပြောသလို မြေအတိုင်းအတာပါ သေချာစိစစ်ဝယ်မယ်ဆိုရင် တော့ ပြဿနာဖြစ်စရာ မရှိဘူး ပေါ့” ဟု ဆွေးနွေး ခဲ့ပါသည်။
ဤ သည်ကို ဗဟုသုတအဖြစ် ရေး သားခြင်းဖြစ်ပါသည်။

Crd ထီယု (ဥပဒေအတိုင်ပင်ခံ)

 #အခုမှအိမ်ခြံမြေစဝယ်မဲ့သူတွေသိရမဲ့အဓိကအချက် (၅) ချက်သိန်းရာ၊ထောင်၊သောင်းချီ ပေးဝယ်နေရတဲ့ အိမ်ခြံမြေ ဟာ စာရွက်စာတမ်း တစ်...
07/04/2024

#အခုမှအိမ်ခြံမြေစဝယ်မဲ့သူတွေသိရမဲ့အဓိကအချက် (၅) ချက်

သိန်းရာ၊ထောင်၊သောင်းချီ ပေးဝယ်နေရတဲ့ အိမ်ခြံမြေ ဟာ စာရွက်စာတမ်း တစ်ခုကြောင့် ဆုံးရှုံးနစ်နာ မှုတွေ ရှိဖူးသလို၊ နေရာ မှားဝယ်မိတဲ့ အခါမျိုးတွေမှာလည်း နစ်နာ ဆုံးရှုံးမှု တွေဟာလည်း ဖြစ်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ အိမ်ခြံမြေ တစ်ခုကို စဝယ်တဲ့ သူတွေအနေနဲ့ မဖြစ်မနေ သိရမဲ့ အချက် (၅) ချက်ကို အဓိက ပြောပြပေးသွားပါမယ်။ နောက်ဆုံးအချက်က အရေးကြီးဆုံးပါပဲ။

(၁) ပိုင်ဆိုင်မှု သေချာပါစေ

အိမ်ခြံမြေ ဆိုတာဟာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါတယ်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း တွေ ဝယ်တဲ့အခါ မှတ်ပုံတင်စာချုပ်ကြီး ချုပ်နိုင်မှ အရောင်းအဝယ် တရားဝင်လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အရပ်စာချုပ်တွေ နဲ့ ဘာကြောင့် သိန်း ထောင်ချီ ပေးဝယ်နေတဲ့ နေရာတွေ ရှိနေသလဲ ဆိုတဲ့ မေးခွန်းက ရှိလို့နေပြန်ပါတယ်။

မှန်ပါတယ်။ တစ်ချို့သူတွေဟာ ပိုင်ဆိုင်မှု အရပ်စာချုပ်တွေ ကို ရင်းနှီးမြှုပ်နှံ သလို၊ သိန်းထောင်ချီပေးပြီးတော့ လည်း ပေးဝယ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုရင် အရှုပ်ရှင်း ကင်းတဲ့ မြေဖြစ်နေလို့ပါ။ ပိုင်ဆိုင်မှု ခိုင်မာတာနဲ့ အရှုပ်ရှင်း ကင်းတာက တူသယောင် မတူပါဘူး။

စာအုပ်ကြီးတိုင်း သွားမယ်ဆိုရင်တော့ လူနေထိုင်ဖို့ဆိုရင် စာရွက်စာတမ်း ဂရန်၊ ဘိုးဘပိုင် ကိုပဲ အဓိကကြည့်ဝယ်ရမှာ ဖြစ်ပါတယ်။ ထို ဂရန်၊ ဘိုးဘပိုင် လိုနေရာမျိုးတွေက သိန်းရာချီရှိနေတာ၊ ထောင်ချီရှိနေတာမျိုးတွေဆို သာမန်လူတန်းစားတစ်ရပ်အနေနဲ့ လိုက်လို့ မှီမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ တစ်ချို့ တွေအတွက် ပိုင်ဆိုင်မှု ခိုင်မာမှုထက် အရှုပ်ရှင်းကင်းတဲ့ မြေကို ဝယ်လေ့ရှိကြတာဖြစ်ပါတယ်။

ဒါကြောင့် ပိုင်ဆိုင်မှု သေချာတာကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

(၂) တည်နေရာ မှန်ကန်ပါစေ

အိမ်ခြံမြေတစ်ခုမှာ အဓိက အရေးကြီးတာက တည်နေရာ ဖြစ်ပါတယ်။ နေဖို့အတွက်ပဲ ဝယ်ဝယ်၊ ရင်းနှီးမြှုပ်နှံဖို့အတွက်ပဲ ဝယ်ဝယ်၊ စီးပွားရေးလုပ်ငန်းအတွက်ပဲ ဝယ်ဝယ် တည်နေရာမရွေးချယ်တတ်ရင် မိတ်ဆွေ အတွက် နစ်နာ စရာတွေ ဖြစ်လာနိုင်ပါတယ်။

တည်နေရာ ကောင်းတယ်ဆိုတာက လမ်း၊ ကျောင်း၊ ဈေး၊ ဆေးရုံ နှင့် အခြား အခြေခံလို အပ်ချက် တွေရှိနေတဲ့ နေရာမျိုးတွေက တည်နေရာ ကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တည်နေရာကောင်း ဖို့အတွက် မိတ်ဆွေ ကြိုးစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

(၃) ပတ်ဝန်းကျင် သန့်ပါစေ

ပတ်ဝန်းကျင် သန့်မသန့် ဟာ မိတ်ဆွေအတွက် ရေရှည် တွေးတဲ့ သူတွေ အတွက် အများကြီး အထောက်အကူ ပြူစေမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်တစ်ခုမှာ အနံ့အသက်မကောင်းတဲ့ လုပ်ငန်းတွေ၊ နားငြီးနိုင်တဲ့ နေရာမျိုးတွေ၊ လမ်းမသာတဲ့ နေရာမျိုးတွေ၊ ပြုပြင်လို့ လုံးဝ မရတဲ့ ပတ်ဝန်းကျင်တစ်ခုကနေ ဝေးဝေးကနေ နေနိုင်အောင် ရှောင်ရှားသင့်ပါတယ်။

ပတ်ဝန်းကျင် သန့်ဆိုတာက နေဖို့အတွက်ဆိုရင် ဆိတ်ငြိမ်ပြီး ကိုယ့်မိသားစု သူ့ မိသားစု မစပ်စုတတ်တဲ့ နေရာမျိုးဖြစ်ပါတယ်။ လိုအပ်ချက်အရ မိတ်ဆွေက သစ်ပင်စိုက်ရတာကြိုက်တဲ့သူလား? မြေကျယ်ကျယ်နဲ့ နေရာတာကြိုက်တဲ့သူလား? စတဲ့ အချက်တွေကလည်း မိတ်ဆွေအတွက် ပတ်ဝန်းကျင် ကောင်းတစ်ခုကို ဖန်တီးစေမှာ ဖြစ်ပါတယ်။

(၄) ကိုယ့်ရဲ့ ငွေနဲ့ချိန်တတ်ပါစေ

တော်တော်များများ အဝယ်တွေက ကိုယ်လိုချင်တာကို ပဲ တွေးလေ့ရှိကြပြီးတော့ ကိုလိုချင်တာနဲ့ ငွေ လိုက်နာလားဆိုတဲ့ အချက်ကို တွေးဖို့ ခက်ခဲ နေလေ့ ရှိပါတယ်။ ကိုယ်မနိုင်တဲ့ နေရာတွေ လိုက်ကြည့်မိတဲ့အခါမှာလည်း အချိန်ကုန်ခမ်းစေနိုင်ပါတယ်။ လိုအပ်ရင် ငွေထပ်စုဖို့ လိုအပ်ရင် ထပ်စုသင့်ပြီး အချိန်ကောင်းတစ်ခုကို စောင့်သင့်ပါတယ်။

ကိုယ်လိုချင်တာနဲ့ ကိုယ်ရနိုင်တဲ့ နေရာတစ်ခုကို သိဖို့ဆိုရင် မိတ်ဆွေအနေနဲ့ကျွမ်းကျင်တဲ့ အိမ်ခြံမြေ ဈေးတွက် ချက်ပေးနိုင်တဲ့သူ ရှာပေးနိုင်တဲ့ သူလိုအပ်ပါတယ်။

(၅) ဈေးနှုန်းတန်မတန် သိရပါမယ်

အိမ်ခြံမြေ ဈေးနှုန်းတစ်ခုကို တွက်ချက်တဲ့အခါမှာ အဓိက သိရမဲ့ အချက် (၃) ချက်ရှိပါတယ်။
၁။ အရောင်းတင်ထားသည့် ဈေးနှုန်း
၂။ အရောင်း အဝယ် ဖြစ်သွားသည့် ဈေးနှုန်း
၃။ အရောင်းကြာ နေတဲ့ ဈေးနှုန်း တွေကို သိရပါမယ်။

ဒီအချက်တွေကို သိဖို့ဆိုရင် မိတ်ဆွေအနေနဲ့ ဒေတာ အချက်အလက်တွေကို စုစည်းတတ်ဖို့ လိုအပ်သလို၊ ဒေတာအချက်အလက်တွေကို တွက်ချက်တက်ဖို့လိုပါတယ်။

ဒီအတွက် ဒေတာတွေကို လွယ်လွယ်ကူကူနဲ့ တိုင်ပင်ဖို့ ဆိုရင်တော့ တတ်ကျွမ်းတဲ့ အိမ်ခြံမြေ ကျွမ်းကျင်မျးနဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

ဒီအချက် (၅) ချက်လေးကို မိတ်ဆွေ အနေနဲ့ သိပြီဆိုရင် ရှေ့ဆက်လုပ်ငန်းစဉ်တွေ အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

#အိမ်ခြံမြေ_ဝယ်ပြီဆိုရင် တတ်သိနားလည် သူများနဲ့ တိုင်ပင်ဖို့ ဘယ်တော့မှ မနှောင်းနှေးပါနဲ့နော်

Credit-Aung Thu Ya Kyaw

ဂရန်အသစ်ထွက် မြေကွက်များ ••••••••••••••••••••••••••••••ဝယ်ယူမိထား နောင်ရေးစိတ်ချရရဲ့••••••••••••••••••••••••••••••••လား။...
06/04/2024

ဂရန်အသစ်ထွက် မြေကွက်များ
••••••••••••••••••••••••••••••
ဝယ်ယူမိထား နောင်ရေးစိတ်ချရရဲ့
••••••••••••••••••••••••••••••••
လား။
••••••
✍️လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
***********************************
📹09251015089
******************
အိမ်ခြံမြေ တိုက်ခန်း ရောင်း/ဝယ်/ဌား
သိထားရမည့်အချက်စာအုပ်များရေးသားထုတ်ဝေသူ
****************
*************************
*************************************

အတုအယောင်တွေ ပေါလှတဲ့ ယနေ့ခေတ် အခါသမယ မှာအတုနဲ့အစစ် ခွဲခြားပေး နိုင်သူ ကျွမ်းကျင်သူမရှိပါက
ဝယ်သူများမှာ ရောင်းမှားဝယ်မှား တွေဖြစ်ကြရတာကို”မောင်ကောင်းဖေ”တွေ့မြင်လာရပါတယ်။

ဌာနဆိုင်ရာများပင် ယင်းသို့သော
ကိစ္စများကို အချိန်ပေး၍ ဖြေရှင်းပေးရသည်အထိ အလုပ်တွေပိုလာတာကို လည်းတွေ့ ရပါတယ်။

မာယာများတဲ့မြေ အတုအစစ်
====================
သိဖို့ခက်သလေ
============

များသောအားဖြင့် မြေနဲ့ပတ်သက်လာရင် ပါမစ်မြေ တွေဟာနားလည်ရခက်ခဲတာကို တွေ့ ရပါတယ်။
အတုလားအစစ်လားဆိုတာကို သက်ဆိုင်ရာဌာနက တာဝန်ရှိသူများ
သာ အသိဆုံးဖြစ်လို့”အတု အစစ်”ခွဲခြားပေးနိုင်ပါတယ်။

ပါမစ်မြေဆိုရင်ကျွမ်းကျင်ပါတယ်ဆိုတဲ့ အိမ်ခြံမြေအကျိုးဆောင်အချို့ပင် ခွဲခြားနိုင်စွမ်းအပြည့်မရှိကြပါဘူး။

အဲဒီလို အတုအစစ်ခွဲခြားရခက်ခဲတဲ့ ကာလကြီးမှာ အချို့သောဝယ်သူများကလည်း “မြင်းစီးလို့မှ အထီးမှန်း အမ
မှန်းမသိ”ကြသူတွေက လည်းရှိကြသေးတယ်။

ဈေးသက်သာတယ်ဆိုရင်ဝယ်ယူချင်ကြတယ်။ “ငါးစာသာမြင်ပြီး ငါးမျှားချိတ်”ကို သတိမထားတတ်ကြဘူး။

မြေဆိုတဲ့အရာကလည်း အတော်မာယာများတာကို လူတိုင်း သတိမထားကြမိဘူး။

ပါမစ်ပျောက်နဲ့ ဂရန်သစ်လျှောက်
=======================
ရင်လိုအပ်တဲ့ အထောက်အထားများ
========================

အချို့ကလည်း စာရွက်စာတမ်းက အဓိကအရေးမကြီးဘူးထင်ကြတယ်။ ရောင်းသူက မြေကွက်ကြီးလက်ရောက်ပေးရင် ခိုင်မာသွားပြီလို့ ထင်တတ်ကြတယ်။

အဲဒီအထင်မှားအမြင်မှားမှုရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ သောကတွေ
အများကြီးရှိပါလားလို့ ကြိုပြီးမတွေးကြဘူး။

တကယ့်နဖူးတွေ့ဒူတွေ့အရေးနဲ့တွေ့တော့မှ “ဟိုလူအကူအညီတောင်းရ “ဒီလူအကူအညီတောင်းရ ဖြစ်တတ်ကြတယ်။

မလိမ့်တပတ်လှည့်တတ်သူများနဲ့
=======================
ပါမစ်ပျောက်ကိစ္စ
============

“လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ”တို့တွေ့ခဲ့ရတဲ့အကြောင်းအရာတွေထဲမှာ ပါမစ်မြေအဝယ်မှားတဲ့ကိစ္စတွေပါပဲ။

“ပါမစ်မြေဆိုတာ လက်သစ်တွေ
လက်ဟောင်းတွေ အမျိုးမျိုးရှိနေလို့ “ခွဲခြားရတာ အတော်အခက်အခဲရှိပါတယ်။

အဲဒီလို ခက်ခဲပါတယ်ဆိုကာမှ အချို့သူတွေကလည်း”ပေါချောင်ကောင်း”လိုက်ကြတာကို”မောင်ကောင်းဖေ(တရားလွှတ်တော်ရှေ့နေ)”တို့တွေ့ခဲ့ရသေးတယ်။

ဒါအပြင် ပါမစ်(မူရင်း)ပျောက်သွားလို့ဆိုပြီး ဝယ်သူကို မြေကွက်လက်ညိုးထိုးရောင်းတာကိုဝယ်လိုက်မိတဲ့လူက လည်းရှိသေးတယ်။ အဲဒီလိုဘေးကျပ်နံကျပ်ကြုံတော့မှ”မောင်ကောင်းဖေ”ထံလာပြီးရင်ဖွင့်ကြတယ်လေ။

အို...စုံလို့ပါပဲ။ပြောမဆုံးပေါင် တောင်သုံးတောင်ဆိုသလိုပါဘဲနှော်

ပိုဆိုးတာက အချို့မြေကွက်တွေဆိုရင် ရောင်းသွားခဲ့တာ(၁ဝ)နှစ်လောက်ရှိပြီ။ မြေကွက်အမည်ပေါက်ကိုယ်တိုင်ရောင်းခဲ့တာပဲ။

နောက်ဝယ်ထားတဲ့သူကလည်း မြေကွက်ကိုလာမကြည့်ဘဲ ပစ်ထားတတ်ကြတယ်။နိုင်ငံခြားသွားပြီးအလုပ်လုပ်နေကြတာထင်ပါရဲ့……..

အဲဒီအချက်ကိုအခွင့် ကောင်းယူပြီး အချို့သောသူတွေက ပါမစ်အမည်ပေါက်ကိုဖြစ်စေ၊ဒါမှမဟုတ်ပါမစ်အမည်ပေါက်ကသေသွားပြီဆိုရင် သေသူရဲ့ ဇနီး/ခင်ပွန်း/သားသမီးတွေကိုမတွေ့တွေ့အောင်စုံစမ်းပြီး လိုက်ရှာကြတယ်။

အိမ်ခြံမြေလောကမှာ ငွေရရင်
=====================
အလွယ်တကူလက်မှတ်ထိုးတတ်ကြ
=========================
“မောင်ကောင်းဖေ”သိရသလောက်ပြောရရင်ပါမစ်အမည်ပေါက်ပိုင်ရှင်တွေဟာမိမိတို့မြေကွက်တွေကိုရောင်းစဉ်က (၁ဝ)သိန်းလောက်ပဲရရှိခဲ့ပေမယ့်*******

အခုအခါမှာတော့လူမစည်ကားသေးတဲ့ လှိုင်သာယာ၊ရွှေပြည်သာ၊ဒဂုံ(၄)မြို့နယ်လိုနေရာတွေမှာတောင်(ပေ၄၀xပေ၆ဝ)တစ်ကွက်ကို အနည်းဆုံးသိန်း(၆၀၀)လောက်ပေါက်နေတယ်လေ။

အဲဒီမြေကွက်ကိုမလိမ့်တစ်ပါတ်လုပ်ချင်တဲ့သူက သေသူရဲ့ ပါမစ်အမည်ပေါက်(သို့)/၎င်းမရှိရင်၎င်း၏ဇနီး/ခင်ပွန်းကို (၁၀)သိန်းလောက်ပေးလိုက်ပြီး အဆင်သင့်ပြုလုပ်ထားတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ပေါ်မှာ ရောင်းသူအဖြစ်လက်မှတ်ထိုးခိုင်းလိုက်တယ်။

ဇနီး/ခင်ပွန်း(သို့)ကျန်ရစ်သူတို့ကလည်း “အလကားရတာပဲ၊ “နတ်သိကြားမ,တာပဲ”ထင်ပြီး လွယ်လွယ်ကူကူနဲ့ လက်မှတ်ရေးထိုးပေးလိုက်ကြတယ်လေ။

🦜ငွေပေးပြီးလက်မှတ်ထိုးခိုင်းသူကလည်း နဂိုကတည်းက အကြံအစည်ရှိပြီးသားလေ။
🦭အဲဒီဟန်ဆောင်အရောင်းအဝယ်စာချုပ်ကိုပြပြီးပါမစ်ပျောက်ဆုံးကြောင်း ရပ်ကွက်ထောက်ခံစာယူတယ်။
🦤ရဲစခန်းထောက်ခံစာယူတယ်။
🐇တရားရုံးမှာကျမ်းကျိန်တယ်။
🦒အဲဒီအထောက် အထားတွေပြပြီး

မြို့တော်စည်ပင်မှာပါမစ်ပျောက်တဲ့အနေနဲ့ ဂရန်သစ်သွားလျှောက်ကြတယ်။

စာမဖတ်တော့ အကန်းနဲ့တူတယ်
======================

🎞️ဌာနဆိုင်ရာကတော့ထောက်ခံ/ကျမ်းကျိန်အပြည့်အစုံပါတော့ပါမစ်ပျောက်ဂရန်သစ်လျှောက်တာလို့အမှန်တကယ်ထင်ပြီးလျှောက်လွှာခငွေ(၅သောင်း)သွင်းခိုင်းကာအမှုတွဲဖွင့်လက်ခံခဲ့တာပေါ့။

ထုံးစံအတိုင်းလျှောက်ထားတဲ့မြေကွက်ကိုလာပြီး ကွင်းဆင်း စစ်ဆေးပေးတယ်။
📹မြေကွက်လပ် ဖြစ်တယ်။ လူမရှိဘူး။
🕰️သတင်းစာမှာကန့်ကွက်ရန် ရှိမရှိ ကြော်ငြာတယ်။
ကန့်ကွက်မယ့်သူမရှိဘူး။

ဘယ်ကန့်ကွက်သူရှိမှာလဲ။

💳မြေချပါမစ်ဝယ်ထားသူတွေက ကြေးမုံသတင်းစာနဲ့
🪪မြို့တော်သတင်းစာကို ပုံမှန်ဖတ်တဲ့သူတွေမှ မဟုတ်ဘဲ။
📜ကန့်ကွက်ရန်ကြော်ငြာရင်လည်း သိမှာတောင် မဟုတ်ဘူး။
📊ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးမှူရုံး ဘယ်သူမှသွားမကြည့်ကြဘူး။

ဂရန်ထုတ်ပေးမဲ့မြေစီမံဌာနကတော့ ကန့်ကွက်ရန် ရှိမရှိ

🖼️ရပ်ကွက် နဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေမှာလည်းကြော်ငြာ
သင်ပုန်းမှာ ကပ်ပြီးကြော်ငြာပေးထားတာပဲ။

📰ဒါပေမဲ့ပါမစ်ဝယ်ယူထားသူကလည်း ယင်းမြေကွက်ရှိတဲ့နေရာမှာနေတာမဟုတ်ဘူးလေ။
(ဥပမာ မြေကွက်ကလှိုင်သာယာ/ရွှေပြည်သာ/ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့မြို့နယ်မှာ ရှိတာ)

ဝယ်ထားသူတွေတကယ်နေတာက တာမွေ၊သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊အလုံ၊ကြည့်မြင်တိုင်မြို့နယ်စတဲ့နေရာတွေမှာနေကြတာ လေ။

📆အဲဒီမြေကွက်ရှိတဲ့မြို့နယ်ရုံးတွေမှာ ကြော်ငြာကပ်ထားပေးလည်း သိကြမှာမဟုတ်ပါဘူး။

မြို့ပြမြေစီမံခန့်ခွဲမှုဌာနကတော့ ကန့်ကွက်ချက်ရှင်းတယ်ဆိုရင်ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ပြီးတာနဲ့ သတ်မှတ်ထားတဲ့ ငွေ ပမာဏသွင်း ခိုင်းပါတယ်။
ဥပမာ။ ။(၄၀’^၆၀’)တစ်ကွက်ကို(၄၈၀၀၀၀/-ကျပ်)

📙ငွေသွင်းအပြီး(၁)လအကြာမှာလျှောက်ထားသူကို မြေငှါးစာချုပ်ဂရန်သစ်ထုတ်ပေးပါတယ်။

ဒီလိုကြားလူကပါမစ်အမည်ပေါက်သူကိုစည်ပင်ရုံးခေါ်ပြီးဂရန်သစ်မှာလက်မှတ်ထိုးခိုင်းတယ်။

ဂရန်သစ်ထုတ်လို့ရတာနဲ့ယူသွားပြီးလက်လွှဲရောင်းလိုက်တော့တာပဲ။ဒီအချိန်အထိ မြေချပါမစ်မူရင်းကိုင်ထားတဲ့သူက ဘာမှမသိရှာဘူး။

အင်း…အခုလိုအရောင်းအဝယ်တွေ အေးနေတဲ့အချိန်မှာ ငါ့လက်ထဲမှာရှိတဲ့ မြေချပါမစ်ကို အနှစ် (၆ဝ)ဂရန်လျှောက်ထားလိုက်ပါဦးမယ်လေဆိုပြီး
မြို့တော်ခန်းမမှာ ဂရန်သွားလျှောက်တယ်။

ပါမစ်(မူရင်း)ပြနိုင်သူဖြစ်တော့ မြေစီမံဌာနကလည်း ဂရန်သစ်လျှောက်
ထားခွင့်ပြုလိုက်တာပေါ့။

ဘာပဲဖြစ်ဖြစ် ဂရန်စာအုပ်ဖိုး သတ်မှတ်ငွေကျပ် (ငါးသောင်း)တော့အရင်ပေးသွင်းရတာဘဲ။

ဂရန်သစ်လျှောက်ပြီဆိုရင်ကွင်းဆင်းစစ်ဆေးဖို့အတွက်မြေစီမံဌာနနဲ့မြေတိုင်းဌာနတို့မှာစိစစ်ဆောင်ရွက်လိုက်တဲ့အခါ
ဟော…အခြားသူတစ်ဦးကပါမစ်ပျောက်နဲ့ဂရန်သစ်ထုတ်ယူသွားတာဌာနကတွေ့ပါလေရောဒီတော့မှမြေစီမံဌာနက
ဂရန်သစ်ထုတ်ယူသွားသူ ကိုအကြောင်းကြားစာထုတ်ပြီး(၄၆-လမ်းမြို့တော်စည်ပင်ရုံးကိုလာရောက်ဖို့ခေါ်ရတော့တာပေါ့။

ယုန်ထောင်ကြောင်မိ
==============
ဒီလိုအခြေအနေတွေကိုကြိုသိထားတဲ့
ဂရန်သစ်ထုတ်ယူသွားသူတွေဟာဂရန်သစ်စာအုပ်ကြီးကိုလက်ထဲမှာကြာကြာမထားပဲ ကာလပေါက်စျေးထက်လျှော့ရောင်းပြီးလိပ်စာဖျောက်ကာအခြားတစ်နေရာမှာရှောင်နေလိုက်ကြတယ်။

ဘုမသိဘမသိနဲ့ပေါချောင်ကောင်းရတယ်ထင်ပြီးဝယ်ထားမိသူအဖို့ကတော့”ပိုက်ဘော”မိတော့တာပဲ
ဒီတော့မှခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီးရောင်းသွားသူကိုလိုက်ရှာပေမဲ့ရောင်းသူကိုရှာမရတော့ပါ။ရှောင်ပြေးပြီပေါ့။

ရှာမရသည့်အဆုံးလက်ရှိဝယ်ထားပြီးဂရန်သစ်လျှောက်သူအနေနဲ့မြို့တော်ခန်းမသွားပြီးမြေမြေစီမံဌာနမှဂရန်ထုတ်ယူသွားသူကိုအကြောင်းကြားစာထုတ်၍ခေါ်ယူပေးဖို့လျှောက်ထားရပြန်တယ်။

တကယ်တန်းဂရန်သစ်ထုတ်ယူသွားသူကမလာတော့ဘူး။သုံးကြိမ်တိုင်တိုင် ဌာနက ခေါ်ပေးတယ်။

သုံးကြိမ်တိုင်တိုင်ခေါ်လို့ မလာတဲ့
အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ပါမစ်ပျောက်နဲ့ ဂရန်သစ်
လျှောက်ထားသူရဲ့ ဂရန်(မူရင်း)ပယ်ဖျက်ပြီး ပါမစ်(မူရင်း)လက်ဝယ်ရှိသူကို နှစ် (၆ဝ)ဂရန်သစ်ထုတ်ပေးလိုက်ပါတော့တယ်။

အဲဒီအခါမှ ပါမစ်(မူရင်း)ကိုင်ထားသူဟာလည်း အချိန်မီအနှစ်(၆ဝ)ဂရန်သစ် လျှောက်ထားမှုနောက်ကျရခြင်းရဲ့ဆိုးကျိုးဒုက္ခမှ လွတ်ကင်းပြီး ဂရန်သစ်ကိုကိုင်ရင်း ပြုံးပျော်ရွင်မြူးနိုင်ပါတော့တယ်။

ဒါပေမဲ့ပါမစ်ပျောက်ဂရန်သစ်ကိုဝယ်မိသူမှာတော့သူဝယ်ထားတဲ့ဂရန်ကိုဖျက်သိမ်းခံရတဲ့အပြင်မြေကွက်ကိုပါပေးအပ်လိုက်ရတဲ့အတွက်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပြီးဆုံးရှုံးနစ်နာရပါတော့တယ် ။
ဖြစ်နိုင်ရင်တော့ပါမစ်ပျောက်ဂရန်သစ်ရောင်းသွားကာရှောင်နေသူကိုရှာပြီး
“မိမိပေးအပ်ထားသောငွေများပြန်ရလိုနဲ့နစ်နာကြေးရလိုမှု”ဖြင့်တရားစွဲပြီးပြန်တောင်းသင့်ပါတယ်။

တရားရုံးအမိန့်အရပေးအပ်ထားတဲ့ငွေတွေနဲ့နစ်နာကြေးတွေမပေးနိုင်ဘူးဆိုရင်တော့တရားမထောင်မှာထောင်ချဖို့လျှောက်ထားရမှာဖြစ်ပါတယ်။

ဒါမှဒီလိုလူမျိုးတွေနောက်ထပ်ပေါ်မလာတော့မှာဖြစ်ပါတယ်။

“မြေချပါမစ် ကိုင်ထားသူများ သတိထား”အမှာစကားပါးလိုက်ရပါတယ်။
Credit-လွတ်တော်ရှေ့နေမောင်ကောင်းဖေ

Address

၅၈လမ်း၊၁၂၅×၁၂၆ လမ်းကြား၊မန္တလေးမြို့။
Mandalay
09441010600

Telephone

09441010600

Website

Alerts

Be the first to know and let us send you an email when ပတ္တမြားနန်းတော် အိမ်ခြံမြေ အငှားသီးသန့်-မန္တလေးမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပတ္တမြားနန်းတော် အိမ်ခြံမြေ အငှားသီးသန့်-မန္တလေးမြို့:

Share

Category