ဆုလာဘ်ရတနာစာပေ

ဆုလာဘ်ရတနာစာပေ မသန်းသန်းမြိုင် ဦးစီးဖွင့်လှစ်သော ဆုလာဘ်ရတနာစာပေ မန္တလေး ပါ လက်လီလက်ကား မှာယူနိုင်ပါတယ် စာကြည့်တိုက်များအတွက်လည်း အထူးစီစဥ်ပေးပါတယ်

16/09/2026

#ဆာယာရုပ်ကြွင်း

ကြီးကြီးတွေး မြင့်မြင့်ကြံ  ဘဝကို ဒီနေရာမှာပဲ မရပ်ချင်သူတွေအတွက်ကိုယ်ရောက်နေတဲ့နေရာထက် ပိုဝေးဝေးသွားချင်ရင် အရင်ဆုံး ကို...
16/09/2026

ကြီးကြီးတွေး မြင့်မြင့်ကြံ ဘဝကို ဒီနေရာမှာပဲ မရပ်ချင်သူတွေအတွက်

ကိုယ်ရောက်နေတဲ့နေရာထက် ပိုဝေးဝေးသွားချင်ရင် အရင်ဆုံး ကိုယ့်အတွေးကို ပိုဝေးဝေးသွားခွင့်ပေးရပါတယ်။

တချို့လူတွေက မလုပ်နိုင်လို့ မအောင်မြင်တာမဟုတ်ပါဘူး။ ငါ ဒီလောက်ပဲ လုပ်နိုင်မှာပါ ဆိုပြီး ကိုယ့်ကိုယ်ကို အရင်ဆုံး ဘောင်ခတ်ထားမိလို့ပါ။

ကြီးကြီးတွေး မြင့်မြင့်ကြံ က ကိုယ့်ရဲ့အတွေးအခေါ်နယ်ပယ်ကို ချဲ့ထွင်ပြီး ပိုကြီးတဲ့ ရည်မှန်းချက်တွေထားတတ်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့နဲ့ အတွေးတစ်ခုကို လက်တွေ့လုပ်ရပ်အဖြစ် ပြောင်းလဲနိုင်ဖို့ လမ်းညွှန်ပေးထားတဲ့ စာအုပ်ပါ။

အောင်မြင်မှုဆိုတာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပေမယ့် ကိုယ်ဘယ်လောက်ဝေးဝေး ရောက်ချင်သလဲဆိုတာက ကိုယ်ဘယ်လောက်ကြီးကြီး တွေးရဲသလဲဆိုတာနဲ့ စတင်ပါတယ်။

အခုရောက်နေတဲ့နေရာမှာပဲ ကျေနပ်မနေချင်သူ၊ ရည်မှန်းချက်ပိုကြီးချင်သူနဲ့ ကိုယ့်ဘဝကို အဆင့်တစ်ဆင့်မြှင့်တင်ချင်သူတွေအတွက် ဖတ်ကြည့်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။

#ကြီးကြီးတွေးမြင့်မြင့်ကြံ
#ဗန်းမော်သိန်းဖေ
#ဆုလာဘ်ရတနာစာပေ

#မှာယူနိုင်ပါပြီ


#ဆုလာဘ်ရတနာစာပေ(မန္တလေး)

102*82လမ်း
မဟာမြတ်မုနိဘုရားကြီး
အာနန္ဒာဘုရားဝင်းအရှေ့တောင်ထောင့်
ကျိုက်လတ်ဘုန်းကြီးကျောင်းဝင်းအတွင်းထဲ
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

102*81လမ်းက လာရင် အရှေ့ဘက်မုခ်တိုင်းဝင်လို့ရတယ်နော်

09-420759105/09-797186897
09-964007591

ကား/ဆိုင်ကယ်/အိုးဝေ ဝင်လို့ရပါတယ်

15/09/2026

#နေကို

စာအုပ်ရောင်းလို့ရတဲ့အမြတ်ငွေသိပ်မများပါဘူးနော့😀😀😀😀😀😀😀😀😀😀
15/09/2026

စာအုပ်ရောင်းလို့ရတဲ့အမြတ်ငွေ

သိပ်မများပါဘူးနော့😀😀😀😀😀😀😀😀😀😀

ပြောပါတယ် Returnတွေ မပြန်နဲ့လို့တိတ် အိတ် စျေးနှုန်း အခြေအနေကြည့်လိုက်တော့မင်မင်သွေးတက်နေပြီ😭😭😭😭😭😭
15/09/2026

ပြောပါတယ် Returnတွေ မပြန်နဲ့လို့

တိတ် အိတ် စျေးနှုန်း အခြေအနေကြည့်လိုက်တော့

မင်မင်သွေးတက်နေပြီ😭😭😭😭😭😭

15/09/2026

#သုခကျော်

လုပ်ယူလို့မရတဲ့ထဲမှာ ချစ်ခြင်းမေတ္တာပါတယ်။ ဘဝမှာ တခြားအရာတွေက ကြိုးစားအားထုတ်လို့ရရင်တောင် ချစ်ခြင်းမေတ္တာကတော့ ကြိုးစား...
15/09/2026

လုပ်ယူလို့မရတဲ့ထဲမှာ ချစ်ခြင်းမေတ္တာပါတယ်။
ဘဝမှာ တခြားအရာတွေက ကြိုးစားအားထုတ်လို့ရရင်တောင် ချစ်ခြင်းမေတ္တာကတော့ ကြိုးစားတိုင်းမရတတ်ဘူးဆိုရင်လည်း ဟုတ်ပါတယ်။

တချိန်မှာ ကောင်းတဲ့လူနဲ့သေချာပေါက်ဆုံတွေ့သွားမယ်၊ကိုယ်နဲ့အဆင်ပြေတဲ့လူနဲ့ သေချာပေါက် ပေါင်းဖက်သွားရမယ်လို့ ဘယ်သူကမှ တရားသေမပြောနိုင်ဘူး ။ ဒါပေမဲ့ ဘဝမှာလေ မကောင်းတဲ့လူနဲ့ အတူတူရှင်သန်နေရတာထက်တော့ တစ်ယောက်တည်းနေထိုင်ရတာက ပိုကောင်းပါတယ်။

တကယ်လို့မကောင်းတဲ့လူတွေနဲ့ပဲ ဆုံတွေ့နေရတယ်ဆိုရင်တောင် ငါကအများကြီးမျှော်လင့်နေမိတာများလားဆိုပြီး ကိုယ့်ရဲ့ standard တွေကို မချပေးလိုက်နဲ့ ၊ တစ်ဘဝလုံး အတူတူယှဉ်တွဲနေထိုင်ဖို့လောက်ထိ အဆင်ပြေတဲ့လူတစ်ယောက်ကို ရှာမတွေ့ဘူးဆိုရင် တစ်ယောက်တည်းနေသွားတာကလည်း ကောင်းတဲ့အကြံပဲလို့ ထင်ပါတယ်။

တစ်ခါတလေ တစ်ယောက်တည်းအထီးကျန်ရမှာကြောက်လို့ဖြစ်ဖြစ် ၊အသက်တွေကြီးလို့ ၊ တစ်ယောက်ယောက်ကို မှီခို ချင်လို့ စတဲ့အကြောင်းပြချက်တွေနဲ့ လူတစ်ယောက်ကို မရွေးချယ်လိုက်နဲ့ ။ ဘဝက တစ်ယောက်တည်းက ပိုပြီး လွတ်လပ်တာပါ ဘယ်သူ့မျက်နှာမှကြည့်စရာမလိုဘူးလေ။

အဆင်ပြေတယ်လို့ထင်တဲ့လူကို တကူးတကလိုက်ရှာနေစရာ မလိုပါဘူး ။ ဒီတိုင်း တစ်ယောက်တည်းလည်း အဆင်ပြေပြေနေလို့ရပါတယ်၊သေချာပေါက် ချစ်ပေးမဲ့လူတစ်ယောက်ယောက်ရှိမှ ပျော်ရွှင်ရမယ်လို့မထင်နဲ့နော်

အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုး-စာအုပ်မှ
#နေဗလ်
#ဆုလာဘ်ရတနာစာပေ

#မှာယူနိုင်ပါပြီ


#ဆုလာဘ်ရတနာစာပေ(မန္တလေး)

102*82လမ်း
မဟာမြတ်မုနိဘုရားကြီး
အာနန္ဒာဘုရားဝင်းအရှေ့တောင်ထောင့်
ကျိုက်လတ်ဘုန်းကြီးကျောင်းဝင်းအတွင်းထဲ
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

102*81လမ်းက လာရင် အရှေ့ဘက်မုခ်တိုင်းဝင်လို့ရတယ်နော်

09-420759105/09-797186897
09-964007591

ကား/ဆိုင်ကယ်/အိုးဝေ ဝင်လို့ရပါတယ်

လမ်းခွဲတစ်ခုကနေ လှည့်ပြန်လာပြီး မိမိကိုယ်ကို ရှာဖွေရခြင်းဟာ သိပ်ခက်တဲ့ ခရီးစဉ်တစ်ခုပါ ။ Healing ဆိုတာ  မတူညီတဲ့နေ့တွေမှာ...
15/09/2026

လမ်းခွဲတစ်ခုကနေ လှည့်ပြန်လာပြီး
မိမိကိုယ်ကို ရှာဖွေရခြင်းဟာ
သိပ်ခက်တဲ့ ခရီးစဉ်တစ်ခုပါ ။

Healing ဆိုတာ မတူညီတဲ့
နေ့တွေမှာ မတူနိုင်တဲ့ စိတ်ခံစားချက်
အတက်အကျတွေဟာ အစဉ်ရှိနေတာမျိုး
မဟုတ်လား ။

လမ်းခွဲပြီးနောက် ဘယ်လိုနေရမလဲ ။
ဘယ်လို စိတ်ထားရမလဲ ။
Move on ဖို့ ဘာတွေ လိုအပ်မလဲ .စတဲ့
မေးခွန်းများစွာအတွက်

အကောင်းဆုံး ဖြစ်မယ့် အဆုံးအဖြတ် နှင့် စိတ်သက်သာရာ ရစေမယ့် နှစ်သိမ့်ခြင်းတွေ
ကို "စိတ်ဖြတ်နည်း ၁၀၀" ဆိုတဲ့ ဒီစာအုပ်
လေးမှာ ရှာဖွေနိုင်ပါတယ် ။

Thar Htwe
စိတ်ဖြတ်နည်း ၁၀၀ (100 GOODBYES)
တန်ဖိုး - ၁၇၀၀၀ ကျပ်

#ဆုလာဘ်ရတနာစာပေ

#မှာယူနိုင်ပါပြီ


#ဆုလာဘ်ရတနာစာပေ(မန္တလေး)

102*82လမ်း
မဟာမြတ်မုနိဘုရားကြီး
အာနန္ဒာဘုရားဝင်းအရှေ့တောင်ထောင့်
ကျိုက်လတ်ဘုန်းကြီးကျောင်းဝင်းအတွင်းထဲ
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

102*81လမ်းက လာရင် အရှေ့ဘက်မုခ်တိုင်းဝင်လို့ရတယ်နော်

09-420759105/09-797186897
09-964007591

ကား/ဆိုင်ကယ်/အိုးဝေ ဝင်လို့ရပါတယ်

 #အောင်မြင်မှုအတွက် ယုံကြည်မှုတည်ဆောက်ခြင်းယုံကြည်မှုဆိုတာ အောင်မြင်မှုရဲ့ သော့ချက်ပါ။ ယုံကြည်မှုမရှိရင် အောင်မြင်မှုလည်...
15/09/2026

#အောင်မြင်မှုအတွက် ယုံကြည်မှုတည်ဆောက်ခြင်း

ယုံကြည်မှုဆိုတာ အောင်မြင်မှုရဲ့ သော့ချက်ပါ။ ယုံကြည်မှုမရှိရင် အောင်မြင်မှုလည်းမရှိနိုင်ဘူး။
မယုံကြည်ရင် မအောင်မြင်နိုင်ဘူးလို့ဆိုလိုတာပါ။ ယုံကြည်တယ်ဆိုတာ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းပါ။ မိမိရဲ့စိတ်နေသဘောထား၊ ပညာ၊ အလုပ်အကိုင်၊ အပြောအဆို၊ အနေအထိုင်ကအစ မိမိနဲ့ပတ်သက်သမျှ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့သူက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။

လူဆိုတာ ကိုယ်ဘာကိုယုံကြည်သလဲ၊ ကိုယ်ယုံကြည်သလို ကိုယ်ဖြစ်လာတာပါပဲ။ သင်က ဘာကိုယုံကြည်ပါသလဲ။ သင်ယုံကြည်တဲ့အတိုင်း လက်တွေ့မှာဖြစ်လာမှာ အသေအချာပါပဲ။ သင်က ဖြစ်နိုင်မယ်လို့ယုံကြည်ရင် ဖြစ်နိုင်လိမ့်မယ်။ မဖြစ်နိုင်ဘူးလို့ယုံကြည်ရင်လည်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ယုံကြည်ထားလိုက်ပါ။

သင်သာယုံကြည်မယ်ဆိုရင် တောင်ကြီးတစ်တောင်ကိုတောင် ရွှေ့နိုင်တယ်ဆိုတာ ယုံကြည်လိုက်ပါ ဆိုတဲ့ စကားရှိပါတယ်မဟုတ်ပါလား။ သင်လုပ်ချင်တဲ့အရာကို လုပ်နိုင်မယ်လို့ယုံကြည်လိုက်ပါ။ သင်တကယ်လုပ်နိုင်တာတွေရရှိမ့်မယ်။ ဟင်နရီဖို့ဒ်ပြောထားတာရှိပါတယ်။ သင်လုပ်နိုင်မယ်လို့ယုံကြည်တဲ့အရာကို သင်တကယ်လုပ်နိုင်ပြီး မလုပ်နိုင်ဘူးလို့ယုံကြည်တဲ့အရာကိုတော့ လုပ်နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးတာက သင့်စိတ်ရဲ့ယုံကြည်မှုပါတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက စွမ်းအားကြီးမားတယ်။

ယုံကြည်ခြင်းဟာ စိတ်အားထက်မြက်စေပါတယ်။ ယုံကြည်ပါ၊ သင့်မှာ စွမ်းအားတွေရှိပါတယ်။ သင့်ရဲ့အိပ်မက်ကိုရယူနိုင်မယ်ဆိုတာ ယုံကြည်လိုက်စမ်းပါ။ သင့်ဘဝမှာ သင်လိုချင်တာတွေရနေပြီလို့ ယုံကြည်လိုက်ပါ။ ယုံကြည်စိတ်ရဲ့စွမ်းအားက ကြီးမားပါတယ်။ သင်သာ အမှန်တကယ်ယုံကြည်မယ်ဆိုရင် အောင်မြင်မှုတွေက သင့်ဆီရောက်လာမှာပါ။ သင့်မှာ ကြိုးစားနိုင်စွမ်းလည်းရှိတယ်။ လက်တွေ့လည်းလုပ်တယ်။ ဒါပေမဲ့ သင်မယုံကြည်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သင့်ကိုယ်သင်နဲ့ သင့်ရဲ့အိပ်မက်ပေါ် ယုံကြည်မှုရှိမှသာ သင့်ဘဝကို သင်လိုချင်တဲ့အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ဘဝမှာ အောင်မြင်မှုရဖို့အတွက် ယုံကြည်မှုတည်ဆောက်ရာမှာ လက်တွေ့အသုံးပြုလို့ရမယ့်အချက် (၅) ချက်ကို ဒီအခန်းမှာ ဖော်ပြပေးလိုက်ပါတယ်။

၁။မိမိကိုယ်ကိုယုံကြည်မှုရှိပါ
၂။မိမိရဲ့အလုပ်အပေါ်မှာ ယုံကြည်ပါ
၃။ရည်မှန်းချက်တွေအောင်မြင်မယ်လို့ ယုံကြည်ပါ
၄။မျှော်လင့်ချက်ထားပါ
၅။သင့်ရဲ့အရည်အချင်းတွေကို ယုံကြည်ပါ

သင့်ရဲ့အောင်မြင်မှုအတွက် အခုပြောပြသွားတဲ့ အချက် ( ၅ )ချက်ကို လက်တွေ့ ကျင့်သုံးမယ်ဆိုရင် သင်လိုချင်တဲ့အောင်မြင်မှုကို သင်အမှန်တကယ်ရရှိနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

#မိမိကိုယ်ကိုတန်ဖိုးမြှင့်တင်ခြင်း စာအုပ်မှ
#မြင့်မြင့်ခင် (Golden Ideas)
တန်ဖိုး - ၂၀,၀၀၀ ကျပ်
#ဆုလာဘ်ရတနာစာပေ

#မှာယူနိုင်ပါပြီ


#ဆုလာဘ်ရတနာစာပေ(မန္တလေး)

102*82လမ်း
မဟာမြတ်မုနိဘုရားကြီး
အာနန္ဒာဘုရားဝင်းအရှေ့တောင်ထောင့်
ကျိုက်လတ်ဘုန်းကြီးကျောင်းဝင်းအတွင်းထဲ
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

102*81လမ်းက လာရင် အရှေ့ဘက်မုခ်တိုင်းဝင်လို့ရတယ်နော်

09-420759105/09-797186897
09-964007591

ကား/ဆိုင်ကယ်/အိုးဝေ ဝင်လို့ရပါတယ်

ဒီစာအုပ်က လူငယ်ဖတ် စိတ်ခွန်အားပြည့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။လူငယ်နှင့် ဘ၀အောင်မြင်ရေး၊လူငယ်နှင့် ဘ၀တန်ဖိုး၊လူငယ်နှင့် ပညာရ...
15/09/2026

ဒီစာအုပ်က လူငယ်ဖတ် စိတ်ခွန်အားပြည့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
လူငယ်နှင့် ဘ၀အောင်မြင်ရေး၊
လူငယ်နှင့် ဘ၀တန်ဖိုး၊
လူငယ်နှင့် ပညာရေး အဆင်အတန်းတို့ကို
စာရေးသူက အတွေးထက် အရေးသွက်သွက်နဲ့
ရေးသားထားတဲ့ လူငယ်ဖတ်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

#ကြီးပွားချမ်းသာဖို့ဆိုရင်
#ကြည်မင်းခေါင်
7000ks
#ဆုလာဘ်ရတနာစာပေ
#မှာယူနိုင်ပါတယ်





#ဆုလာဘ်ရတနာစာပေ(မန္တလေး)

102*82လမ်း
မဟာမြတ်မုနိဘုရားကြီး
အာနန္ဒာဘုရားဝင်းအရှေ့တောင်ထောင့်
ကျိုက်လတ်ဘုန်းကြီးကျောင်းဝင်းအတွင်းထဲ
ချမ်းမြသာစည်မြို့နယ်
မန္တလေးမြို့

102*81လမ်းက လာရင် အရှေ့ဘက်မုခ်တိုင်းဝင်လို့ရတယ်နော်

09-420759105/09-797186897
09-964007591

ကား/ဆိုင်ကယ်/အိုးဝေ ဝင်လို့ရပါတယ်

Address

82nd St
Mandalay

Website

Alerts

Be the first to know and let us send you an email when ဆုလာဘ်ရတနာစာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share