27 Mlm အိမ်/ ခြံ / မြေ အကျိုးဆောင်

27 Mlm အိမ်/ ခြံ / မြေ အကျိုးဆောင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 27 Mlm အိမ်/ ခြံ / မြေ အကျိုးဆောင်, Real Estate, Mawlamyine.

07/07/2025

ကျွန်မ အခု အိမ်ခြံလေးတွေရောင်းတယ်
ကားလေးတွေရောင်းတယ်
တကယ်တော့
ကျွန်မ ကားအကြောင်းအိမ်အကြောင်း
အခုထိနားမလည်သေးပါဘူး
ကျွန်မနားမလည်ပေမဲ့ ဝယ်သူတွေက
နားလည်ပီး ဝယ်သွားကြသူတွေကို
အရမ်းကျေးဇူးတင်ပါတယ်
အိမ်ခြံ‌တွေအကြောင်း ကျွန်မစပြီးလေ့လာနေပါပြီ
ဝယ်သူ‌ေတွအဆင်ပြေအောင် စိတ်ချရအောင်
ရောင်းတဲ့သူလဲ အဆင်ပြေအောင် ကျွန်မ
ဆောင်ရွက်ပေးပါ့မယ်နော်
အခုလိုအခြေနေတွေမှာ ကျွန်မကို ယုံပီး
ဝယ်ယူကြသူတွေကို အရမ်းကျေးဇူးတင်ပါတယ်ရှင်

ရွာမြေ R4 အကြောင်းနှင့် N အမျိူး အစားမြေ...

နှစ် ၃၀အထက် ရွာမြေ/ရွာမြေအဖြစ်အသိပြုခြင်း
စသည့် သင်္ကေတအနေဖြင့်
(သ/အ) G
(သ/အ) RH
(သ/အ) R4
(သ/အ) R1 to R3 ( စ၁ မှ စ၃)

အခြားသုံးစွဲခွင့်တင်ထားခြင်းဖြင့်လူနေရပ်ကွက်ကျေးရွာအတွင်းကျေးရွာဆက်စပ်နယ်မြေလူနေထိုင်ခွင့်လျောက်ထားသောရွာမြေများသင်္ကေတအနေဖြင့်
(သခြ) G
(သခြ) R1 to R4

R ဘေးမှာ သ/အ သ/ခြ ပါလျှင် ဝယ်လို့ရ

#မြေအမျိုးစားအတန်းစားအပြင် ကွင်းအမှတ် Nထွက်ထားလျှင် မမြဲဦးပိုင်ဖြစ်၍ အမြဲဦးပိုင်အဖြစ် Nပျောက်စေရန် ၇ နှစ် စိုက်ပျိုးပြရသည်ဟု စာပေထဲဖတ်ဖူးပါသည် ထို့ကြောင့် Nပါတဲ့မြေမျိုးအိမ်ဆောက်ရန်ဝယ်သည့်သူများ ကိုယ့်အသိသတိနဲ့ ဆင်ခြင်ကြပါရှင် ....
ပြေစာ(စလစ်)
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
Gပြေစာ(စလစ်) R/G ပြေစာ(စလစ်) L ပြေစာ (စလစ်) စ/ ပြေစာ (စလစ်) ပုံစံ(5) ပြေစာ (စလစ်) ရွာမြေ ပြေစာ(စလစ်) R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

G ပြေစာ (စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေဖြစ်သည်။

ရွာမြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ

R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပ်မြေ

#မြေခွန်ပြေစာအကြောင်း....

ပြေစာ အကြောင်းလေးတွေ ခုနောက်ပိုင်းမှာ...
သဘောထားမတူတာတွေ....အယူအဆ ကွဲလွဲတာ
လေးတွေကြောင့် အမေးများလာလို့ တင်လိုက်ရပါ
တယ်....

ပြေစာအရွယ်အစား ဟာ ၄" ၅" ထက်မပိုကြပါဘူး.
ယခုအခါ မြန်မာနိူင်ငံ နယ်ပယ်ဒေသ အချိူ့မှာ
ပြေစာ စာတွင်တွင်ကျယ်ကျယ် အသုံးဝင် နေကြပါ
သေးတယ်...

အချို့သောသူတွေက ...ပြေစာဆိုတာနဲ့
လယ်ယာမြေ လို့ တစ်ထစ်ချ ပြောဆိုတတ်ကြပါ
တယ်....

ရွာမြေ ၊ဘိုးဘွားပိုင်မြေ၊ဥယျာဉ်ခြံမြေ တွေဟာလဲ
ပြေစာ နဲ့ဘဲ အသုံးပြု ထားကြပါတယ်...

မြေလုပ်ကိုင်သူ အမည်နဲ့ ဧရိယာ အကျယ်အဝန်း
ပါပါမယ်...:

ပြေစာ နဲ့မြေ ကို အချို့က သုံးမရဘူး....
ရောင်းမရဘူး... ဘာမှအသူံးမဝင်ဘူး လို့ယူဆ
ထားကြတာ တွေ တွေ့ခဲ့ရပါတယ်...

အမှန်တကယ်တော့....ပြေစာဟာ
ရောင်းဝယ်ခွင့်ရှိပြီးနေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစား
တစ်ခုပါဘဲ....

ပြေစာ ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွေမှာ
အမည်ပြောင်းတာ အခွန်ဆောင်တာတွေ
ဆောင်ရွက်လို့ရပါတယ်....

မြေခွန်ပြေစာအကြောင်းရသိရှိနားလည်သူများက
ကောင်းစွာ အသုံးချတတ်ကြပြီး.....အချို့သော
နားမလည်သူများက .....တရားမဝင်မြေ ဟု
ယူဆ ထားကြသည်ကိုတွေ့ရှိရပါတယ်.:.

အချူပ်အားဖြင့်ဆိူသော် မြေခွန်ပြေစာ ပါရှိသော
မြေသည် တရားဝင်မြေ ဖြစ်ပြီး ပါမစ်မြေ
ဂရန်မြေ ထက် အဆင့်နိမ့်သောမြေ အမျိူးအစား
တစ်ခုဖြစ်ပေမဲ့ ...မြေခိုင်မာပါတယ်ရှင်

ဗဟုသုတပေါင်းချုပ်..
မူရင်းရေးသားသူအား credit ပေးပါတယ်ရှင်...
ကျေးဇူးတင်ပါတယ်ရှင်🍀🍀🍀

27/05/2025

သိထားသင့်တဲ့ မြေအမျိုးစားများအကြောင်း
တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ 🥰

🔵 ယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်

🔵 မြေပိုင်ဆိုင်မှု စာချုပ် စာတန်း အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်

🔵 ဝယ်ထားသော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်

🔵 မြေ အရောင်းဝယ်မှာမြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို.ဝယ်ယူခြင်း ဖြစ်ပါသည်

ဂရံမြေ 📌
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရံမြေ စိုက်ပျိုး ဂရံမြေ စက်မှုဇုံ ဂရံ မြေ
လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်

သစ်တော ဂရံမြေ 📌
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။

စိုက်ပျိုး ဂရံမြေ 📌
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ် ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။

စက်မှုဇုံဂရံမြေ 📌
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။

လူနေထိုင်အိမ်ဂရံ 📌
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။

ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ ​ြေမြေ များလည်း ရှိသည် ✅

မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။🛑

ပါမစ်မြေ 📌
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။

ပြေစာ(စလစ်) 📌
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
Gပြေစာ(စလစ်)
R/G ပြေစာ(စလစ်)
L ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R4 ပြေစာ(စလစ်)

G ပြေစာ(စလစ်) 📌
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။

R/G ပြေစာ(စလစ်) 📌
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက် ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ် ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။

L ပြေစာ (စလစ်) 📌
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။

ပုံစံ(5) ပြေစာ 📌
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

ရွာ မြေ ပြေစာ (စလစ်) 📌
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေအမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။

R4 ပြေစာ(စလစ်) 📌
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။

လယ်မြေ 📌
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

ဘိုးဘပိုင်မြေ 📌
ခိုင်မာမှု့ တွင် ဂရံ မြေ ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက် အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌ အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည် 👀

မြေဝယ်ယူမည်ဆိုပါက မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန် လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် 🙌

သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည် ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး ခွင့်သာ ရှိပါသည် ✅

HELLO MLM
13/01/2025

HELLO MLM

13/01/2025

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when 27 Mlm အိမ်/ ခြံ / မြေ အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category