Yan Naing Aung အိမ်ခြံမြေအကျိုးဆောင်

  • Home
  • Myanmar
  • Maymyo
  • Yan Naing Aung အိမ်ခြံမြေအကျိုးဆောင်

Yan Naing Aung အိမ်ခြံမြေအကျိုးဆောင် အကောင်းဆုံးဝန်ဆောင်မှု

26/01/2023

အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲ?

မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌဌာန်းထားတယ်။

အဲ့ဒီ ဥပဒေမှာပါတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်........

(၁) စာချုပ်ချုပ်ရမယ်။
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။

ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊- ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊- အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌဌာန်းထားတယ်။

ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် -
* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊
ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။* ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။* ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။* အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။* ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။* ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြ တယ်။* မသက်ဆိုင်သူများကို အိမ်မြေက နှင်ထုတ်လို့ရတယ်။* ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။* နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။

အရပ်ကတိစာချုပ်နှင့် ဝယ်ယူခြင်း===================
အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟာ အပြည့်အဝဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။

အကြောင်းက -(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။(၂) တံဆိပ်ခေါင်းခွန် ထမ်းဆောင်မထားဘူး။(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာမှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။(၅) မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး။ဒီလိုအရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို -* တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း PART PERFORMANCE လို့ခေါ်တယ်။* အပြည့်အဝဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။* မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။* ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။* ကိုယ်ကအခြားသူ ကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။* ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။

ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှု ဆိုလာရင်တော့ -* သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း)အဖြစ် ခုခံကာကွယ်နိုင်တယ်။* ကိုယ့်ကို နင်ထုတ်လို့မရဘူး။* ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။(PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌဌာန်းချက်ကို တင်ပြရတာပါ။

Credit

ပြန်လည်ကူးယူဖော်ပြပါသည်။
#ဥပဒေရေးရာ
09262677793
09795678993

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစ...
06/01/2023

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစစ်ကြည့်သင့်ပါတယ်။

ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့် မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။ မိတ်ဆွေဟာ နယ်ဘက်မှာ ခြံဝယ်မယ်၊ အိမ်ဆောက်မယ်ဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လူတော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချက်တွေက -

( ၁ ) ရွာမြေနဲ့ ဥယျာဉ်ခြံမြေ အတူတူပဲလား?
( ၂ ) ရွာမြေဟာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိလား? ဆိုတာပါပဲ။

နံပါတ် ( ၁ ) အချက် - ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။
ရွာမြေဆိုတာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လူနေရပ်ကွက်အတွင်းက မြေကွက်ကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင် ချမှတ်ထားတဲ့ အဆင့်ထိ မရောက်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဂရန်မြေ ဖြစ်လာနိုင်ချေ ရှိပါတယ်။ လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်က ပြန်သိမ်းမလား၊ နှင်ထုတ်မလား ဆိုတာတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။

နံပါတ် ( ၂ ) အချက် - ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ( က )အရ လယ်ယာမြေ ဆိုတာဟာ လယ်၊ တောင်ယာ၊ ဥယျာဉ်၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးရန်အတွက်သာ အကျုံးဝင်ပါတယ်။ ဒါပေမယ့် မြို့နီး၊ ရွာနီး၊ လူနေရပ်ကွပ်ဝန်း အနီးအနားမှာ ရှိနေတဲ့ ဥယာဉ်မြေတွေကတော့ ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။ ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား? အရင်ဥပဒေတွေအရတော့ ရောင်းချလို့မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်အတည်တကျ ဆောက်လုပ်နေထိုင်ခွင့်တော့ မရသေးပါဘူး။

ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ရနိုင်လား? လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန် လျှောက်လို့ ရနိုင်ပေမယ့် လူနေရပ်ကွက်နဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အိမ်ဆောက်နေထိုင်ဖို့အတွက် ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်းစစ်ဆေးပြီး ရွာမြေဆိုရင်လည်း ရွာမြေမှန်ကန်ရဲ့လား၊ ဥယျာဉ်ခြံမြေဆိုရင်လည်း လူနေရပ်ကွက်အသိုင်းအဝိုင်းကြားမှာ တည်ရှိရဲ့လား သေချာစွာ စမ်းစစ်ပြီးမှ ငွေပေးချေ ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

Credit
ပြန်လည်ကူးယူဖော်ပြပါသည်။

မန်းလေး-လားရှိုးလမ်းမကြီးနဲ့တစ်ကွက်ငုတ်သာသာရှိပြီးရပ်ကွက်ကြီးမြေ နေရာကောင်းလမ်းသာတဲ့မြေကွက်များနဲ့ မိတ်ဆက်ပေးပါရစေဗျာ🔹🔹🔹...
02/01/2023

မန်းလေး-လားရှိုးလမ်းမကြီးနဲ့
တစ်ကွက်ငုတ်သာသာရှိပြီး
ရပ်ကွက်ကြီးမြေ နေရာကောင်းလမ်းသာတဲ့
မြေကွက်များနဲ့ မိတ်ဆက်ပေးပါရစေဗျာ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ရေငယ်
မဟာအံ့ထူးကံသာဘုရားကြီးနဲ့
အနီးဆုံးနေရာ
မြေအကျယ်နှင့်စျေးနှုန်း
🔹🔹🔹🔹🔹🔹🔹🔹
♻️ပေ ၄၀*၇၆ သိန်း ၁၃၅၀ (လမ်းမကြီးတစ်ကွက်ငုပ် ထောင့်ကွက်)
♻️ပေ ၄၀*၇၆ သိန်း ၁၃၀၀ (လမ်းမကြီးတစ်ကွက်ငုပ်)
♻️ပေ ၄၀*၇၀ သိန်း ၁၂၅၀
♻️ပေ ၄၀*၇၀ သိန်း ၁၀၀၀
♻️ပေ ၄၈*၉၆ သိန်း ၁၀၀၀
♻️ပေ ၃၅*၆၃ သိန်း ၇၅၀
♻️ပေ ၃၆*၆၅ သိန်း ၇၀၀
ဝန်ဆောင်မှုများ
💠ရေနှုတ်မြောင်းပါပြီး
💠အုတ်တံတိုင်း သံတံခါးပါပြီး
💠မီးကြိုးဆွဲရန်အဆင်သင့်
💠ပေ ၂၀ ကွန်ကရစ်လမ်း
💠အရစ်ကျ (၂)လ စနစ်ဖြင့် ငွေပေးချေနိုင်
ဆက်သွယ်ရန်
📱09454788001
Naing Aung အိမ်ခြံမြေအကျိုးဆောင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှ...
29/12/2022

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်
လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။
“လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဥ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ စျေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။

အမှန်တော့ "စျေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဥ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"စျေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဥ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ၀ှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်း၀င်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။

ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံ၀င်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။

~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။

~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။

~အိမ်၀မှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

အရေးကြီးဆုံးကတော့ ...ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ

#မူရင်းစာရေးသူ ကို၀င်းဇော်(သစ်တော)ကို Credit ပေးပါတယ်

မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ

Credit - #ဥပဒေရေးရာ

🙏 မင်္ဂလာပါခင်ဗျာ🏡🏡ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး(၁၁) ၊ ရေငယ် ၊ သဇင်လမ်းမေးတင်မြေကွက် အရောင်းဖြစ်ပါတယ် 💠💠ပေအကျယ် (၄၀ x ၅၀...
10/12/2022

🙏 မင်္ဂလာပါခင်ဗျာ

🏡🏡

ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး(၁၁) ၊ ရေငယ် ၊ သဇင်လမ်းမေးတင်မြေကွက် အရောင်းဖြစ်ပါတယ်

💠💠

ပေအကျယ် (၄၀ x ၅၀) (ထောင့်ကွက် )

✅‌မန္တလေး- လားရှိုးလမ်းမှ စက္ကန့် (၃၀) ခန့်အကွာအဝေး
✅ မဟာအံ့ထူးကံသာဘုရားအနီး
✅မြေကွက်ရှေ့ကွန်ကရစ်လမ်း
✅ရေလွယ် မီးလွယ်
✅လမ်းအရမ်းသာ
✅အုတ်တံတိုင်း သံပန်း သံတံခါး ပါပြီး
✅ မူလရွာမြေစစ်စစ်

ဈေးနှုန်း

💰သိန်း ၈၀၀ ( ညှိနှိုင်း )

❇❇❇

ဆက်သွယ်ရန်

☎ 09699725572

​ ိမ်ခြံမြေ

ပြင်ဦးလွင် 🏡🏡♻ နေချင်စရာ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်တဲ့🔷 ပုလဲဖြူဆွယ်တာဆိုင် ( ၂) ဘေး🔷 ရှမ်းအိုးစည် စားသောက်ဆိုင် နောက်...
21/11/2022

ပြင်ဦးလွင် 🏡🏡
♻ နေချင်စရာ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်တဲ့
🔷 ပုလဲဖြူဆွယ်တာဆိုင် ( ၂) ဘေး
🔷 ရှမ်းအိုးစည် စားသောက်ဆိုင် နောက်ကြော
🔷 လာရှိုးလမ်းမ​ကြီးနဲ့ ပေ ၃၀၀ အကွာမှာရှိတဲ့ မြေကွက်ဖြစ်ပါတယ်
🌲🌲🌲
💠 မြေအကျယ်.
⏩ ၄၄ x ၅၄ ပေ
⏩ အုတ်တံတိုင်းသံပန်းအပါ
⏩ ခြံရှေ့မီးတိုင်ရောက်ပြီး
✅ ကွန်ကရစ်လမ်း ၂၂ ပေ ရှိပြီး ဝင်လမ်းထွက်လမ်းကောင်းမွန်တဲ့နေရာ
✅ ရင်းနှီး​မြုပ်နှံဖို့အကောင်းဆုံး နေရာတစ်ခု
✅ ပုံစံ ၁၀၅ ၊ ၁၀၆ ပါ
စျေးနှုန်း 💵
💰💰 ၁၂၆၀ သိန်း ( ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းနိုင် )
❇❇❇❇
ဆက်သွယ်ရန်
☎ 09699725572
အိမ်၊ခြံ၊မြေ

🏠 🏡 🏠ရေချမ်းအိုးထဲက ပြီးစီးတော့မယ်တိုက်အိမ်အသစ်လေး ဖြစ်ပါတယ်🌲 နေရာပြင်ဦးလွင် ရကက ၁၂ရေချမ်းအိုး ရွာမြေပန်းမင်းနေကြာအနီးအ...
18/11/2022

🏠 🏡 🏠
ရေချမ်းအိုးထဲက ပြီးစီးတော့မယ်တိုက်အိမ်အသစ်လေး ဖြစ်ပါတယ်
🌲 နေရာ
ပြင်ဦးလွင် ရကက ၁၂
ရေချမ်းအိုး ရွာမြေ
ပန်းမင်းနေကြာအနီး
အိမ်နံပါတ်ကျပီး
ရေ၊မီး အစုံ အသင့်နေရုံပါ
🏡 အိမ်ဖွဲ့စည်းပုံ
မာစတာ၂ ခန်း
ရိုးရိုး၂ ခန်း
ဧည့်ခန်း မီးဖိုချောင်
ဘုံရေချိုးခန်း အိမ်သာ(ဘိုထိုင်)
အိမ်ရှေ့မြေပို ကား၃ စီးထားလို့ရ
🏞 ခြံအကျယ်
၄၀*၇၀ပေ
💰💰 စျေးနှုန်း
၂၀၀၀ သိန်း (ပိုင်ရှင်တိုက်ရိုက်ညှိနိုင် )
✳✳✳
ဆက်သွယ်ရန်
☎ 09699725572

🏠🏠🏠ပြင်ဦးလွင် ၊ သိင်္ဂါလမ်း ၊ ပုလဲဖြူဆွယ်တာ စက်ရုံအနီး🏠🏠 အဓိပတိအိမ်ယာ အတွင်းမှာရှိတဲ့ ဂရံ ကွက်များ💠 နေရာကောင်း ၊ ပတ်ဝန်...
15/11/2022

🏠🏠🏠
ပြင်ဦးလွင် ၊ သိင်္ဂါလမ်း ၊
ပုလဲဖြူဆွယ်တာ စက်ရုံအနီး
🏠🏠 အဓိပတိအိမ်ယာ အတွင်းမှာရှိတဲ့ ဂရံ ကွက်များ
💠 နေရာကောင်း ၊ ပတ်ဝန်းကျင်သန့်
💠 ဝင်လမ်းထွက်လမ်းကောင်း
💠 လမ်းနှစ်ဖက်တင် ထောင့်ကွက်များ
🌲🌲🌲🌲
မြေကွက်အကျယ်
🔷 ပေ ၄၅ x ၆၅
စျေးနှုန်း
💰💰 သိန်း ၂၅၀၀ ( ညှိနှိုင်း)
⏩⏩⏩⏩⏩
မြေကွက်အကျယ်
🔷 ပေ ၄၅ x ၆၀
စျေးနှုန်း
💰💰 သိန်း ၃၀၀၀ ( ညှိနှိုင်း )
⏩⏩⏩⏩⏩
🏗 ဝန်ဆောင်မှုများ
✅ အုတ်တံတိုင်း
✅ သံပန်း သံတံခါး
✅ စာရွက်စာတမ်းအစုံ
✅ အရှုပ်အရှင်းကင်း
ဆက်သွယ်ရန်
☎ 09699725572

Address

Pyin Oo Lwin
Maymyo
08051

Telephone

+959454788001

Website

Alerts

Be the first to know and let us send you an email when Yan Naing Aung အိမ်ခြံမြေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category