Mingalar

Mingalar အား​ပေးဝယ်​ယူသူ မိတ်​​ဆွေများ ကျန်?

🌼🌻မေမြို့ မှာ နေမယ်ဆိုရင် ဘယ်ရပ်ကွက်မှာ အနေချင်ဆုံးလဲ????🌼🌻ရပ်ကွက်ကြီး ဘယ်နှစ်ခု ရှိလဲရော သိလား????ရပ်ကွက်ကြီး(၁) ✅ညံကွဲ...
22/01/2026

🌼🌻မေမြို့ မှာ နေမယ်ဆိုရင် ဘယ်ရပ်ကွက်မှာ အနေချင်ဆုံးလဲ????
🌼🌻ရပ်ကွက်ကြီး ဘယ်နှစ်ခု ရှိလဲရော သိလား????

ရပ်ကွက်ကြီး(၁) ✅
ညံကွဲ၊ ယူဂိုဆလပ် စသဖြင့် လူအများသိကြသော ရပ်ကွက်။ မြို့လယ်ခေါင် မြို့ဟောင်းနေရာ။

ရပ်ကွက်ကြီး (၂)✅
မြမာလာ. သုမင်္ဂလာ။ မြို့ဟောင်း ... သို့ပေမယ့် မြို့သစ်နဲ့ကပ်လျက်တစ်ဆက်တည်းရှိသော ရပ်ကွက်။ စျေး၀ယ်လို့ကောင်းတဲ့ ဇရပ်ကတုံးစျေး တည်ရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၃)✅
ဟော်ကုန်း။ မြို့ဟောင်းစစ်စစ်.. ပုလဲဖြူဆွယ်တာ၊ ရှမ်းမလိုင်တို့လို့ ပြင်ဦးလွင်ရဲ့ လူသိများသောဆိုင်များရှိရာ ရပ်ကွက်။

ရပ်ကွက်ကြီး(၄)✅
ရပ်ကွက်ကြီး(၂) နဲ့ မျက်နှာချင်းဆိုင်.. မန်း-လားရှိုးလမ်း ဟိုဘက် သည်ဘက်။ မင်မင်ကြိုက်တဲ့ may myo coffee ဆိုင်ရှိတဲ့ ရပ်ကွက်။ မြို့လည်ခေါင် စစ်စစ်။

ရပ်ကွက်ကြီး(၅)✅
နာမည်ကျော် နန်းမြိုင်လမ်း၊ စန္ဒာလမ်းတို့ ရှိရာရပ်ကွက်။ နာရီစင်၊ မြို့မစျေး၊ ဆေးရုံကြီးတို့ တည်ရှိရာ ... မြို့ကို ၀င်လိုက်တာနဲ့ WE ❤️ PYIN OO LWIN (လမ်းညာဘက်ခြမ်း) မှာ မြင်ရတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး(၆)✅
လတ်တလော လူကြိုက်အများဆုံး ရပ်ကွက်တွေထဲက တစ်ခု။ ဂရမ်မြေ မြို့ဟောင်းဆို ရပ်ကွက်ကြီး(၆) ကို အရွေးများကြတယ်။ ပြင်ဦးလွင်ရသ အပြည့်အ၀ ရတယ်၊ ရပ်ကွက်သန့်ပြီး VIP ဆန်တယ်။ ကန်တော်ကြီး၊ ကန်တော်လေး ၊ ရုက္ခဗေဒဥယျာဥ်ရှိရာ ရပ်ကွက်ပေါ့။

ရပ်ကွက်ကြီး(၇)✅
ရွာသစ်ကလေး။ ရပ်ကွက်ကြီး (၁) နဲ့ (၃) တို့ရဲ့ အနောက်ကပ်လျက်။

ရပ်ကွက်ကြီး (၈) နဲ့ (၁၀) ✅
ပဒေသာမြို့သစ်။ မန်း-လားရှိုးလမ်းနဲ့ နီးသော ၊ ကားကြီး၀င်းနဲ့ သီရိရတနာစျေး ရှိသော ရပ်ကွက်က ရပ်ကွက်ကြီး (၁၀)... အဲ့ဒီ့ကမှ ဆက်သွားလို့ချယ်ရီလမ်းကျော်သွားရင် ရပ်ကွက်ကြီး (၈)..
မြို့သစ် .. ဂရန်၊ မြေပေးမိန့် မြေအမျိုးအစားထဲက အရောင်းအ၀ယ်အသွက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၉)✅
နန္ဒ၀န် ။ မြို့အ၀င် .. ဌေးဌေးကြွယ်ဆီဆိုင်ရှိတဲ့ရပ်ကွက်။ စတော်ဘယ်ရီ၊ ၀ိုင်နဲ့ မေမြို့လက်ဆောင်တွေ ရောင်းကြတဲ့ နေရာ။

🚩 ရပ်ကွက်ကြီး (၁) ကနေ (၁၀) အထိက ပြင်ဦးလွင်ရဲ့ စည်ပင်နယ်နိမိတ်ထဲပါတာဖြစ်လို့ ဂရန်မြေ၊ မြေပေးမိန့် တို့ အများဆုံးရှိသော ရပ်ကွက်များ ( ချွင်းချက်တချို့ရှိပါသည် )

ရပ်ကွက်ကြီး ( ၁၁ )✅

ရေငယ်။ မဟာအံ့ထူးကံသာဘုရားကြီး (ပြည်ချစ်ဘုရား ) တည်ရှိရာရပ်ကွက်။ လမ်းကျယ်တယ်၊ ရပ်ကွက်သန့်တယ်လို့ လူသိများတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၂ )✅
ရေချမ်းအိုး။ ပဒေသာမြို့သစ်နဲ့ ကပ်နေသော ရပ်ကွက်။ လူစည်တယ်- အိမ်ခြေစိပ်တယ်_မြို့ရှောင်လမ်း နဲ့ မန်း- လားရှိုးလမ်းကို တိုးလျှိုပေါက်သွားနိုင်သော ရပ်ကွက်။

ရပ်ကွက်ကြီး ( ၁၃ )✅
ဆင်ခေါင်းလေး။ မန္တလေးဘက်ကလာရင် မြို့ထဲကို မ၀င်ဘဲ မြို့ရှောင်လမ်းအတိုင်းသွားရင် လမ်းညာဘက်မှာ တည်ရှိတဲ့ ရပ်ကွက်။ သီးသန့် အေးဆေး တောရိပ်တောင်ရိပ်နဲ့ စိမ်းစိမ်းလမ်းလမ်း ကျယ်ကျယ်၀န်း၀န်း နေချင်သူများ သဘောကျတဲ့ ရပ်ကွက်။

ရပ်ကွက်ကြီး (၁၄) ✅
ညောင်နီ။ VIP ရပ်ကွက်။ ရပ်ကွက်သန့်၊ အိမ်ကြီးအိမ်ကောင်းများရှိပြီး မြို့ထဲ ကန်တော်ကြီး ဘက်နှင့် မြို့ရှောင်လမ်းဘက် နှစ်ဘက်စလုံးနှင့် နီးသော ရပ်ကွက်။

ရပ်ကွက်ကြီး (၁၅) ✅
ဖောင်းတော။ မြို့ရှောင်လမ်း နှင့် ကျောက်ဆည်လမ်း နှစ်ခုပေါ်မေးတင်ထားသော ရပ်ကွက်။

ရပ်ကွက်ကြီး (၁၆) (၁၇) (၁၈)✅
စည်သာ၊ ကံကြီးကုန်း၊ အနီးစခန်း၊ နွယ်နှင်း၊ စျေးကုန်း၊ ဆင်ခေါင်းကြီး၊ ဒိုးကွင် ။ အနီးစခန်းလေယာဥ်ကွင်း အနီးတစ်၀ိုက်မှ ပြင်ဦးလွင်မြို့အ၀င် ဒိုးကွင်ဆည်အထိ ရပ်ကွက်များ။ ပြင်ဦးလွင်နဲ့ မန္တလေးကြား မန်း- လားရှိုး လမ်းဘေး ရပ်ကွက်များဖြစ်တာကြောင်း မန္တလေးမြို့ခံများ အကြိုက်ဆုံး ရပ်ကွက်။

ရပ်ကွက်ကြီး (၁၉) (၂၀)✅
ငါးရံ့ချောင်း၊ နောင်ခမ်းကြီး။ လမ်းသာပြီး မြေကွက်စျေးသင့်၊ နေထိုင်ရန် သင့်လျော်တာကြောင့် စိတ်၀င်စားခံလာရသော ရပ်ကွက်များ။

ရပ်ကွက်ကြီး (၂၁)✅
မိုးကြိုး၊ သဲဖြူချောင်း။ မိုးကုတ်လမ်းကို မေးတင်ထားပြီး၊ မန်းလားရှိုးလမ်းနှင့်သော်လည်းကောင်း၊ မြို့ထဲနှင့်လည်းကောင်း နီးသော ရပ်ကွက်။ စျေးနီး၊ ကျောင်းနီး၊ လမ်းခရီးသာတာကြောင့် နှစ်အနည်းငယ်အတွင်း လူနေထူထပ်လာသော ရပ်ကွက်။

🤗 ပြင်ဦးလွင်_မေမြို့ ကို စိတ်၀င်စားကြသူများအတွက် _ မြို့လေး၏ ရပ်ကွက်များကို ယေဘုယျသဘော သိရှိစေရန် ရည်ရွယ်ရေးသားထားသော post လေး ဖြစ်တာကြောင့် အသေးစိတ်လိုအပ်များရှိပါက နားလည်ပေးကြပါရန် 🙏

🌲ပြင်ဦးလွင်မြို့ မြေကွက်များဝယ်ယူလိုပါက
☎️ဖုန်း 09452540190☎️
🏠ကိုပြည့်ပြင်ဦးလွင်အိမ်ခြံမြေလုပ်ငန်း🏠 နှင့်
ယုံကြည်စိတ်ချစွာအမြန်ဆုံးလက်တွဲလိုက်ပါ🤝

Credit-AM Family

🎄ပြင်ဦးလွင်မှာ စိတ်အေးချမ်းသာစွာဖြင့် 🏘️ကိုယ်ပိုင်အိမ်လေးဆောက်လုပ်ဖို့ စိတ်ချရတဲ့မြေကွက်လေးရှာနေတဲ့ မိတ်ဆွေများအတွက်ရှူ့...
22/05/2025

🎄ပြင်ဦးလွင်မှာ စိတ်အေးချမ်းသာစွာဖြင့်
🏘️ကိုယ်ပိုင်အိမ်လေးဆောက်လုပ်ဖို့ စိတ်ချရတဲ့မြေကွက်လေးရှာနေတဲ့ မိတ်ဆွေများအတွက်
ရှူ့ခင်းကောင်းနေရာကောင်းမြေကွက်ကျယ်
လေးတွေရောင်းပေးပါအုံးမယ် ခင်ဗျာ🙏🙏

🏠 #မြေကွက်နေရာလေးတွေကတော့🏠

#ပွဲကောက်ကျေးရွာ_BE_Fallအပန်းဖြေစခန်းအနီး Views လှလှမြေကွက်လေးများ(Top Choice)
👉50’✖️95’- 1200သိန်း

🏠 #ဝန်ဆောင်မှုအနေနဲ့🏠
✅ ခြံရှေ့ ၂၅ ပေကွန်ကရိလမ်းခင်းပြီး(ဆောင်ရွက်ပြီး)
✅အုတ်တံတိုင်း၊ အပြီးခတ်ပြီး
✅လျှပ်စစ်မီးတိုင်များ 3 Phase 5 Wires လမ်းမီးအပါ စိုက်ထူပြီး ဖြစ်ပါတယ်။
လက်ကတော့ နှေးနေလို့မဖြစ်ဘူးနော် ☺☺☺

* #ဆက်သွယ်ရန်*
☎️09452540190
Viber -09686951353
တို့ကို ဆက်သွယ်မေးမြန်း ( #ပိုင်ရှင်တိုက်ရိုက်)
ဝယ်ယူနိုင်ပါတယ် ခင်ဗျ🙏🙏🙏





✅မြေကွက်ကျယ်လိုချင်သူများ✅စိုက်ပျိုးရေးခြံ ပြုလုပ်လိုသူများ✅အိမ်ကြီးကြီးဆောက်ပြီး     ခြံကျယ်ကျယ်နေချင်သူများအတွက်     ရ...
21/05/2025

✅မြေကွက်ကျယ်လိုချင်သူများ
✅စိုက်ပျိုးရေးခြံ ပြုလုပ်လိုသူများ
✅အိမ်ကြီးကြီးဆောက်ပြီး
ခြံကျယ်ကျယ်နေချင်သူများအတွက်
ရွာမြေစစ်စစ် (၁) ဧကနီးနီး အကျယ်
ခြံကြီးရောင်းမည်

🏠 #ဝန်ဆောင်မှုများ🏠
✅ပုံစံ၇ပါပြီး
✅ပါဝါရ

🏠 #မြေကွက်ဈေးနှုန်း🏠
✅၂၂၀၀သိန်း
Viewကလည်းအရမ်းလှတဲ့နေရာပါ

🏠 #မြေကွက်တည်နေရာ🏠
ပြင်ဦးလွင်မြို့ ရေသရောက်ကုန်းကျေးရွာ လူနေအိမ်များကြား
✅ဒီဇင်ဘာအပန်းဖြေဥယာဥ်နဲ့ (၅ )မိနစ်
✅ပိတ်ချင်းမြှောင်နဲ့ (၁၀) မိနစ်
✅ပိုင်ရှင်တိုက်ရိုက်ပါ ခင်ဗျ🙏

☎️ဆက်သွယ်ရန်☎️
09452540190

09686951353

👨👩‍🦱 #မိတ်ဆွေတို့အကျိုးစီးပွားအတွက် 👌
🏠ကိုပြည့်ပြင်ဦးလွင်အိမ်ခြံမြေ🏠 နဲ့
လက်တွဲပြီးစိတ်ချယုံကြည်စွာ ဝယ်ယူနိိုင်ပါတယ်

ကဆုန်လပြည့်နေ့တွင် မပျက်မကွက် ပြုလုပ်သင့်သော အလှူ (၇) မျိုး ဤမင်္ဂလာရှိသောနေ့တွင် ဤပို့စ်ကို ဖတ်ရှုမိပါက၊ သင်သည် ဤအကျိုး...
10/05/2025

ကဆုန်လပြည့်နေ့တွင် မပျက်မကွက် ပြုလုပ်သင့်သော အလှူ (၇) မျိုး

ဤမင်္ဂလာရှိသောနေ့တွင် ဤပို့စ်ကို ဖတ်ရှုမိပါက၊ သင်သည် ဤအကျိုးရှိသော ကောင်းမှုများကို ပြုလုပ်ကာ မိမိ၏ဘဝအတွက် တန်ဖိုးရှိသော အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ဤအလှူများသည် သင့်အား ကောင်းသော ကံဇာတာများ ဖန်တီးပေးမည်ဖြစ်ပြီး အနာဂတ်အတွက် အားကိုးရာဖြစ်စေမည်။

ကဆုန်လပြည့်နေ့ဆိုတာ ဘာလဲ?
ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ အရေးကြီးသော ဖြစ်ရပ် (၄) ခုနှင့် သက်ဆိုင်ပါသည် -
၁. ဗျာဒိတ်ခံယူတော်မူသောနေ့
၂. ဖွားမြင်တော်မူသောနေ့
၃. ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့
၄. ပရိနိဗ္ဗာန်စံတော်မူသောနေ့**

ထို့ကြောင့် ဤနေ့ကို **ဗုဒ္ဓနေ့** ဟုလည်း ခေါ်ဆိုကြပြီး၊ ဤနေ့တွင် ပြုလုပ်သော ကောင်းမှုများသည် အထူးကျေးဇူးပြုတတ်ကာ ဆုတောင်းပြည့်စေနိုင်သည်ဟု မြတ်စွာဘုရားက ဟောကြားထားပါသည်။

ထို့အပြင်၊ **ဝိသာခါနက္ခတ်** တည်နေချိန်ဖြစ်သောကြောင့် လောကီလောကုတ္တရာ အကျိုးများစွာ ရရှိနိုင်သည့် အချိန်ကောင်းလည်းဖြစ်ပါသည်။

**၂၀၂၅ ခုနှစ်၊ မေလ (၁၁) ရက်** တွင် ဝိသာခါနက္ခတ်သည် -
**မနက် ၄:၅၃ မှ ၉:၂၇ အထိ** တည်မည်ဖြစ်ပြီး၊ ဤအချိန်အတွင်း ယတြာပြုလုပ်ပါက ဆုတောင်းပြည့်စေနိုင်ပါသည်။

---

# # # **ပြုလုပ်သင့်သော အလှူ (၇) မျိုး**

# # # # **၁. ရေသပ္ပါယ်ခြင်း**
- **ပြုလုပ်နည်း** - ဘုရား၊ စေတီ၊ ကျောင်းကန်များကို ရေသန့်၊ ပန်း၊ နံ့သာရည်ဖြင့် သွန်းလောင်းပူဇော်ပါ။
- **အချိန်** - မနက်ခင်း
- **အကျိုး** - အိမ်တွင်း ချမ်းသာသုခနှင့် အန္တရာယ်ကင်းစေသည်။

# # # # **၂. ဆွမ်းကပ်လှူခြင်း**
- **ပြုလုပ်နည်း** - မနက် ၄:၃၀ မှ ၆:၀၀ အတွင်း သံဃာတော်များအား ဆွမ်း၊ ရေချမ်း၊ မုန့်စသည်တို့ လှူဒါန်းပါ။
- **အကျိုး** - ကံဇာတာ တက်စေပြီး စီးပွားရေး တိုးတက်စေသည်။

# # # # **၃. သုတ်ဂါထာရွတ်ဖတ်ခြင်း**
- **ပြုလုပ်နည်း** - မနက် ၆:၀၀ မှ ၈:၃၀ အတွင်း ပရိတ်ကြီး၊ မဟာသမယသုတ် ရွတ်ဖတ်ကာ သီလခံယူပါ။
- **အကျိုး** - စိတ်တည်ငြိမ်စေပြီး နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုရရှိစေသည်။

# # # # **၄. မိဘများအား လုပ်ကျွေးခြင်း**
- **ပြုလုပ်နည်း** - မိဘများအား ချစ်စွာဖြင့် စားဖွယ်သောက်ဖွယ်များ ကျွေးမွေးပါ။
- **အကျိုး** - ယခုဘဝတွင်ပင် ချမ်းသာသုခ ရရှိစေသည်။

# # # # **၅. ဇီဝိတဒါန (အသက်ကယ်လှူခြင်း)**
- **ပြုလုပ်နည်း** - ငှက်၊ ငါး၊ လိပ်၊ ခွေးစသည်တို့အား အစာကျွေးခြင်း (သို့) လွတ်ပေးခြင်း။
- **အကျိုး** - အန္တရာယ်ကင်းပြီး သက်ရှည်ကျန်းမာစေသည်။

# # # # **၆. ပစ္စည်းလေးပါးလှူဒါန်းခြင်း**
- **ပြုလုပ်နည်း** - ညနေ ၅:၀၀ မှ ၇:၀၀ အတွင်း ဆင်းရဲသားများအား စားစရာ၊ ဝတ်စရာ၊ ဆေးဝါး စသည်တို့ လှူပါ။
- **အကျိုး** - ငွေကြေးအခက်အခဲများ လျင်မြန်စွာ ပြေလည်စေသည်။

# # # # **၇. ဆီမီး၊ နံ့သာတိုင် ပူဇော်ခြင်း**
- **ပြုလုပ်နည်း** - ည ၈:၀၀ မှ ၁၀:၀၀ အတွင်း ဆီမီး (၁၁) တိုင်၊ နံ့သာတိုင် ကပ်လှူကာ နတ်ကောင်းနတ်မြတ်များအား ပင့်ဖိတ်ပါ။
- **အကျိုး** - ဆုတောင်းပြည့်စေပြီး လိုရာခရီး အောင်မြင်စေသည်။

---

**မွန်မြတ်သော ကဆုန်လပြည့်နေ့တွင် ဤကောင်းမှုများကို ပြုလုပ်ကာ သင့်ဘဝအတွက် အောင်မြင်မှုနှင့် စိတ်ချမ်းသာမှုများ ရရှိပါစေ။** 🙏

Crd-own creator

08/05/2025

🚗HONDA Fit GE6🚗

မဲမဲသဲသဲ ကမ်းကူးလေး

MODEL 2011

COLOUR အမဲ

ENG; POWER 1300 CC

OPTIONS TV+BACK CAMERA

CAR CONDITION ENGIENE /GEAR BOX အောက်ပိုင်း တောင့်တင်း
တာယာဝိတ်ပြည့်
ဘတ်မှန်မီးခြောက်/
စီယာရင် Volume တစ်ဝက်

AIRCON အေးစိမ့်

Brake No error

မှန် SPOT မရှိ

ဒိုင်ခွက်မီး ERROR တစုံတရာ လင်းနေ
ခြင်းမရှိ

အတွင်းခန်း ပေါက်ပြဲနေခြင်းများမရှိပါ။

ကားကြည့်ရန်။ - ပြင်ဦးလွင်

အရောင်းဝယ်မြန်စေရန် ဖုန်းဆက်ပေးပါ

📞09-452540190📞

ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့) အကြောင်း*****************************************************ပြာသိုလပြည့်နေ့ကို...
12/01/2025

ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့) အကြောင်း
*****************************************************
ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူရှိသလို မသိသူများလည်း များပေလိမ့်မည်။

ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၎င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ သွားရောက်ခဲ့ပါသည်။

ပြာသိုလပြည့်နေ့အထိ ၃လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျက် ရသေ့များအား စည်းရုံးခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။

၎င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ “အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ” ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။

ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။

ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က ” ရှင်တစ်ထောင် အခါတော်နေ့” ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

တရားချစ်ခင်
သူ တော်စဥ်ဓမ္မမိတ်ဆွေအားလုံးလည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့်

ဘုရားရှင်ဟောကြားဆုံးမသော ဒါန သီလ ဘာဝနာတရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယတွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် အပိုင်း(၄)
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
Credit

🚗HONDA Fit GE6🚗 မဲမဲသဲသဲ ကမ်းကူးလေးMODEL.                     - (2011)COLOUR                    - အမဲENG;  POWER        ...
26/12/2024

🚗HONDA Fit GE6🚗

မဲမဲသဲသဲ ကမ်းကူးလေး

MODEL. - (2011)

COLOUR - အမဲ

ENG; POWER - 1300 CC

OPTIONS -TV+BACK CAMERA

CAR CONDITION - ENGIENE /GEAR BOX /
အောက်ပိုင်း တောင့်တင်း
တာယာဝိတ်ပြည့်/
ဘတ်မှန်မီးခြောက်/
စီယာရင် Volume တစ်ဝက်

AIRCON -အေးစိမ့်

Brake -No error

မှန် SPOT -မရှိ

ဒိုင်ခွက်မီး -ERROR တစုံတရာ လင်းနေ
ခြင်းမရှိ

အတွင်းခန်း -ပေါက်ပြဲနေခြင်းများမရှိပါ။

ကားကြည့်ရန်။ - ပြင်ဦးလွင်

အရောင်းဝယ်မြန်စေရန် ဖုန်းဆက်ပေးပါ

📞09-452540190📞

အိမ်သုတ်ဆေး တွက်နည်း~~~~~~~~~~~~~~~~~~အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံမျာ...
22/11/2024

အိမ်သုတ်ဆေး တွက်နည်း
~~~~~~~~~~~~~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ဆေးသုတ်ရမည့် square footage ဖြစ်ပါတယ်

ဆေးသုတ်ရမည့် square footage တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (20) square feet နှင့်ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (15) square feet နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည် ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (350) square feet ရှိတဲ့အတွက် (350) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (0.5) ထက်နည်းပါက ကွာတား (2) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (0.5) ထက်များပါက (1) ဂါလံ ဝယ်ရပါမည်။

14 × 20 ပေအခန်း အမြင့် (8) ပေ တံခါး (2) ပေါက်၊ ပြူတင်းပေါက် (2) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

ceiling ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
ceiling ၏ အလျားပေ x အနံပေ = ceiling area

14 × 20 = 280 Square feet

Ceiling အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)

280 ÷ 350 = 0.8

ထိုအဖြေအရ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ လိုအပ်ပါမည်၊ (2) ထပ်သုတ်လျင် (2) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။

14 + 20 + 14 + 20 = 68 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။

68 × 8 = 544 square feet

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (1) ချပ်စီတိုင်း အတွက် (20 ) ft နုတ်ပါ ( 20 × 2 = 40 ) ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် (15) ft နုတ်ပါ ( 15×2 = 30 )

544 - 70 = 474 square feet

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
474 ÷ 350 = 1.4


ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ (2) ကွာတားနှင့် (2) ထပ်သုတ်လျင် (2) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
20 square feet = တံခါး (1) ချပ်
တံခါးအရေအတွက်ကို (20) ဖြင့် မြှောက်ပါ။

2 ×20= 40 square feet

ပြုတင်းပေါက် အရေအတွက်ကို (7.5) ဖြင့်မြှောက်ပါ။
.
2 × 7.5 = 15 square feet

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
40 + 15 = 55

ပြီးလျှင် 350 ဖြင့်စားပါ။
54 ÷ 350 = 0.16

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (1) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (2) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

#အိမ်လှလှလေးဆောက်ကြမယ်

သီတင်းကျွတ်အချိန်အခါသမယမှစပြီးမြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်...
17/10/2024

သီတင်းကျွတ်အချိန်အခါသမယမှစပြီးမြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ🙏🙏🙏

“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ” (အိမ်ဆောက်နည်းအခြေခံသဘောတရားများ)မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတ...
18/09/2024

“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ”
(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

* အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ
တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။
အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို
သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။

ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။

Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

*Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
* ရေကိုဂါလံတွက်သည့်အခါ အလျှား× အနံ × အမြင့် ×6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

*(8"×8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

*သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=480 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

Credit - Own Creater

အိမ်ခြံမြေနဲ့ပါတ်သက်ပြီး ဗဟုသုတလေးတွေအမြဲမျှဝေပေးနေတာမို့ Page ကို
Like & Follow လုပ်ထားပေးနိုင်ပါတယ်

အမြန်လမ်းပေါ်မှာ အဖြစ်များဆုံးကားတာယာ အကြောင်းအလွိုင်း (Alloy)အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်...
19/08/2024

အမြန်လမ်းပေါ်မှာ အဖြစ်များဆုံး
ကားတာယာ အကြောင်း

အလွိုင်း (Alloy)
အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။

တာယာဆိုသည်မှာ
တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ် သည်။

ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။

195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။
65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။
R သည် Tire Construction ဖြစ်သည်။

91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။

စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။

Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစသည်။

A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။

Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

****

👉 တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်

ရောင်းတဲ့ဆိုင်အချို့ကလည် မသိသလို
အသုံးပြု့သူတွေလည် မသိတဲ့အတွက်

တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ

ဒါမှမဟုတ်
မိမိဘာသာ စစ်ဆေးပြီးဝယ်တာက
ပိုပြီးစိတ်ချရပါတယ်

ဥပမာ= 65 HR13 =ကားသမားတွေ
ခေါ်တာကတော့ နောက်ဂဏန်းကို
ယူပါတယ် 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်)
ရှေ့က HRကျတော့ သိတဲ့လူရှိသလို
ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ
H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်
R=တာယာအမျိုးအစား

👉 တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ...

1= ထုတ်လုပ်သည့် နိူင်ငံ
2= ထုတ်လုပ်သည့် ခုနှစ်
3= ဥတုသုံးပါး သုံးလို့ရလား
4= မြန်နှုန်းခံနိူင်ရည်
5= EECအသိမှတ်ပြုကုဒ်
6= အမျိုးအစား

👉 တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ....
L = ၁နာရီ 75မိုင်
M = ၁နာရီ 81မိုင်
N = ၁နာရီ 87မိုင်
P = ၁နာရီ 95မိုင်
Q = ၁နာရီ 100မိုင်
R = ၁နာရီ 105မိုင်
S = ၁နာရီ 113မိုင်
T = ၁နာရီ 118မိုင်
H = ၁နာရီ 130မိုင် *

သိသမျှ ရှိသမျှ စေတနာပါ။
ကျေးဇူးတင်ပါသည်။
===============================
( ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
By 👉 ကား-Car အကြောင်းစုံ )

မူရင်း ရေးသားသူ
credit >>> soe thu

Unicode >>>

အမြန်လမ်းပေါ်မှာ အဖြစ်များဆုံး
ကားတာယာ အကြောင်း

အလွိုင်း (Alloy)
အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။

တာယာဆိုသည်မှာ
တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ် သည်။

ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။

195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။
65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။
R သည် Tire Construction ဖြစ်သည်။

91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။

စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။

Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစသည်။

A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။

Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

****

👉 တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်

ရောင်းတဲ့ဆိုင်အချို့ ကလည် မသိသလို
အသုံးပြု့ သူတွေလည် မသိတဲ့အတွက်

တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ

ဒါမှမဟုတ်
မိမိဘာသာ စစ်ဆေးပြီးဝယ်တာက
ပိုပြီးစိတ်ချရပါတယ်

ဥပမာ= 65 HR13 =ကားသမားတွေ
ခေါ်တာကတော့ နောက်ဂဏန်းကို
ယူပါတယ် 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်)
ရှေ့က HRကျတော့ သိတဲ့လူရှိသလို
ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ
H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်
R=တာယာအမျိုးအစား

👉 တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ...

1= ထုတ်လုပ်သည့် နိူင်ငံ
2= ထုတ်လုပ်သည့် ခုနှစ်
3= ဥတုသုံးပါး သုံးလို့ရလား
4= မြန်နှုန်းခံနိူင်ရည်
5= EECအသိမှတ်ပြုကုဒ်
6= အမျိုးအစား

👉 တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ....
L = ၁နာရီ 75မိုင်
M = ၁နာရီ 81မိုင်
N = ၁နာရီ 87မိုင်
P = ၁နာရီ 95မိုင်
Q = ၁နာရီ 100မိုင်
R = ၁နာရီ 105မိုင်
S = ၁နာရီ 113မိုင်
T = ၁နာရီ 118မိုင်
H = ၁နာရီ 130မိုင် *

သိသမျှ ရှိသမျှ စေတနာပါ။
ကျေးဇူးတင်ပါသည်။
==============================

#ရည်ရွယ်ချက်နဲ့တင်ပေးလိုက်ပါတယ်
#ဂီယာများ
#ကားမျိုးစုံရောင်းဝယ်ရေး



#အမြန်ရောင်းမည်
( ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်

မူရင်း ရေးသားသူ
credit >>> soe thu

Address

Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959452540190

Website

Alerts

Be the first to know and let us send you an email when Mingalar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category