GreatLand RealEstate

GreatLand RealEstate Great Things Never Come From Comfort Zones...

15/09/2025

အိမ်ခြံမြေကွက် ဝယ်တော့မယ်ဆိုရင် မြေအမျိုးအစား
အလိုက် စာရွက်စာတမ်းတွေ မဖြစ်မနေ စစ်ဆေးဖို့
လိုအပ်ပါတယ်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အိမ်ခြံမြေ ဒါမှမဟုတ် တိုက်ခန်းဝယ်မယ်ဆိုရင် မမှား
ယွင်းစေဖို့ စာရွက်စာတမ်းတွေကို သေချာစစ်ဆေးနိုင်
စေရန်အတွက် စေတနာဖြင့် မြေအမျိုးအစားအလိုက်
စာရွက်စာတမ်းတွေ ဘယ်လိုစစ်ရမလဲဆိုတာကို
မှတ်ရသားရ လွယ်ကူအောင် ရှင်းပြထားပေးပါတယ်။

1️⃣ ဂရန်မြေ
ဂရန်မြေဝယ်မယ်ဆိုရင် အဓိက စစ်ဆေးရမှာက
ဂရန်အမည်ပေါက် မှန်ကန်မှုပါ။
ဂရန်စာရွက်စာတမ်း - ဂရန်အမည်ပေါက်က
မှန်ကန်ရဲ့လား၊ သက်ဆိုင်ရာ ရုံးမှာ သွားစစ်ပါ။
⚠️ သတိထားရမည့်အချက် - ဂရန်မြေက
စာရွက်စာတမ်း စစ်ဆေးဖို့နည်းပေမယ့်
အမည်ပေါက်မှန်ကန်မှုကို သေချာစစ်ဆေးဖို့
တော့ လိုအပ်ပါတယ်။

2️⃣ ပါမစ်မြေ
မြို့သစ်တွေမှာ ချထားတဲ့ ပါမစ်မြေတွေကို
ဝယ်မယ်ဆိုရင် ဒီအချက်တွေ စစ်ပါ။
ပါမစ်စာရွက် - ပါမစ်က မူရင်းမှန်ကန်ရဲ့လား၊
အင်ထရီဝင်ပြီးပြီလား စစ်ဆေးပါ။
အင်ထရီတံဆိပ် - ပါမစ်ရဲ့ နောက်ကျောမှာ
လေးထောင့်တံဆိပ်တုံးနဲ့ စစ်ဆေးပြီးသား
ဖြစ်ကြောင်း ပါရမယ်။
ပိုင်ရှင်စာရွက်စာတမ်း - အမည်ပေါက်ပိုင်ရှင်မှ
တ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတွေကို
မူရင်းနဲ့ တိုက်စစ်ပါ။
⚠️ သတိထားရမည့်အချက် - အင်ထရီမဝင်သေးတဲ့
ပါမစ်မြေတွေက ဈေးနှုန်းကွာတတ်တယ်၊
တခါတရံ ပွဲပျက်တာမျိုးလည်း ဖြစ်တတ်တယ်
လို့ဆိုပါတယ်။
3️⃣ လယ်မြေ
လယ်မြေဝယ်မယ်ဆိုရင် စာရွက်စာတမ်းတွေ
သေချာစစ်ဆေးဖို့ လိုတယ်။
အခွန်ပြေစာ - အစိုးရထံ အခွန်ပေးသွင်းထားတဲ့
စလစ်က up-to-date ဖြစ်ရမယ်။
လယ်ယာမြေမှတ်ပုံတင်စာအုပ် - ဒါက ပိုင်ဆိုင်မှုကို
သက်သေပြတဲ့ အဓိကစာရွက်စာတမ်းပါ။
မြေစာရင်းပုံစံ ၁၀၅ - မြေစာရင်းဌာနက ထုတ်ပေးတဲ့
ပုံစံ ၁၀၅ မှာ မြေရဲ့အချက်အလက်တွေ (မြို့၊ ရပ်ကွက်၊
ဧရိယာ၊ မြေအမျိုးအစား) ပါရမယ်။
⚠️ သတိထားရမည့်အချက် - စလစ်တစ်ခုတည်းနဲ့
ရောင်းဝယ်တာက ရေရှည်မှာ အဆင်မပြေနိုင်ဘူး။
လယ်ယာမြေဥပဒေသစ်အရ မှတ်ပုံတင်ရုံးမှာ
တရားဝင်မှတ်ပုံတင်မှ အဆင်ပြေမယ်လို့ဆိုပါတယ်။
4️⃣ လန ၃၉ မြေ
လယ်မြေကနေ အခြားမြေအမျိုးအစားအဖြစ်
ပြောင်းလဲအသုံးပြုခွင့်ရထားတဲ့ မြေကို လန ၃၉
မြေလို့ ခေါ်ပါတယ်။
လန ၃၉ စာရွက် - လယ်မြေကနေ အိမ်ယာမြေ
ဒါမှမဟုတ် စက်မှုမြေအဖြစ် ပြောင်းလဲခွင့်ပြုတဲ့
စာရွက်ရှိရမယ်။
⚠️ သတိထားရမည့်အချက် - ဒီစာရွက်မရှိရင်
မြေကို ရည်ရွယ်ချက်အတိုင်း အသုံးပြုလို့ မရဘူး။

5️⃣ တိုက်ခန်း
တိုက်ခန်းဝယ်မယ်ဆိုရင် စာချုပ်တစ်ခုတည်းနဲ့
ပိုင်ဆိုင်မှုပြည့်စုံတယ်လို့ မထင်လိုက်ပါနဲ့။ ဒီစာရွက်
စာတမ်းတွေ စစ်ဆေးပါ။
ဆက်စပ်စာချုပ် - တိုက်ခန်းရဲ့ အရောင်းအဝယ်
စာချုပ်ပါရမယ်။
BCC (လူနေထိုင်ခွင့်) - ဒါက တိုက်ခန်းမှာ တရားဝင်
နေထိုင်ခွင့်ရှိကြောင်း သက်သေပြတဲ့ စာရွက်ပါ။
မြေရှင်လက်မှတ် - မြေပိုင်ရှင်ရဲ့ လက်မှတ်ပါတဲ့
စာရွက်လိုအပ်တယ်။
ရေမီတာ/မီးမီတာ စာရွက် - ရေနဲ့မီးမီတာ ရဲ့
မှတ်တမ်းတွေ ပါရမယ်။
⚠️ သတိထားရမည့်အချက် - ဒီစာရွက်စာတမ်းတွေ
အားလုံးရှိမှ ပိုင်ဆိုင်မှုက ပိုပြီးတော့ သေချာပါတယ်။
6️⃣ ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေဆိုရင် ပိုင်ဆိုင်မှုကို သက်သေပြဖို့
ဒီအချက်ကို စစ်ပါ။
မြေပိုင်ဆိုင်မှု မှတ်တမ်း - သက်ဆိုင်ရာ မြေစာရင်း
ဌာနမှာ ပိုင်ရှင်အဖြစ် မှတ်တမ်းတင်ထားရမယ်။
⚠️ သတိထားရမည့်အချက် - ဘိုးဘွားပိုင်မြေမှာ
အငြင်းပွားမှုတွေ ရှိတတ်တာမို့ မှတ်တမ်းတွေ
သေချာစစ်ဆေးဖို့ လိုပါမယ်။
ဒီအချက်တွေကို သေချာစစ်ဆေးမယ်ဆိုရင်
အိမ်ခြံမြေဝယ်ယူရာမှာ အမှားအယွင်းနည်းပြီး
စိတ်ချရစေဖို့ ယုံကြည်ပါတယ်။
တစ်ချိန်ချိန်ကျ အသုံး ဝင်လာနိုင်တာမို့ Share /
save ဖြစ်ဖြစ် လုပ်ထားနိုင်ပါတယ်ခင်ဗျ။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ကလောမြို့က အိမ်ခြံမြေအကျိုးဆောင် တစ်ယောက်နဲ့
ချိတ်ဆက်ပြီး အချိန်ကုန်၊စိတ်ရှုတ်စရာသက်သာစွာဖြင့်
အိမ်ခြံမြေများကို ဝယ်ယူလိုတယ်ဆိုရင်တော့
ဂရန်မြေ၊105၊မြို့မြေ၊ရွာမြေ၊ပုံစံ၇ စသဖြင့် မြေအမျိုး
အစားများကို စိတ်ကြိုက်ရွေးချယ်လို့ရတဲ့
Jarnak Real Estate ဆီကို ဆက်သွယ်လို့ရပါတယ်
ခင်ဗျာ။
အဓိကအားဖြင့် ဝယ်သူစိတ်ကျေနပ်အောင် အိမ်၊ခြံ၊
မြေကွက်များကို အသေးစိတ်ပြသပေးမှာဖြစ်လို့
စိတ်ကြိုက်မရမှာတော့ စိတ်မပူပါနဲ့။
ဂျာနတ် ကလောအိမ်ခြံမြေ အကျိုးဆောင်
( နေမင်းထွန်း )
09 970 7777 31
09 7816 20 225 (Viber, Telegram)
ရုံးခန်း - ရပ်ကွက် ၉ ၊ နှီးဘုရားလမ်းဆုံ၊ ဓမ္မစင်္ကြာလမ်း၊ ကလောမြို့။
ပေါက်စျေးမှန်လို့ ခိုင်မာစေရုံသာမက လိုအပ်ရင်
ပြန်ရောင်းပေးဖို့ပါ အာမခံပါတယ်ခင်ဗျာ။
#ကလောအိမ်ခြံမြေ #ကလောအကျိုးဆောင်
#အိမ်ခြံမြေ #စာရွက်စာတမ်း #အိမ်ခြံမြေစာရွက်စာတမ်း
#အိမ်ခြံမြေဥပဒေ #စာရွက်စာတမ်းစစ်ဆေးရမယ့်အပိုင်း

( အကုန် copy ယူသုံးလို့
ရပါတယ်၊ဒါပေမယ့် Jarnak Real Estate က
စာတွေကို copy ယူပြီးcredit မပေးဘဲ ယူတင်
နေတာတွေတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။
ကျေးဇူးပြုပြီး ကူးယူမယ်ဆိုရင်
( Credit- Jarnak Real Estate ) လို့ဖော်ပြပေးစေ
လိုပါတယ်)

15/09/2025

🎯ကလောမြို့ ရှိမြေကွက်တွေထဲက
မြေသမားတွေ စိတ်တိုင်းကျစေမယ့်
Perfect Collection (10) ကွက်
တွေပါခင်ဗျာ။
(1) 4000 သိန်း
🆕 စာရွက်စာတမ်း - ဂရန်
🆕 အကျယ်အဝန်း - 0.163 ဧက
(2)4500 သိန်း
🆕 စာရွက်စာတမ်း - 105
🆕 အကျယ်အဝန်း - 0.141 ဧက
(3) 5000 သိန်း
🆕 စာရွက်စာတမ်း - ဂရန်
🆕 အကျယ်အဝန်း - 50' x112'
(4) 4500 သိန်း
🆕 စာရွက်စာတမ်း - ဂရန်
🆕 အကျယ်အဝန်း - 50’ x 100’
(5) 6000 သိန်း
🆕စာရွက်စာတမ်း - 105
🆕အကျယ်အဝန်း - 0.162 ဧက
(6)4500 သိန်း
🆕 စာရွက်စာတမ်း - 105
🆕 အကျယ်အဝန်း - 100’ x 100’
(7) 4800 သိန်း
🆕 စာရွက်စာတမ်း - ဂရန်
🆕 အကျယ်အဝန်း - 0.209 ဧက
(8 )6000 သိန်း
🆕 စာရွက်စာတမ်း - 105
🆕 အကျယ်အဝန်း - 73.3'-94.8'x177.2'-162.01'
(9)7000 သိန်း
🆕 စာရွက်စာတမ်း - ဂရန်
🆕 အကျယ်အဝန်း - 0.204 ဧက
(10) 7000 သိန်း
🆕 စာရွက်စာတမ်း - ဂရန်
🆕 အကျယ်အဝန်း - 53' x 90'
🔚
ယခု မြေကွက်တွေထဲက ကိုယ်နဲ့ အနီးစပ်ဆုံး
မြေ ကွက်လေးတစ်ကွက်ကို အကြောင်းပြုပြီး
ဆက်သွယ်လာခဲ့ပါဗျ။
အနည်းဆုံး သိန်း ၄၀၀ ကနေစပြီးရှိတယ်နော်...
တစ်ခုခု သိချင်တာလေးများရှိရင် အားမနာနဲ့
ဖုန်းသာ ကောက်ပြီးတန်း ဆက်လာခဲ့ပါဗျ။
ဂျာနတ် ကလောအိမ်ခြံမြေ အကျိုးဆောင်
( နေမင်းထွန်း )
09 970 7777 31
09 7816 20 225 (Viber, Telegram)
ရုံးခန်း - ရပ်ကွက် ၉ ၊ နှီးဘုရားလမ်းဆုံ၊ ဓမ္မစင်္ကြာလမ်း၊ ကလောမြို့။
ပေါက်စျေးမှန်လို့ ခိုင်မာစေရုံသာမက လိုအပ်ရင်
ပြန်ရောင်းပေးဖို့ပါ အာမခံပါတယ်ခင်ဗျာ။

#ကလောမြို့အိမ်ခြံမြေ
#ကလောမြေကွက်စျေး
#ကလော #ကလောရောင်းရန်အိမ်ခြံမြေ

25/08/2025
31/07/2025

“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈေးနှုန်းမြင့်တက်မှုကို ရဖို့အတွက်ဖြစ်ပါတယ်။"

မြန်မာပြည်မှာ ကိုယ့်လက်ထဲငွေကြေးအရင်းအနှီးရှိလို့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ရင် ပထမဆုံးပြေးမြင်မိကြတာက အိမ်ခြံမြေ (Real Estate) ပါပဲ။ အဓိကကတော့ အိမ်ခြံမြေရဲ့အားသာချက်က ပိုင်ဆိုင်မှုခိုင်မာတာကြောင့်နဲ့ စီးပွားရေးအခွင့်အလမ်းကောင်းရှိခြင်းကြောင့်ပဲဖြစ်တယ်။ နောက်တစ်ချက်က မြေဝယ်မကျဆိုပြီး ညွှန်းကြတဲ့အတိုင်း အိမ်ခြံမြေစျေးက အတက်ဘက်ကိုသာဦးတည်တဲ့အချက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ပါတယ်။ ပြီးတော့ အငှားဝင်ငွေ(Rental Income) အပြင် Capital Gains အမြတ်ပါ ရရှိနိုင်တဲ့အားသာချက်လည်းရှိပြန်ပါတယ်။ အားသာချက်တွေရှိသလို မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ သတိပြုရမယ့်အချက်တွေလည်းရှိတယ်။

“အိမ်ခြံမြေဝယ်မယ်ဆိုရင် စိတ်ခံစားချက်က ဘယ်လောက်ပါနေတယ်ဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပထမဆုံးအတွေ့အကြုံမှာတင် ကွဲမှာပါပဲ။”

“ပိုင်ဆိုင်မှုတွေအားလုံးကို Asset တစ်ခုတည်းအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်တာဟာ သိပ်ကို Risk များတတ်လေ့ရှိပါတယ်။ အိမ်ခြံမြေမှာလည်း ကိုယ့်မှာ လက်ထဲ သိန်းငါးထောင်ရှိတဲ့အခါ သိန်းငါးထောင်တန် မြေတစ်ကွက်ဝယ်ပြီး ရင်းနှီးထားလိုက်တာနဲ့စာရင် သိန်းတစ်ထောင်တန်မြေငါးကွက် ဝယ်ထားတာက ပိုပြီး အဆင်ပြေတတ်လေ့ရှိပါတယ်။”

“အိမ်ခြံမြေမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိုက်သင့်တဲ့အမြတ် ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်း ကိုက်မကိုက်ဆိုတာ အချိန်ကာလအနည်းအများအပေါ် များစွာမူတည်နေပါတယ်။ “ စသဖြင့် ဒီစာအုပ်ကနေ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ အကြံဉာဏ်များစွာရရှိပါလိမ့်မယ်။

ဒီစာအုပ်မှာ တိုက်ခန်းနဲ့မြေဝယ်ရင် သတိပြုသင့်တာတွေကစလို့ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတွေ၊ အိမ်တစ်လုံးရဲ့ Performance ကို ဘယ်တိုင်းတာမလဲ၊ အမြင့်ဆုံး Rental Income ကို ဘယ်လိုရယူမလဲ၊ အိမ်ခြံမြေတန်ဖိုးအပေါ်သက်ရောက်နေတဲ့ အကြောင်းရင်းတွေ၊ Investment တစ်ခုကို ဘယ်လောက်ကြာကြာကိုင်ထားသင့်လဲ စသဖြင့် စာရေးသူနှစ်ဦးက လေ့လာထားတဲ့သီအိုရီတွေ၊ အတွေ့အကြုံတွေအပြင် မဖြစ်မနေနားလည်သဘောပေါက်ထားရမယ့် ဥပဒေရေးရာအသိပညာတွေပါ ဝေမျှထားပါတယ်။

◾အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖြင့် ကြွယ်၀မှုတည်ဆောက်ခြင်း
◾Kaung Hein Soe (Strategic), Thu Htet Kyaw Lwin
◾စာမျက်နှာ - ၁၉၂
◾တန်ဖိုး - ၁၉,၀၀၀ ကျပ်
[sarpaylann.com မှ မှာယူပါက 10 % Off ရရှိမှာဖြစ်ပါတယ်။ (20 - 8 - 2025 အထိသာ)]..........
20-8-2025 မှာ ထွက်ရှိမှာဖြစ်ပါတယ်။ Preorder မှာယူတဲ့သူတွေအနေနဲ့ စာရေးသူလက်မှတ်ပါတဲ့ စာအုပ်လေးရရှိမှာဖြစ်ပါတယ်။ မှာယူလိုပါက sarpaylann.com/books/အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖြင့်-ကြွယ်ဝမှုတည်ဆောက်ခြင်း မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....
အထူးအစီအစဉ်အနေနဲ့ “အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖြင့် ကြွယ်၀မှုတည်ဆောက်ခြင်း" စာအုပ်ကို ကံထူးရှင် (၁၀) ဦးရွေးချယ်ပြီး မေတ္တာလက်ဆောင် ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရချင်တယ်ဆိုရင်တော့ ယခုပို့စ်ကို Public Share လုပ်ပြီး Screenshot ကို မူရင်းပို့စ်အောက်မှာ Comment မှာမန့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ (20-8-2025 အထိသာ)

#အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖြင့်ကြွယ်၀မှုတည်ဆောက်ခြင်း

#အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု
#ရင်းနှီးမြှုပ်နှံမှု #အိမ်ခြံမြေ

#ကောင်းဟိန်းစိုး #သုထက်ကျော်လွင်

စာချုပ်စာတမ်း မှတ်ပုံတင် ရုံး၌ မြေကွက် အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာတွင် တင်ပြရမည့် အထောက်အထားများ( ၁ ) မြေငှ...
07/11/2024

စာချုပ်စာတမ်း မှတ်ပုံတင် ရုံး၌ မြေကွက် အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာတွင် တင်ပြရမည့် အထောက်အထားများ
( ၁ ) မြေငှားဂရန် မူရင်း (သို့) မြေပိုင်မြေ ဖြစ်က ပိုင်ဆိုင်မှုစာချုပ် မူရင်း
( ၂ ) မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ထုတ်ပေးသည့် တစ်နှစ်သက်တမ်း (Up Date) ရှိ အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုရန်သက်သေခံ မြေပုံ(၂)ချပ် နှင့် ရာဇ၀င်(၁)မူရင်း
(၃) ကာလတန်ဖိုး စီစစ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် ငွေသွင်းချလံ မူရင်းနှင့် အခွန်တံဆိပ်ခေါင်းများ
ရုံးခွန် တံဆိပ်ခေါင်း ရရှိရေးအတွက်
( က ) သက်ဆိုင်ရာ ကာလတန်ဖိုး စီစစ်သက်မှတ်ရေး အဖွဲ့သို့ ဂရန် (သို့) မြေပိုင်မြေ ပိုင်ဆိုင်မှုစာချုပ် ၊ အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုရန် မြေပုံ ရာဇဝင် ၊ မြေကွက် ဓာတ်ပုံ(၃)ပုံ (ရှေ၊ဝဲ၊ယာ) ၀ယ်ယူသူ၏ နိုင်ငံသားကတ်နှင့် အိမ်ထောင်စု စာရင်း ၊ ခင်ပွန်း (သို့) ဇနီးနှင့်မိဘများ ကွယ်လွန်က မှတ်ပုံတင် သွင်းထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် ၊ အရောင်းအ၀ယ် အရပ်ကတိစာချုပ် ၊ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်က အထူး ကိုယ်စားလှယ် လွှဲစာ ယင်းတို့၏ မိတ္တူ(၆)စုံ တင်သွင်းရပါမည်။
( ခ ) တိုင်း ကာလတန်ဖိုး စီစစ်သတ်မှတ်ရေးအဖွဲ့မှ နှစ်ပတ်အတွင်း မြေကွက်အတွက် တန်ဖိုးသတ်မှတ်ပြီးက သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနတွင် (၁၃.၈.၂၀၁၂)မှစ၍ တံဆိပ်ခေါင်းခွန်(၄%)နှင့် ၀ယ်ခွန်၃%ချလံ ရေးသွင်း၍ သက်ဆိုင်ရာ ဘဏ်တွင် ငွေသွင်းရပါမည်။ ယင်းဘဏ်ချလံဖြင့် မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းများ ထုတ်ယူရပါမည်။ မြို့နယ်အခွန်ရုံးမှ ၀င်ငွေခွန် ဥပဒေပုဒ်မ ၅၃ အရအခွန်တောင်းခံလွှာ ပတစ (၀င)-၈ ထုတ်ပေးပါသည်။
မှတ်ချက် # # မြေတန်ဖိုး သိန်း၁၀၀၀ကျော်က နေပြည်တော်ရှိ သက်ဆိုင်ရာ ဋ္ဌာန၏အတည်ပြုချက် ရယူရပါမည်။
( ၄ ) မြေကွက် အရောင်းအ၀ယ် စာချုပ်(၁)စောင်
( ၅ ) ရောင်းသူ ဝယ်သူ သက်သေနှစ်ဦးတို့၏ နိုင်ငံသားစီစစ်ရေးကတ် မူရင်း
( ၆ ) ကိုယ်စားလှယ် လွှဲစာဖြင့် ချုပ်ဆိုက ပေးအပ်ထားသည့် ကိုယ်စားလှယ်လွှဲစာ(sp/GP) ပေးသူ ယနေ့တိုင် သက်ရှိထင်ရှား ရှိကြောင်းနှင့် ယင်းကိုယ်စားလှယ် လွှဲစာအား ပြန်လည် မရုတ်သိမ်းသေးခြင်း မှန်ကန်ကြောင်း တရားရုံး ကျမ်းကျိန်လွှာ မူရင်း
( ၇ ) ကိုယ်စားလှယ် လွှဲစာအား ကန့်ကွက်ချက် မရှိကြောင်း စာချုပ် ရုံးတာဝန်ခံ၏ ထောက်ခံချက်
( ၈ ) ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ရန်ကုန် / မန္တလေး မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းဖြစ်က ကာလတန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန်(၇%) ထမ်းဆောင်ရန် ၊ ကျန်ဒေသအားလုံး ကာလတန်ဖိုးအပေါ် တံဆိပ်ခေါင်းအခွန်(၅%) ထမ်းဆောင်ရမည်။
(ပြောင်းလဲမှုလဲ ရှိနိုင်ပါသည်။)

✍️ဒီလို ဗဟုသုတ ရစေတဲ့ အကြောင်းအရာ လေးတွေကို တစ်နေရာတည်း
တစ်နေရာတည်းမှာ ဖတ်ရူချင် ရင်တော့
< www.yuzanarland.com/g/6p66H >
🔺🔺🔺🔺🔺🔺🔺🔺🔺🔺
-
-
-
ကိုယ်စားလှယ်လွှဲစာ
www.yuzanarland.com/g/cU9uh
အိမ်ခြံမြေ ဉပဒေ များစွာကို တစ်နေရာထဲမှာ
လေ့လာရန်အတွက် အောက်ပါ link လေးကို
နှိပ်လိုက်ပါ ။
📱Android အတွက် Play Store မှ ဒေါင်းရန် 👇-
< yuzanarland.com/g/pwipE >
🍏 IOS အတွက် App Store မှ ဒေါင်းရန် 👇-
< yuzanarland.com/g/zuMK5 >
သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေ ဗဟုသုတနဲ့ ဝန်းရံထားပါ ။


#အိမ်ခြံမြေဥပဒေ


with respect

🔵  ဂရန်မြေ ဝယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အခွန် ကိစ္စများ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖        အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂ...
06/11/2024

🔵 ဂရန်မြေ ဝယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အခွန် ကိစ္စများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။

👉 ရောင်းခွန်ကတော့ အိမ်ခြံမြေရောင်းချတဲ့ အခါ ရရှိလာတဲ့ အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးရပါတယ်။ ဥပမာ - ဦးဖြူက မြေကွက်တစ်ကွက်ကို ၂၀၂၀ မှာ သိန်း ၁၀၀၀ နဲ့ ဝယ်ခဲ့တဲ့ မြေကွက်ကို ၂၀၂၄ မှာ သိန်း ၅၀၀၀ နဲ့ ပြန်လည်ရောင်းချခဲ့တယ်ဆိုရင် သူရရှိတဲ့ အမြတ်အစွန်းက သိန်း ၄၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမြတ်အစွန်း သိန်း ၄၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း သိန်း ၄၀၀ ကို အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

👉 ဝယ်ခွန်ကတော့ ဝယ်သူဘက်က ဆောင်ရမှာ ဖြစ်ပြီး ပေးဆောင်ရမဲ့ နှုန်းထားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
• ငွေကျပ်သိန်းတစ်ထောင်အထိ ၃ ရာခိုင် နှုန်း။
• ငွေကျပ်သိန်းတစ်ထောင် မှ ငွေကျပ်သိန်း ငါးထောင်အထိ ၅ ရာခိုင်နှုန်း။
• ငွေကျပ်သိန်း ငါးထောင်မှ၊ ငွေကျပ်သိန်း တစ်သောင်းအထိ ၁ဝ ရာခိုင်နှုန်း။
• ငွေကျပ်သိန်းတစ်သောင်း မှ ငွေကျပ်သိန်းတစ်သောင်း ငါးထောင်အထိ ၂ဝ ရာခိုင်နှုန်း
• ငွေကျပ်သိန်းတစ်သောင်း ငါးထောင်တစ်ကျပ်နှင့် အထက် ၃ဝ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဟု သတ်မှတ်ထားပါတယ်။
ဝယ်ခွန်ဆောင်တဲ့အခါမှာ အခွန်သက်သာစေတဲ့ နည်းလမ်းကတော့ ဝင်ငွေရလမ်းကို ဖေါ်ပြနိုင်ပြီး အခွန်ဆောင်ထားတယ်ဆိုရင် တော့ အိမ်ခြံမြေဝယ်တဲ့အခါ ဆောင်ရတဲ့အခွန်က သက်သာပါတယ်။

👉 ဒီအခွန်ကိစ္စတွေကို ရောင်းသူ ဝယ်သူကြား ရှင်းရှင်းလင်းလင်း ဖြစ်အောင် စရန်စာချုပ် ချုပ်ဆိုကတည်းက ရောင်းသူက ရောင်းခွန်ဆောင် ဝယ်သူက ဝယ်ခွန်ဆောင်ရပါမယ်လို့ အတိအလင်း ရေးသားပြီး စာချုပ်ချုပ်ဖို့ လိုပါတယ်နော်။

ယနေ့ မင်္ဂလာရှိသောနေ့လေးမှာ 🙏🙏🙏ကျွန်တော်တို့ Great Land အနေဖြင့်တန်ဖိုးရှိသော မြေကွက်ကိုထိုက်တန်သော မိသားစုထံသို့အောင်မြ...
03/09/2024

ယနေ့ မင်္ဂလာရှိသောနေ့လေးမှာ 🙏🙏🙏
ကျွန်တော်တို့ Great Land အနေဖြင့်
တန်ဖိုးရှိသော မြေကွက်ကို
ထိုက်တန်သော မိသားစုထံသို့
အောင်မြင်စွာအကျိုးဆောင်ပေးနိုင်ခဲ့ပါပြီ
🎉🎉🎉
ဝယ်ယူသွားသော မိသားစု
စီးပွရေးများ ဒီရေအလားတိုးတက်ပါစေကြောင်း ကျွန်တော်တို့ Great Land မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
🎉🎉🎉
🌏 GreatLand RealEstate
☎️ 0️⃣9️⃣4️⃣4️⃣5️⃣1️⃣9️⃣5️⃣9️⃣5️⃣1️⃣

Address

Maymyo

Telephone

+959445195951

Website

Alerts

Be the first to know and let us send you an email when GreatLand RealEstate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GreatLand RealEstate:

Shortcuts

Share

Category