ချမ်းသာပီတိ - ပြင်ဦးလွင် အိမ်ခြံမြေအကျိုးဆောင်

  • Home
  • Myanmar
  • Maymyo
  • ချမ်းသာပီတိ - ပြင်ဦးလွင် အိမ်ခြံမြေအကျိုးဆောင်

ချမ်းသာပီတိ - ပြင်ဦးလွင် အိမ်ခြံမြေအကျိုးဆောင် pyin oo lwin-real estate service

🛣 ရှားပါးအဖိုးတန်မြေကွက်လေး 🛣ပြင်ဦးလွင်မြို့ ။ရပ်ကွက်ကြီး(၁၁)၊ ရေငယ် ။မဟာအံ့ထူးကံသာဘုရားကြီးအနီး ။ပွဲကောက်ရေတံခွန်အနီး ။...
15/09/2022

🛣 ရှားပါးအဖိုးတန်မြေကွက်လေး 🛣

ပြင်ဦးလွင်မြို့ ။
ရပ်ကွက်ကြီး(၁၁)၊ ရေငယ် ။
မဟာအံ့ထူးကံသာဘုရားကြီးအနီး ။
ပွဲကောက်ရေတံခွန်အနီး ။
မန်း‌လေး-လားရှိုးလမ်းမကြီး ကျောကပ် ။
ရူခင်းအရမ်းလှ၊ ပတ်ဝန်းကျင်အိမ်ကြီးအိမ်ကောင်းများရှိ ။
➡ အကျယ် ပေ ၇၀ x ၇၀

➡ သိန်း ၁၃၀၀ (ညှိနှိုင်း)

➡ ဆက်သွယ်ရန်
** 09 5343276 **

29/07/2022

အိမ်ခြံ​မြေဂရန် မိတ္တူခြမ်း ဝယ်ယူနေထိုင်ခဲ့မိတဲ့ အမှား
==================================
ဂရန်ခွဲ ဖို့ အခက် ပါလား။
===================
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အိမ်၊ ခြံ၊ မြေတွေ ရောင်းဝယ်ကြတဲ့နေရာမှာ တစ်ခါတစ်ခါ ထူးထူးခြားခြား "မောင်ကောင်းဖေ"လိုက်ပါဆောင်ရွက်ပေးရတာတွေရှိပါတယ်။ ဒီလိုထူးခြားတဲ့နေရာတွေကတော့ လူတိုင်းနေချင်တဲ့ လမ်းမကြီးလိုနေရာမျိုးမှာ ပိုမိုတွေ့ရတတ်ပါတယ်။လမ်းမကြီးဘေးမှာ နေထိုင်ကြသူအများစုဟာလည်း စီးပွားရေး အဆင်မပြေ ကြတဲ့အခါ မိမိတို့ပိုင်ဆိုင်တဲ့ (40'x60')မြေကွက်ကြီးအနက်က ခြေရင်းဘက် ခြမ်း (20'x60')ကို အရင်ဆုံးရောင်းကြတာကို တွေ့ရတယ်။
မြေတစ်ဝက်ခွဲ ဂရန်မိတ္တူနဲ့ဝယ်ထားခဲ့ရင်ဖြင့်
~~~~~~~~~~~
မြေတစ်ခြမ်းခွဲ ရောင်းလိုက်တဲ့အခါ ရောင်းသူတွေက ဂရန်မူရင်းကို မပေးဘဲ ဂရန်မိတ္တူ ကိုပဲ ပေးပြီး ရောင်းတတ်ကြတယ်။ ဝယ်သူကလည်း လမ်းမ
ကြီး ဘေးမှာ နေရမယ်ဆိုတာနဲ့ ပျော်နေပြီလေ။ ဂရန်မိတ္တူ ရရင်လည်း အိမ်ဆောက်ပြီး မိသားစုနေလို့ ရတာပဲလို့ ယူဆကြတယ်။ ဒါပေမဲ့ ထင်သလို ဖြစ်မလာတာတွေလည်း အများကြီးရှိတတ်တယ်။ ဂရန်အမည်ပေါက် သေသွားခဲ့ရင် ဂရန်မိတ္တူနဲ့ဝယ်တဲ့သူတွေ ရွာလည်တော့တာပဲ။

အတွေ့အကြုံကလေးတစ်ခု ပြောပြရဦးမယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်က (40'x60')မြေကွက်ကြီးအကြောင်းပါ။ ဂရန်အမည်ပေါက်က မိခင်အမည်နဲ့ ရှိနေတယ်။ ဖခင်ကတော့ သားသမီးတွေ ငယ်စဉ်ကထဲကကွယ်လွန်သွားလို့ မိခင်ကပဲ စီမံအုပ်ချုပ်ခဲ့ရတဲ့ မိသားစုပါ။ မိခင်ကလည်း သားသမီးတွေ အရွယ် ရောက်လူလားမြောက် အိမ်ထောင်ကျသွားကြတဲ့အထိပြုစုစောင့်ရှောက်ပေးခဲ့တယ်။ အသက်လည်းကြီး၊ ပင်စင်လည်းယူပြီးတဲ့အခါ ကျတော့ ဝင်ငွေ နည်းလာတာရယ်၊ သံသရာအတွက် ရိက္ခာထုပ်ကလေးလည်း ထုပ်သွားဖို့ အလှူလုပ်ချင်တာနဲ့ ခြေရင်းဘက်တစ်ခြမ်း (20'x60')ကို ခွဲပြီးရောင်းလိုက် တယ်။

တစ်ဝက်ခွဲရောင်းလိုက်ပေမယ့် ဂရန်မိတ္တူနဲ့ပဲ ရောင်းလိုက်တာပါ။ မူရင်းကိုတော့ မပေးလိုက်ဘူး။ မြေတစ်ခြမ်း ရောင်းရငွေနဲ့ မိခင်ဖြစ်သူကလည်း မသေမီမှာ လှူချင်တာလှူ၊ ပေးချင်တဲ့သူတွေကို ပေးနိုင်ခဲ့ပါတယ်။ ဂရန်မိတ္တူနဲ့ ဝယ်ထားတဲ့သူကလည်း အခွန်ဆောင်ရမှာ ကြောက်တာနဲ့ ဂရန်အမည်ပေါက် အသက်ထင်ရှားရှိစဉ်မှာ မှတ်ပုံတင် အရောင်း အဝယ်စာချုပ်ချုပ်ပြီး အမည် ပြောင်းတာတွေ မလုပ်ဘဲပေါ့ပေါ့ပါးပါးပဲ တိုက် ဆောက်ပြီးနေလာခဲ့တယ်လေ။ ဒီလိုနဲ့ ဂရန်အမည် ပေါက် မိခင်ဖြစ်သူလည်း လှူချင်တာလှူပြီးတဲ့ နောက် မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

မိခင်ဖခင်မရှိတော့ဘူးဆိုတော့ မောင်နှမ (၄) ယောက် မိခင်အမည်ပေါက်ကျန်ခဲ့တဲ့(20'x60')မြေနဲ့ အိမ်ကို ရောင်းပြီး အမွေခွဲကြတယ်။ ဝယ်သူအနေနဲ့လည်း အမွေဆိုင်မြေနဲ့ အိမ်ဆိုတော့ နောက်ပိုင်း ရှုပ်မှာကြောက်တာနဲ့ အမည်ပြောင်းပြီးတဲ့အထိလိုက်ပါဆောင်ရွက်ပေးဖို့ တောင်းဆိုတော့တာပေါ့။

ဝယ်သူအမည်ပေါက်ဖို့ မြို့တော်စည်ပင်ကို သွားကြစို့
*************************************************
ဝယ်သူအမည်ပေါက်ချင်တယ်ဆိုရင် အမွေဆိုင် (၄)ဦးက မြို့တော်စည်ပင်မှာ အမွေဆက်ခံပိုင်ဆိုင် ကြောင်း စာချုပ်ချုပ်ဖို့နဲ့ ပြန်ရောင်းတဲ့အခါ မှတ်ပုံတင်စာချုပ်ချုပ်ဖို့ “အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုဖို့ နဲ့ ​"အရောင်းအဝယ်စာချုပ်ချုပ် ဆိုဖို့အတွက်မြေပုံ(၂)မျိုးကူးပေးရတယ်။အဲဒီ မြေပုံ (၂)မျိုးရရင် မြေကွက်တန်ဖိုးဖြတ်ပေးဖို့ ပထမဦးဆုံး ပိုင်ဆိုင်ကြောင်းကြောင်း စာချုပ်ချုပ်ပေးရ တယ်။ ပြီးမှပြန်ရောင်းရန်အတွက် ရန်ကုန်တိုင်း အခွန်ရုံးမှာ တင်ပြရတယ်။

အခွန်ရုံးက ဖြတ်တဲ့ အတိုင်း အခွန်ဆောင်ပြီးမှ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်လို့ရပါတယ်။ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်ရမှ မြို့တော်ခန်းမမှာသွားပြီး အမည်ပြောင်းရပါတယ်။ ဒါမှ ဝယ်သူအမည်ပေါက် ဖြစ်သွားပါတယ်။အခုပြောပြတာက (40'×60')မြေတစ်ကွက်လုံးဝယ်ထားသူအတွက် အဆင့်ဆင့် ဆောင်ရွက် ရပုံပါ။

မိတ္တူကိုင်ထားသူက မျက်နှာငယ် မူရင်းကိုင်ထားသူ အကြိုက်လိုက်ရမယ်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ခက်တာက အခုဝယ်လိုက်တဲ့ မြေနဲ့အိမ်က (20'x60')ပဲ ဝယ်တာဖြစ်လို့ အထက်က ပြောသလို လွယ်လွယ်ကူကူနဲ့အမည်ပြောင်းရဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ရင် (40'x60')မြေတစ်ကွက်လုံး ပိုင်ဆိုင်ကြောင်းစာချုပ်လို့ မရဘူးလေ။ ဘာကြောင့်လဲဆိုတော့ အမွေဆိုင်တွေက တစ်ခြမ်းပဲပိုင်တော့ တစ်ခြမ်းပဲပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ရတာပေါ့။

မြေတစ်ခြမ်းပိုင်ဆိုင်တဲ့အတွက် ပြန်ရောင်းတဲ့အခါမှာလည်း မြေတစ်ခြမ်းပဲ ပြန်ရောင်းလို့ရတာပေါ့။ အဲဒီမှာ ဘာပြဿနာပေါ်လာသလဲဆိုတော့ မူလဂရံမြေအကျယ်က ( 40'x60')ရှိတာလေ။ ( 20'x 60’)
တစ်ဝက်စီ ခွဲရောင်းတယ်ဆိုတာကလည်းရောင်းသူ မြေရှင် က နှစ်ဦးသဘောတူ ပေကြိုးနဲ့တိုင်းပြီး
အလယ်က တစ်ဝက်စီ ခွဲရောင်းခဲ့ကြတာဖြစ်တယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ တရားဝင်ခွဲစိတ်ခွင့်လျှောက်ပြီး ခွဲတာမဟုတ်တော့ မြို့မြေစာရင်းမှာက မူလအမည်ပေါက်အတိုင်း ( 40' x60')ပဲ ရှိနေသေးတယ်။ ဒီတော့ မူလအမည် ပေါက်ထံကအရပ်ကတိစာချုပ်နဲ့ တစ်ဝက်စီ ခွဲစိတ် ဝယ်ထားသူ နှစ်ဦးစလုံး ထိပ်တိုက်တွေ့ဆုံရတဲ့အချိန်ရောက်လာတယ်။

ပထမဦးဆုံး ဂရန်မိတ္တူ. ကိုင်ထားသူနဲ့ ဒုတိယဝယ်ထားတဲ့ ဂရန်မူရင်းကိုင် ထားသူတို့ နှစ်ဦးပေါင်းကာဂရန်ခွဲစိတ်လို့ အမည်ပြောင်းကြရင်တော့လွယ်ကူတာပေါ့။
လက်ရှိအတွေ့အကြုံအရ "မောင်ကောင်းဖေ"မြင်ရ
ကြားရတာတွေကတော့ ဂရန်မိတ္တူဝယ်ထားသူနဲ့ ဂရန်မူရင်းဝယ်ထားသူတွေဟာ စိတ်သဘောထား ချင်း မတိုက်ဆိုင်လို့ ဂရန်ခွဲပြီး (20'x60')စီ သီးခြားခွဲစိတ်နိုင်ကြတာနည်းပါးတာကို တွေ့ရပါတယ်။

နိဂုံးချုပ်ပြောချင်တာကတော့ (40'x60')မြေတစ်
ကွက်ကို တစ်ဝက်စီခွဲ ဝယ်ထားသူ (၂) ဦးစလုံး ပေါင်းပြီး ဂရန်အမည်ပြောင်း ကာ ဂရန်ခွဲစိပ်ယူကြ
တာ အကောင်းဆုံးပါလို့ " မောင်ကောင်းဖေ "အကြံ
ပေးလိုက်ပါရစေ။
⛳ ကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ကြပါစေ

ဆရာမောင်ကောင်းဖေရေးသားသည်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။🙏

28/07/2022

မြေဧကတွက်နည်း(၂) လူတွေအမေးများတဲ့ မြေအကြောင်းများ
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits ဆရာ MyoMinHtun

 #ပြင်ဦးလွင်မြို့၊ မြို့တွင်းနဲ့နီးတဲ့ ရပ်ကွက်ကြီး(၁၂)  #ရေချမ်းအိုးမှာပါ။အေးအေးချမ်းချမ်းနဲ့ ရကက(၁၂) ရေချမ်းအိုးကRC နှ...
22/06/2022

#ပြင်ဦးလွင်မြို့၊ မြို့တွင်းနဲ့နီးတဲ့ ရပ်ကွက်ကြီး(၁၂) #ရေချမ်းအိုးမှာပါ။
အေးအေးချမ်းချမ်းနဲ့ ရကက(၁၂) ရေချမ်းအိုးက
RC နှစ်ထပ်ခွဲအိမ်ကြီး

ရောင်းမည် = ၂၇၀၀ သိန်း
ခြံအကျယ် = ၇၀×၁၁၀ ပေ
အိမ်အကျယ် = ၃၅×၅၅ ပေ
မျက်နှာအလှည့် = အနောက်
မြေအမျိုးစား = ရပ်ကွက်ကြီးမြေ
(အိမ်နံပါတ်ကျပြီး)

Master Bedroom (၂)ခန်း၊ရိုးရိုး(၁)ခန်း၊
ဘုရားခန်းသီးသန့်၊ဧည့်ခန်းအကျယ်၊မီးဖိုခန်း
သီးသန့်၊ထမင်းစားခန်းသီးသန့်၊စတိုခန်းတစ်ခန်း
အပါ၊ Air Con (၄)လုံး၊ရေပူရေအေးပါပြီး၊
မိုးကြိုလွှဲတပ်ဆင်ပြီး အဝီစိတွင်း မီတာ၊
ခေါင်မိုးပေါ်မှာ (၁၅)' ပတ်လည်
Mini Pool ရေကူးကန်အပါ။မိသားစု
ပန်းခြံကျယ်တစ်ခုသစ်ပင်ပန်းမန်များနဲ့
လှပသေသပ် ခန့်ညှားလွန်းလှတဲ့အိမ်ကြီး
ရေမီးအစုံအသင့်တက်နေရုံ ပိုင်ဆိုင်မှုခိုင်မာတဲ့ အိမ်နဲ့ခြံရောင်းပါမည်။

📲 09 5343276

#ပီတိချမ်းသာ_ပြင်ဦးလွင်_အိမ်ခြံမြေ

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ရေငယ်VEA ကိုယ်ပိုင်ကျောင်းအနီး၊ပုလဲဖြူဆွယ်တာဆိုင်(၂)အနီး၊မန္တလေး-လားရှိုးမိန်းလမ်းကြီး...
22/06/2022

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ရေငယ်
VEA ကိုယ်ပိုင်ကျောင်းအနီး၊
ပုလဲဖြူဆွယ်တာဆိုင်(၂)အနီး၊
မန္တလေး-လားရှိုးမိန်းလမ်းကြီးမှ ၄၈၀ မီတာအကွာ၊
ဆောင်းသဇင်လမ်းမေးတင်ထားပြီး
အိမ်အလုံးရေ(၁၀)လုံးရှိတဲ့ အိမ်ရာဝင်းထဲမှာပါ။

ရောင်းမည် = ၇၈၀ သိန်း
မြေအကျယ် = ၃၉×၇၀ ပေ
အိမ်အကျယ် = ၃၂×၃၂ ပေ
မျက်နှာအလှည့် = အရှေ့အရပ်
မြေအမျိုးစား = ရပ်ကွက်ကြီးမြေ

အိမ်ခန်း ၂ခန်း(MB ၁၊ ရိုးရိုး ၁)
ဘုရားခန်းသီးသန့်၊ ဧည့်ခန်း၊မီးဖိုခန်း၊ထမင်းစားခန်း၊
အဝီစိတွင်း၊ရေကန်၊မော်တာ၊ရေတိုင်ကီ၊
ရေမော်တာ၊ landscapes ရှုခင်းအလှဖန်တီးပေးထားသလို
စိုက်ပျိုးပြီးသစ်ပင်ပန်းမန်များလည်းရှိပါတဲ့
ရေမီးအစုံ၊အသင့်တက်နေရုံ တိုက်ကလေးတစ်လုံးရောင်းပါမည်။

ဆက်သွယ်ရန်
📱 09 5343276
#ပီတိချမ်းသာ
#ပြင်ဦးလွင်
#အိမ်ခြံမြေ

06/06/2022

"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်
လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင်
အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊
မြေနှင့် အိမ်ဖြစ်စေ၊
တိုက်ခန်းဖြစ်စေ၊
ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့်
ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။

အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်
အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်း
ဖြစ်သည်။

ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင်
မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့
ရှိကြသည်။

မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး
ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍
ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့
သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ
မှန်ကန်ကြောင်း သိခဲ့ရသည်။

ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း
နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက် စစ်ဆေးရာ
အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည်။

ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်
ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင်
လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင်
ယခင်က မူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန်
စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာ
သဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ
ရောက်လာ မေးမြန်းခြင်း ဖြစ်သည်။

ဒီလို ဂရန်သစ် လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက်သူနှစ်ဦး ပေါ်တတ်ကြောင်း သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူ က
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန်
ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ၊
စျေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင် ဖြစ်စေ၊
မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည်။

"ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ"
ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း
မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု
ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့် အခါ
မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည်။

ထို့အတူ
"ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲအမှတ်
ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံစံလျှောက်လွှာ"
တို့ကိုပါ ပေးအပ်ရန် မေ့တတ်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်"
ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံ မှ
ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့
ဌာနက လာရောက်ရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး
ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့ ကြုံရတာပေါ့။

ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ်
စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍
မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ်အမှုတွဲ ပိတ်သိမ်းပေးဖို့
အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့်
မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း
စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း
၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။

အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့
မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။

အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့
မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ ရတယ်။
အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို
ပြောပြတယ်။

ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင်
မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်
လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို
ဖျက်ပေးလိုက်တယ်။

အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက်
- ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း
- သတင်းစာကြော်ငြာပေးခြင်း၊
- ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊
- ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊
ယင်းနောက်
- တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး
- ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ
လျှောက်ထားသူထံကို အကြောင်းကြား ပါတယ်။

ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်
မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း
ရပါတယ်။

မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။
"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။
"ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ" ဆိုတော့ အမြန်ရအောင်
ခဏခဏ သွားစုံစမ်းပေါ့။

ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို
ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူ
အမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။

credit - Shwe Sethtagan Journal

🏡 မြေကျယ်ကျယ်၊ VIP ဆန်ဆန် မြေကွက်ကိုမှ အလိုရှိသော မိတ်ဆွေများအတွက် နေရာကောင်းလေးရရှိပိုင်ဆိုင်နိုင်ဖို့ ဖိတ်ခေါ်ပါရစေဗျာ...
24/01/2022

🏡 မြေကျယ်ကျယ်၊ VIP ဆန်ဆန် မြေကွက်ကိုမှ အလိုရှိသော မိတ်ဆွေများအတွက် နေရာကောင်းလေးရရှိပိုင်ဆိုင်နိုင်ဖို့ ဖိတ်ခေါ်ပါရစေဗျာ...

🚩 တည်နေရာ
****************
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ရေငယ်၊ မဟာအံ့ထူးကံသာဘုရားကြီးအနီး.. ရွှေတောင်ကြားလမ်းနှင့် ဂန္ဓမာလမ်း နှစ်ခုလုံးရဲ့ မေးတင်နေရာကောင်းပြီး တောင်တန်း View အလှ ခံစားနိုင်တဲ့နေရာလေးပါ

‣ မြေနေရာမှ ပြင်ဦးလွင်-လားရှိုးလမ်းမကြီးသို့ 1.3 km/🚕 ၄ မိနစ်

‣ အဝေးပြေးကားဝင်းနှင့် Ruby Mart ကုန်တိုက်များသို့ 5.2 km/ ၉ မိနစ်

‣ မြို့မဈေးကြီးနှင့် မြို့လယ်နာရီစဉ်သို့ 8.3 km/ ၁၄ မိနစ် ဖြင့် အသီးသီးလွယ်ကူစွာသွားလာနိုင်

‣ မဟာအံ့ထူးကံသာဘုရားကြီးနှင့် ပွဲကောက်ရေတံခွန်သို့ ၄/၅ မိနစ်

‣ ရေ မီး လွယ်ကူတဲ့နေရာလေးမို့ ချက်ချင်းအိမ်ဆောက်နေမည့်သူအဖို့ အဆင်ပြေစေသလို

‣ နောင်တချိန် ရင်းနှီးမြုပ်နှံလိုသူတွေအတွက်လည်း ထားကောင်း ရောင်းမြတ် နေရာလေးပါ

ပေအကျယ် * ဈေးနှုန်း
************************
‣ ပေ 45'x65' = 250 သိန်း
‣ ပေ 53'x70' = 410 သိန်း
‣ ပေ 60'x60' = 400 သိန်း
‣ ပေ 70'x60' = 625 သိန်း
‣ ပေ 70'x80' = 670 သိန်း..(အတိုးမဲ့အရစ်ကျ ၃ လ)

ဝန်ဆောင်မှု
***************
‣ အုတ်တံတိုင်း၊ သံပန်း၊ သံတံခါး တပ်ပြီး။
‣ ၂၂ ပေ ကွန်ကရစ်လမ်း
‣ မီးတိုင် မီးကြိုး သွယ်တန်းပြီး။

📒 စာရွက်စာတမ်း
******************
‣ မြေအရောင်းအဝယ်စာချုပ်၊ မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ဝယ်သူအမည်ပေါက်ပိုင်ဆိုင်မှု အလွှဲအပြောင်းစာချုပ် ချုပ်ဆိုပေးပြီး
‣ စာချုပ်စာတမ်းကိစ္စ/ရှေ့နေငှားရမ်းခ ကုန်ကျစရိတ်အားလုံးအတွက် ရောင်းသူဘက်မှကျခံပေးပါမည်။

📊 1st comment တွင် အကွက်ချဇယားနှင့်ဈေးနှုန်းဖော်ပြပေးထားလို့ လေ့လာကြည့်နိုင်ပါတယ်

☎️ ဆက်သွယ်ရန်
09 5343276 , 09 765343276

#ပီတိချမ်းသာ_ပြင်ဦးလွင်_အိမ်ခြံမြေ

Please: Page ကို Like & Share ခြင်းဖြင့် ပြင်ဦးလွင် အိမ်ခြံမြေ အခြေအနေများကို ရယူလိုက်ပါ

✅ အိမ်ချက်ခြင်းဆောက်နေနိုင်တဲ့ ခြံခတ်ပြီး၊ မီးရပြီး ရွာမြေကွက်များကို သိန်း ၂၀၀ မှစပြီး အရစ်ကျ ( ၄ )လနဲ့ဝယ်ယူပိုင်ဆိုင်န...
24/01/2022

✅ အိမ်ချက်ခြင်းဆောက်နေနိုင်တဲ့ ခြံခတ်ပြီး၊ မီးရပြီး ရွာမြေကွက်များကို သိန်း ၂၀၀ မှစပြီး အရစ်ကျ ( ၄ )လနဲ့ဝယ်ယူပိုင်ဆိုင်နိုင်ပါပြီ...

🚩 တည်နေရာ
****************
ပြင်ဦးလွင်မြို့၊ ကြီးကိုင်-အင်းယား ကတ္တရာလမ်းမကြီးမေးတင်၊ ကြီးကိုင်ရွာ
‣ မြေနေရာမှ ပြင်ဦးလွင်မြို့ရှောင်လမ်းမကြီးသို့ 3.3 km/ ၄ မိနစ်
‣ အဝေးပြေးကားဝင်းနှင့် Ruby Mart ကုန်တိုက်များသို့ 5 km/ ၉ မိနစ်
‣ မြို့မဈေးကြီးနှင့် မြို့လယ်နာရီစဉ်သို့ 8 km/ ၁၁ မိနစ်
‣ မဟာအံ့ထူးကံသာဘုရားကြီးနှင့် ပွဲကောက်ရေတံခွန်သို့ 8.1 km/ ၁၂ မိနစ်
‣ ရေ မီး လွယ်ကူတဲ့နေရာလေးမို့ ချက်ချင်းအိမ်ဆောက်နေမည့်သူအဖို့ အဆင်ပြေစေသလို
‣ ရင်းနှီးမြုပ်နှံလိုသူတွေအတွက်လည်း ထားကောင်း ရောင်းမြတ် နေရာလေးပါ

ပေအကျယ် * ဈေးနှုန်း
**************************
‣ ပေ 40'x60' = 𝟐𝟎𝟎 သိန်း
‣ ပေ 40'x65' = 𝟐𝟐𝟎 မှ 𝟐𝟕𝟎 သိန်းထိ
‣ ကတ္တရာလမ်းမကြီးမေးတင် အကွက် = 𝟑𝟓𝟎 သိန်း
‣ (အရစ်ကျ - ၄ လ၊ Banking or Cash ~ Available)

ဝန်ဆောင်မှု
****************
‣ အုတ်တံတိုင်း၊ သံပန်း၊ သံတံခါး တပ်ပြီး
‣ မြေကွက်အတွင်း (၂၅) ပေ ကွန်ကရစ်လမ်းခင်းပြီး
‣ ရေနှုတ်မြောင်း နှစ်ဘက်ပါပြီး
‣ လျှပ်စီးမီးရပြီး၊ ချက်ချင်းအိမ်ဆောက်နေနိုင်

စာရွက်စာတမ်း
******************
‣ မြေအရောင်းအဝယ်စာချုပ်၊ မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ဝယ်သူအမည်ပေါက်ပိုင်ဆိုင်မှု အလွှဲအပြောင်းစာချုပ် ချုပ်ဆိုပေးပြီး
‣ စာချုပ်စာတမ်းကိစ္စ/ရှေ့နေငှားရမ်းခ ကုန်ကျစရိတ်အားလုံးအတွက် ရောင်းသူဘက်မှကျခံပေးပါမည်။

✅ ချက်ချင်းအိမ်ဆောက်နေထိုင်နိုင်တဲ့ အေးချမ်းတဲ့ရွာမြေလေးပါ။ ရွာမြေစစ်စစ်ဖြစ်ကြောင်းကိုမြေစာရင်း ရုံးတွင်သာမကသစ်တောရုံးမှာပါ စစ်ဆေးကြည့်ရှုနိုင်ပြီး စိတ်တိုင်းကျပြီဆိုမှ ဝယ်ယူအားပေးနိုင်ပါတယ်။

📊 1st comment တွင် အကွက်ချဇယားနှင့်ဈေးနှုန်းဖော်ပြပေးထားလို့ လေ့လာကြည့်နိုင်ပါတယ်

☎️ ဆက်သွယ်ရန်
09 5343276 , 09 765343276
#ပီတိချမ်းသာ_ပြင်ဦးလွင်_အိမ်ခြံမြေ
#ကြီးကိုင်ရွာမြေ
Please: Page ကို Like & Share ခြင်းဖြင့် ပြင်ဦးလွင် အိမ်ခြံမြေ အခြေအနေများကို ရယူလိုက်ပါ....

➡ နေရာကောင်းမှာ ဂရံမြေအလိုရှိတဲ့မိတ်ဆွေတွေအတွက်  #ပြင်ဦးလွင် ရပ်ကွက်ကြီး (၆ )၊ ရုံးပေါင်းစုံအနီး/ညဈေးအနီး/စာပန်းအိမ်ဘော်...
29/12/2021

➡ နေရာကောင်းမှာ ဂရံမြေအလိုရှိတဲ့မိတ်ဆွေတွေအတွက် #ပြင်ဦးလွင် ရပ်ကွက်ကြီး (၆ )၊ ရုံးပေါင်းစုံအနီး/ညဈေးအနီး/စာပန်းအိမ်ဘော်ဒါအနီး၊ မာလာလမ်းမေးတင်ရှိ နေကောင်းလေးမှာဝယ်ယူပိုင်ဆိုင်နိုင်ပါပြီ

➡ ပေအကျယ် * ဈေးနှုန်း
**************************
‣ ပေ ၄၅ × ၆၄ = ၁၂၀၀ / ၁၃၀၀ / ၁၆၀၀ သိန်း (ညှိနှိုင်း)
‣ ပေ ၅၀ × ၈၀ = ၂၀၀၀ သိန်း(ညှိနှိုင်း)
‣ ပေ ၅၀ × ၈၀ = ၂၂၀၀ သိန်း(ညှိနှိုင်း/ထောင့်ကွက်)
‣ (အရစ်ကျ - ၄ လ၊ Banking or Cash ~ Available)
‣ ဘဏ်ကနေ ငွေပေးချေနိုင်သလို၊ တခါတည်းငွေချေသူတွေအတွက်လည်း စပယ်ရှယ်ပရိုမိုးရှင်းရှိပါမယ်။

➡ ဂရံမြေစစ်စစ်ဖြစ်ပြီး မိမိအမည်ပေါက် ဂရံခွဲနိုင်သည်အထိ ဆောင်ရွက်ပေးပါမည်။ ကုန်ကျစရိတ်ကို ဝယ်သူဘက်မှ ကျခံပေးရပါမည်။

➡ အကွက်ပြမြေပုံဇယားအား First Comment တွင် လေ့လာကြည့်နိုင်ပါတယ်။

☎️ ဆက်သွယ်ရန်
095343276 , 09765343276
#ပီတိချမ်းသာ_ပြင်ဦးလွင်_အိမ်ခြံမြေ
#အဓိပတိအိမ်ရာ_၂
Please: Post ကို Like & Share ခြင်းဖြင့် ပြင်ဦးလွင် အိမ်ခြံမြေ အခြေအနေများကို ရယူလိုက်ပါ

✨နိုင်ငံသူနိုင်ငံသားများအားလုံး ကပ်ကြီး(၃)ပါး အပေါင်းမှ ကင်းဝေးကြပါစေ 🙏

🏡 VIP ဆန်တဲ့ နေရာမျိုးမှာ ကိုယ်ပိုင်ခြံလေးနဲ့ ဘဝကိုအေးအေးချမ်းချမ်း နေထိုင်သွားနိုင်ဖို့   မှာ သိန်း ၁၆၀ ကနေစပြီး အရစ်ကျ...
22/11/2021

🏡 VIP ဆန်တဲ့ နေရာမျိုးမှာ ကိုယ်ပိုင်ခြံလေးနဲ့ ဘဝကိုအေးအေးချမ်းချမ်း နေထိုင်သွားနိုင်ဖို့ မှာ သိန်း ၁၆၀ ကနေစပြီး အရစ်ကျ ၆ လနဲ့ဝယ်ယူပိုင်ဆိုင်နိုင်ပါပြီ...

🚩 တည်နေရာ
***************
‣ မြေကွက်ဆီမှ ပတ်ပတ်လည် View အပြည့်အဝခံစားရမယ့် ဒီဇင်ဘာခြံအနီးရှိ #ကုန်းဘော တွင်တည်ရှိပြီး လားရှိုးလမ်းမကြီးကနေ ၂ မိနစ်ခန့်သာဝင်ရတဲ့နေရာလေးမှာပါ။

ပေအကျယ် * ဈေးနှုန်း
**************************
‣ ပေ ၄၀×၆၀ = သိန်း ၁၆၀၊ ၁၇၀၊ ၁၈၀၊ ၁၉၀။
‣ ပေ၄၀×၇၇ = သိန်း ၂၂၀ ။

ဝန်ဆောင်မှု
****************
‣ အုတ်တံတိုင်း၊ သံပန်း၊ ဆလိုက်တံခါး၊ ၂၅ ပေအကျယ် ကွန်ကရစ်လမ်း၊ လျှပ်စစ်မီး။
‣ (၂၄)နာရီရေပေးဝေစနစ်ပါရှိလို့ အခြားနေရာတွေဝယ်ယူရသလိုမျိုး ရေတူးခထပ်မံကုန်ကျစရာမလိုပါ။
‣ (၂၄)နာရီလုံခြုံရေးဂိတ်ပါဝင်လို့ ခြံသန့်ရှင်းရေးနှင့် လုံခြုံရေးအတွက် ချိန်းဆိုထားမှသာ ဧည့်သည်များဝင်ထွက်သွားလာနိုင်သောဝန်ဆောင်မှု (detail appointment system)ပါဝင်ပါမယ်။
‣ Swimming Pool bar ၊ bungalows ၊ Gym Room ၊ Restaurant၊ Children Play ground တွေပါဝင်လို့ မြေကွက်ဝယ်ထားသူတိုင်း Premium Member Card တွေနဲ့လွတ််လပ်စွာအသုံးပြုခွင့်ရအုန်းမှာပါ။
‣ လုံးချင်းအိမ်ရာစီမံကိန်းပါထည့်သွင်းပေးထားလို့ ခြံကျယ်ကျယ်မှာ ဒီဇိုင်းလှလှအိမ်လေးတွေကိုလည်း ကျွမ်းကျင်ပညာရှင်များနဲ့ပေါင်းစပ်ပြီး အသက်သာဆုံးနှုန်းထားများနဲ့ရောင်းချပေးသွားမှာပါခင်ဗျာ။

‣ Mico Hill ၊ နိုးတူး၊ သဇင်၊ ဒီဇင်ဘာခြံစတဲ့စားသောက်ဆိုင်တွေရှိလို့ စားရေးသောက်ရေးအဆင်ပြေ
‣ မဟာအံ့ထူးကံသာဘုရားကြီး၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ MiKo Hill စားသောက်ဆိုင်၊ မြို့ရှောင်လမ်းယူကလစ်တောတို့နဲ့လည်းနီးတာမို့ အချိန်မရွေးသွားရောက်လည်ပတ်နိုင်
‣ ရင်းနှီးမြုပ်နှံထားပြီး ပြန်လည်ရောင်းချမယ်ဆိုရင်လည်း အမြတ်အစွန်းများစွာရရှိမဲ့နေရာဖြစ်ပါတယ်။

စာရွက်စာတမ်း
******************
‣ အရောင်းအ၀ယ်စာချုပ်
‣ အလွှဲအပြောင်းစာချုပ်
‣ ဆက်စပ်စာချုပ်များအပြည့်အစုံ
‣ ရောင်းချသူ၏မှတ်ပုံတင်မိတ္တူ
‣ သက်ဆိုင်ရာစာရွက်စာတမ်းအစုံအလင်၊ တရားလွှတ်တော်ရှေ့နေရှေ့မှောက်မှာ ကုန်ကျစရိတ် အားလုံးကိုရောင်းချသူဘက်မှကျခံကာ မိမိပိုင်ဆိုင်မှုအတွက် ရာသက်ပန်အာမခံကာခိုင်မာစွာချုပ်ဆိုပေးထားပါတယ်

အကွက်ပြမြေပုံဇယားအား First Comment တွင် ဖော်ပြပေးထားလို့လေ့လာကြည့်နိုင်ပါတယ်။

☎️ ဆက်သွယ်ရန်
09 795343276 , 09 5343276 / (Viber)
#ပီတိချမ်းသာ_ပြင်ဦးလွင်_အိမ်ခြံမြေ

Please: Post ကို Like & Share ခြင်းဖြင့် ပြင်ဦးလွင် အိမ်ခြံမြေ အခြေအနေများကို ရယူလိုက်ပါ

✨နိုင်ငံသူနိုင်ငံသားများအားလုံး ကပ်ရောဂါကြီးအပေါင်းမှ ကင်းဝေးကြပြီး လိုရာပန်းတိုင်များ ကိုယ်စီအရောက်လှမ်းနိုင်ကြပါစေ 🙏

🎄 နေရာကောင်းပြီး ပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ ပေ 40'x60'၊ 50'x100' အကျယ်ရှိ မြေကွက်တွေကို သိန်း ၁၇၅ ၊ ၃၅၀ မှစပြီး ရောင...
02/09/2021

🎄 နေရာကောင်းပြီး ပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ ပေ 40'x60'၊ 50'x100' အကျယ်ရှိ မြေကွက်တွေကို သိန်း ၁၇၅ ၊ ၃၅၀ မှစပြီး ရောင်း ချပေးနေပါပြီ...
🌲 ဆူညံမှုတွေ ကင်းဝေးရာ၊ မြို့ပြနဲ့သိပ်မလှမ်းပဲ အေးချမ်းတဲ့နေရာလေးမှာ နားခိုချင်တဲ့ ချစ်မိတ်ဆွေများ ရွေးချယ်သင့်တဲ့နေရာလေးတစ်ခုပါ...

➡➡➡ Autumn Villa-3 ⬅⬅⬅

🚩 တည်နေရာ
****************
‣ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၂၁၊ မိုးကြိုးအုပ်စု၊ သဲဖြူချောင်းကျေးရွာ
‣ မဟာအံ့ထူးကံသာဘုရားကြီးနှင့် ပွဲကောက်ရေတံခွန်များသို့ 4.5km/၉ မိနစ်
‣ Ruby Mart နှင့် ကားကြီးဝင်းသို့ 7.8km/၁၂ မိနစ်

📊 ပေအကျယ်* စျေးနှုန်း
*************************
‣ ပေ 40'×60'= 𝟏𝟕𝟓 သိန်း(အနောက်လှည့်)
‣ ပေ 40'×60'= 𝟏𝟖𝟓 သိန်း(အရှေ့လှည့်)
‣ ပေ 50'×100'= 𝟑𝟓𝟎 သိန်း(ညှိ)
‣ ပေ 50'×135'= 𝟖𝟓𝟎/𝟖𝟎𝟎 သိန်း(ညှိ)-ပြင်ဦးလွင်-မိုးကုတ်ကားလမ်းမေးတင်
‣ မြေအမျိုးစား= လန-၃၉ / လူနေထိုင်ခွင့်ကျပြီး(ဂရန်ဆက်လျှောက်ထား)
(အရစ်ကျ - ၃ လ၊ Banking or Cash ~ Available)

🎁 ဝန်ဆောင်မှု
***************
‣ အုတ်တံတိုင်း၊ သံပန်း သံတံခါး၊ ရေနုတ်မြောင်း၊ မီးတိုင် မီးကြိုး
‣ အကွက်တွင်း ပေ ၃၀ ကွန်ကရစ်လမ်းခင်းပြီး

📒 စာရွက်စာတမ်း
*******************
‣ (လန-၃၉) ရပြီး ဂရန်ဆက်လျှောက်ထားသောစာရွက်စာတမ်းအစုံ၊ အရောင်း အဝယ် ဆက်စပ်စာချုပ်အစုံ၊ ဝယ်သူအမည်ပေါက်မြေအပြီးအပိုင် အလွှဲ ပြောင်းစာချုပ်တို့ကို တရားလွှတ်တော်ရှေ့နေမှ ခိုင်မာစွာ ချုပ်ဆိုပေးပါမည်။

✅ မြေနှင့်ပတ်သက်၍ ပိုင်ဆိုင်မှု၊ ခိုင်မာမှုများကို မြေစာရင်းရုံးတွင်သာမကသစ်တောရုံးမှာပါ စစ်ဆေးကြည့်ရှုနိုင်ပြီး စိတ်တိုင်းကျပြီဆိုမှ ဝယ်ယူအားပေးနိုင်ပါတယ်။

📊 1st comment တွင် အကွက်ချဇယားနှင့်ဈေးနှုန်းဖော်ပြပေးထားလို့ လေ့လာကြည့်နိုင်ပါတယ်။

☎️ ဆက်သွယ်ရန်
09 5343276
09 76 5343276

#ပီတိချမ်းသာ
#ပြင်ဦးလွင်အိမ်ခြံမြေ

Address

ရကက(၁၂), ရေချမ်းအိုး
Maymyo
05084

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+9595343276

Website

Alerts

Be the first to know and let us send you an email when ချမ်းသာပီတိ - ပြင်ဦးလွင် အိမ်ခြံမြေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category