26/07/2015
Jetstar လေယာဉ်ဖြင့်ခရီးသွားမည်ဆိုလျှင်
Jetstar ဆောင်ပုဒ်က All Day ,Everyday Low fair ပါ။
အကယ်၍ မိမိ ဝယ်ထားသော လေယာဉ်လက်မှတ်က အချိန်ဆင်တူ(မနက်ပိုင်း ဆို မနက်ပိုင်း) ထွက်သော တခြားလေကြောင်းလိုင်းက ဈေးပိုသက်သာနေပါက hotline ကိုဖုန်းခေါ်ကာပြောလျှင် credit card ဖြင့်ဝယ်သူဖြစ်ပါက ဈေးကြီးနေသောငွေကို ပြန်အန်းပေးပါတယ်လို့ ကြားဖူးပါတယ်။
Jetstar သည်လေယာဉ်မထွက်ခွာမီ အနဲဆုံး တစ်နာရီခွဲလောက်တွင် Check-in ကောင်တာဖွင့်လှစ်ပေးပါသည်။ ကောင်တာသည် မိနစ်လေးဆယ်အလိုတွင် ပိတ်မည်ဖြစ်ပါသည်။
လေယာဉ်အတွင်း သို့ဝင်ရန် Boarding Gate မှာ တစ်နာရီ အလိုတွင်ဖွင့် မည်ဖြစ်ပြီး ဆယ်မိနစ်အလိုတွင်ပိတ်မည်ဖြစ်ပါသည်။
နောက်ကျသူများခရီးစဉ်တွင် မလိုက်ပါနိုင်ပဲ နေခဲ့ရမှာဖြစ်ပါသည်။
ဒါကြောင့် နောက်မကျကြပါနှင့်။
ရေဘူးအလွတ် တို့ အဆာပြေစားစရာတို့ယူလာလျှင်လဲ ငွေ အကုန်အကျသက်သာနိုင်ပါသည်။ ရေဘူးအလွတ်ကို boarding -gate ထဲရောက်မှဖြည့်ပါ။
ဘုန်းကြီးများ ဆိုလျှင်တော့ ကျွန်တော်တို မြန်မာ လေယာဉ်အောင်မယ်နှင့် မန်နေဂျာတို့က့ တတ်နိုင်သရွေ့လှူဒါန်းပါသည်။
လေယာဉ်အတွင်း အန္တရာယ်ကင်းစေရေးအတွက် လေယာဉ်မောင်မယ်များပြောကြားတာကိုလိုက်နာပါ။
ဥပမာ အရေးပေါ်ထွက်ပေါက်၏ အနီးခုံတန်းများဖြစ်သော ခုံနံပါတ် ၁ ။ ၁၂ နှင့် ၁၃တွင်ထိုင်ရမည့်သူများ အနေဖြင့်အိတ်ကို ဦးခေါင်းအထက်မှ အကန့်ထဲတွင်သာသိမ်းပေးပါ။
အခြားထိုင်ခုံတွင်ထိုင်သူများအနေဖြင့် လဲအိတ်တွေကို အပေါ်ရှိအကန့်တတွင်ဖြစ်စေ ထိုင်ခုံရှေ့အောက်ထဲတွင်ဖြစ်စေသေချာစွာသိမ်းဆည်းပေးကြပါခင်ဗျား။
မလိုက်နာသော ထိုင်ဝမ်မိန်းမတစ်ယောက်ကို လေယာဉ် ဂိတ်ပြန်ကပ်ပြီ ချန်ထားခဲ့သော video လေး youtube မှာရှိနိုင်ပါသေးတယ်။
လက်ကိုင်ဖုန်းများကို လေယာဉ်ဆီဖြည့်နေချိန်မှလွဲ ၍ လေယာဉ်တံခါးပိတ်သည့်အချိန်တွင်ပိတ်ပေးရပါမည်။
လေယာဉ်ဆီဖြည့်နေလျှင် လေယာဉ်အတွင်းဖုန်းကိုပိတ်ထားပေးပါ။ အသက်အန္တရာယ် အတွက်သတိပေးတာနော်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန် ၂၆ပတ်နင့် အထက်ဖြစ်ပါက ဆရာဝန်၏ Fit to travel by Air ဆိုသော ဆေးလက်မှတ်မျိုးပါအောင်ယူသွားပါခင်ဗျား။
ဆရာဝန် မတိုင်ပင်ပဲလိုက်လာမိလို့ပျက်ကျသောကလေးတွေရှိခဲ့ဖူး ပါသည်။ ကျွန်တော်ကိုယ်တိုင်ကိုယ်ဝန်သည်လင်မယားအား လေယာဉ်ပေါ်မှဖယ်ရှားခဲ့ဖူးပါသည်။ သူတို့က ကျွန်တော့ကိုမုန်းနိုင်ပါသည်။ သို့သော် သေချာတာက ကျွန်တော် သူတို့နှင့်မမွေးရသေးသောကလေးကိုချစ်၍လုပ်ရခြင်းပါ။
သယ်ဆောင်လာသော အိတ်မှာ တစ်အိတ်ထက်ပို မိုနေခြင်း ၇ကီလိုထက်ပိုလေးသောအိတ် ဖြစ်နေခြင်း တို့ဖြစ်ပါက Boarding Gate ဝန်ထမ်းမှ အိတ်ကို Cargo အတွင်း free Check-in လုပ်မည်ဟုပြောပါလိမ့်မည်။ မိမိအိတ်တွင်းမှာ ကွဲရှတတ်တာ ပါပါသလား။တန်ဖိုးကြီးပစ္စည်းများ ပါလျှင်ထုတ်ထားပါ။
ရန်ကုန်လေဆိပ်ကိုစိတ်မချပါ။
စာရွက်စာတမ်းတွေ check-in အိပ်ထဲပါသွားပါက လူဝင်မှူကြီးကြပ်ရေးဖြတ်ရန်ခက်ပါလိမ့်မည်။ ဆေးသောက်လေ့ရှိသူများအနေုဖြင့် ဆေး ကိုလဲ ပါမသွားအောင် ဂရုပြုပေးပါ။
လျှပ်စစ်ပစ္စည်း များပါလာပါသလား။ပါလာပါက ထုတ်ယူထားပါ သို့မဟုတ် Battery ထုတ်တာ battery ကိုလေယာဉ်ပေါ်ယူလာပေးပါ။ power bank တွေလဲ ထိုအိတ်ထဲမပါသွားပါစေနှင့်။
နားကြားကိရိယာအကူပစ္စည်းလေးတစ်ခုကြောင့် ရော တရုတ်နိုင်ငံလုပ် Power Bank တစ်ခုကြောင့်ပါ လေယာဉ်နှစ်စီး မီးလောင်မှူဖြစ်ကာ အရေးပေါ်ဆင်းခဲ့ရဖူးတာ လေကြောင်းလိုင်းသမိုင်းမှာ မကြာသေးသော ကာလ က ဖြစ်ပွားခဲ့ဖူးပါတယ်။
Lithium Battery ကို check-in လုပ်မယ်ဆိုလျှင် ထို battery ငုတ် သတ္ထု ပြားလေးတွေကို ဘာနဲ့မှပူးကပ်ခြင်းမရှိအောင် သေချာ လျှပ်မကူးစေသော အရာဖြင့်ပတ်ပြီးထုတ်ပါ။ တစ်ခုထက်ပို ပြီး check-in မလုပ်မိပါစေနဲ့ ဖြစ်နိုင်လျှင် battery ကို check-in လုပ်သောအိပ်ထဲမထဲ့ပါနှင့် အများဆုံး စက်တွင်း တစ်ခု အပို battery တစ်ခုသာ သယ်ဆောင်ခွင့် ကို IATA အပြည်ပြည်ဆိုင်ရာလေကြောင်း ထိမ်းသိမ်းရေး အဖွဲ့ မှခွင့်ပြုထားပါသည်။
လေယာဉ်မလိုက်ခင် အလွန်အကျွံ မသောက်မိပါစေနှင့်။
မူးနေဟန်ရှိပါကလဲ ချန်ထားခဲ့နိုင်ပါသည်။
ဖိနပ်မပါပဲ လေယာဉ်အတွင်းဝင်ခွင့်မရှိပါ။
နောက် ပြီး ဘာသာရေး နိုင်ငံရေး နှင့်တစ်ဖက်သားထိခိုက်စေနိုင်သော စာတမ်းနှင့် အကျီင်္များနှင့် ဝင်ခွင့်မပေးပါ။
ဥပမာ။ Jesus hate Jews..
အင်္ဂလိပ်စာအားနည်းသူများအနေဖြင့် နားမလည်ပါက မရှက်ပါနှင့်အကူအညီတောင်းပါ။ Jetstar မှ တတ်နိုင်သမျှ မြန်မာစကားပြော လေယာဉ်မောင်မယ် သို့မဟုတ် မန်နေဂျာကို ရန်ကုန် flight ထွက်တိုင်းပါနိုင်အောင်ကြိုးစားပြီးထဲ့ပေးပါသည်။
လေယာဉ် ဖြင့် လိုက်ပါခွင့်မရသူတို့သည် အထက်ဖော်ပြပါအကြောင်းတို့ကြောင့် လိုက်ပါခွင့်မရသူဖြစ်ပါက မိမိ ဝယ်ယူထားသောလက်မှတ် ဆုံးရှုံးဖို့များပါသည်။
ကျွန်တော် ဘယ်သူ့ကို မျှ မချန်ထားခဲ့ချင်ပါ။
သို့သော်လဲ နောက်ကျနေသော ခရီးသည်ကိုစောင့်ခြင်း
အန္တရာယ်ကာကွယ်ရေး စည်းကမ်းမလိုက်နာခြင်း လေယာဉ်အတွင်းလိုက်နာရသောစည်းမျည်းမလိုက်နာခြင်း တို ရှိပါက ကျန်ရှိနေသော ခရီးသည်များ အန္တရာယ် ကင်းစေရေးနှင့် အချိန်နောက်မကျရေးအတွက် လေယာဉ်ပေါ်မှ ထိုသို့သောသူများကို ဖယ်ရှားပေးရပါသည်။
အထူးသဖြင့် ကျွန်တော် ပါသော flight တွင် Safety ကို အမြင့်ဆုံး တတ်နိုင်သမျှထား၍ မလိုက်နာနိုင်သူ တို့ အား လေယာဉ်ပေါ်မှဖယ်ရှား လေ့ရှိပါတယ်။ စလုံး မြန်မာ အဖြူ ကုလား စသည်ဖြင့် လူတန်းစားမခွဲပါ။
သဘောတော့ကောင်းနိုင်ပါတယ် ဒါပေမဲ့ safety နဲ့ ပတ်သက်လာလျှင် သူငယ်ချင်း မိသားစု ကျွန်တော်မကြည့်တတ်ပါ။
အဲဒါကြောင့် ကျွန်တော်တို့ အမိမြန်မာပြည်သူ ပြည်သားတွေ အေးချမ်းစွာနဲ့ လေယာဉ်စီးနိုင်ဖို့ အထက်ပါ အချက်လေးတွေ လိုက်နာပေးကြပါလို့။
Jetstar လေကြောင်းနဲ့ ပတ်သက်လို့ မေးချင်လျှင်ဖြေပေးနိုင်ပါလိမ့်မည်။ မသိနိုင်လျှင်မေးပေးနိုင်ပါသည်။ အခြားလေကြောင်းဆိုပါက အရိပ်အမွက်သာပြောပြနိုင်ပါသည်။
Written by: Charming Aung
https://www.facebook.com/charming.aung