Zin Ayar Real Estate Company Limited

Zin Ayar Real Estate Company Limited Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin Ayar Real Estate Company Limited, Real Estate, No(119), San Chaung, 1st Street(3)Quarter, Myaung Mya Township, Ayeyawady, Myaungmya.

ယနေ့မဂ်လာပွဲလေးပါ။
09/02/2023

ယနေ့မဂ်လာပွဲလေးပါ။

30/09/2020
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ညွှန်ကြားချက်အမှတ်(၁/၂၀၁၉)
08/06/2020

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ညွှန်ကြားချက်အမှတ်(၁/၂၀၁၉)

15/05/2020
28/03/2020

စာချုပ်ချုပ်မည်ဆိုလျှင် စရန်ငွေအဆုံး ဆိုသည့် ကိစ္စ


စရန်ပေး အရောင်းအဝယ်စာချုပ် ပြုလုပ်တိုင်း စာချုပ်တွင် ထည့်သွင်းရေးသားချုပ်ဆိုလေ့ရှိသော အကြောင်း အရာ တစ်ရပ်ကို တင်ပြပါမည်။
စရန်ပေးစာချုပ်ချုပ်ဆိုထားပြီး အရောင်းအဝယ်ကို ရောင်းသူ သို့ မဟုတ် ဝယ်သူ၊ တစ်ဖက်ဖက်က အကြောင်း အမျိုးမျိုးကြောင့် ဖျက်တတ်၊ ပျက်ကွက်တတ်ကြသည်ဖြစ်ရာအခြားတစ်ဖက်တွင်နစ်နာမှုမဖြစ်ရအောင် အောက် ပါအတိုင်း ထည့်သွင်း ချုပ်ဆိုကြလေ့ရှိပါသည်။


ရောင်းဝယ်မှုကို အပိုင်ရောင်းသူက ပျက်ကွက်ပါက စရန်၏ နှစ်ဆကို ပေးလျော်ရန်သော်လည်းကောင်း ၊ အပိုင် ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေအဆုံး ဖြစ်သည်ဆိုသော အချက်ကိုသော်လည်းကောင်း နှစ်ဦးနှစ် ဘက် လက်သဘောတူကြပါသည် ဟူသော အချက်ဖြစ်ပါသည်။

ယခုတင်ပြလိုသည်မှာ အပိုင်ဝယ်သူဘက် ပျက်ကွက်ပါက စရန်ငွေ အဆုံးဖြစ်သည်ဆိုသော အချက်ကိုသော် လည်းကောင်း နှစ်ဦးနှစ်ဘက် လက်ခံသဘောတူကြပါသည် ဟူသော အချက်ဖြစ်ပါသည်။
ယခုတင်ပြလိုသည်မှာ အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံးဟူသော အချက်နှင့် စပ်လျှဉ်း၍ အငြင်းပွားပေါ်ပေါက် တတ်သော သတိပြုစရာအချက်တစ်ရပ်ကို တင်ပါပြပါမည်။

အရောင်းအဝယ်ပြုရာတွင် တစ်ကြိမ်တည်းနှင့် အရောင်းအဝယ်စာချုပ်ပြုလုပ်သည်မှာ နည်းပါးပြီး အရောင်း အဝယ်စာချုပ်ကြီး မပြုလုပ်မီ ငွေပေးငွေယူ အကြိမ်ကြိမ်ပြုရသည်က များပါသည်။ ပထမဆုံးအကြိမ် စရန်ပေး၍ သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်တွင် ဒုတိယအရစ်ငွေပေးစာချုပ် တတိယအရစ် ငွေပေးစာချုပ်များ ပြုလုပ် လေ့ရှိပါသည်။ ပထမအကြိမ် ငွေငါးသောင်းကျပ်ပေး၍ သဘောတူစာချုပ် ချုပ်ပါသည်။ တစ်ပတ်ခန့်အကြာ တွင် ဒုတိယအရစ် ငွေငါးသောင်းကျပ်ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။ နောက်ထပ် တစ်ပတ်အကြာ တွင် တတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် ပြုလုပ်ပါသည်။ ထိုနောက်သတ်မှတ်ထား သည့် နောက်တစ်ပတ်အကြာတွင် ကျန်ငွေများကို အပိုင်ဝယ်သူ ဘက်က မပေးနိုင်ဘဲရှိပါသည်။
Best Job Banner

ထိုအခါ စာချုပ်ပါ စည်းကမ်းချက်ကို အပိုင်ဝယ်သူဘက်က ဆောင်ရွက်နိုင် ခြင်း မရှိ ၊ ပျက်ကွက်သည့်အတွက် အရောင်းအဝယ် သဘောတူစာချုပ်ကို ဖျက်သိမ်း၍ ရယူထားပြီးဖြစ်သော ငွေကျပ်တစ်သိန်း ငါးသောင်းကို စရန်ဆုံးငွေအဖြစ် ရောင်းသူဘက်က သတ်မှတ်လိုက်ပါသည်။

ဤတွင် စရန်ငွေအဆုံး ဆိုသည့်ကိစ္စ အငြင်းပွားစရာ ပေါ်ပေါက်တတ်ပါသည်။

ဝယ်သူဖက်က တင်ပြသည်မှာ ပထမဆုံးချုပ်ဆိုသည့် သဘောတူ စာချုုပ်တွင် ပေးထား ငွေကျပ်ငါးသောင်းမှာ စရန်ငွေဖြစ်ကြောင်း ဒုတိယ အရစ် ငွေငါးသောင်း ကျပ်ပေးခြင်းသည် စရန်မဟုတ်တော့ကြောင်း ကြိုတင် ပေး ငွေသာဖြစ်ကြောင်း တတိယအရစ်ပေးခြင်းမှာလည်း အလားတူပင်ဖြစ်ကြောင်း သို့ဖြစ်ရာ စရန်ဆိုသည်မှာ ပထမအဆုံးပေးသည့် ငွေကျပ်ငါးသောင်း သာဖြစ်ကြောင်း ယင်းငွေအတွက်သာ စရန်အဆုံးသတ်မှတ်ရမည်ဖြစ် ကြောင်း ဒုတိယအရစ် တတိယအရစ် ပေးငွေမှာ ကြိုတင်ပေးငွေဖြစ်၍ စရန် ဆုံးငွေတွင် ထည့်သွင်း၍ မရ ကြောင်း စောဒကတတ်ပါသည်။

ဒုတိယနှင့် တတိယချုပ်ဆိုသော စာချုပ်များတွင် ဒုတိယအရစ်ပေး ငွေ တတိယအရစ်ပေးငွေဟု ဖော်ပြချုပ်ဆို ထားကြပါသည်။ သို့ဖြစ်ရာ ယင်းပေးငွေများသည် စရန်ငွေလော ၊ ကြိုတင်ပေးငွေလော၊ အငြင်းပွားစရာဖြစ်ပါ သည်။ ယင်းအချက်ကို နောင်အငြင်းမပွားနိုင်အောင် အောက်ပါအတိုင်းရေးသားချုပ်ဆိုက သင့်မည်ဟု အကြံပြု အပ်ပါသည်။

“အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အပါအဝင် ကြိုတင်ပေးငွေအားလုံးအဆုံး ဖြစ်သည်ဟူသော အချက်ကို သဘောတူပါသည် ဟုသတည်း။”

(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ဆောင်ရန် နှင့် ရှောင်ရန်များ၊ စာ ၃၊၄၊၅) ။
Credit : DVD Law Lab

06/03/2020

N-ဦးပိုင်......N-ဦးပိုင် နဲ့ ဟိုးအရင်ကရော အခုလက်ရှိမှာရော ခေါ်ဝေါ်သုံးစွဲနေကြတယ် ။ မမြဲဦးပိုင်ပေါ့။

ဒီ N က ဘယ်ကလာတာလဲ? ဘာလဲ? စိတ်ဝင်စားခဲ့ဖူးတယ်။
ဟို အရင်‌ကတော့ ကိုယ့်အထင်ကိုယ် ပေါ့။
N ဆိုတာ Non လိုလို၊ Name လိုလို၊ အမှတ်စဉ် No. ကိုပဲသုံးသလိုလိုပေါ့။ မရှိတာ၊ မဟုတ်တာ၊ မမြဲတာ အငြင်းကိစ္စတွေ မှာ သုံးတာပဲ ဆိုပြီး ကိုယ်လိုရာ ဆွဲတွေးခဲ့တယ်။

တကယ်ကို မသိခဲ့တာ။ တော်တော်များများလိုက်‌ မေးကြည့်တော့ လည်း ခြေခြေမြစ်မြစ် ကို သိပ်မသိကြဘူး။
တချို့တွေကတော့ New Land က လာတာလို့ ပြောကြတယ်။
မြေအသစ်တွေကနေ ဖြစ်လာတာကို ဆိုပြီးပေါ့။
ကျိုးကြောင်းဆီလျှော်မှုလည်း ရှိလို့အမှန်ထင်ခဲ့ဖူးတယ်။

အမှန်တကယ်က----

"အမြဲဦးပိုင်" ဆိုရင် အင်္ဂလိပ်လို
" Permanent Holding "

"မမြဲဦးပိုင်" ဆိုရင် အင်္ဂလိပ်လို
" Impermanent Holding "

"မမြဲဦးပိုင် "ကို မြန်မာစကားနဲ့ ရေးရင်
" အင်မ်ပါမစ်နစ် ဟိုးဒင်း "။
အဲ့ဒီစကားလုံးရဲ့ ရှေ့က " Im " (အင်မ်) ရဲ့အသံထွက်ကို (N)လို့ အတိုကောက် ယူသုံးတာပါ။
" Im " အသံထွက်ကနေ " N " ဖြစ်လာတဲ့သ‌ဘောပါ။ အဲ့ဒီက လာတာ။
" အင်မ်(N) ဦးပိုင် " ပေါ့။

ကိုယ်လည်း အင်္ဂလိပ်စကား အတိုအစ လေးတွေဆို စိတ်ဝင်စားတယ်။
အဲ့ဒါကြောင့် လေ့လာဖြစ်တယ်။
အင်္ဂလိပ်လက်ထက်က ပြဌာန်းခဲ့တဲ့ မူရင်း အက်ဥပဒေတွေ၊ လက်စွဲဥပဒေတွေဆို မြန်မာဘာသာပြန်ဆိုထားတာပဲ။
ဒါပေမယ့် မြန်မာလိုရေးထားတာကို
တစ်ခေါက်တည်း ဖတ်လို့ နားမလည်နိုင်ဘူး။ တချို့စကားလုံးတွေက အင်္ဂလိပ် လိုဆို ပိုပြီးနားလည်လွယ်တယ်၊ ရှင်းလည်းရှင်းတယ်။ အခြားသူတွေ၊ တပည့်ဝန်ထမ်းအသစ်တွေက မေးလာရင်လည်း ရှင်းပြလို့ရတာပေါ့ ။

အောက်မှာလည်း မိမိတို့ ဌာနမှာ သုံးစွဲနေတဲ့ မြေပုံအမျိုးအစားတွေ၊ မှတ်ပုံစာရင်းတွေ၊မြေအမျိုးအစားတွေ၊ စိုက်ဧရိယာအခေါ်အဝေါ်တွေ ကို အင်္ဂလိပ်လို မှတ်သားထားတာတွေ ပြန်ပြီး sharing လုပ်ပေးထားပါတယ် ။ ဝါသနာတူ Fri တွေ အတွက်ပါ ။
E ခေတ်ကြီးထဲ မှာ E လိုသိထားတာ အကျိုးမယုတ်ပါဘူး။ တချိန်ချိန်မှာလည်း အသုံးဝင်မှာပါ။
လူလည်း နည်းနည်းတော့ရှိန်တာပေါ့။

မမြဲဦးပိုင်ကနေ အမြဲဦးပိုင်ပြောင်းမယ့်ကိစ္စရပ် တွေ ဆိုရင်တော့ မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၅၈၂ မှာ ကြည့်လို့ရပါတယ်......

မြေမျိုး(၂၂) မျိုး
============

(၁) လယ်မြေ = Low Land
(၂) ယာမြေ. = Up Land (Ya)
(၃) ကိုင်း/ကျွန်းမြေ = Silty Land
(Kaing Kyun)
(၄) ဥယျာဉ်မြေ = Garden Land
(၅) ဓနိမြေ = Nipa Palm Land (Dhani)
(၆) တောင်ယာမြေ = Hillside Cultivation Land

(၇) ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောမြေ
= Reserved Forest, Protect Public
Forest Land
‌(၈) မြေရိုင်း. = Virgin Land
(၉) တောရိုင်း= Forest Virgin Land
(၁၀) သတ္တုတွင်းမြေ = Mineral Land
(၁၁) ကျွဲ/နွားစားကျက်မြေ= Grazing
Ground
(၁၂) မီးရထားလမ်းမြေ = Railway Land
(၁၃) လမ်းမြေ = Road Land
(၁၄) ဆည်မြောင်း/ကန်/တာတမံမြေ=
Irrigation Canal, Lake,
Embankment Land
(၁၅) မြစ်ချောင်းရေအောက်မြေ=
Streams and Areas Under Water
Land
(၁၆) အင်းအိုင်မြေ = Fisheries Land
(၁၇) စက်ရုံမြေ = Industrial Land
(၁၈) မြို့မြေ = Town Land
(၁၉) ရွာမြေ = Village Land
(၂၀) လေယာဉ်ပျံကွင်းမြေ= Airport
Land
(၂၁) သာသနာ/သုဿာန်/အဆောက်အဦးမြေ = Religious,Burial Ground and
Building Land
(၂၂) ကျန်အခြားမြေ= Remaining
Other Area Land

မြေပုံ(၃)မျိုး
=========

(၁) ဗလာမြေပုံ/မြေမျက်နှာပြင်ပြမြေပုံ =
Topographical Map
(၂) ကြေးတိုင်မြေမျိုးမြေပုံ =
Settlement Map
(၃) ကွင်းထွက်မြေပုံ = Kwin Map

(၁) မူလတိုင်း = Original Survey
(၂) ပြင်တိုင်း = Revision Survey
(၃) ပြန်တိုင်း = Resurvey

မှတ်ပုံစာရင်းများ
============

မြေကွက်မှတ်ပုံစာရင်း(၁ ခ) = Register of Fields .
ဦးပိုင်မှတ်ပုံစာရင်း (၁ က) = Register of Holding .
အခွန်စည်းကြပ်မှုမှတ်ပုံစာရင်း= Register of Assessment and Crops.
ဧရိယာစာရင်း = Area Statement .

စိုက်ဧရိယာ အခေါ်အဝေါ်များ
====================
ကွင်းရှိဧရိယာ= Gross Area
လက်ရှိဧရိယာ= Occupied Area
အသားတင်စိုက်ဧရိယာ= Nett Sow Area
အသားတင်အောင်ဧရိယာ = Nett Matured Area
သီးထပ်ဧရိယာ=Area Sown More Than One
စုစုစိုကျဧရိယာ= Gross Sown Area
စုစုပေါင်းအောင်ဧရိယာ=
စုစုစည်းကြပ်ဧရိယာ = Gross Assessed Area
စုစုရေသောက်ဧရိယာ= Gross Irrigated Area
သီးညပ်ဧရိယာ= Mix Cropped Area
မြေလှပ်ဧရိယာ= Current Fallow Area
ခိုင်ကြေး = Cess

စုပေါင်းလယ်ယာ = Collective Farming
နိုင်ငံပိုင်မြေ/အစိုးရမြေ = State Land
အစိုးရ‌စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ = Land at the Disposal of Government (or) Disposal Land
ဘိုးဘွားပိုင်မြေ = Freehold Land
လက်ဝယ်ထားပိုင်ခွင့်မြေ =
Land Holder's Right
တိုင်းရင်းသားမြေ = Native Land
သီးစား = Tenant
စည်းကြပ်ခြင်း =Assessment
လယ်ယာမြေ = Farmland
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်= Farmland Use Right Certificate
နောက်ဆက်တွဲတိုင်းတာခြင်း =
Under Supplementary Survey (USS)
နောက်ဆက်တွဲတိုင်းတာခြင်းအပြင်ကွင်း = Outside Supplementary Survey(oss)
မြေမျိုးကြီး = Main Kind
မြေမျိုးအတန်းအစား = Soil Class
ကြေငြာကွင်း = Notified Kwin Map
သီးနှံမှတ်သားခြင်း = Crop Marking
သီးနှံစံကွက်ရိတ်သိမ်းခြင်း = Sample Crop Cutting
အခွန်ခွဲတမ်းစာရင်း = Assessment Roll
ရွေ့ပြောင်းတောင်ယာ= Shifting Hillside
Cultivation Land
မြေနုကျွန်းမြေ. = Alluvial Land

ကျန်ခဲ့တဲ့ စကားလုံးတွေ ရှိရင်လည်း comment မှာ ရေး‌ ပေးလို့ရပါတယ်ဗျ....
ကျေးဇူးပါ။

17/02/2020

လယ်ယာမြေ အမည်ပြောင်းရင် လုပ်ဆောင်ရမဲ့ အချက် ၄ ချက်

1. ပုံစံ ၁၀၅ လျှောက်

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရှိသော လယ်ယာမြေအရောင်းအဝယ်စာချုပ်အတွက် မြေစာရင်းဌာနမှာ ပုံစံ ၁၀၅ လျှောက်ထားရပါမယ်။

2. ဝင်ငွေခွန်ထမ်းဆောင်

မြေစာရင်းပုံစံ ၁၀၅ ရပြီးရင် လယ်စီအဖွဲ့က သတ်မှတ်ထားတဲ့ မြေတန်ဘိုးဇုန်နှုန်းအရ မြို့နယ်အခွန်ရုံးမှာ သတ်မှတ်ဇုံနှုန်း + တံဆိပ်ခေါင်းခွန် ၄% + ဝင်ငွေခွန်များနဲ့အတူ ထမ်းဆောင်ရပါမယ်။ ဝင်ငွေခွန် နှုန်းထားများကို ပူးတွဲတင်ပြထားပါတယ်။

3. အရောင်းအဝယ်စာချုပ် မှတ်ပုံတင်

ထို့နောက် ရပ်ကျေးလယ်စီအဖွဲ့ရှေ့မှောက်မှာ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးပြီး မြေစာရင်းရုံးမှာ အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရပါမယ်။ မြို့နယ်မြေစာရင်းရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် မှတ်ပုံတင်ခ ဝ.၅% ထပ်မံပေးသွင်းရပါမယ်။

4. အမည်ပြောင်း လျှောက်လွှာတင်

အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးပါက မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းများနှင့် ပူးတွဲ၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ အား အမည်ပြောင်း လျှောက်လွှာ တင်သွင်းခြင်း၊ လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်းလဲပေးခြင်းကို မြေစာရင်းရုံးမှာ ဆက်လက်လျှောက်ထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ထိုသို့ ပြည့်စုံစွာ ဆောင်ရွက်ပြီးနောက် ဝယ်ယူထားသော လယ်ယာမြေ၏ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ၇ မိမိအမည်ဖြင့် ရရှိမည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

လိုအပ်သောစာရွက်စာတမ်းများ

၁- ပုံစံ-၇ မူရင်း
၂- ၁၀၅/၁၀၆ မူရင်း
၃- ရောင်းချသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာယူထားရင် အဆိုပါစာရွက်မူရင်း နှင့် ပါဝါမရုတ်သိမ်းကြောင်းနှင့် ပါဝါပေးသူသက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း
၄-ရောင်းသူ/ဝယ်သူမှတ်ပုံတင် သန်ခေါင်စာရင်း

Credit :

14/02/2020

Address

No(119), San Chaung, 1st Street(3)Quarter, Myaung Mya Township, Ayeyawady
Myaungmya
271119

Telephone

+959798575656

Website

Alerts

Be the first to know and let us send you an email when Zin Ayar Real Estate Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category