မြစ်အောင် အိမ်ခြံမြေလုပ်ငန်း

  • Home
  • Myanmar
  • Myitkyina
  • မြစ်အောင် အိမ်ခြံမြေလုပ်ငန်း

မြစ်အောင် အိမ်ခြံမြေလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြစ်အောင် အိမ်ခြံမြေလုပ်ငန်း, No. 33/C 133, Mye Myit, Myitkyina.

မြစ်အောင် အိမ်ခြံမြေ လုပ်ငန်းသည် ဒေသအတွင်း အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားရမ်းခြင်းများကို နှစ်ဖက် ဝယ် ရောင်း ငှား သူများစိတ်ကျေနပ်မူ ရှိစေ အောင်အတတ်နိုင်ဆုံးသော ဝန်ဆောင်မှုဖြင့်ညှိနိူင်းအကျိုးဆောင်ပေးသော လုပ်ငန်း တစ်ခုဖြစ်သည်။

19/02/2026

အေးမြသာယာ ၂၈၀၀ နဲ့ အမက ကျောင်းနီး ပြေစာပေါက် ရမယ်နော်

Send a message to learn more

17/02/2026

အိမ် (လုံးခြင်း၊ အိမ်ပါ၊ ဘန်ဂလို ‌(၄၊၅ လုံး) ဆောက်နိုင်တဲ့ ) ခြံဝင်း ငှါးချင်ပါတယ်၊ ရေဝပ်တဲ့ နေရာ မဟုတ်သော ဒူကထောင်၊ စံပြ၊ တပ်ကုန်းတောင် မှာ ပိုပြီး ကြိုက်ပါတယ်။ သို့သော် လမ်းသာလို့ ကား အဝင် အထွက် ကောင်းသော နေရာဆိုရင် လိုက်ကြည့် ချင်ပါတယ်။

မှတ်ချက်။ ။ တချို့သော အငှါး တင်ထားသော မိတ်ဆွေများရဲ့ post ကို ဖုန်း ခေါ်၊ chat အခက်အခဲ ရှိပါတယ်။ သို့ဖြစ်ပါ၍ မိတ်ဆွေတွင် ကျွန်တော် လိုချင်သော နေရာ အနေအထားနှင့် ကိုက်ညီပါက အောက်ပါ လိပ်စာတွင် ဆက်သွယ်ပေးဖို့ ကမ်းလှမ်းခဲ့ပါနော်။

ဆက်သွယ်ရန်

Viber 09792948006
Ph: 09792948006

Send a message to learn more

10/02/2026

🏡 အေးမြသာယာ🏡

✨ ကွက်ပြည့် (80 x 100)
🚗 လမ်းမကြီးတစ်ကွက်ငှပ်
📜 ဂရံသက်တမ်းကုန်

💰 စျေးနှုန်း – သိန်းပေါင်း 9000 အိမ်ရှင်တိုက်ရိုတ် ငြှိနိူင်း

📞 စိတ်ဝင်စားသူများ ဆက်သွယ်ရန်
☎️ ဖုန်း / Viber – 09 792948006

အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှ

10/02/2026

📌 လုံးချင်းအိမ် ငှါးချင်သည်

တပ်ကုန်းတောင် ( သို့ ) စံပြ ရပ်ကွက် တွင် စားသောက်ဆိုင် ဖွင့်လှစ်ရန် သင့်တော်သော အိမ်လုံးချင်း ငှါးချင်ပါသည်။

✅ စားသောက်ဆိုင်လုပ်ငန်းအတွက် အဝင်အထွက် အဆင်ပြေသောနေရာ
✅ လုပ်ငန်းလုပ်ကိုင်ရန် လုံလောက်သော အကျယ်အဝန်းရှိပါသည်

📞 ဆက်သွယ်ရန် (Phone/Viber)
၀၉ ၇၉၂၉၄၈၀၀၆

စိတ်ဝင်စားပါက အမြန်ဆုံးဆက်သွယ်နိုင်ပါသည်။

14/01/2026

တပ်ကုန်းတောင် ဧရိယာတွင်
လုံးခြင်းအိမ် ကို ရေရှည် ငှားရမ်းလိုပါသည်။

🔹 ငှားရမ်းခ – တစ်လ ၅ သိန်း ဝန်းကျင် (ညှိနှိုင်းနိုင်ပါသည်)
🔹 ငှားရမ်းကာလ – အနည်းဆုံး ၅ နှစ်
🔹 အိမ်အပါ ပါရှိပါက ပိုမို ကြိုက်နှစ်သက်ပါသည်
🔹 လမ်းအဝင်အထွက် ကောင်းမွန်ရပါမည်

📌 ရေရှည် တည်ငြိမ်စွာ ငှားရမ်းလိုသောကြောင့်
အိမ်ကို စနစ်တကျ ထိန်းသိမ်းအသုံးပြုပါမည်။

📞 ဆက်သွယ်ရန်
📱 ဖုန်း / Viber – ၀၉၇၀၂၉၄၈၀၀၆

Send a message to learn more

02/01/2026

🏘 အိမ်ခြံမြေ စျေးကွက်ဧရိယာ (Trade Area) ကို နားလည်ခြင်း

အမှန်တကယ်အားဖြင့် အိမ်ခြံမြေ စီမံကိန်းများအများစုတွင်
စျေးကွက်ဧရိယာ နှစ်မျိုး ရှိတတ်ပါသည်။

▪️ ဝယ်ယူသူ / အငှားယူသူများကို ဆွဲဆောင်နိုင်သော ဧရိယာ
▪️ အဓိက ပြိုင်ဘက်များ တည်ရှိနေသော ဧရိယာ

ဤစျေးကွက်ဧရိယာ၏ အရွယ်အစားနှင့် ပုံသဏ္ဌာန် ကို သက်ရောက်မှုရှိစေသော အရေးပါသော အချက်များ အနက်
အထူးအရေးကြီးသော အချက်တစ်ချက်မှာ ⬇️

🚧 (Built Barriers) တည်ဆောက်ထားသော အတားအဆီးများ

အမြန်လမ်းမကြီးများ၊ ရထားလမ်းများ၊ စက်မှုဇုန်ကြီးများ၊ လေဆိပ်များကဲ့သို့သော
တည်ဆောက်ထားသော အတားအဆီးများ သည်
အနီးအနား ရပ်ကွက်များမှ တည်နေရာတစ်ခုသို့ ဝင်ရောက်နိုင်မှုကို ကန့်သတ်စေနိုင်ပြီး
အကျိုးဆက်အဖြစ် Trade Area အရွယ်အစားကို လျော့နည်းစေနိုင်ပါသည်။

အဆိုပါ အတားအဆီးများ၏ သက်ရောက်မှုအဆင့်အတန်းသည်
ဖွံ့ဖြိုးရေး စီမံကိန်း၏ အမျိုးအစားနှင့် အရွယ်အစား အပေါ် မူတည်၍ ကွဲပြားလာပါသည်။

အထွေထွေအားဖြင့်
▪️ နေ့စဉ်အသုံးအတွက် လိုအပ်ချက်များအတွက် အိမ်ထောင်စုများသည်
အတားအဆီးကြီးများကို ဖြတ်ကျော်သွားရန် မလိုလားကြပါ
▪️ သို့သော် ကြီးမားသော စျေးဝယ်စင်တာများ၊ အရေးကြီးသော ဝန်ဆောင်မှုများ အတွက်တော့
အနည်းငယ်သော အဆင်မပြေမှုများကို လက်ခံနိုင်ကြပါသည်

ထို့အပြင်
ရေကန်များ၊ မြစ်များအပေါ် တံတား မရှိခြင်း သည်လည်း
စျေးကွက်ဧရိယာကို ကျဉ်းမြောင်းစေသော အချက်အရေးကြီးတစ်ရပ် ဖြစ်ပါသည်။

📌 အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းရွေးချယ်မှုများတွင်
Trade Area ကို မှန်ကန်စွာ နားလည်ခြင်းသည် အောင်မြင်မှုအတွက် အရေးပါဆုံးဖြစ်ပါသည်။

#အိမ်ခြံမြေဗဟုသုတ
#မြစ်ကြီးနားအိမ်ခြံမြေ

Send a message to learn more

01/01/2026

မင်္ဂလာပါ 🙏
နှစ်သစ် ၂၀၂၆ ခုနှစ်တွင်
အားလုံးပျော်ရွှင်ချမ်းမြေ့ပြီး အောင်မြင်မှုများ ပြည့်ဝကြပါစေလို့
မြစ်အောင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း မှ
စေတနာအပြည့်ဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

🏡 ၂၀၂၆ ခုနှစ်နှင့်အတူ
အိမ်ခြံမြေ ဝယ် / ရောင်း / ငှား စိတ်ဝင်စားကြသော လူကြီးမင်းများအတွက်
မိမိတို့ ဆောင်ရွက်လိုသည့် အိမ်ခြံမြေများနှင့် ပတ်သက်သည့်
စျေးကွက် သုံးသပ်ချက်များ (Real Estate Market Analysis) ကို

📊 တစ်ပတ်လျှင် အနည်းဆုံး (၂) ကြိမ်
မြစ်အောင် အိမ်ခြံမြေမှ
လေ့လာသုံးသပ်ထားသော စျေးကွက်ဆိုင်ရာ အချက်အလက်များကို
မျှဝေသင်ပြ • ဆွေးနွေးပေးသွားမည် ဖြစ်ပါကြောင်း
၂၀၂၆ နှစ်သစ်နှင့်အတူ သတင်းကောင်းပါးအပ်လိုက်ပါသည်။

✨ အိမ်ခြံမြေ ဆုံးဖြတ်ချက်မှန်ကန်စေရန်
အချက်အလက်မှန် • သုံးသပ်ချက်မှန် အရေးကြီးပါသည်။

🔍 အိမ်ခြံမြေ စျေးကွက် သုံးသပ်ချက် (Real Estate Market Analysis) ဆိုသည်မှာ
စျေးကွက်အတွင်းရှိ
လိုအပ်ချက် (Demand) နှင့် ထောက်ပံ့မှု (Supply) ကို
ခွဲခြမ်းစိတ်ဖြာ လေ့လာသတ်မှတ်ခြင်း ဖြစ်ပါသည်။

👥 Demand Side (လိုအပ်ချက်ဘက်)
အိမ်ခြံမြေကို အမှန်တကယ် အသုံးပြုမည့်

အိမ်ဝယ်ယူသူများ

အိမ်ခန်းငှားရမ်းသူများ

ဆိုင်ခန်း၊ ရုံးခန်း၊ ဂိုဒေါင် လိုအပ်သော စီးပွားရေးလုပ်ငန်းများ

ခရီးသွားဧည့်သည်များ
စသည့် End Users များ ပါဝင်ပါသည်။

🏗️ Supply Side (ထောက်ပံ့မှုဘက်)
လက်ရှိ ရှိပြီးသား အိမ်ခြံမြေများနှင့်
ဖွံ့ဖြိုးဆဲ အဆင့်အမျိုးမျိုးရှိ စီမံကိန်းအသစ်များ
အားလုံးကို ဆိုလိုပါသည်။

📌 အကျဉ်းချုပ်အားဖြင့်
အိမ်ခြံမြေ စျေးကွက် သုံးသပ်ချက်သည်
စျေးကွက်အတွင်း
✔ လိုအပ်ချက် မည်မျှရှိသည်
✔ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော အိမ်ခြံမြေ မည်မျှရှိနေသည်
ကို နားလည်သဘောပေါက်စေရန် အလွန်အရေးကြီးသော လေ့လာမှုတစ်ရပ် ဖြစ်ပါသည်။

အားလုံးအတွက်
အောင်မြင်မှုများ ပြည့်ဝသော ၂၀၂၆ ခုနှစ် ဖြစ်ပါစေ 🙏



#အိမ်ခြံမြေ
#အိမ်ခြံမြေစျေးကွက်


Send a message to learn more

23/10/2025

🏘 မြစ်ကြီးနား အိမ်ခြံမြေ စျေးကွက်အခြေအနေ အစီရင်ခံစာ (ဇူလိုင် – စက်တင်ဘာ ၂၀၂၅)

📊 မြစ်ကြီးနား အိမ်ခြံမြေ စျေးကွက်သည် ၂၀၂၅ ခုနှစ် ဇူလိုင်မှ စက်တင်ဘာ လအတွင်းတွင် တဖြည်းဖြည်းတက်လာမှု ကို တွေ့မြင်ရပါသည်။ အထူးသဖြင့် နေရပ်အိမ်များ နှင့် မြေကွက်များ အပေါ် စိတ်ဝင်စားမှုများလာပြီး မြို့အနီးနားရှိ ရပ်ကွက် တို့တွင် စျေးကွက်လှုပ်ရှားမှု မြင်သာလာသည်။

အဓိက အချက်အလက်များ –
✅ ဝယ်သူများ ၄၀% ခန့်က နေရပ်အိမ်များကို စိတ်ဝင်စားကြသည်။
✅ ၃၅% ခန့်က ရင်းနှီးမြှုပ်နှံမှုအနေနဲ့ မြေကွက်များကို ဦးစားပေးသည်။
✅ ရောင်းသူများ ၆၀% ခန့်က စျေးနှုန်းများ မပြောင်းလဲဘဲ တည်တံ့နေကြောင်း ဖော်ပြသည်။
✅ Facebook သည် အဓိက အိမ်ခြံမြေ ရောင်းဝယ်မှု မီဒီယာအဖြစ် ဆက်လက် ဦးဆောင်နေသည်။
✅ ဝယ်သူများအတွက် ခက်ခဲမှုများမှာ ငွေ အလွှဲ အပြောင်းအလှဲ လုပ်ရန် ခက်ခဲခြင်း နှင့် စာရွက်စာတမ်း မပြည့်စုံခြင်းတို့ ဖြစ်သည်။

စျေးကွက်ဦးတည်ချက် –
ယခုကာလတွင် စျေးကွက်သည် အနည်းငယ် တက်လာနေသော်လည်း တည်ငြိမ်မှုရှိ လာပြီး ဒစ်ဂျစ်တယ် မီဒီယာဖြင့် စျေးကွက်တိုးလာမှု သည် အဓိကအချက်အလက်ဖြစ်နေသည်။ မြို့အနီးနားတွင် တန်ဖိုးသက်သာသော နေအိမ်များအတွက် စျေးကွက် အခွင့်အလမ်းများ တိုးလာနေပါသည်။

အနာဂတ်ခန့်မှန်းချက် (အောက်တိုဘာ – ဒီဇင်ဘာ ၂၀၂၅)
📈 မြေယာနှင့် နေရပ်အိမ် အမျိုးအစားများတွင် စျေးနှုန်း တဖြည်းဖြည်းတက်လာမည်ဟု မျှော်လင့်သည်။
🏡 မြို့အနီးနားရှိ သက်သာသော နေရပ်အိမ်များအပေါ် စိတ်ဝင်စားမှု ဆက်လက်တိုးလာမည်။
💡 စာရွက်စာတမ်း ပိုမိုဖွင့်လင်းပြည့်စုံမှု လိုအပ်နေပါသည်။

မြစ်အောင် အိမ်ခြံမြေ လုပ်ငန်း မှ အိမ်ခြံမြေ ဈေးကွက် စဉ်ဆက်မပျက် လေ့လာပြီး မှန်ကန်သော ဈေးနူန်းဖြင့် ဝယ်ယူနိုင်ရန် ဝယ်သူများနှင့် မိဘပြည်သူများအတွက် အကောင်းဆုံး ဝန်ဆောင်မူ ပေးနေပါသည်။

📞 မေးမြန်းလိုပါက
📱 Viber: +95 979 294 8006
📧 [email protected]

📱 ၃ လ တစ်ကြိမ် စျေးကွက်သတင်းအချက်အလက်များအတွက် မျှဝေ သွားပါမည်။

#မြစ်ကြီးနားအိမ်ခြံမြေ #အိမ်ခြံမြေစျေးကွက် #အိမ်ရာစျေးကွက်

Send a message to learn more

21/10/2025

🏡 အိမ်ခြံမြေ အငှါး🏡

မြစ်ကြီးနားမြို့၊ စီတာပူ၊ ဒူကထောင်၊ စံပြ၊ တပ်ကုန်းတောင်၊ မြေမြင့် လမ်းမပေါ်ရှိ အိမ်အပါအိမ်ခြံမြေ ငှါးရမ်းချင်ပါသည်။

📍 တည်နေရာ – လမ်းမ အဝင်အထွက် အဆင်ပြေသောနေရာ
⏳ ငှါးရမ်းချိန်ကာလ – အနည်းဆုံး ၅ နှစ် ငှါးရမ်းနိုင်ပါသည်

📞 ဆက်သွယ်ရန် –

Send a message to learn more

30/04/2024

ဆိုင်ကယ် 125 အလတ် ‌ေရာင်းဖို့ရှိရင် ပြောပေးကြပါအုန်း အမျိုးတို့

29/01/2024

အချိန် ပေးပြီး ဆက်သွယ်ပေးတဲ့ အစ်ကို အစ်မ တွေကို ကျေးဇူ တင်ပါတယ် ခင်ဗျာ

အခန်းငှားခြင်း အဆင်ပြေသွားပြီ ၊ဖြစ်ကြောင်း အသိပေးခြင်းဖြစ် ပါတယ်

အားလုံးကို ကျေးဇူတင်လျက်

"မြစ်အောင်"

Address

No. 33/C 133, Mye Myit
Myitkyina
1101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959782197454

Website

Alerts

Be the first to know and let us send you an email when မြစ်အောင် အိမ်ခြံမြေလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြစ်အောင် အိမ်ခြံမြေလုပ်ငန်း:

Share