09/12/2024
💢💢💢💢💢 မမြဲဦးပိုင် 💢💢💢💢💢
အခုတလော မြေကွက်ပေါချောင်ကောင်းလေးတွေ လိုင်းပေါ်ကနေ ရှာပြီး ဝယ်ဖို့ စိတ်ကူးယဉ်တဲ့သူအများသား။
ပေါချောင်ကောင်းလေးဝယ်ပြီး ရင်းနှီးထားလိုက်မယ်ဆိုတဲ့အတွေးပေါ့ ၊ ပိုက်ဆံက အများကြီးလည်းမတတ်နိုင် ၁ဧက သိန်း ၁၀၀ လောက်ရှာ ၊ တွေ့တော့ စျေးတန်သားဟ ၁ဧက ဆိုတော့ ကျယ်ကလည်းကျယ် နောက်လူတွေနေလာရင် ထောပြီဆိုတဲ့အတွေးပေါ့။ ပွဲစားက အပြောကောင်း ဝယ်တဲ့သူကလည်း ရှေ့နေခ မပေးချင် ဝယ်လိုက်ကြတာ ဝယ်ပြီးတော့မှ မှားမှန်းသိမယ်။
အခုပြောချင်တာ ရှေ့နေမှ မဟုတ်ဘူး အပြင်ကလူတွေလည်း မြင်တာနဲ့ သိဖို့ ဗဟုသုတ မျှဝေခြင်းပါ။
⏩ ဝယ်မယ်ဆို ဘာပိုင်ဆိုင်မှုရှိလဲ အရင်တောင်းကြည့်ပါ။
အခုတင်ထားတဲ့ မြေခွန်ပြေစာ ပြတယ်ဆိုပါစို့ ။ ဦးပိုင်အမှတ်မှာ (N)လို့ ရေးသားထားတာတွေ့ရင် မဝယ်သင့်ပါဘူး ။ (N)ဆိုတဲ့ အခေါ်အဝေါ်က 💢 မမြဲဦးပိုင်💢 လို့ ခေါ်ပါတယ် ။
မမြဲဦးပိုင် မှ ➡️အမြဲဦးပိုင် လျှောက် ➡️ပြီးမှ ပုံစံ ၇ လျှောက်လို့ရတာပါ ။ မမြဲဦးပိုင်က ပုံစံ၇ တန်းလျှောက်လို့မရပါဘူး။
မမြဲဦးပိုင်ကနေ အမြဲဦးပိုင်လျှောက်ဖို့ အဲဒီမြေမှာ ၄/၅နှစ် အပင်စိုက်ရမှာပါ။ အဲဒါမှ လုပ်ကွက်ဟာ တည်ငြိမ်ခိုင်မြဲပြီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်မှ အမြဲဦးပိုင်မှတ်ပုံတင်စာရင်းမှာ သွင်းပေးတာပါ။
ဥပဒေနားလည်တဲ့သူခေါ်မသွားတော့ ပွဲစားက ဝယ်ပြီး လူနေအိမ်ဆောက် လို့ရတယ် ပြောလို့ပြော မွေးမြူရေးလုပ်လို့ရတယ်ပြောလို့ပြော ယုံပြီး ဝယ်မိမှာစိုးလို့ ။
တချို့တွေ မြေကွက်ရောင်းရင် ပိုင်ဆိုင်မှုအနေနဲ့ 💢ပုံစံ ၁၀၅ 💢ရှိတယ်ပြောလေ့ရှိတယ်။ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှုမဟုတ်ပါဘူး ။ ၁၀၅ ဆိုတာ တည်နေရာသတ်မှတ်ထားတဲ့ မြေပုံပါ။ မြေပိုင်ကြောင်း အာမခံချက်အဖြစ် ထုတ်ပေးထားတဲ့စာရွက်မဟုတ်ပါဘူး ။
💢ပုံစံ ၇ 💢ကလည်း စျေးဆိုင်က ဝယ်တဲ့စာချုပ် နဲ့ ချုပ်ရတာမဟုတ်ပါဘူး။ ပုံစံ ၇ က လယ်စိုက်ဖို့ပါ။ အိမ်ဆောက်နေလို့မရဘူး ၊ တိရစ္ဆာန်မွေးမရဘူး၊ လုပ်ချင်ရင် ပုံစံ ၇ ကနေ အခြားနည်းအသုံးပြုခွင့်လျှောက်ပါ။
(အခု အခြားနည်းလျှောက်တာတွေ ပိတ်ထားဆဲပါ)
တချိုလယ်မြေတွေက အခြားနည်းလျှောက်ထားတယ် မကျသေးဘူးပေါ့ ၊ ဒါပေမဲ့ အခြားနည်းလျှောက်ထားတော့ အားသာတယ်ဆိုပြီး ပြောရောင်းပါတယ် ။ မကျသေးသရွေ့ လယ်ယာမြေထဲမှာပဲ အကျုံးဝင်တုန်းက အလိမ်မခံရဖို့ ဗဟုသုတအဖြစ် မျှဝေရေးသားခြင်းပါ။
✍️ဒေါ်စန်းစန်းမော်
ကျေးဇူးပါဆရာမ☘️☘️☘️