Thukha Mayအိမ်ခြံမြေ အကျိုးဆောင်

Thukha Mayအိမ်ခြံမြေ အကျိုးဆောင် စိတ်ရင်းစေတနာဖြင့်အကောင်းဆုံးဝန်ဆောင်မှုပေးပါတယ်ရှင်

 #မင်္ဂလာပါရှင်အောင်သုခကျေးရွာ၊  ဒက္ခိဏခရိုင် တရားရုံးရှေ့ ၊ ပြန်ကပြေးအဝိုင်း အနီး၊ နေပြည်တော်ကောင်စီ လမ်းမကြီး အနီး၊ အေ...
25/06/2024

#မင်္ဂလာပါရှင်
အောင်သုခကျေးရွာ၊ ဒက္ခိဏခရိုင် တရားရုံးရှေ့ ၊ ပြန်ကပြေးအဝိုင်း အနီး၊ နေပြည်တော်ကောင်စီ လမ်းမကြီး အနီး၊ အောင်သုခရွာ၊ဈေးနီး ကျောင်းနီး
တစ်ထပ်တိုက်အရောင်း

ပေအကျယ် ⏳ ( 48 x 48)ပေ

အလှည့် ⏳ တောင်လှည့်

စျေးနှုန်း ⏳ 1300 သိန်းညှိနှိုင်း

🏘ပါဝင်ပစ္စည်း ⏳ အိပ်ခန်း 3 ခန်း ၊ ဧည့်ခန်း၊ ဘုရားခန်း၊ မီးဖိုခန်း

စိတ်ဝင်စား၍ အသေးစိတ်သိရှိလိုပါက Messenger Chat Box / Viber တို့မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🙏

📲09789399353

အဲ့လိုလုပ်ပလိုက်😆😅 #  #
28/05/2024

အဲ့လိုလုပ်ပလိုက်😆😅
# #

မင်္ဂလာပါရှင်🙏🙏🙏နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်း 2ရပ်ကွက် ရာဇဌာနီလမ်းမကြီးအနီး ချယ်ရီလမ်းမကျယ်အနီး FAMILY စားသောက်...
16/05/2024

မင်္ဂလာပါရှင်
🙏🙏🙏
နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်း 2ရပ်ကွက် ရာဇဌာနီလမ်းမကြီးအနီး ချယ်ရီလမ်းမကျယ်အနီး FAMILY စားသောက်ဆိုင်အနီး16လမ်းပေါ်ရှိ ခြံရောင်းမည်
ပေအကျယ် ✡40 x 60
အလှည့် မြောက်အလှည့်✡
ပိုင်ဆိုင်မှု ✡စလစ်မူရင်း
စျေးနှုန်း ✡1950 ညှိနှိုင်း
အုတ်တံတိုင်းခတ်ပြီး
📲📲📲
ဆက်သွယ်ရန်
09789399353
09269956635

မင်္ဂလာပါရှင်🙏🙏🙏 ပျဉ်းမနားမြို့ စျေးချိုစတိုးအနီးကျော်ညီနောင်ရပ်ကွက် မြေကွက်အလွတ်အရောင်းလေးပါရှင်🙏🙏🙏မြေအကျယ် 60/60 မြေအမ...
09/05/2024

မင်္ဂလာပါရှင်🙏🙏🙏

ပျဉ်းမနားမြို့
စျေးချိုစတိုးအနီး
ကျော်ညီနောင်ရပ်ကွက်
မြေကွက်အလွတ်အရောင်းလေးပါရှင်🙏🙏🙏

မြေအကျယ် 60/60
မြေအမျိုးအစား ရပ်ကွက်မြေ၁၀၅/၁၀၆ ကျပြီး
လမ်း၃ဘက်ဖွင့် ထောင့်ကွက်လှလှလေး
ကွန်ကရိလမ်းမေးတင်
အုတ်တံတိုင်း၄ဘက်ခက်ပြီး
လမ်းသာနေရာကောင်း
ဈေး 1200 သိန်း(ပိုင်ရှင်တိုက်ရိုက်ညှိရမည်)
📲📲📲
ဆက်သွယ်ရန်
09789399353

ဒူးရင်းသီးရွေးသလိုပဲတဲ့😁😁ဟုတ်လား မော်လမြိုင်တို့ ဘာတို့ဘက်မှာ ဒူးရင်းသီး တယ်စားတာကိုး။ခြင်းလိုက်မှာပြီးကို စားရအောင်ကြို...
26/04/2024

ဒူးရင်းသီးရွေးသလိုပဲတဲ့😁😁
ဟုတ်လား
မော်လမြိုင်တို့ ဘာတို့ဘက်မှာ ဒူးရင်းသီး တယ်စားတာကိုး။
ခြင်းလိုက်မှာပြီးကို စားရအောင်ကြိုက်ကြတယ်။
ကိုယ်ဆိုလည်းတအားကြိုက်တာ။ ဒူးရင်းသီးမုန်းတဲ့လူများကြ တကယ့်မုန်းကြတာ။ အနံ့တောင်မခံလိုဘူး။

ယောကျ်ားတွေကို ရွေးချယ်တဲ့အခါမှာလည်း ဒူးရင်းသီးရွေးသလို ရွေးမှတော်ရာကျတယ်။

တချို့ယောကျ်ားတွေက ဗမာသီးနဲ့တူတယ်။ အလုံးကျစ်တယ်၊ သေးတယ်၊ တခါတလေ လွယ်လွယ်ကူကူ သုံးလုံးငါးထောင်လောက်နဲ့ရတယ်။ စားလို့တန်တယ်။ အထဲမှာ အမွှာများတယ်။ အလုပ်ကြိုးစားတဲ့ ခပ်ရိုးရိုးကောင်လေးတွေနဲ့တူတယ်။

တချို့ မျိုးစပ်တဲ့ အသီးတွေကျတော့ အလုံးကြီးတယ်။ တချို့အလုံးက ကောင်းတယ်၊ တချို့က မချိုဘူး။ တခါတလေ အသားမပါနဲ့ အမွှာတွေတွေ့ရတတ်တယ်။ ကံစမ်းဝယ်ရတာ။ စျေးနည်းနည်းရှိတယ်။ အဲဒါမျိုးက တချို့ခပ်လည်လည် ဘဲတွေလိုပဲ။ အရွေးတော်မှ။ မဟုတ်ရင် စိတ်ညစ်ရတတ်တယ်။

ထိုင်းဘက်ကအသီးတွေကျ စျေးကောင်းတယ်၊ တစ်လုံးနှစ်သောင်း သုံးသောင်းရှိတယ်။ အသားများတယ်။ ဆိုးတာက မမှည့်သေးတာမျိုး ဂရုစိုက်ကြည့်တတ်မှ ကောင်းတယ်။ ကောင်းတဲ့ အလုံးကျ တအားကောင်းတာ။ သူကတော့ အောင်မြင်နေတဲ့ ဘဲတွေလိုပဲ။ ပိုက်ဆံလည်းရှာတတ်ပါရဲ့၊ အလုပ်လည်းအောင်မြင်ပါရဲ့။ အိမ်ထောင်ရေး မသာယာ၊ မိန်းမဂရုမစိုက်လူမျိုးတွေ။

တချို့က ရေဝင်သွားတဲ့ ဒူးရင်းသီးလိုပဲ။ တလုံးလုံး ပစ်ရတယ်။ အရက်ကို အသေသောက်တဲ့ ဘဲတွေလေ။ ဘဝက ပျက်စီးနေတော့တာပဲ။

တချို့က စူပါမားကတ်က အခွံခွာပြီးသားရောင်းတဲ့ အသီးတွေ။ ရှားတယ်၊ စျေးကြီးတယ်။ ဒါပေမယ့် အခွံနွှာရတဲ့ ဒုက္ခက ကင်းတယ်။ ဒီလိုလူမျိုးကလည်း အတော့်ကိုရှာယူရမယ်။ ဘက်စုံပြည့်စုံတဲ့ လူမျိုးတွေပေါ့ကွာ။ ဟေ့. . ဒါပေမယ့် တစ်ခုပြောမယ်။ သူက Perfect ဖြစ်တယ်ဆိုတာထက်
သူ့ရဲ့ မပြည့်စုံမှုတွေကို ဖုံးဖိထာတာ။ ဒူးရင်းသီးအောက်မှာ ဖော့တွေပါတယ်လေ။

အကောင်းဆုံးကတော့ ဒူးရင်းသီးစားမယ်ဆို ခြင်းလိုက်သာဝယ်စား။ ရွေးစားလို့ရတာပေါ့။

ဒူးရင်းသီးမကြိုက်တဲ့သူကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် သူဟာ ဒူးရင်းသီးအရသာ မသိသွားရရှာဘူးပေါ့။
😁


Crd #

ဆောရီး ကိုကိုဒူးရင်းသီး ကြိုက်လို့ပါ 😁😁😁 # #
26/04/2024

ဆောရီး ကိုကို
ဒူးရင်းသီး ကြိုက်လို့ပါ 😁😁😁
# #

 # #ရွာမြေဒီနေ့တော့ အားလုံးလည်း သိချင်နေကြမယ့်  #ရွာမြေအကြောင်း တင်ပေးပါမယ်ရှင် ..... 👉 ရွာမြေရွာမြေဆိုသည်မှာ ခေတ်ကာလအဆက...
26/04/2024

# #ရွာမြေ

ဒီနေ့တော့ အားလုံးလည်း သိချင်နေကြမယ့် #ရွာမြေအကြောင်း တင်ပေးပါမယ်ရှင် .....

👉 ရွာမြေ
ရွာမြေဆိုသည်မှာ ခေတ်ကာလအဆက်ဆက်တွင်
လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။

ပါမစ် ဂရန် တို့ကဲသို့ စာရွက်စာတမ်းအနေနှင့်သီးခြားပုံသေသတ်မှတ်ထားခြင်းမရှိသော်လည်း ရှေးအစဉ်အဆက်က ဘိုးဘွားများလက်ထက်မှ သတ်မှတ်လာခဲ့သောနယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြပါသည်။

ရွာနှင့်ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး ကျွဲနွားလွှတ်ကျောင်းရန် ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည်။ ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်းတည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည်။

ရွာမြေကို ၀ယ်ယူရာတွင်သတိထားစရာအချက်အလက်များမှာ
********************************************************************

(၁) ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊ အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊ ပါတ်၀န်းကျင်ရှိ ရွာမြေတွင်နေထိုင်လာခဲ့သော နယ်ခံ လူထုများ အားမေးမြန်းစုံစမ်းပြီး နေရာနှင့်တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု၀ယ်ယူသင့်ပါသည်။

(၂) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ၊ ဘိုးဘွားပိုင်မြေသဖွယ် စိတ်ပိုင်းရောင်းချတတ်ပါသည်။ ထိုမြေကွက်များကို ၀ယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့်မရ၊ အမည်ပေါက်လဲပြောင်းလဲမရသဖြင့် အခက်အခဲကြုံ ငွေလဲဆုံးရူံးခဲ့ကြရသည်ကိုကြားသိခဲ့ဖူးပါသည်။

(၃) အချို့ကျူးကျော်နေထိုင်သူများမှာ သက်တမ်းရှည်ကြာစွာနေထိုင်ခဲ့သဖြင့် ရွာမြေဖြစ်သယောင်နှင့်ရောင်းချသော်လည်း အမှန်တကယ်မှာ လယ်မြေတွင်ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။

(၄) ရွာမြေ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို သေချာစွာစီစစ်ရာမှ ဘုန်းတော်ကြီးကျောင်းနယ်နိမိတ်ဧရိယာတွင် နေထိုင်နေကြသောကျူးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေ့ခဲ့ပါသည်။

(၅) ရွာမြေကို၀ယ်ယူပြီးပါက ခြံခတ်ရန် အလွန်အရေးကြီးပါသည်။ ဧရိယာသတ်မှတ်ချက်မှာ ပါမစ် ဂရန် တို့ကဲ့သို့ အတိအကျ မရှိတတ်ပဲခန့်မှန်းသာ အဆင့်ဆင့်ရောင်းချခဲ့ခြင်းသို့မဟုတ် ခန့်မှန်းဖြင့်သာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ရွာခံများပင် တိကျစွာသိရန် ခက်ခဲခြင်းများကြုံတွေ့ရတတ်ပါသည်။ ခြံမခတ်ပဲ ထားမိပါက နောင်နှစ်ပေါင်းများစွာမှ အရူပ်အရှင်းများရင်ဆိုင်ရတတ်ပါသည်။ အချို့သော သူများက သစ်ပင်များစိုက်ပျိုးခြင်း ဝါးပင်များဖြင့်စိုပ်ပျိုးပြီး ဧရိယာကို ပိုမိုကျော်လွန်အောင် ဆောင်ရွက်တတ်ခြင်းတို့ကြောင်းပိုင်ဆိုင်မှုအငြင်းမပွားရလေအောင် စတင်၀ယ်ယူစဉ်ကတည်းက ခြံခတ်ထားသင့်ပါသည်။ လူတိုင်းမဟုတ်ပါ ရိုးသားသော နယ်ခံများစွာရှိပါသည်။

(၆) ရွာမြေများသည် ဧရိယာအမျိုးမျိုးဖြင့်ရှိနေနိုင်ပါသည်။ 50'x60' / 45'x90'/ 60'x120' စသည်ဖြင့် ပြန်လည်စိတ်ပိုင်းရောင်းချသော သူများ၏ ဆန္ဒအတိုင်း ဧရိယာသတ်မှတ်ချက်အတိုင်း၀ယ်ယူရန်သာဖြစ်ပါသည်။
Credit-ဥပဒေရေးရာ Page
crd # # #
---------------------------------

မင်္ဂလာပါရှင်🙏🙏🙏 နေပြည်တော် ဇမ္မူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် မြစ်ငယ်လမ်းမကြီးနှင့် ရွှေကြာပင်မိန်းလမ်းမကြီးအနီး ကွန်က...
26/04/2024

မင်္ဂလာပါရှင်🙏🙏🙏

နေပြည်တော် ဇမ္မူသီရိမြို့နယ်
ရွှေကြာပင်ရပ်ကွက်
မြစ်ငယ်လမ်းမကြီးနှင့် ရွှေကြာပင်
မိန်းလမ်းမကြီးအနီး

ကွန်ကရစ်လမ်းမေးတင်(ထောင့်ကွက်)
အရှေ့လှည့်/တောင်လှည့်

မြေအကျယ် 60/60

မြေအမျိုးအစား ဂရန်

အသင့်နေ(၁)ထပ်တိုက်အပါ

ဈေး 2950သိန်း(ညှိနှိုင်း)

ဆက်သွယ်ရန်
09789399353

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Thukha Mayအိမ်ခြံမြေ အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share