Trust World Real Estate

Trust World Real Estate Realestate Agency based in Yangon, Myanmar.

19/11/2025

ရန်ကုန် နေပြည်တော် ကျိုင်းတုံ တာချီလိတ် အိမ်ခြံမြေ တိုက်ခန်း ကွန်ဒို အရောင်း/ အဝယ်/ ဌားရမ်းခြင်း များ ဆက်သွယ်နိုင်ပါသည်။
09420720222, 09796720222

16/10/2022

"စာချုပ်စာတမ်းမှတ်ပုံတင်လိုလျှင်"

စာချုပ်မှတ်ပုံတင်ချုပ်ချင်လျှင်
အခွန်တော် တံဆိပ်ခေါင်း ကပ်။

အခွန်တော်တံဆိပ်ခေါင်းကပ်ဖို့
မြေကွက်တန်ဖိုးသိရမယ်။

မြေကွက်တန်ဖိုးသိဖို့က
ရာဖြတ်တင်ရမယ်။

ရာဖြတ်တင်ဖို့က
မြေပုံမြေရာဇဝင် လိုပါတယ်။

အရောင်းအဝယ်စာချုပ် ချုပ်ပြီးဆိုလျှင် -

(ပထမအဆင့်အနေနဲ့)
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသွားရပါမည်။
ရန်ကုန်နဲ့မန္တလေးမှာဆို "စာချုပ်စာတမ်းမှတ်ပုံတင်ရုံး" ဆိုပြီး သီးသန့်ရှိတယ်။ အခြား မြို့တွေမှာဆို မြေစာရင်းရုံးကို သွားရလိမ့်မယ်။

လိုအပ်မည့်စာရွက်စာတမ်းတွေကတော့

၁။ စာချုပ်နှင့် မြေပုံမြေရာဇဝင်
၂။ မြေငှားဂရန် နှင့် ဆက်စပ်စာချုပ် (မိတ္တူ)
၃။ ရောင်းသူရဲ့မှတ်ပုံတင် (မိတ္တူ)
၄။ ဝယ်သူရဲ့မှတ်ပုံတင် (မိတ္တူ)
၅။ ဝယ်သူရဲ့အိမ်ထောင်စုစာရင်း (မိတ္တူ)
#၎င်း(၅)မျိုးကို မိတ္တူ (၆)စုံဆွဲရမယ်။
( ၆စုံ ဆိုတာ စစ်ဆေးမည့်အဖွဲ့က ၆ဖွဲ့မို့ပါ)

၆။ မြေကွက်နှင့်အိမ်ဖြစ်လျှင် (ရှေ့ဖက်မှ) (ဓာတ်ပုံ၂ပုံ)
၇။ မြေကွက်နှင့်အိမ်ဖြစ်လျှင်(အနောက်ဖက်မှ) (ဓာတ်ပုံ၂ပုံ)

အဲ့ဒီ ၇ မျိုး ပါကိုပါရမယ်။ ဝယ်သူကိုယ်တိုင်ပါရမယ်။ ဝန်ခံချက်ပုံစံမှာ လက်မှတ်ထိုးရမယ်။ အများအားဖြင့် ရက်ချိန်း(၂)ပတ် ဝန်းကျင်လောက်ပေးလိမ့်မယ်။

(ဒုတိယအဆင့်အနေနဲ့)
လုပ်ဆောင်ရမှာတွေကတော့....

၁။ ရာဖြတ်တန်ဖိုးသိရလျှင် ဝယ်သူနေထိုင်ရာ မြို့နယ်အခွန်ဦးစီးဌာန ကိုသွား။

၂။ ရာဖြတ်တန်ဖိုးရဲ့ %ကို တွက်။
ကျသင့်ငွေကို တံဆိပ်ခေါင်းအခွန်အဖြစ် ဝယ်။
ချလန်တစ်စောင်ရလိမ့်မယ်။

၃။ ရာဖြတ်တန်ဖိုးအတွက် ငွေဖြူ/ ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ငွေ/ အခွန်စည်းကြပ်ပြီးသောငွေကို ပြရမယ်။ ချလန်တစ်စောင် ထပ်ရမယ်။

၄။ မပြနိုင်လျှင် ဝယ်ယူတဲ့ပစ္စည်းတန်ဖိုး(ရာဖြတ်တန်ဖိုး) က
သိန်း ၁၀၀၀ အောက် - ၃%
သိန်း ၁၀၀၀ - ၅၀၀၀ ကြား - ၅%
သိန်း ၅၀၀၀ - ၁၀၀၀၀ ကြား - ၁၀%
သိန်း ၁၀၀၀၀ - ၁၅၀၀၀ ကြား - ၂၀%
သိန်း ၁၅၀၀၀ အထက် ဆို - ၃၀% အဝယ်ခွန် ပေးဆောင်ရမယ်။

၅။ စုစုပေါင်း ချလန်၂စောင်ဖြစ်မယ် မြို့နယ်အခွန်ဦးစီးဌာနက ညွှန်တဲ့ ဘဏ်ကိုသွား။ ငွေသွင်း။

၆။ ငွေသွင်းပြီးရင် ချလန်မူရင်း၂စောင်ပြန်ရလာမယ်။ မိတ္တူ ၂ စုံကူး။ မြို့နယ်အခွန်ဦးစီးဌာနကို ပြန်ပေး။

၇။ အခွန်တံဆိပ်ခေါင်းယူဖို့ ရက်ချိန်းပေးလိမ့်မယ်။

၈။ ထိုချိန်းတဲ့ရက် မြို့နယ်အခွန်ဦးစီးဌာနကို သွား၊ အခွန်တံဆိပ်ခေါင်း ယူ။ ၅% အတွ​က် တံဆိပ်ခေါင်း ရမယ်။ ကျန်တာအတွက် မရ။

(တတိယအဆင့်အနေနဲ့)

၁။ အခွန်ရုံးကထုတ်ပေးတဲ့ အခွန်တော်ခေါင်း၊
၂။ ဂရန်မူရင်း/မိတ္တူ ၊ ဆက်စပ်စာချုပ် မူရင်း/မိတ္တူ၊ အခွန်ဆောင်ရမယ့်အရောင်းအဝယ်စာချုပ်၊ မြေခွန် ကွာတားကြေး ပြေစာ၊ ရာဖြတ်ကစာရွက်။
၃။ ရောင်းသူ၊ ဝယ်သူ၊ သက်သေ၂ဦးရဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ။

အထက်ပါစာရွက်စာတမ်းတွေနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကိုသွား-

-မူရင်းနဲ့ မိတ္တူတွေ တိုက်စစ်၊
-ပြည့်စုံလျှင် လက်ဗွေနိုပ်(ရောင်းသူ၊ ဝယ်သူ၊ သက်သေအမှတ်၁)
- အလုံးစုံ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင် ဦးစီးအရာရှိက လက်မှတ်ထိုး။
- စာရေးမက ယာယီစာချုပ်နံပါတ် ထုတ်ပေး/ ရက်ချိန်းပေး။
- စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အခွန်ပြေစာနံပါတ်၃ ( အခမ-၃) ရမှ ရုံးကနေ " မှတ်ပုံတင်ပြီးပြတ်သွားတဲ့အရောင်းအဝယ်စာချုပ်" ပြန်ပေးပါလိမ့်မယ်။

Credit-

အဆောက်အဦးဆောက်လုပ်ခြင်း လုပ်ငန်းများ အိမ်ရှင်စိတ်တိုင်းကျ အပ်နှံနိုင်ပါသည်။အိမ်ခြံမြေ ရောင်းဝယ် ဌားရမ်းခြင်း ရုံးပိုင်းဆ...
08/07/2022

အဆောက်အဦးဆောက်လုပ်ခြင်း လုပ်ငန်းများ အိမ်ရှင်စိတ်တိုင်းကျ အပ်နှံနိုင်ပါသည်။

အိမ်ခြံမြေ ရောင်းဝယ် ဌားရမ်းခြင်း ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများလည်း ရန်ကုန် နေပြည်တော် အပြင် ကျိုင်းတုံ ရုံးခွဲ တွင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

30/10/2021



မိလ္လာပိုးစားကန် အကြောင်း သိကောင်းစရာများ အပိုင်း ( ၁ )

Septic Tank မှာက ပိုးစားကန်ရဲ့ အခန်းက အဓိကကျပါတယ်။ ဒီနေရာမှာ ပိုးစားကန်ဆိုတာက လူတွေစွန့်ပစ်လိုက်တဲ့ sewage ကိုပဲ အသုံးပြုပြီး နည်းစနစ် အမှန်နဲ့ bacteria ပေါက်ပွားစေပြီး ပိုးစားကန်ကို ဖန်တီးရတာပါ။

နည်းစနစ်မှန်ရင် bacteria က အလိုလို ပေါက်ဖွားပါတယ်။ အဓိကက septic tank function ရဖို့ ပဲလိုပါတယ်။

မိလ္လာပိုးစားကန်မှာ အဓိကအားဖြင့် သူ့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ဖို့ ဘာတွေလိုအပ်ပါသလဲ?

အပိုင်း သုံးပိုင်းပဲ လိုအပ်ပါတယ်။ ဒီလိုပြောလို့ လွယ်တယ်တော့ မထင်ပါနဲ့။

Anaerobic chamber
Aerobic chamber
Soak pit ပါ။

ဒါတွေဘာလို့ လိုတာလဲဆိုတော့ မိလ္လာစား ပိုးက နှစ်မျိုးဖြစ်တဲ့ Anaerobic bacteria နဲ့ Aerobic bacteria ပိုးနှစ်မျိုးကို သဘာ၀ အတိုင်းမွေးဖို့ပါ။

Anaerobic bacteria ကတော့အလင်းရောင်နဲ့ oxygen ရှိတဲ့နေရာမှာ မရှင်သန် မကြီးထွားနိုင်တဲ့ ပိုး၊ သူက အမှောင်နဲ့ Nitrogen ဓာတ်ငွေ့ ရှိတဲ့နေရာမှာမှ ရှင်သန်ကြီးထွားတဲ့ ပိုးပါ။ လေ မလို bacteria ပါ။

Aerobic bacteria ကတော့ အလင်းရောင်နဲ့ Oxygen ရမှ ရှင်သန်နိုင်ပါတယ်။

ဒီပိုးတွေကို ကောင်းစွာ အသုံးချပြီး မိလ္လာ ပိုးစားကန်ကို တည်ဆောက်ကြပါတယ်။

မိလ္လာပိုးစားကန်ရဲ့ အလုပ်လုပ်ပုံကိုပြောရမယ် ဆိုရင် အိမ်သာအိုးကစပြောပါမယ်။

အိမ်သာအိုးနဲ့ မိလ္လာကန်ကို ဆက်သွယ်ထားတဲ့ pipe က 4" diameter အနည်းဆုံးရှိရပါမယ်။ ဒါမှ အဆင်ကောင်းပါတယ်။ WC ခန်းနဲ့ Septic Tank ဝေးရင်တော့ ကြားမှာ manhole တွေခံပေးတားပြီး ဆက်ပါတယ်။ manhole ခံပေးထားတဲ့ အတွက် maintenance အတွက်လည်း အ‌ဆင်ပြေစေသလို သူက မနံတွေလည်း လျှော့ချပေးပါတယ်။

ဒီလို သွားတဲ့နေရာမှာ အစောင်းကတော့ တစ်ပေ မှာ 1/4 လက်မ နဲ့ slope ကို ဖမ်းပါတယ်။ အကွေ့တွေ အချိုးတွေလည်း နည်းနိုငိအမျှနည်းအောင် ဆောင်ရွက်ပေးရပါတယ်။

ကဲဒါဆိုရင်တော့ သူက ကန်ထဲကို အရှိန်နဲ့ ဆင်းလာပါပြီး ပထမ ပိုးစားကန်ထဲကို ၀င်ပါလာပါပြီ။

ဒီနေရာမှာတော့ ပထမ ပိုးစားကန်ဖြစ်တဲ့
Anaerobic function ရအောင်သူကဘာဆက်ဖြစ်သွားလဲ?

ကန်ထဲရောက်လာတဲ့ အညစ်အကြေးတွေက သူ့ရဲ့ ဖော့ဂုဏ်သတ္တိ ( density ) ကြောင့် ရေပေါ် ပေါလောပေါ်လာပါတယ်။ အဲဒီအရာတွေစုပြီး scum လို့ခေါ်တဲ့ Layer တစ်ခု ပေါ်လာပါတယ်။

အဲဒီ scum layer ကပဲ အလင်းနဲ့ ‌oxygen. ကို တားပေးပြီး အလင်းနဲ့ oxygen မရတဲ့ အနေအထား တစ်ခုကို ဖန်တီးပေးပါတယ်။

အဲဒီနောက်မှာတော့ Anaerobic bacteria ကို ပေါက်ဖွားစေပါတယ်။ ဒီပိုးလေးတွေက sewage တွေ inlet ပိုက်ကနေ ပထမ ကန်ထဲ ၀င်ရောက်ပြီးနောက် ၃-ရက် မှ ၇-ရက် ခန့် အကြာမှ သူ့ အလိုလို ပေါက်ဖွားလာပါတယ်။

ဒီပိုးလေးတွေ ပေါက်ဖွားရှင်သန်ဖို့အတွက် scum layer ကွဲမသွားဖို့က အရေးကြီးပါသေးတယ်။

အဲဒီတော့ အိမ်သာအိုးကနေဆင်းလာတဲ့ အညစ်အကြေးတွေ အရှိန်နဲ့ ဆင်းလာတဲ့ အခါ scum layer မပြိုကွဲအောင် အ၀င်မှာ Tee ခံပြီး၊ အဲဒီ Tee မှာ အောက်မှာ pile ထပ်ဆက်ပေးရပါတယ်။ အနည်းဆုံး တစ်ပေမှ တစ်ပေခွဲ အထိ ထည့်ပေးရပါတယ်။ အဲဒီအခါ အညစ်အကြေးတွေက ပိုက်ထဲကဆင်းလာပြီး နောက် သူတို့ရဲ့ ဖေါ့ဂုဏ်သတ္တိကြောင့် ရေပေါ်ပြန်ပေါ်နဲ့ ဒီနည်းနဲ့ သွားတာပါ။

Anaerobic bacteria က အညစ်အကြေးတွေကိုစားပြီး ချေဖျက်ခါ sluge အနှစ်၊ အရည် နဲ့ အငွေ့ကို ထုတ်ပေးပါတယ်။



ရေးသားပြုစုသည်

မူရင်းပိုင်ရှင်အား credit ပေးပါသည်

30/10/2021

“လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိရင် ကိုယ့်အမည်နဲ့ ပုံစံ (၇) ရအောင် ပြုလုပ်နည်း”

လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလုပ်ရမလဲ
လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလုပ်ရမလဲ၊ ပုံစံ ၇ ထုတ်မရဘူးလို့လဲ ပြောနေပါတယ်။ ဘယ်လိုလုပ်ရမလဲ လို့ မေးလာပါတယ်။

ဒါနဲ့ပတ်သက်လို့ မြေပြင်လက်ရှိ အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
၁။ ၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်သာ သုံးနေတဲ့မြေ။
၂။ ၂၀၁၂ နောက်ပိုင်းမှ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်ပဲ သုံးနေတဲ့မြေ။
၃။ ဘယ်အချိန်ကပဲ ဝယ်ဝယ်၊ ဝယ်ယူထားတဲ့မြေကို စိုက်ပျိုးရေးအတွက် သုံးနေတာ မဟုတ်ပဲ အခြားနည်းသုံးနေတဲ့မြေ (အိမ် ၊ အဆောက်အဦး စသည်ဖြင့်သုံး)
နံပတ် (၁) နဲ့ နံပတ် (၂) လိုကိစ္စမျိုးမှာ ပုံစံ ၇ မရသေးတဲ့လယ်ယာမြေ၊ တနည်းအားဖြင့် ပုံစံ ၇ မလျှောက်ထားရသေးတဲ့ လယ်ယာမြေကို ဝယ်ယူထားတဲ့သူတွေ အနေနဲ့ သိရှိရမှာက…
(က) ဝယ်ထားတဲ့မြေဟာ လယ်ယာမြေအဖြစ် သတ်မှတ်ထားတဲ့ မြေအမျိုးအစားနှင့် ထိုမြေကို ကွင်းတိုင်းတာ မြေပုံထုတ်ပြီးတဲ့မြေ ဖြစ်နေဖို့လိုပါတယ်။
ဆိုလိုတာက ဝယ်ယူထားတဲ့မြေက လယ်ယာမြေ အမျိုးအစား ဖြစ်ရမယ်၊ အခြားသော မြေရိုင်း စားကျက်မြေ စသည်ဖြင့် မဟုတ်ရဘူး။
မြေစာရင်းဌာနမှာ မြေပုံ မြေတိုင်းလုပ်ပြီးရှိနေတဲ့ မြေမှတ်တမ်းရှိရပါမယ်။

(ခ) ထိုမြေကို လက်ရောက် လွှဲပြောင်းရယူထားပြီး လက်ရှိလက်ငုတ်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ရပါမယ်။ ဝယ်ပြီးထဲက မြေကိုလက်ရောက်ယူပြီးတဲ့မြေ၊ လက်ရှိလည်းစိုက်ပျိုးနေသူ ဖြစ်ရမယ်။
ဒီနှစ်ချက် ပြည့်စုံမှသာ လယ်ယာမြေဥပဒေ ပုဒ်မ ၆၊ (က)(၁ နဲ့ ၂) ပါ ပြဌာန်းချက်အရ လက်ရှိလုပ်ကိုင်နေသူအဖြစ် လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။
၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်သာ သုံးနေတဲ့မြေဆိုရင်တော့ လျောက်ရတာ ပိုလွယ်ကူနိုင်ပါတယ်။
ဥပဒေမှာဆိုထားတာက “ပုဒ်မ ၆။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ရှိနေသော လယ်ယာမြေများနှင့်
စပ်လျဉ်း၍ အောက်ပါ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူ ညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင်
သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်စေ၍ မှတ်ပုံတင်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးရမည်-

(က) လူပုဂ္ဂိုလ်ဖြစ်ပါက-
(၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စုသည်တောင်သူ လယ်သမား အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစုအကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ်
အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာ ဥပဒေများနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ် လုပ်ကိုင်နေသူ ဖြစ်ရမည်။”
လို့ ဆိုထားပါတယ်။ ၂၀၁၂ ဥပဒေ ပြဌာန်းပြီးမှ ဝယ်ယူခဲ့ရင်လည်း လက်ရှိလက်ငုတ် လုပ်နေသူ၊ မြေအငြင်းပွားမနေသူ၊ ကန့်ကွက်လွှာခေါ်ချိန်မှာ
ကန့်ကွက်ခြင်းမရှိသူဆိုရင် လုပ်ပိုင်ခွင့် ရနိုင်ပါတယ်။
ကာယကံရှင်အနေနဲ့ ရပ်ကျေး လယ်စီထံမှ ပုံစံ (၁) တောင်းခံ ဖြည့်သွင်းပြီး ရပ်ကျေးလယ်စီမှတဆင့် မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါတယ်။
မြေပေါ်အမှန် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်း သက်သေ ၂ ဦးရဲ့ ထောက်ခံချက် ပါရှိရပါမယ်။
ဒီလို လျှောက်ထားမှုကို ရပ်ကျေး လယ်စီနဲ့ မြေစာရင်းဌာနမှ ကန့်ကွက်လွှာခေါ်ယူခြင်း စိစစ်ခြင်းများ ဆောင်ရွက်ပြီးရင် အမှုတွဲကို လုပ်ပိုင်ခွင့်ပေးဖို့
သင့်မသင့် သဘောထားမှတ်ချက်နှင့်အတူ မြို့နယ်လယ်စီကို တင်ပြပေးပါမည်။ မြို့နယ်လယ်စီမှာ ဆက်လက်စိစစ်ပြီး သဘောထားမှတ်ချက်နှင့်အတူ
ခရိုင်လယ်စီသို့ တင်ပြပါမည်။ ခရိုင်လယ်စီက အမှုတွဲလက်ခံ ရရှိတဲ့အခါ ထပ်မံ စိစစ်ပြီး လျှောက်ထားမှုကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပါယ်ကြောင်း
ဆုံးဖြတ်ပြီး မြို့နယ်မြေစာရင်း ဌာနသို့ အကြောင်းကြားပါမယ်။

မြို့နယ်မြေစာရင်းဌာနက ခရိုင်လယ်စီမှ လုပ်ပိုင်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိရင် လျှောက်ထားသူကို မှတ်ပုံတင်ကြေး ၅၀ဝိ ပေးသွင်းခြင်း၊
မှတ်ပုံတင်စာရင်း ပုံစံ ၅ တွင် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မြို့နယ်လယ်စီသို့ တင်ပြ၍ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ နံပတ် (၁) အချက်နဲ့ နံပတ် (၂) အချက်ပါ လယ်ယာမြေကို လုပ်ပိုင်ခွင့် ပုံစံ ၇ ရနိုင်ပါမယ်။
နံပတ် ၃ အချက်ပါ ဝယ်ယူထားတဲ့မြေ
က လယ်ယာမြေအမျိုးအစားတော့ ဖြစ်တယ်၊ မြေကို စိုက်ပျိုးရေးအတွက် သုံးနေတာ မဟုတ်ပဲ အခြားနည်းသုံး (အိမ် ၊ အဆောက်အဦး စသည်ဖြင့်သုံး) နေတယ်
ဆိုရင်တော့ ပုံစံ ၇ ရမှာ၊ ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဒီမြေက လယ်ယာမြေတော့ ဟုတ်တယ် သို့သော် စိုက်ပျိုးရေးအတွက် မသုံးဘူး ဆိုတာမျိုး ဖြစ်နေတာပါ။
ဒီလိုအခြေအနေမှာတော့ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ လျောက်ထားခြင်းထက် လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် လယ ၃၀ လျောက်ထားခြင်းကိုသာ

တိုက်ရိုက်တင်ပြသင့်ပါတယ်။ လယ်ယာမြေ နည်းဥပဒေအရ အခြားနည်းသုံးစွဲခွင့်ပြုရာမှာ ပုံစံ ၇ မရခဲ့ရင် ဘာကြောင့် မရခဲ့သလဲဆိုတာကို သက်ဆိုင်ရာက စီစစ်ကြပါတယ်။
လက်ရှိမြေအသုံးချထားမှု အခြေအနေ၊ အခြားနည်းသုံးမှု၊ ဘယ်အချိန်ထဲက သုံးနေတာ စသည်ဖြင့် စစ်ဆေးတွေ့ရှိရင် အခြားနည်းသုံးဖို့ လယ-၃၀ ခွင့်ပြုနိုင်ပါတယ်။
ကူးယူဖော်ပြပါသည်။

30/10/2021

အိမ်နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။
=========================

၁။ ရောင်းသူနှင့်ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည်။

၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။

၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်း ခံရပါမည်။ လျော့ပြသည့်အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။

၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။

၅။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။

၇။ ကိုယ်စားလှယ်အဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှား ရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည်။

၈။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၉။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ်၊မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။

၁၀။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးရပါမည်။

၁၁။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက် မှတ်ရေးထိုးရပါမည်။ ထိုသို့ ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

၁၂။ အရွယ်မရောက်သူကိုယ်စား တရားရုံးကခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိ်ုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်း နိုင်သည့်ပစ္စည်းနှင့် မရွှ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။

၁၃။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့်စပ်လျဉ်း၍အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန် ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိ်ုင်ရာက သိရှိလျှင် သော်လည်းကောင်း၊ တစ်ဦးတစ် ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ် ပါသည်။

၁၄။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ် လည်၍ကျမ်းကျိန်ဆိုမှုအတွက် အရေးယူခြင်းခံရနိ်ုင်ကြောင်း သိရှိထားသင့်ပါသည်။

၁၅။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင် နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်းလျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည်။

၁၆။ ကွယ်လွန်သူ၏ အမွေဆိုင်များအနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ မပြောင်းနိုင်သောပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည်။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့်အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။ အမွေထိန်းစာ အပြိုင်လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရား ရုံးက စစ်ဆေးသွားမည် ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့်( ၇ ) ကျပ်နှုန်း ရုံးခွန်တော်ထမ်းဆောင်ရပါသည်။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင် သည့် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ထုခွဲရောင်းချလိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး ၏ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေး ရန် တာဝန်ရှိပါသည်။

၁၇။ အပိုဒ် ၁၆ အရ အမွေထိန်းလက်မှတ်စာ အပြိုင်အဆိုင်လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိ ပြုသင့်ပါသည်။ အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ရသင့်ရထိုက် သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည်။

( ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ်၊ခြံ၊မြေ၊ တိ်ုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁)

30/10/2021

စာချုပ်ချုပ်ရာတွင် စာချုပ်တွင်ရေးသားထားသော ဥပဒေနဲ့ညီသော အချက်အလက်များထည့်သွင်းချုပ်ဆိုခြင်းသည် အရေးကြီးတာမှန်ပေမယ့်
တခြားဆောင်ရွက်ရမည့်အချက်များမှာ

မိမိ ဝယ်ယူထားသော မြေကွက် အဆောက်အအုံကို လက်ဝယ်ရရှိထားရန် အထူးလိုအပ်ပေသည်။
ဝယ်ထားပြီးမြေကွက်ကိုပစ်ထား၍
မဖြစ်ပါ။
မြေကွက်ကို ရှင်းလင်း ခြင်း၊
သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်များထံ မိမ်ိဝယ်ယူ လက်ရှိ ဖြစ်ကြောင်း အကြောင်းကြားထား ခြင်း၊
မကြာခဏ သွားရောက်ကြည့်ရှုခြင်း၊
ဘေးခြံနီးချင်းအား မိမိပိုင်ဖြစ်ကြောင်း အသိပေး၍ စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန် လိုအပ်ပေသည်။
သို့မှသာ ထပ်မံရောင်းချခြင်း ကိစ္စရပ်များမှ ရှောင်ရှားနိုင် မည်ဖြစ်သည်။

ပါမစ်မြေဆိုလျှင်လည်း စာရွက်စာတမ်းစုံလင်ခြင်းရှိမရှိ၊ မြေကွက်ပါမစ် စာရွက်စာတမ်း များသည် အမှန်အကန် ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် စုံစမ်းပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်သည်။
ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။

စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင် မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို
ဦးစွာပဋိညာဉ်ပြုဝယ်သူအား ဦးစားပေးဆုံးဖြတ်ရမည် " ဟု
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။

စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော အချိန်မှာ မှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ မှတ်ပုံတင်ရန်လိုအပ်သည့် စာချုပ် စာတမ်းဖြစ်စေ၊ မှတ်ပုံတင်ရန်မလိုအပ်သည့် စာချုပ်စာတမ်းဖြစ်စေ စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည် ဟုပြဋ္ဌာန်းထားသည်။

ထို့ကြောင့် မိမိချုပ်ဆို ထားသော မြေအရောင်းအဝယ် စာချုပ်သည် အခြားသူက ဝယ်ယူ ထားသည်ဆိုသော အရောင်းအဝယ် စာချုပ်ထက် စောသည့်နေ့ရက်၌ အရောင်းအဝယ်ပြု ချုပ်ဆိုထားပါက အခွင့်အရေးရပိုင်ခွင့် ရှိပါသည်။

သို့ဖြစ်၍ အိမ်ခြံမြေတိုက်ခန်းဝယ်ရာတွင် အဝယ်ထပ်နေပါက ဦးစွာ စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ ရပိုင်ခွင့်ရှိကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

28/01/2021

ရန်ကုန် -နေပြည်တော် -ကျိုင်းတုံ မြို့ များ၏ အိမ်ခြံမြေ ရောင်းဝယ်ဌား နှင့် ရုံးပိုင်းဆိုင်ရာများ အမြန်ဝန်ဆောင်မှု ပေးနေပါပြီနော်
09780720222, 09420720222

18/09/2020

Trust World အိမ်ခြံ​မြေ အကျိုး​ဆောင် ကုမ္ပဏီ လီမိတက်သည် ရန်ကုန်မြို့ နှင့် ​နေပြည်​တော်ရှိ အိမ်ခြံ​မြေနှင့် ပတ်သက်၍ ​​ရောင်းဝယ်ခြင်း ရုံးပိုင်းဆိုင်ရာ ​ဆောင်ရွက်ခြင်း ကိစ္စ အဝဝ အား လူကြီးမင်းတို့လိုအပ်ချက်အတွက် ပိတ်ရက်မရှိ အ​ကောင်းဆုံး အတိကျဆုံး နှင့်အတူ ဝန်​ဆောင်မှု​ပေး​နေပါသည်။

Ph: 09785959800, 09787959800, 09785159800, 09885159800, 09965159800, 09955159800, 09971706866, 09692720222, 09420720222

Sold Outအရှေ့ဒဂုံ မြို့နယ်တပင်ရွှေထီးလမ်းမပေါ်ဂရန်အမည်ပေါက် သိန်း (1700)ပေအကျယ်အဝန်း 42 x 60နှစ်ထပ်အုပ်ညှပ်အိမ်ပါ Ph: 09...
12/09/2020

Sold Out

အရှေ့ဒဂုံ မြို့နယ်

တပင်ရွှေထီးလမ်းမပေါ်

ဂရန်အမည်ပေါက် သိန်း (1700)

ပေအကျယ်အဝန်း 42 x 60

နှစ်ထပ်အုပ်ညှပ်အိမ်ပါ

Ph: 09971706866, 09785959800, 09780720222, 09885159800
Viber: 0943046706

Address

Pa/33, Thapyaekone Pwe Yon
Naypyitaw

Alerts

Be the first to know and let us send you an email when Trust World Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Trust World Real Estate:

Shortcuts

Share