FDA AYY

FDA AYY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FDA AYY, Service Apartments, အမှတ် ၅၃ ခတ္တာ ၃ လမ်း (ကညန ယာဉ်စစ်ကွင်းအနီး) ကင်မလင်းကျွန်း ပုသိမ်မြို့, Pathein.

ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းစေခြင်း သတိပေးချက်ဖော်ပြပါ အစားအသောက်များအနက် ၄ မျိုးသည် ပုသိမ်မြို့ရှိ အရောင်းဆိုင်များတွင် က...
14/10/2026

ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းစေခြင်း သတိပေးချက်

ဖော်ပြပါ အစားအသောက်များအနက် ၄ မျိုးသည် ပုသိမ်မြို့ရှိ အရောင်းဆိုင်များတွင် ကောက်ယူစစ်ဆေးခဲ့သော အစားအသောက်များ ဖြစ်သည်

သိရှိနိုင်စေရန်
09/10/2026

သိရှိနိုင်စေရန်

ဧရာ၀တီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက်ဌာနခွဲ အနေဖြင့်အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက...
20/09/2026

ဧရာ၀တီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက်ဌာနခွဲ အနေဖြင့်အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ၁၀.၉.၂၀၂၆ ရက်နေ့တွင် ပုသိမ်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့်အတူ မြို့သစ်‌ဈေး (ကြက်တူရွေးစာပင်ဈေး)အား ရှောင်တခင်၀င်ရောက်စစ်ဆေးခဲ့ပြီး အစားအသောက်နမူနာ(၃၅)မျိုး၀ယ်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ်ပေါ်တွင် ဓာတ်ခွဲ စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ အစားအသောက်တွင်သုံးစွဲခွင့်မပြုသောဓာတုဆိုးဆေး Rohdamine-Bပါ၀င်‌သောမျှင်ငါးပိ ၁၅ ပိဿာကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပါသည်။ ထို့ပြင် ဈေးအနီးပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင်များ၊မုန့်ဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ကြေညာထားသောအစားအသောက်များနှင့် သက်တမ်းလွန်အစားအသောက်များ၊ မှိုတက်နေသောအစားအသောက်များ စုစု‌ပေါင်း ၁၃၁ မျိုးနှင့်ငရုတ်ဆီပုလင်း‌ ၆၆ ပုလင်းတို့အား‌တွေ့ရှိ သိမ်းဆည်းခဲ့ပါသည်။ ဆိုင်ပိုင်ရှင်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ ခံဝန်ကတိရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းစားသောက်ကုန်များကို ကော်မတီအနေဖြင့် ဖျက်ဆီးခဲ့ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

20/09/2026

အင်္ဂပူမြို့နယ် ကွင်းကောက်မြို့
ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်သူများအစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံး သုံးစွဲနိုင်ရေးအတွက် (၂.၉.၂၀၂၆)ရက်နေ့တွင် အင်္ဂပူမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကွင်းကောက်မြို့မစျေးအတွင်းရှိ စျေးဆိုင်များ၊ မြို့ပေါ်ရှိဆေးဆိုင်များ၊လူသုံးအလှကုန်ဆိုင်များကိုရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင်အစားအသောက်တွင်သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများပါဝင်သည့် အစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များရောင်းချမှုမရှိစေရန်နှင့်ဆေးဆိုင်များတွင်မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ ၊ပျက်စီးဆေးဝါးများနှင့်သက်တမ်းလွန်ဆေးဝါးများရောင်းချနေမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အလှကုန်ဆိုင်များတွင်လည်း သုံးစွဲရန်မသင့်သည့် ဓာတုပစ္စည်းပါဝင်မှုရှိသောအလှကုန်များ၊ သက်တမ်းလွန်အလှကုန်များအား ရောင်းချခြင်းမရှိစေရန်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ယခုကဲ့သို့ရှောင်တခင်စစ်ဆေးဆောင်ရွက်ခြင်းသည် သုံးစွဲရန်မသင့်သောဓာတုဆိုးဆေးများပါဝင်သည့် အစားအသောက်များ၊ သတ်မှတ်ချက်နှင့်မကိုက်ညီသောဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များကိုစျေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်းမှ ကာကွယ်ရန်နှင့်ပြည်သူများ၏ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံစွာ စားသောက်သုံးစွဲနိုင်ကြစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် လစဥ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။

လပွတ္တာမြို့ရှိ ဆေးဆိုင်များ စစ်ဆေးခြင်း (၁၃.၈.၂၀၂၆)            ပြည်သူများ ဘေးကင်းစိတ်ချရသော ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသ...
16/08/2026

လပွတ္တာမြို့ရှိ ဆေးဆိုင်များ စစ်ဆေးခြင်း (၁၃.၈.၂၀၂၆)

ပြည်သူများ ဘေးကင်းစိတ်ချရသော ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးအလှကုန်များ ရရှိသုံးစွဲနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးဌာနခွဲမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် လပွတ္တာမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၊ အထူးကုဆေးခန်းများနှင့် လူသုံးအလှကုန်ပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါသည်။
ယင်းသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသော ဆေးဝါးများ၊ ပျက်စီးဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များ တွေ့ရှိ၍ သက်ဆိုင်ရာ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များရှေ့မှောက်တွင် သိမ်းဆည်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် သိမ်းဆည်းခဲ့သည့် သက်တမ်းလွန်အလှကုန်များကို လပွတ္တာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် မြေမြှုပ်ဖျက်ဆီးခဲ့ပါသည်။
ယခုကဲ့သို့ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းသည် သတ်မှတ်ချက်နှင့်မကိုက်ညီသော ဆေးဝါးနှင့် အလှကုန်များ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းမှ ကာကွယ်ရန်နှင့် ပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် ကွပ်ကဲကြီးကြပ်ရေးလုပ်ငန်းများအနက် တစ်ရပ်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။


#ဆေးဆိုင်စစ်ဆေးခြင်း

တားမြစ်ဓာတုပစ္စည်းတွေကြောင့် မိမိမျက်နှာလေး အလှမပျက်ဖို့ သတိပြုရှောင်ရှား ကြပါစို့
13/08/2026

တားမြစ်ဓာတုပစ္စည်းတွေကြောင့် မိမိမျက်နှာလေး အလှမပျက်ဖို့ သတိပြုရှောင်ရှား ကြပါစို့

ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း ဆေးဝါးရောင်းချမှုလုပ်ငန်းများကို သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ...
12/08/2026

ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

ဆေးဝါးရောင်းချမှုလုပ်ငန်းများကို သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်မီပြီး ဘေးကင်းစိတ်ချရသော ဆေးဝါးများ ရရှိသုံးစွဲနိုင်ရေးနှင့် ဆေးဝါးရောင်းချသူများ၏ ဆေးဝါးဆိုင်ရာ အသိပညာများ ပိုမိုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက် (သောကြာနေ့) တွင် ပန်းတနော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပန်းတနော်မြို့ရှိ ဆေးဆိုင်ပိုင်ရှင်နှင့် အထူးကုဆေးခန်းပိုင်ရှင် ၂၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၁ ဦး စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးဌာနခွဲမှ တာဝန်ရှိသူများက ဆေးဝါးရောင်းချသူများနှင့် သက်ဆိုင်သည့် ဆေးဝါးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် လက်တွေ့လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဟောပြောခဲ့ကြသည်။

ဟောပြောဆွေးနွေးရာတွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်ကောင်းများ၊ ထိန်းချုပ်ဆေးဝါးလိုင်စင် လျှောက်ထားပုံအဆင့်ဆင့်နှင့် လိုင်စင်ရရှိပြီးနောက် ထိန်းချုပ်ဆေးဝါးများ ရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့အပြင် အမျိုးသားဆေးဝါးဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဆေးဝါးရောင်းချမှုနှင့် သုံးစွဲမှုဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများနှင့် ဆေးဝါးလုပ်ငန်းဆိုင်ရာ တာဝန်ယူမှုများကိုလည်း အသိပညာပေး ရှင်းလင်းခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲမှတစ်ဆင့် ဆေးဆိုင်နှင့် အထူးကုဆေးခန်းပိုင်ရှင်များအနေဖြင့် ဆေးဝါးရောင်းချမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ ထိန်းချုပ်ဆေးဝါးများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုင်တွယ်ရောင်းချနိုင်ရန်နှင့် ပြည်သူများအတွက် ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ဆေးဝါးဝန်ဆောင်မှုများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (ဆေးဝါးဌာန) တာဝန်ရှိသူများအနေဖြင့် အသိပညာပေးဟောပြောခဲ့ခြင်းဖြစ်ပြီး လစဉ်လတိုင်း စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဧရာ၀တီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Ayeyarwady FDA) သည် ၆-၈-၂၀၂၆ ရက်နေ့တွင် မြောင်းမြမြို့နယ်အစာ...
12/08/2026

ဧရာ၀တီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Ayeyarwady FDA) သည် ၆-၈-၂၀၂၆ ရက်နေ့တွင် မြောင်းမြမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့်ပူးပေါင်း၍ မြောင်းမြမြို့ပေါ်ရှိ မြသာယာဈေး၊အောင်ဆန်းဈေး၊မြ၀တ်ရည်ဈေး နှင့် ညောင်ပင်လေးဈေး တို့ကို ရှောင်တခင်၀င်ရောက်စစ်ဆေးခဲ့ပြီး အစားအသောက်နမူနာများကောက်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ် ( Mobile Lab Van) ပေါ်တွင် ချက်ချင်း စစ်ဆေးခဲ့ရာ အစားအသောက်တွင်သုံးစွဲခွင့်မပြုသော ဓာတုဆိုးဆေး Rhobdamine B ပါဝင်သော မျှင်ငါးပိ ၁၃၀၇ ပိဿာ အားစစ်ဆေးတွေ့ရှိခဲ့ပါသည်။
ထို့ပြင် မြို့‌ပေါ်ရှိကုန်စုံဆိုင်များ၊မုန့်ဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ကြေညာထားသောအစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များ၊ မှိုတက်ပျက်ဆီးနေသောအစားအသောက်များနှင့် ဘေးအန္တရာယ်ရှိသောစားသောက်ကုန်များရောင်းချနေခြင်း ရှိ/ မရှိ တပါတည်းစစ်ဆေးခဲ့ရာ သက်တမ်းလွန်နေသောနေကြာစေ့ ၂၀ ထုတ်၊coubell ၃၄ ထုတ်၊မာမီးခေါက်ဆွဲခြောက် ၂၅ ထုတ်၊ master ၇ ထုတ်၊မောင့်ချယ်ရီယိုစုံ ၇၀ ထုတ်၊မြဘုရင်နို့ဆီ ၃ တွဲ၊ Tastee ၃ ဘူး၊ စာဥမ ၈ ထုတ်၊ ပဲစိမ်းမှုန့် ၅ တွဲ၊ တောင်သူမ ၃ ထုတ်၊အချိုမှုန့် ၅ ထုတ်၊ တရုတ်ဘာသာဖြင့်ဖော်ပြထားသောမုန့်မျိုးစုံ ၄၉ တွဲတို့အားတွေ့ရှိခဲ့ပါသည်။
FDA ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါဆိုးဆေးပါမျှင်ငါးပိများနှင့် သက်တမ်းလွန်ပျက်ဆီး အစားအသောက်များအားသိမ်းဆည်းဖျက်ဆီးခဲ့ပါသည်။ထို့ပြင်‌‌မြောင်းမြမြို့‌ပေါ်ရှိ‌‌ ဈေးသူဈေးသားများ၊ကုန်စုံဆိုင်ပိုင်ရှင်များ၊မုန့်ဆိုင်ပိုင်ရှင်များအား ဆိုး‌ဆေးအန္တရာယ်၊ သက်တမ်းလွန်အစားအသောက်များ၊မှိုတက်‌နေသောအစားအသောက်များ၏ အန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခြင်းများပါဆောင်ရွက်ခဲ့ပါသည်။
အန္တရာယ်ရှိသောဆိုးဆေးပါအစားအသောက်များ၊ သက်တမ်းလွန်ပျက်ဆီး အစားအသောက်များကို စားသုံးသူပြည်သူလူထံ မရောက်ရှိအောင်တားဆီးနိုင်မှုကြောင့် လူတိုင်းအသက်ရှည်ကျန်းမာစွာ သက်တမ်းစေ့နေထိုင်နိုင်ရေး၊အရည်အသွေးပြည့်မှီပီးဘေးကင်းသော အစားအသောက်များ ပြည်သူလူထုထံရောက်ရှိရေးကို များစွာအကျိုးရှိစေပါသည်။
ဈေးရောင်းချသူများ အနေဖြင့် သက်တမ်းလွန်နေသော အစားအသောက်များနှင့် မှိုတက်ပျက်ဆီးနေသောစားသောက်ကုန်များ မရောင်းချရန် လိုအပ်သကဲ့သို့ ပြည်သူများ အနေဖြင့်လည်း သက်တမ်းကုန်ရက်စွဲ ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူခြင်း၊ အမြင်အားဖြင့် ပျက်ဆီးနေသော စားသောက်ကုန်များ မစားသုံး
ခြင်းဖြင့် မိမိကျန်းမာရေးကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

သတိပြုကြပါ
12/08/2026

သတိပြုကြပါ

ဧရာဝတီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည်  FDA၏ အဓိက မျှော်မှန်းချက်ဖြစ်သော “ဘေးအန္တရာယ်ကင်းရှင်း၍ အရ...
11/07/2026

ဧရာဝတီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် FDA၏ အဓိက မျှော်မှန်းချက်ဖြစ်သော “ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးစစ်မှန်ကောင်းမွန်သော အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများအား စားသုံးသူပြည်သူများ အသုံးပြုနိုင်စေရန်” ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဆေးဆိုင်များတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ပျက်စီးဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများနှင့် ဆေးပစ္စည်းများ ရောင်းချနေခြင်း ရှိ/မရှိ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာတွင် (၁.၆.၂၀၂၅ မှ၃၁.၅.၂၀၂၆)ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများနှင့် ပျက်စီးဆေးဝါးအမျိုးအစားပေါင်း (၅၃၉)မျိုးကို သိမ်းဆည်းဆောင်ရွက်နိုင်ခဲ့ပါသည်။
စစ်ဆေးတွေ့ရှိသိမ်းဆည်းရရှိသည့် ဆေးဝါးများအား (၄.၇.၂၀၂၆)ရက်နေ့တွင် ဧရာဝတီတိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ "နံ့သာကုန်းအမှိုက်ကွင်း၊ မဟာဗောဓိလမ်း၊ အမှတ်(၈)ရပ်ကွက်၊ ပုသိမ်မြို့”တွင် ကျင်းတူး၍ မြေမြုပ်ဖျက်ဆီးခဲ့ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
ဧရာဝတီ FDA အနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Address

အမှတ် ၅၃ ခတ္တာ ၃ လမ်း (ကညန ယာဉ်စစ်ကွင်းအနီး) ကင်မလင်းကျွန်း ပုသိမ်မြို့
Pathein

Website

Alerts

Be the first to know and let us send you an email when FDA AYY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share