12/01/2024
#ယောဂီသိရန်အခြေခံ(၂၉)။ ။တွန်း ကန် လှုပ်ရှားတဲ့သဘောကရုပ်ခန္ဓာရဲ့ အရှုခံသဘောတရား၊ သိ သိပေးနေတာက နာမ်ခန္ဓာရဲ့ အရှုခံသဘောတရားပါ။တရားသဘောဆိုတာ သဘောတရားသက်သက်ဘဲ။ သူမပါငါမနှော ရုပ်သဘောနဲ့နာမ်သဘောလို့ ကိုယ်ဉာဏ်ထဲ ပိုင်းပိုင်းခြားခြား ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာသိထားနှင့်ပါမှ ဒိဌိအရင်ပြုတ် ဝိပဿနာအလုပ်အားထုတ်ဆိုတာနဲ့ မကိုက်ဘူးလား(ကိုက်ပါတယ်ဘုရား)။ဖြစ်ပေါ််လာတဲ့ရုပ်နာမ် ပျက်သွားတော့ ချမ်းသာတာလား၊ ဆင်းရဲတာလား(ဆင်းရဲတာပါဘုရား)။ ဘာသစ္စာတဲ့လည်း(ဒုက္ခသစ္စာပါဘုရား) ဖြစ်ပေါ််လာတဲ့ရုပ်နာမ်လည်းဒုက္ခ ပျက်စီးသွားတဲ့ရုပ်နာမ်လည်းဒုက္ခလို့ စာပေက-ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ ဒုက္ခံနိရုဇ္စျမာနံနိရုဇ္စျတိ။ လို့ ကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီ ခန္ဓာရုပ်နာမ် အရှုခံတရားကို ရှုဉာဏ်နဲ့စောင့်ပြီးကြည့်၊ ဖြစ်ပေါ််လာတာလည်းဒုက္ခပဲ၊ပျက်စီးသွားတာလည်း(ဒုက္ခပါဘုရား) ဖြစ်ဒုက္ခနဲ့ပျက်ဒုက္ခလို့မြင်တယ် သိတယ်ဆိုရင် အမှားမြင်တာလား၊ အမှန်မြင်တာလား(အမှန်မြင်တာပါအရှင်ဘုရား) အမှန်မြင်တဲ့ဉာဏ်၊သစ္စာသိတဲ့ဉာဏ် ယထာဘူတံ ပဇာနာတိနဲ့ကိုက်ညီတဲ့ဉာဏ် မရနိုင်ဘူးလား (ရနိုင်ပါတယ်ဘုရား)ဒါကြောင့် ဆရာတော်ကြီးက ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်လို့ ဟောခဲ့ပါတယ်။ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်ပျက်ဒုက္ခကို မြင်သိအောင် မုန်းသွားအောင် ဆုံးသွားအောင်ရှုပေးပါတဲ့။ ဒုက္ခအဆုံးက နိဗ္ဗာန်၊ ဆုံးမှန်းသိတာက မဂ်ဉာဏ်လို့ဟောခဲ့ပါတယ်။ အဲဒါအာနာပါနဆိုတဲ့ သမထဘာဝနာ၊ သမာဓိကနေ ဝိပဿနာဘာဝနာထိအောင် အခြေခံကစ ပြောပြတဲ့အတိုင်း ကြိုးစားအားထုတ်နိုင်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်ဘူးလား(ရနိုင်ပါတယ်ဘုရား)အဲဒါ ပစ္စုပ္ပန်အကျိုးအခြင်းရာငါးပါးခေါ််တဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတွေပါပဲ။ (ဆက်ရန်)
#နန်းခမ်း