ရွှေသွန်း - စိန်ရွှေရတနာနှင့် စားသောက်ကုန်

  • Home
  • Myanmar
  • Tachileik
  • ရွှေသွန်း - စိန်ရွှေရတနာနှင့် စားသောက်ကုန်

ရွှေသွန်း - စိန်ရွှေရတနာနှင့် စားသောက်ကုန် ရွှေသွန်း - စိန်ရွှေရတနာနှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း

05/08/2026
11/07/2026

တာလပေါ့ ဟင်းချက်စားသည်

07/07/2026

၁။ မြေအမျိုးအစားနှင့် ပိုင်ဆိုင်မှုပုံစံကို သေချာစိစစ်ခြင်း (Due Diligence)
​ဘိုးဘွားပိုင်/ဓားခုတ်စိုက်ပျိုးမြေလား ခွဲခြားပါ: တောင်ပေါ်ဒေသများတွင် တရားဝင်အထောက်အထား (ဂရန် သို့မဟုတ် ပုံစံ-၇) မရှိသော်လည်း မိရိုးဖလာ ဓားခုတ်စိုက်ပျိုးလာသည့် မြေများ ဖြစ်တတ်ပါသည်။
​ကျေးရွာလူကြီး/အုပ်ချုပ်ရေးမှူးထံတွင် မေးမြန်းပါ: အဆိုပါမြေကို ရောင်းမည့်သူက ဘယ်နှစ်နှစ်ကတည်းက လက်ရှိအခြေချ နေထိုင်လုပ်ကိုင်နေသလဲ၊ အမှန်တကယ် သူပိုင်ဆိုင်တာ ဟုတ်မဟုတ်၊ ရွာက認 ခံထားတဲ့ မြေဖြစ်လားဆိုတာကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ရွာမိရွာဖများထံတွင် တိတ်တဆိတ် သော်လည်းကောင်း၊ ပွင့်လင်းစွာသော်လည်းကောင်း စုံစမ်းရပါမည်။
​နယ်နိမိတ် ချင်းနင်းမှု ရှိမရှိ စစ်ဆေးပါ: ဘေးပတ်ဝန်းကျင် ဝဲယာရှိ မြေပိုင်ရှင်များကိုလည်း ထိုမြေနှင့် ပတ်သက်ပြီး နယ်နိမိတ်ချင်း ငြိစွန်းမှု ရှိမရှိနှင့် ပိုင်ဆိုင်မှုအပေါ် ကန့်ကွက်ရန် ရှိမရှိ မေးမြန်းထားရပါမည်။
​၂။ စရန်ငွေပေးကတိစာချုပ်ချုပ်ဆိုခြင်းနှင့် သတင်းစာတွင် ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာခြင်း
​ကတိစာချုပ် ချုပ်ဆိုခြင်း: အရောင်းအဝယ် မပြုမီ ပိုင်ဆိုင်မှု စိစစ်ရန်နှင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် စရန်ငွေအနည်းငယ်ပေးကာ "မြေအရောင်းအဝယ် ကတိစာချုပ်" ကို ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် သက်သေများရှေ့တွင် အခိုင်အမာ ချုပ်ဆိုပါ။
​ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာခြင်း: အဆိုပါမြေကွက်ကို ဝယ်ယူရန် စရန်ငွေပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုသူရှိက ခိုင်လုံသော အထောက်အထားဖြင့် (၇ ရက် သို့မဟုတ် ၁၄ ရက်အတွင်း) ကန့်ကွက်နိုင်ကြောင်း နေ့စဉ်ထုတ် သတင်းစာတွင် ဥပဒေအကျိုးဆောင်/ရှေ့နေဖြင့် တရားဝင် ထည့်သွင်းကြော်ငြာပါ။ (တောင်ပေါ်မြေများတွင် အချင်းချင်း ထပ်ရောင်းထားခြင်း သို့မဟုတ် မိသားစုအမွေဆိုင် ပြဿနာများ ရှိနေတတ်၍ ဤအဆင့်သည် အလွန်အရေးကြီးပါသည်)။

ရွှေသွန်းအိမ်ခြံမြေ
တာချီလိတ်
09799891622

06/07/2026

မြေကွက် တစ်ကွက်ကို အမှားအယွင်း မရှိအောင် ဘယ်လိုဝယ်ရမလဲ ? (အပိုင်း-၁) 📌

🎾 မြေကွက်တွေဝယ်တဲ့ အခါမှာ မြေအမျိုးအစား
အလိုက် စာရွက်စာတမ်းတွေ စစ်ဆေးရတာမတူသလို စာချုပ် ချုပ်ရတဲ့ ပုံစံတွေလည်း မတူကြပါဘူး။

🎾 ၁/ ဦးစွာ အကြံပေးချင်တာသည် ဘယ်မြေ မျိုးကိုမဆို ဝယ်ယူပါက သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် မည်သည့်မြေအမျိုးအစား၊ မည်သူ့အမည်ပေါက်ဖြစ်ကြောင်း နဲ့ ကန့်ကွက်အရှုပ်အရှင်းတစ်စုံတစ်ရာရှိ မရှိကို သေချာပေါက်စစ်ဆေးသင့်ပါတယ်။
( ကန့်ကွက် အရှုပ်အရှင်းတစ်စုံတစ်ရာရှိခဲ့သည်
ရှိသော် စရန်ငွေမချခင် နောက်ဆုတ်သင့်သည်ကို နောက်ဆုတ်လိုက်ခြင်းဖြင့် ဆုံးရှုံးမှု နည်းသွားမှာဖြစ်ပါတယ်။)
ဒါကြောင့် မြေရာဇဝင်စစ်ဆေးစစ်ဖြစ်အောင်စစ်ထားသင့်ပါတယ်။

🎾 ၂/ ဝယ်ယူမည့် မြေအမျိုးအစားအလိုက် ပိုင်ဆိုင်မှု စာရွက်စာတမ်း များကို သက်ဆိုင်ရာ ဌာန မှာ စစ်ဆေးသင့်ပါတယ်။
(ဥပမာ -စလစ်၊ ပါမစ်၊ဂရန် )

ရှေ့နေပါတာဘဲ ရှေ့နေပါရင် အားလုံးစစ်ဆေးပေးမှာဘဲ လို့ပြောလို့မရပါဘူး။ ရှေ့နေတိုင်းလည်း ပါမစ်၊
ဂရန် တွေကို သက်ဆိုင်ရာဌာန က လူတွေလောက် ကောင်းစွာ မသုံးသပ်တတ်ပါဘူး။
စာချုပ် ချုပ်လာတဲ့အတွေ့အကြုံတွေအရ နားလည်တဲ့ရှေ့နေများက စစ်ဆေးဝယ်ယူပေးလိုက် ကြတာလဲ ရှိကြပါတယ်။ အကောင်းဆုံးကတော့ သက်ဆိုင်ရာ ဌာနမှာ တိုက်ဆိုင်
စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။

🎾 ၃/ ဥပဒေနှင့်အညီ စာချုပ် ချုပ်ဖို့အတွက် ရှေ့နေဌားပါ။ အပေါ်ကအချက်တွေ မှန်ကန်ရင် စတိုးဆိုင်က စာချုပ်လောက်နဲ့လည်း ချုပ်လိုက်လို့ရပါတယ်လို့ တွေးနေကြပြီမဟုတ်လား။ မတူပါဘူး။ ဘာမတူတာလဲ ဆိုရင် ရှေ့နေနဲ့ချုပ်ဆိုခြင်းဟာ ဥပဒေပါ ရောင်းသူ၊ဝယ်သူ အခွင့်အရေး တွေကိုအပြည့်အဝရယူနိုင်မှာဖြစ်ပါတယ်။

ဥပမာ ကိုယ်ဝယ်ယူမဲ့ မြေကွက်ဟာ နောင်တချိန် အရှုပ်အရှင်းဖြစ်လာလို့ တရားတဘောင်ရင်ဆိုင်ခဲ့ရရင် ရှေ့နေချုပ်ပေးတဲ့ စာချုပ်ဟာ
ဥပဒေပါ ရရှိမဲ့သက်သာခွင့်၊ အခွင့်အရေးတွေကို အပြည့်အဝရရှိတဲ့အတွက် ဆုံးရှုံးမှုကို
ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
စတိုးဆိုင်က စာချုပ်တွေကတော့ ဘာလာလာ တစ်ပုံစံတည်းဘဲ ဖြစ်ပါတယ်။ အရောင်းအဝယ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဝယ်ယူတဲ့ပုံစံ ချင်း
မတူကြတာမို့ ဘာလာလာ စာချုပ်ပုံစံတစ်မျိုးကိုဘဲ အားကိုးပြီးမချုပ်သင့်ပါဘူး။

🎾 ၄/ သတင်းစာကြော်ငြာထည့်ပါ။
ဒါဟာလည်း အရေးကြီးပါတယ်။ အခုခေတ်မှာ သတင်းစာကြော်ငြာမဖတ်ကြတော့လို့သတင်းစာ
မထည့်ကြသူများလည်းတွေ့ရပါတယ်။ ဒါဟာ ကိုယ့်ဥပဒေပါ အခွင့်အရေးကို ကိုယ့်ဘာသာ စွန့်လွှတ်လိုက်တာပါ။

ကိုယ်မမြင်နိုင်တဲ့ အရှုပ်အရှင်းပြဿနာတွေဆိုတာ သတင်းစာမှတဆင့် ပေါ်ပေါက်လာတာလည်းရှိသလို သတင်းစာထည့်လိုက်ခြင်းကြောင့် ရောင်းမှား၊ဝယ်မှား မဖြစ်ခဲ့ရတာမျိုးလည်း သာဓက များစွာရှိခဲ့ဖူးတာကြောင့် သတင်းစာလည်း ကြော်ငြာဖြစ်အောင်ကြော်ငြာသင့်ပါတယ်

🎾 ၅/ လက်ရောက် ယူပါ။

ငွေအကြေချေပြီးတာနဲ့တပြိုင်နက် ဝယ်ယူထားတဲ့မြေကွက် အလွတ်(သို့) အိမ် အလွတ် ကို လက်ရောက်ရယူထားသင့်ပါတယ်။အချို့က မြေကွက်အလွတ်မို့လို့ ခြံမခတ်ချင်ဘူး၊ ကိုယ်တိုင်လဲသွားမကြည့်နိုင်ဘူး ။ အဲ့လိုအချိန်တွေမှာ အခွင့်အရေးကို စောင့်နေသူတွေက ကို့မြေကွက်ကိုကျူးသွားတာမျိုးတွေရှိတတ်ကြပါတယ်။
တချို့က ရောင်းသူကို ပြန်ထား ထားတာကြောင့်ရောင်းသူက အိမ်ပေါ်ကမဆင်းလို့ တရားစွဲပြီးနှင်ရတာမျိုးတွေလည်း ရှိကြတာမို့ ငွေချေပြီးတာနဲ့ အလွတ် လက်ရောက်ရယူပါ။

#အိမ်ခြံမြေဗဟုသုတ
#ရှေ့နေ
#ဂရန်
#ပါမစ်

🏡 အိမ်အသန့်ကြိုက်သူများအတွက် အခွင့်အရေးကောင်း 🏡✨ ခေတ်မီ Modern ၂ ထပ်တိုက် လုံးချင်းအိမ် ရောင်းမည် ✨စျေးဆိုင်ဖွင့်ချင်လည်...
05/07/2026

🏡 အိမ်အသန့်ကြိုက်သူများအတွက် အခွင့်အရေးကောင်း 🏡

✨ ခေတ်မီ Modern ၂ ထပ်တိုက် လုံးချင်းအိမ် ရောင်းမည် ✨

စျေးဆိုင်ဖွင့်ချင်လည်းရ
ကလေးငယ် လူကြီးတွေနေထိုင်ရန်
အလွန်သင့်တော်သော
ပါကေးအိမ်

အိပ်ခန်း ၄ခန်းပါ

📍 ရွှေတိဂုံမကာဟိုခမ်းရပ်ကွက်
✅ အေးချမ်းလုံခြုံသော ရပ်ကွက်သန့်
✅ မြေ ၁ ကွက်ဝန်း အပြည့်
✅ အိမ်အသန့်၊ အသင့်တက်နေလို့ရ
✅ မိသားစုနေထိုင်ရန် အထူးသင့်တော်

💰 ရောင်းဈေး – ၇၄ သိန်းဘတ်
🤝 ဈေးနှုန်း လျော့တင်းအနည်းငယ်ရှိပါသည်

အိမ်ကောင်း၊ နေရာကောင်းကို ရှာဖွေနေသူများ အမြန်ဆုံးဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရွှေသွန်း အိမ်ခြံမြေ
📞 09799891622
📞 09449369539

မြို့ပတ်လမ်းမမေးတင် မြေဧက ရောင်းမည် ၁ဧက သိန်း 370B ရွှေသွန်းအိမ်ခြံမြေ 0979989162209449369539
05/07/2026

မြို့ပတ်လမ်းမမေးတင်

မြေဧက ရောင်းမည်

၁ဧက သိန်း 370B

ရွှေသွန်းအိမ်ခြံမြေ
09799891622
09449369539

မြေကွက်ကျယ် လမ်းမကြီးမေးတင် ရောင်းမည် 💎​• အကျယ်အဝန်း: ၂၅ ကွက်စာ အကျယ်အဝန်းရှိ မြေကွက်ကြီး• အချက်အချာကျမှု: လမ်းမကြီးမေးတ...
04/07/2026

မြေကွက်ကျယ် လမ်းမကြီးမေးတင် ရောင်းမည် 💎
​•
အကျယ်အဝန်း: ၂၅ ကွက်စာ အကျယ်အဝန်းရှိ မြေကွက်ကြီး

• အချက်အချာကျမှု: လမ်းမကြီးမေးတင်ဖြစ်ပြီး ဘေးပတ်ဝန်းကျင်တွင် မြို့ပြအဆောက်အအုံမြင့်များရှိသော နေရာကောင်း

• အလားအလာ: Hotel၊ ကွန်ဒို၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းကြီးများ ဆောက်လုပ်ရန် အထူးသင့်လျော်ပြီး စီးပွားရေးလုပ်ငန်းရှင်များ အကြိုက်တွေ့စေမည့် နေရာထူးနေရာမြတ် ဖြစ်ပါသည်။

​စုံစမ်းမေးမြန်းရန် -
ရွှေသွန်းအိမ်ခြံမြေ
📞 09799891622
📞 09449369539

​🇹🇭 ၂။ ภาษาไทย (Thai Version)
​ขายที่ดินผืนใหญ่ติดถนนใหญ่ ทำเลทองใจกลางเมือง 🏢✨
​• ขนาดพื้นที่: หน้ากว้าง/พื้นที่ขนาดใหญ่เทียบเท่า 25 แปลง
• ทำเลที่ตั้ง: ติดถนนเส้นหลัก รายล้อมด้วยอาคารสูงและตึกใหญ่ สไตล์เมืองหลวง ทำเลดีเยี่ยม
• เหมาะสำหรับ: สร้างโรงแรม (Hotel), คอนโดมิเนียม หรือโครงการธุรกิจขนาดใหญ่ เหมาะสำหรับนักลงทุนและผู้ประกอบการที่กำลังมองหาทำเลศักยภาพสูง
​ติดต่อสอบถามเพิ่มเติม -
Shwe Thun Real Estate (ရွှေသွန်းအိမ်ခြံမြေ)
📞 09799891622
📞 09449369539

​🇱🇹 ၃။ လိၵ်ႈတႆး (Shan Version)
​ၵႂၢၼ်းလိၼ်ယႂ်ႇ ဢိူမ်ႈႁိမ်းတၢင်းလူင် ၶၢႆၶႃႈဢေႃႈ Grundstück 🌟
​• တၢင်းၵႂၢင်ႈ: မီးတၢင်းၵႂၢင်ႈတႃႇ ၂၅ ၵွက်
• တီႈတင်ႈ: တိတ်းၸပ်းတၢင်းလူင်၊ ႁိမ်းႁွမ်းမီးယူင်ႇသၢင်ႈတိုၵ်းသုင် ၼႂ်းဝဵင်း ၼႃႈလိၼ်လီတႄႉတႄႉ
• ပၢႆးမႃႉၵႃႉ: သင့်လော်ျှတႃႇတေေဆာၵ်ႈ ႁူင်းႅရမ်း (Hotel)၊ တိုၵ်းသုင် ဢမ်ႇၼၼ် ႁဵတ်းၵၢၼ်ပၢႆးမႃႉၵႃႉလူင်၊ ပဵၼ်တီႈဢၼ်ၸဝ်ႈပၢႆးမႃႉၵႃႉၶဝ် တေထုၵ်ႇၸႂ်မၵ်ႉတႄႉတႄႉၶႃႈ။
​ၵပ်းသိုပ်းတွင်ႈထၢမ် -
ရွှေသွန်းအိမ်ခြံမြေ ( Shwe Thun Real Estate )
📞 09799891622
📞 09449369539

🚨 ရှားပါးအရောင်း – အာခါဈေး လမ်းမပေါ် ၃ ထပ်တိုက် 🚨💥 စီးပွားရေးလုပ်ဖို့ အကောင်းဆုံးနေရာ💥 ဆိုင်ဖွင့်တာပဲဖြစ်ဖြစ်၊ အငှားထားတ...
04/07/2026

🚨 ရှားပါးအရောင်း – အာခါဈေး လမ်းမပေါ် ၃ ထပ်တိုက် 🚨

💥 စီးပွားရေးလုပ်ဖို့ အကောင်းဆုံးနေရာ💥 ဆိုင်ဖွင့်တာပဲဖြစ်ဖြစ်၊ အငှားထားတာပဲဖြစ်ဖြစ် ချက်ချင်းဝင်ငွေရနိုင်မယ့် အခွင့်အရေး

📍 အာခါဈေး လမ်းမပေါ် မျက်နှာစာ🏢 ၃ ထပ်တိုက် အမြန်ရောင်းမည်

✨ လူသွားလူလာများ✨ ဆိုင်ဖွင့်ရန် အထူးသင့်တော်✨ ရင်းနှီးမြှုပ်နှံရန် တန်ဖိုးရှိ✨ ရှားပါးသော နေရာကောင်း

📞 အသေးစိတ်သိရှိလိုပါကရွှေသွန်းအိမ်ခြံမြေ

☎️ 09-799891622☎️ 09-449369539

📩 Messenger မှလည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

ဘုရင့်နောင်ဈေးလမ်းမကြီး၊ ရတနာ ၄ လမ်းထိပ်၊ တာချီလိတ်မြို့။
Tachileik

Telephone

+959428113481

Website

Alerts

Be the first to know and let us send you an email when ရွှေသွန်း - စိန်ရွှေရတနာနှင့် စားသောက်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category