12/07/2026
အကျိုးဆောင်လုပ်တော့မယ်ဆိုရင်...
အကျိုးဆောင်လို့ မိမိကိုယ်ကို အမည်ခံထားရင်...
ရောင်းသူ ဝယ်သူ၏ အရေးကို ပထမ ဦးစားပေးပါ။
သူတို့ နှစ်ဦး အဆင်ပြေသွားရင် ပီတိဖြစ်လိုက်ပါ။
-
ရောင်းသူဝယ်သူအပေါ် မရိုးမသားမလုပ်ကြပါနဲ့...။
ပွဲညွန့်တင်ပြီး ရောင်းတဲ့ အလုပ်ကို ဘယ်တော့မှ
မလုပ်ကြပါနဲ့...။
-
ကိုယ်ပိုင်တဲ့ မြေ ရောင်းခဲ့ရင်တောင်
နောက်လူ ဝယ်သူအတွက် ကျန်အောင်
ဈေးချန်ပေးခဲ့ပါ။ မျှမျှ တတပေါ့။
ကိုယ်အမြတ်ရသလို သူလည်းမြတ်ပါစေ ဆိုတဲ့
စိတ်မျိုးထား- မြေက များများ အကျိုးပေးပါတယ်။
-
ရောင်းသူက ပွဲခထုတ်မပေးဘူး ဆိုရင်တောင်မှ
ညှိနှိုင်းပြီး အကောင်းဆုံး ဆောင်ရွက်သင့်ပါတယ်။
-
မြေဆိုတာ နတ်ကြီးပါတယ်
မြေကို ခုတုံး လုပ်ပြီး . လုပ်စားနေရင်...
မြေမြိုမှာပဲ..။
-
အကျိုးဆောင် ဆိုတာ အကျိုးဆောင်ပေးလိုက်တဲ့ အပေါ်မှာ
ကျသင့်တဲ့ အကျိုးဆောင်ခ ရရင် တော်ပြီပေါ့..။
မတော်လောဘ မတိုက်ကြပါနဲ့..။
-
ပွဲညွန့်တင်လို့ ရလာတဲ့ ငွေကကော ဘယ်လောက်ကြာကြာ သုံးရမှာမို့လဲ
အဲလိုနည်းနှင့်ရတဲ့ ငွေ ဟာ ဆေးရုံပေါ်မှာ ပက်လက်နေတဲ့ အချိန်
ကုန်သွားပါလိမ့်မယ်..။မြဲမြဲ မှတ်ထားပါ။
-
ဘယ်တော့ မှာ ပွဲညွန့်မတင်နဲ့....
ကိုယ်ချင်းစာပါ။
-
အကျိုးဆောင်ကောင်းများ ဖြစ်ကြပါစေ...။
MKK Business Group