Citysquare Central Link by THIHA

Citysquare Central Link by THIHA Citysquare Central Link Lifestyle Mall and Parking Garage Project By THIHA

21/09/2026

Stay Tuned

မြန်မာ သက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့၊  နေ့ထူးနေ့မြတ်အချိန်အခါသမယမှာ customers များအားလုံး ဘေးဘယာအပေါင်းမှဝေးကွာပြီ...
29/07/2026

မြန်မာ သက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့်နေ့၊ နေ့ထူးနေ့မြတ်အချိန်အခါသမယမှာ customers များအားလုံး ဘေးဘယာအပေါင်းမှဝေးကွာပြီး ချမ်းသာသုခနှစ်ဖြာနဲ့ ပြည့်စုံကြပါစေလို့ CitySquare Central Link မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်

19/07/2026

Citysquare Central Link Lifestyle Mall and Parking Garage စီမံကိန်းသည် လူကြီးမင်းတို့၏ စျေးဝယ်အပန်းဖြေမှု (Lifestyle) နှင့် သွားလာရလွယ်ကူမှု (Convenience) တို့ကို တစ်နေရာတည်းတွင် အဆင့်မြင့်မားစွာ ပေါင်းစပ်ပေးမည့် စီမံကိန်းအသစ်တစ်ခု ဖြစ်ပါသည်။

ဤစီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်သော အဆင့်မြင့် Parking Garage သို့ လာရောက်ကြသူများအတွက် သက်တောင့်သက်သာအရှိဆုံးနှင့် စနစ်အကျဆုံး ဖြစ်စေရန် အောက်ပါအတိုင်း အင်ဂျင်နီယာနှင့် နည်းပညာပိုင်းဆိုင်ရာများကို စနစ်တကျ ထည့်သွင်းပုံဖော်ထားပါသည် -
၁။ ကားအဝင်လမ်းနှင့် အဝင်ဝစနစ် (Road & Entrance)
• စီမံကိန်း ဒီဇိုင်း: ယာဉ်ကြောပိတ်ဆို့မှု လုံးဝမရှိစေရန် လမ်းမကြီးမှတစ်ဆင့် parking အတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်မည့် ကားအဝင်လမ်း (Road) ကို ကျယ်ဝန်းစွာ ဖောက်လုပ်ထားပါသည်။
• အကျိုးကျေးဇူး: ကားအဝင်ဝ (Entrance) တွင် ယာဉ်အဝင်အထွက် ရှင်းလင်းလွယ်ကူစေပြီး လာရောက်သူများကို စတင်ဝင်ရောက်ချိန်မှစ၍ စိတ်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

၂။ ခေတ်မီကားပါကင်စနစ် (Car Parking Area)
• စီမံကိန်း ဒီဇိုင်း: Parking Garage အတွင်း ယာဉ်ရပ်နားရန် နေရာများကို စနစ်တကျ ကန့်သတ်ဇုန်များ ခွဲခြားပေးထားပြီး၊ လင်းထိန်သော အလင်းရောင်စနစ်နှင့် လုံခြုံရေးအတွက် အပြည့်အဝ ထည့်သွင်းစဉ်းစား တည်ဆောက်ထားပါသည်။
• အကျိုးကျေးဇူး: ပါကင်နေရာရှာဖွေရမည့် အချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပြီး မိမိတို့၏ ယာဉ်များကို စိတ်ချမ်းသာစွာ ရပ်နားနိုင်မည် ဖြစ်သည်။

၃။ တိုက်ရိုက်ချိတ်ဆက်မှု (Connection)
• စီမံကိန်း ဒီဇိုင်း: ကားရပ်နားရာ နေရာများမှတစ်ဆင့် Lifestyle Mall အတွင်းသို့ စက္ကန့်ပိုင်းအတွင်း တိုက်ရိုက်ကူးပြောင်း သွားလာနိုင်မည့် လူသွားလှေကား (Stairs) များနှင့် ခေတ်မီ မြန်နှုန်းမြင့် ဓာတ်လှေကား (Lift) များကို နေရာအနှံ့ အချိုးကျ ထည့်သွင်း တည်ဆောက်ထားပါသည်။ ထို့အပြင် ယခု Parking Garage သည် အသစ်တည်ဆောက်ထားသော Lifestyle mall အပြင် လက်ရှိလည်ပတ်နေသည့် CitySquare Shopping Center နှင့် မြို့ပြဈေး (မြို့မဈေး) တို့ကိုပါ အလွယ်တကူ ကူးသန်းသွားလာနိုင်ရန် တိုက်ရိုက်ချိတ်ဆက် တည်ဆောက်ထားပါသည်။

အကျိုးကျေးဇူး: မည်သည့် ရာသီဥတုမျိုးတွင်မဆို Lifestyle mall အတွင်းသို့သာမက CitySquare Shopping Center နှင့် မြို့ပြဈေး (မြို့မဈေး) တို့ကို အချိန်ကုန်သက်သာစွာဖြင့် ပင်ပန်းမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ တိုက်ရိုက်ဝင်ရောက် သွားလာနိုင်မည် ဖြစ်သည်။

၄။ ကားအထွက်စနစ် (Car Exit)
• စီမံကိန်း ဒီဇိုင်း: စျေးဝယ်အပန်းဖြေပြီးနောက် ပြန်လည်ထွက်ခွာမည့် ကားအထွက်ဝ (Exit) ကို သီးသန့်လမ်းကြောင်းခွဲ၍ စနစ်တကျ ဖော်ဆောင်ထားပါသည်။
• အကျိုးကျေးဇူး: ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးပြီး အပြင်လမ်းမကြီးပေါ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်မောင်းနှင် ထွက်ခွာနိုင်မည် ဖြစ်သည်။

Citysquare Central Link သည် ကားအဝင်မှသည် ပြန်လည်ထွက်ခွာချိန်အထိ မြို့ပြလူနေမှုစနစ်ကို ပိုမိုအဆင့်အတန်း မြင့်မားစေရန် ဖန်တီးထားသော ပရောဂျက်တစ်ခု ဖြစ်ပါသည်။ စီမံကိန်း၏ လက်တွေ့လည်ပတ်ပုံနှင့် အသေးစိတ် ဒီဇိုင်းဖွဲ့စည်းမှုများကို အထက်ပါ Animation Video တွင် အစအဆုံး လေ့လာကြည့်ရှုနိုင်ပါပြီ။ 👇

“မြန်မာနိုင်ငံ အမျိုးသမီးများနေ့”၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအ...
03/07/2026

“မြန်မာနိုင်ငံ အမျိုးသမီးများနေ့”

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လောကကြီးကို အလှဆင်နေကြသည့် ခွန်အားကြီးမားသော အမျိုးသမီးထုတစ်ရပ်လုံးကို CitySquare Central Link Parking Garage & Lifestyle Mall မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

စွမ်းဆောင်ရည်မြင့်မားပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🚀 WE ARE HIRING! JOIN OUR GROWING TEAM Are you ready to take the next step in your career with a dynamic development com...
17/06/2026

🚀 WE ARE HIRING! JOIN OUR GROWING TEAM

Are you ready to take the next step in your career with a dynamic development company? THIHA Development is expanding, and we are looking for passionate, driven professionals to fill for key leadership roles at our operations!

We are looking for:

1. Corporate Secretary (Full-Time)

🔑Key Responsibilities:
• Manage corporate governance, statutory compliance, and legal frameworks.
• Coordinate Board of Directors meetings, prepare agendas, and record precise minutes.
• Act as the vital link between executive leadership, department heads, and external stakeholders.
• Able to work under pressure and tight schedule

🎓 Requirements:

• Bachelor’s degree in Business Law, International Business, Administration, or related fields
• Master Degree in Business Administration
• 3 years of experience as a Corporate Secretary, Executive Assistant to C-Suite, or in corporate compliance.
• Excellent command of professional English, both written and verbal
• Strong commitment to confidentiality and high professional integrity.

2. HR Manager (Full-Time)
🔑 Key Responsibilities:
• Lead end-to-end talent acquisition, recruitment, and onboarding strategies.
• Develop, implement, and update HR policies in alignment with local labor laws.
• Oversee performance management (KPIs), compensation, benefits, and employee relations.

🎓 Requirements:
• Bachelor’s degree in Business Management, Business Administration, or related diplomas.
• 3 years of progressive HR experience (with at least 2 years in a managerial role).
• In-depth knowledge of Myanmar Labor Laws and strong organizational structuring skills.
• Exceptional leadership, communication, and conflict-resolution skills.

📍 Location: 6th floor office, Citysquare Shopping Center, Taunggyi

How to Apply: If you are ready to grow with us, please send your updated CV, a recent passport-sized photo, and expected salary to:

📧 Email: [email protected], [email protected]

📞 Viber : 09 252 787 662

ဝန်ထမ်းအမြန်အလိုရှိသည်📣(Sales Executive – Property Sales & Leasing)✅THIHA Development Co., Ltd. မှ တာဝန်ယူဖော်ဆောင်လျက်ရ...
12/06/2026

ဝန်ထမ်းအမြန်အလိုရှိသည်📣

(Sales Executive – Property Sales & Leasing)✅

THIHA Development Co., Ltd. မှ တာဝန်ယူဖော်ဆောင်လျက်ရှိသော CitySquare Central Link Lifestyle Mall & Parking Garage Project အပါအဝင် Company ၏ Real Estate & Commercial Development Projects များတွင် တာဝန်ထမ်းဆောင်ရန် တက်ကြွဖျတ်လတ်ပြီး အရောင်းပိုင်းတွင် စိတ်အားထက်သန်သော Sales Executive များကို ဖိတ်ခေါ်အပ်ပါသည်။

✅ Main Job Responsibilities (အဓိကတာဝန်များ)
• Company ၏ Project များရှိ Shop House, Commercial Space နှင့် Investment Units များအား အရောင်းနှင့် ငှားရမ်းခြင်း ဆောင်ရွက်ရန်။
• Customer များအား Project Location, Concept, Facilities, Investment Opportunity နှင့် Payment Plan များကို Professional ဆန်စွာ ရှင်းလင်းတင်ပြရန်။
• Potential Buyers, Tenants နှင့် Investors များအား ချိတ်ဆက်ဆွေးနွေးပြီး Sales Closing ပြုလုပ်နိုင်ရန်။
• Customer Database, Sales Record, Booking Process နှင့် Contract Documentation များကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်။
• Social Media Leads, Walk-in Customers နှင့် Marketing Campaign မှ ရရှိလာသော Customer များအား Follow-up ပြုလုပ်ရန်။
• Company Sales Target နှင့် Monthly KPI များအောင်မြင်စေရန် Team နှင့်ပူးပေါင်းဆောင်ရွက်ရန်။
• Market Information, Competitor Analysis နှင့် Customer Feedback များကို Management သို့ Report တင်ပြရန်။

✅ Requirements (လိုအပ်သောအရည်အချင်းများ)
• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
• Sales, Marketing, Property Sales သို့မဟုတ် Customer Service Experience ရှိသူ ဦးစားပေးမည်။
• Communication Skill ကောင်းမွန်ပြီး လူမှုဆက်ဆံရေးပြေပြစ်သူ ဖြစ်ရမည်။
• Negotiation Skill နှင့် Service Mind ကောင်းမွန်သူ ဖြစ်ရမည်။
• Microsoft Word, Excel, page Chat နှင့် Basic Digital Communication အသုံးပြုနိုင်သူ ဖြစ်ရမည်။
• Teamwork ကောင်းမွန်ပြီး Target အပေါ် တာဝန်ယူလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

✅ Benefits (ခံစားခွင့်များ)
• Attractive Basic Salary
• High Sales Commission & Incentive
• Attendance Bonus
• Career Development Opportunity+ Training
• Other Company Benefits

📍 Working Location
Marketing Office, 6th Floor, CitySquare Shopping Center, Taunggyi.

📩 Apply Now
စိတ်ပါဝင်စားသူများအနေဖြင့် CV Form နှင့် Recent Photo တို့ကို အောက်ပါ Contact များသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
💬 Viber : 09 252 787 662
📧 Email : [email protected]





Happy Eid AI-Adha to all of our Muslim Customers🎉Eid နေ့မှာ ချစ်ရတဲ့သူတွေနဲ့အတူ ဖြတ်သန်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျ...
28/05/2026

Happy Eid AI-Adha to all of our Muslim Customers🎉
Eid နေ့မှာ ချစ်ရတဲ့သူတွေနဲ့အတူ ဖြတ်သန်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွှင်ပါစေလို့ Citysquare Central Link Lifestyle mall and parking Garage မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 💕
Wish you all have a very happy and peaceful Eid AL-Adha 🎊

တောင်ကြီးမြို့၊ ကုန်သည်လမ်း ယာယီညဈေးအား သန့်ရှင်းသပ်ရပ်စွာဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ပြီးစီးခြင်းတောင်ကြီးမြို့မိမြို့ဖမ...
22/05/2026

တောင်ကြီးမြို့၊ ကုန်သည်လမ်း ယာယီညဈေးအား သန့်ရှင်းသပ်ရပ်စွာဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ပြီးစီးခြင်း

တောင်ကြီးမြို့မိမြို့ဖများနှင့် မြို့ပြပြည်သူအပေါင်းတို့ ခင်ဗျာ -
တောင်ကြီးမြို့၏ ညနေခင်းစီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အများပြည်သူများ စနစ်တကျ သန့်ရှင်းသပ်ရပ်စွာရောင်းဝယ်ဖောက်ကားနိုင်စေရန် ရည်ရွယ်၍ ယာယီညဈေး အား ကုန်သည်လမ်း သို့ အောင်မြင်စွာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ ယာယီညဈေး၏ ဈေးအဆောက်အအုံနှင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာများကို THIHA Development Company မှ လူထုအကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် အရည်အသွေးပြည့်မီစွာ တာဝန်ယူ တည်ဆောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပါသည်။

🌟 ညဈေးသစ်၏ အဆင့်မြှင့်တင်ဆောင်ရွက်ထားမှုများ
• သန့်ရှင်းသပ်ရပ်မှုနှင့် စနစ်ကျမှု: ဆိုင်ခန်းများကို လမ်းဘေးဘယ်ညာ စနစ်တကျ စီစဉ်ပေးထားသဖြင့် ယခင်ထက် ပိုမိုသန့်ရှင်းသပ်ရပ်ပြီး လမ်းသွားလမ်းလာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်အောင် စီမံထားရှိပါသည်။
• အများသုံးအိမ်သာများ ဖြည့်စွက်တည်ဆောက်ခြင်း: ဈေးရောင်းချသူများနှင့် လာရောက်လည်ပတ်သူ မိဘပြည်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး အဆင်ပြေစေရန်အတွက် သန့်ရှင်းသော ဈေးအိမ်သာများ နှင့် သုံးရေ အဆင်ပြေစေရန် ရေကန်ကိုလည်း အသစ်ထပ်မံ ဖြည့်စွက်တည်ဆောက်ပေးထားပါသည်။
• ဒေသတွင်း စည်ကားအသက်ဝင်မှု: ယခုအခါ အဆင့်မြှင့်တင်ထားသော ကုန်သည်လမ်းညဈေးသစ်ကြီးသို့ တောင်ကြီးသူ၊ တောင်ကြီးသားများနှင့်တကွ ခရီးသွား ဧည့်သည်အပေါင်းတို့ကလည်း စည်ကားသိုက်မြိုက်စွာ လာရောက်လည်ပတ် အားပေးလျက် ရှိကြပါသည်။

မှတ်ချက်။ ။ မိဘပြည်သူများအနေဖြင့် အစားအသောက်စုံလင်စွာ ဝယ်ယူစားသုံးနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ခံစားရရှိနိုင်ရန် ဆောင်ရွက်ထားရှိပါသဖြင့် လာရောက်လည်ပတ်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
📍 တည်နေရာ: ကုန်သည်လမ်း၊ တောင်ကြီးမြို့။




#တောင်ကြီးညဈေး

17/05/2026

📢 Official Clarification by THIHA Development Co., Ltd. Regarding False and Misleading Information

📢 THIHA Development Co., Ltd. မှ မမှန်ကန်သော သတင်းအချက်အလက်များနှင့် အခြေအမြစ်မရှိသော စွပ်စွဲမှုများအပေါ် တရားဝင် အသိပေးရှင်းလင်းချက်

လတ်တလော လူမှုကွန်ရက်များနှင့် Online Media အချို့တွင် CitySquare Central Link Lifestyle Mall & Parking Garage Project နှင့်ပတ်သက်၍ မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသော စွပ်စွဲရေးသားမှုများနှင့် အများပြည်သူ အထင်အမြင်လွဲမှားစေနိုင်သော အကြောင်းအရာများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

THIHA Development Co., Ltd. သည် ပညာရှင်များပါဝင်သော ဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုဖြစ်ပြီး
CitySquare Central Link Lifestyle Mall & Parking Garage Project ကို တောင်ကြီးမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး၊ စနစ်တကျယာဉ်ရပ်နားနိုင်ရေး၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်နေသော စီးပွားရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

THIHA Development Co., Ltd. အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများနှင့်မျှ သက်ဆိုင်မှုမရှိဘဲ တောင်ကြီးမြို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ Modern Urban Infrastructure Development နှင့် Public Service Improvement များအပေါ် အဓိကထား၍ ဆောင်ရွက်နေသော Developer Company တစ်ခုဖြစ်ပါသည်။

Project နှင့်ပတ်သက်သော လုပ်ငန်းစဉ်များအားလုံးကို သက်ဆိုင်ရာ အစိုးရဌာနများ၊ စည်ပင်သာယာရေးအဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး တရားမဝင် မီဒီယာ များတွင် ပျံ့နှံ့နေသော စွပ်စွဲချက်များမှာ မမှန်ကန်သော အချက်အလက်များ ပါဝင်နေကြောင်း အများပြည်သူ အထင်အမြင်လွှဲမှားခြင်းမရှိစေရန် အသိပေးအပ်ပါသည်။

တောင်ကြီးမြို့၏ မြို့ပြ စံနစ် နှင့် လူမှုစီးပွါး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှမ်းပြည်နယ်သက်ဆိုင်အစိုးရ အဖွဲ့အစည်း နှင့် စည်ပင်သာယာဌာနတို့ဖြင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ အဆင့်ဆင့်စီစစ်ပြီး စီမံကိန်းသဘောတူညီစာချုပ်အား ချုပ်ဆိုဆောင်ရွက်ပြီး ဖြစ်ပါသည်

စီမံကိန်းအကောင်အထည်ဖော်ပြီးစီးပါက အများပြည်သူအတွက် အောက်ပါ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပါသည် —
✅ အများပြည်သူ သွားလာရေး ပိုမိုအဆင်ပြေစေရန် Pedestrian Overpass (၂) စင်း နှင့် Underpass (၁) စင်း ထည့်သွင်းတည်ဆောက်ခြင်း
✅ နာရီစင်ညဈေးတန်းဧရိယာအား ပိုမိုသန့်ရှင်း၍ ခေတ်မီသော Food Court & Commercial Area အဖြစ် အဆင့်မြှင့်တင်ခြင်း
✅ ဒေသခံ SME လုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ဆိုင်ခန်းများ ထည့်သွင်းဖော်ဆောင်ခြင်း
✅ စီမံကိန်းပြီးစီးပြီးနောက် စည်ပင်သာယာပိုင်မြေပေါ်တွင် အများပြည်သူအသုံးပြုနိုင်မည့် Public Infrastructure Asset တစ်ရပ်အဖြစ် အသုံးချနိုင်မည်ဖြစ်ခြင်း

ထို့အပြင် စီမံကိန်းကို MNBC 2025 Code နှင့်အညီ Structural Safety Standards များ ထည့်သွင်းတွက်ချက်ကာ တောင်ကြီးဒေသ၏ ငလျင်ဇုန်နှင့် ကိုက်ညီသော Earthquake Resistant Structural Design ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်။

ထို့ပြင် Online Media များတွင် ဖော်ပြထားသကဲ့သို့ ဈေးသည်များအား ကုမ္ပဏီမှ အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းခြင်းမျိုး မရှိခဲ့ကြောင်း အသိပေးအပ်ပါသည်။ ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်လျက်ရှိပါသည်။

တောင်ကြီးမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို လိုလားသော မြို့သူမြို့သားများအနေဖြင့် အများပြည်သူအကျိုးပြု စီမံကိန်းတစ်ရပ်ကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူများအနေဖြင့် သတင်းအချက်အလက်များအား အလျင်အမြန် ယုံကြည်ခြင်းမပြုဘဲ Official Media Channels, Official Pages နှင့် တရားဝင် ထုတ်ပြန်ချက်များမှတဆင့်သာ အတည်ပြုစိစစ်ကြည့်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။






အသေးစိတ် သိရှိလိုပါက THIHA Development Co., Ltd. Official Page နှင့် Sales Information Center များမှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
THIHA Development Co., Ltd.

06/05/2026

🚗 တောင်ကြီးမြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို အဖြေရှာပေးမယ့် CitySquare Central Link✨

တောင်ကြီးမြို့ရဲ့ အစည်ကားဆုံးနေရာဖြစ်တဲ့ တပင်ရွှေထီးလမ်း (နာရီစင်ဟောင်းနှင့် ညဈေးတန်းနေရာ) မှာ စုစုပေါင်း ဧရိယာ ၂၉,၇၀၃ စတုရန်းပေ ကျယ်ဝန်းတဲ့ Lifestyle Mall & Parking Garage ကြီး ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။

ဒီ Project က မြို့တွင်းယာဉ်ကြောရှုပ်ထွေးမှုကို သိသိသာသာ လျှော့ချပေးမယ့်အပြင် လူကြီးမင်းတို့ရဲ့ ဈေးဝယ်ထွက်တဲ့ အတွေ့အကြုံကိုပါ တစ်ဆင့်မြှင့်တင်ပေးသွားမှာပါ။

________________________________________
🔥 ဘာတွေထူးခြားမလဲ?

• အဆင်ပြေဆုံး ချိတ်ဆက်မှု: CitySquare Shopping Center နဲ့ မြို့မဈေးကြီးကို အလွယ်တကူ သွားလာနိုင်အောင် ချိတ်ဆက်ပေးထားပါတယ်။
• Underpass & Overpass: လမ်းကူးရတာ စိတ်ပူစရာမလိုတော့ဘဲ ဘေးကင်းလုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ မြေအောက်လှိုဏ်ခေါင်း (Underpass) ရော၊ ကောင်းကင်လူကူးတံတား (Overpass) ပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။

• ကားပါကင် အဝင်အထွက်: လာရောက်သူတွေ အဆင်ပြေစေဖို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကနေရော၊ မြို့မဈေးဘက် စပ်စံထွန်းလမ်း ဘက်ကနေပါ အဝင်အထွက် ပြုလုပ်နိုင်အောင် စီစဉ်ထားပါတယ်။
________________________________________

🌟 CitySquare Central Link ဆိုတာ တောင်ကြီးမြို့သူ မြို့သားတွေအတွက် ပိုမိုခေတ်မီ၊ ပိုမိုလွယ်ကူတဲ့ လူနေမှုဘဝကို ဖော်ဆောင်ပေးမယ့် နေရာသစ်တစ်ခုပဲ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာပါတဲ့ 3D Design အတိုင်း မကြာခင်အချိန်အတွင်းမှာ လက်တွေ့မြင်တွေ့ရတော့မှာမို့ စောင့်မျှော်ပေးကြပါဦးခင်ဗျာ။

လူကြီးမင်းတို့ရဲ့ အမြင်လေးတွေကိုလည်း Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ 👇

Address

Tabin Shwe Htee Road, Lanmadaw Quarter
Taunggyi

Website

Alerts

Be the first to know and let us send you an email when Citysquare Central Link by THIHA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share