Shwe Yaung Toe-SYT

Shwe Yaung Toe-SYT ရှမ်းပြည်တောင်ပိုင်း အိမ်ခြံမြေ ရောင်းဝယ်ရေးအကျိုးဆောင်

16/02/2026

အိမ်ခြံမြေဈေးကွက်မှ "ဈေးကြီးတယ်" ဆိုသည့် အမြင်နှင့် လက်ရှိမြေပြင်အခြေအနေ
-
အိမ်ခြံမြေဈေးကွက်အတွင်း အမြဲတစေ ကြားနေရတဲ့ စကားတစ်ခွန်းကတော့ "ဈေးတွေ အရမ်းများနေတယ်" ဆိုတာပါပဲ။ ဒီစကားကို အဓိက ပြောလေ့ရှိသူတွေကို လေ့လာကြည့်ရင် ပုံမှန်လစာရ ဝန်ထမ်းများ၊ အခြေခံ လုပ်ငန်းရှင်အချို့နဲ့ ဈေးကွက်သဘောတရားကို အသေးစိတ် မလေ့လာမိသူများ ဆိုပြီး အုပ်စု (၃) စု ခွဲခြားတွေ့နိုင်ပါတယ်။

၁။ ဈေးနှုန်းကို ဘယ်သူက သတ်မှတ်သလဲ

စီးပွားရေး သဘောတရားအရ ဈေးနှုန်းဆိုတာ "ရောင်းသူနှင့် ဝယ်သူ ကြည်ဖြူစွာ သဘောတူညီမှု (Willing Buyer, Willing Seller)" အပေါ်မှာပဲ မူတည်ပါတယ်။ ရောင်းသူက သူ့အတွက် ထိုက်တန်တဲ့ အကျိုးအမြတ် မရရင် မရောင်းသလို၊ ဝယ်သူကလည်း သူ့အတွက် မတန်ဘူးလို့ ယူဆရင် ဝယ်ယူမှာ မဟုတ်ပါဘူး။ ဒါဟာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ဖြစ်တဲ့အတွက် ဘယ်သူကမှ အတင်းအကျပ် ထိန်းချုပ်ဖို့ မလွယ်ကူပါဘူး။

၂။ ဝယ်ယူနိုင်စွမ်းအား (Purchasing Power) နှင့် လက်တွေ့ဘဝ

"ဈေးကြီးတယ်" လို့ ခံစားရခြင်းရဲ့ နောက်ကွယ်မှာ နာကျင်စရာ အမှန်တရားတစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ "ဈေးကွက်ပေါက်ဈေးနှင့် မိမိတို့၏ ဝယ်ယူနိုင်စွမ်းအား (Purchasing Power) အကြား ကွာဟချက် ကြီးမားနေခြင်း" ပင် ဖြစ်ပါတယ်။ ဥပမာအားဖြင့် - ကြက်ဥတစ်လုံး ၅၀၀ ကျပ် ဖြစ်နေချိန်မှာ အရင်ကလို ၅၀ ကျပ်နဲ့ ပြန်ရောင်းပေးမယ့်သူ မရှိသရွေ့ ဈေးကွက်က အလိုအလျောက် ပြန်ကျလာမှာ မဟုတ်ပါဘူး။ အိမ်ခြံမြေလည်း ထိုနည်းအတိုင်းပါပဲ။

၃။ ရင်းနှီးမြှုပ်နှံမှု ပုံစံလွဲမှားခြင်းနှင့် စိန်ခေါ်မှုများ

လက်ရှိ အိမ်ခြံမြေဈေးကွက်ရဲ့ ရင်းမြစ်တစ်ခုကတော့ ငွေကြေးကို အလုပ်လုပ်ခိုင်းပြီး အကျိုးအမြတ်ရှာတဲ့ ပုံစံဖြစ်နေတာပါ။ စီးပွားရေး သဘောတရားအရ အလုပ်တစ်ခုမှာ Energy + Work Done ရှိဖို့ လိုအပ်ပေမယ့်၊ အိမ်ခြံမြေမှာတော့ Risk နည်းနည်းနဲ့ အချိန်တိုအတွင်း အဆမတန် မြတ်စွန်းနေတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
ဥပမာ - လူတစ်ယောက်က မြေကွက်တစ်ကွက်ကို သိန်း ၃၀၀၀ နဲ့ ဝယ်ပြီး၊ လပိုင်းအတွင်း သိန်း ၄၀၀၀ နဲ့ ပြန်ရောင်းလိုက်ရင် သိန်း ၁၀၀၀ မြတ်ပါတယ်။

ဒီအမြတ်ငွေဟာ သာမန်လုပ်ငန်းခွင်ဝင်နေသူတွေအတွက် (၃) နှစ်ကနေ (၅) နှစ်အထိ ကြိုးစားစုဆောင်းရမယ့် ပမာဏမျိုး ဖြစ်နေတတ်ပါတယ်။
ဒီလို အလုပ်လုပ်စရာမလိုဘဲ အမြတ်များတဲ့ လမ်းကြောင်းမျိုး ရှိနေသရွေ့ လူတိုင်းက တခြားကုန်ထုတ်လုပ်မှု လုပ်ငန်းတွေထက် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဘက်ကိုပဲ ဦးလှည့်နေကြဦးမှာပါ။

နိဂုံး

အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်နေတာကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဒါဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်စီးပွားရေးရဲ့ ရလဒ် (Market Reality) တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပြောင်းလဲဖို့ထက် ဖြစ်နေတဲ့ အရှိတရားကို နားလည်ပြီး မိမိတို့ရဲ့ စီးပွားရေး ဗျူဟာတွေကို ဘယ်လိုပြင်ဆင်ကြမလဲဆိုတာကသာ ပိုမိုအရေးကြီးတဲ့ အချက် ဖြစ်ပါတော့တယ်။

Crd

 #မြေဝယ်ထားပါ ကိုယ်တတ်နိုင်တာနဲ့ မြေဝယ်ထား တာက အကောင်းဆုံးပါပဲမြေလောကထဲ ရှေ့ကို တဖြေးဖြေး ပိုပြီး တိုးဝင်လာလေလေ မဖြစ်မနေ...
15/01/2026

#မြေဝယ်ထားပါ
ကိုယ်တတ်နိုင်တာနဲ့ မြေဝယ်ထား
တာက အကောင်းဆုံးပါပဲ

မြေလောကထဲ ရှေ့ကို တဖြေးဖြေး
ပိုပြီး တိုးဝင်လာလေလေ

မဖြစ်မနေ ရင်းနှီးမြုပ်နှံရမယ့်လုပ်ငန်း
တစ်ခု ဖြစ်တယ်ဆိုတာ ပိုတွေ့ရှိလာရတယ်

ကျနော်တို့တွေ လုပ်ငန်းတွေ အဆင်ပြေခဲ့တယ်
သို့သော် မြေလောကထဲကို မရောက်ခဲ့ဘူး

အခု မြေလောကထဲ ရောက်လာတယ်
လက်ထဲ ငွေကမလုံလောက်တော့ပြန်ဘူး
မြေလောက က နားလည်ရခက်တယ်
စီးပွါးရေးလုပ်ငန်းတွေ လုပ်နေပေမယ့်
မြေကို စိတ်မဝင်စားရင် တနေ့မှာ ကျနော့်လို နောင်တမရစေချင်ဘူး

ကျနော် မြေနှစ်ကွက်ဝယ်ခဲ့တယ်
(၁) ၁၁ သိန်းခွဲ
(၂) သုံးသိန်း တစ်သောင်းခွဲ

ဒါက ဘုမသိကိုးမသိနဲ့ နေဖို့ပဲ ဝယ်ခဲ့တာ
တကယ်တမ်းကြတော့ ဒီကာလ တန်ဖိုး တစ်ခုမှာ

သိန်း (၅) ထောင်လောက် ပြန်ရနိုင်တယ်
ဝယ်ခဲ့တုန်းက Invest ဆိုတဲ့
အတွေး အယူအဆနဲ့ မဝယ်ခဲ့တော့
Location ကို နားမလည်ခဲ့
သလို မရွေးချယ်မိခဲ့ဘူး
နေရရင် ပြီးရောပဲ ဝယ်ခဲ့ကြတာ
တကယ်တန်းသာ အဲဒီကာလက invest ကို စိတ်ဝင်စားလို့ လေ့လာမိရင် ကျနော် Location ကိုသေချာပေါက် ရွေးခဲ့မိမှာ
အဲလိုသာ ရွေးခဲ့မိရင် သိန်း သောင်းချီအမြတ်ရလာနိုင်တာပေါ့

အများစုက ခေါင်းငုံ့ပြီး အလုပ်ကိုပဲ ဖိလုပ်နေချိန်မှာ
ခေါင်းမော့ပြီး မြေကို Invest လုပ်ခဲ့တဲ့သူတွေက
ကာလတစ်ခုကို ရောက်လာတဲ့ အခါ
Boss တွေ ဖြစ်လာတာပါပဲ

အနာဂတ်မှာ အလားအလာကောင်း
မျှော်လင့်ချက် ကောင်းလာနိုင်တဲ့
မြေတွေကို ရင်းနှီးမြှုပ်နှံ မထားသေးဘူးဆိုရင်
ရှင်းရှင်းပြောရရင် ခင်ဗျားဘာမှကိုမဟုတ်သေးဘူးလို့ပဲ
ကျနော်ဆိုပါရစေ …….

ဒါကြောင့်မြေကို မဖြစ်မနေ ဝယ်ယူရင်းနှီး မြှုပ်နှံပါလို့ တိုက်တွန်းနှိုးဆော်ပါရစေ…..

✅Crd ဆရာစိုးမိုး
ရွှေမြန်မာဒေါ့ကွန်း

ညောင်ရွှေမြို့တွင်း လုံးချင်းအိမ်လေးရောင်းပါမယ်။☎️☎️09421779955
01/01/2026

ညောင်ရွှေမြို့တွင်း လုံးချင်းအိမ်လေးရောင်းပါမယ်။
☎️☎️09421779955

ညောင်ရွှေ-အေးသာယာလမ်းမကြီးဘေး မြေကွက်ရောင်းမည်။မျက်နှာစာ ၁၅၀ x အရှည် ၁၉၀ရွာမြေ အိမ်ဆောက်ခွင့်ကျပြီးသိန်း ၃***☎️☎️0942177...
22/12/2025

ညောင်ရွှေ-အေးသာယာလမ်းမကြီးဘေး မြေကွက်ရောင်းမည်။
မျက်နှာစာ ၁၅၀ x အရှည် ၁၉၀
ရွာမြေ
အိမ်ဆောက်ခွင့်ကျပြီး
သိန်း ၃***
☎️☎️09421779955

စျေးတန် အရှုပ်အရှင်းကင်းမြေကွက်ရောင်းမယ်နော်။ညောင်ရွှေ အေးသာယာသွားလမ်းမကြီးဘေးရွာမြေစစ်စစ်အိမ်ဆောက်ခွင့်ကျပြီး☎️☎️094217...
18/12/2025

စျေးတန် အရှုပ်အရှင်းကင်းမြေကွက်ရောင်းမယ်နော်။ညောင်ရွှေ အေးသာယာသွားလမ်းမကြီးဘေး
ရွာမြေစစ်စစ်
အိမ်ဆောက်ခွင့်ကျပြီး
☎️☎️09421779955

10/12/2025

Shwe Yaung Toe ကနေမြေကွက်တွေကို စျေးတန်တန်ရောင်းပေးနေပါတယ်နော်။

ညောင်ရွှေမြို့တွင် ရင်းနှီးမြှပ်နှံချင်သူများအတွက်စာရွက်စာတမ်းအခိုင်အမာရှိပြီး အရှုပ်အရှင်းကင်းသော အိမ်ပါခြံလေးရောင်းချင...
07/12/2025

ညောင်ရွှေမြို့တွင် ရင်းနှီးမြှပ်နှံချင်သူများအတွက်
စာရွက်စာတမ်းအခိုင်အမာရှိပြီး အရှုပ်အရှင်းကင်းသော အိမ်ပါခြံလေးရောင်းချင်ပါတယ်။
ပုံမှာစျေးနှုန်းလေးလည်းရေးထားပေးပါတယ်နော်။
စိတ်ဝင်စားလို့ အိမ်လိုက်ကြည့်ချင်ရင်
☎️☎️09421779955ကို ဖုန်းဆက်ပေးပါဗျာ။

Address

ညောင်ရွှေ ရှမ်းပြည်နယ်
Taunggyi

Website

Alerts

Be the first to know and let us send you an email when Shwe Yaung Toe-SYT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share