Shwe Zin Maung Maungကျောက်စိမ်းရောင်း၀ယ်ရေး

  • Home
  • Myanmar
  • Taungoo
  • Shwe Zin Maung Maungကျောက်စိမ်းရောင်း၀ယ်ရေး

Shwe Zin Maung Maungကျောက်စိမ်းရောင်း၀ယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Zin Maung Maungကျောက်စိမ်းရောင်း၀ယ်ရေး, Taungoo.

♥️
27/12/2024

♥️

 #အခေါက်၊ #အကာ၊ #အဆီ~~~~~~~~♥*******ကျောက်တစ်လုံးမှာ မီးမပေါက်မီးအားကိုးလို့မရတဲ့ အခြေနေတွေလဲများစွာရှိပါတယ်။မျက်စိနဲ့တိ...
19/07/2024

#အခေါက်၊ #အကာ၊ #အဆီ
~~~~~~~~♥*******
ကျောက်တစ်လုံးမှာ မီးမပေါက်မီးအားကိုးလို့မရတဲ့ အခြေနေတွေလဲများစွာရှိပါတယ်။မျက်စိနဲ့တိုက်ရိုက်ကြည့်လက်နဲ့ချိန်ဆပြီး အတွေ့ကြုံအတွေးအခေါ်နဲ့ဆုံးဖြတ်ရတာမျိုး.....
အခေါက်ခွံဆိုတာမီးလုံးဝမပေါက်ပါဘူး။ဆင်သရေခွံ၊အဂ်ဒေခွံစသည်ပုံံစံမျိုးတွေကိုဆိုလိုပါတယ်။အခေါက်ခွံရဲ့အနေထားကကြမ်တမ်းပါတယ်။သစ်ပွေးသစ်ခေါက်လိုပါပဲ။မြောင်းထနေတဲ့အပွေးတွေကို စိတ်ရှည်စွာခေါက်ထုတ်ရပါတယ်။ကြည့်ကောင်းအောင်ခက်ခက်ခဲခဲဆေးရတာမျိုးပါ။ဖြတ်မယ်ဆိုရင်တော့ များသောအားဖြင့်လစ်တာပါပဲ။ကျောက်ကောင်းမှန်ဆေးရမခက်ပါဘူး။
အကာခံကျောက်သည်လဲမီးလုံးဝမပေါက်ပါဘူး။ဒါပေမဲ့အခေါက်ခွံနဲ့တော့မတူပါဘူး။ချော်ဲနဲ့ယမ်းကိုတွေ့မြင်နိုင်ပါတယ်။အခွံနဲ့အသားကြားမှာ အကာခြားထားလို့ မီးမပေါက်ရခြင်းဖြစ်ပါတယ်။ကြက်ဥလိုပါပဲ။ချော်ပါးယမ်းညီပြီးအထိုင်ရနေရင်သော်လည်းကာင်း ပွတ်ရာခြစ်ရာမှ ဖြူညစ်ညစ် သို့မဟုတ် ဝါညစ်ညစ်အစအနသော်လည်းကောင်းတွေ့မြင်ရလျှင် အကာခံနိုင်ကြောင်းခန့်မှန်းနိုင်ပါတယ်။(အထိုင်အဓိက)
နောက်တစ်မျိုးကတော့ ကျောက်ဆီပါ။သူသည်လည်းမီးထောက်ရန်မလိုပါ။မီးမပေါက်ပဲ အတွင်းလန်တဲ့ကျောက်တွေမှာလည်း ကျောက်ဆီဝင်းအိနေအောင်ပါတတ်လို့ပါ။အဓိကအားဖြင့် အခွံရဲ့စိုစွတ်မှု့နဲ့ဝိတ်ရဲ့စေးပိုင်မှု့တို့ကိုချိန်ဆ ကြည့်ရမှာဖြစ်ပါတယ်။လင်းနေတဲ့မီးသီးနဲ့ မလင်းတဲ့မီးသီးလိုပါပဲ။အတွင်းကအဆီအနှစ်ရဲ့တောက်ပကြည်လင်မှု့က အခွံနဲ့ဝိတ်အပေါ်မှာသက်ရောက်တဲ့သဘောပါ။ဒါတွေကမျက်စိနိုင်သွားရင်လွယ်လွယ်လေးပါဗျာ။
အဆင်ပြေကြပါစေ...
ကွဲလွဲနိုင်ပါသည်။

မူရင်း

19/07/2024

😍😍

ကျောက်ဆီဆိုတာ ဘာလဲတကယ်တော့ ကျောက်ဆီ ဆိုတာ ကျောက်သားစိုပြေနေတာကိုတင်စားပြီးပြောတဲ့ အသုံးနုန်းတခုလို့ပြောရမယ်ဒါဆိုရင် ကျော...
17/07/2024

ကျောက်ဆီဆိုတာ ဘာလဲ

တကယ်တော့
ကျောက်ဆီ ဆိုတာ ကျောက်သားစိုပြေနေတာကိုတင်စားပြီးပြောတဲ့ အသုံးနုန်းတခုလို့ပြောရမယ်
ဒါဆိုရင်
ကျောက်ဆီက ဘယ်ကလာတာလဲ
မှော်စကားနဲ့ ပြောရရင်တော့ မျိုးရင့်ခြင်းမျိုးကောင်းခြင်းကလာတယ်ပြောရမယ်

ဒီနေရာမှာ
ကျောက်ဆီ ကောင်းတယ် မကောင်းဘူး ဆိုတဲ့စကားတွေလည်းရှင်းပြရအုန်းမယ်
ကျောက်ဆီကောင်းတယ်လို့ပြောရင် နှစ်မျိုးကွဲတယ်
တမျိုးက
အသားမကောင်းပဲ အဆီကောင်းတာ
နောက်တမျိုးက
အသားကောင်းအဆီကောင်းပေါ့
ဟာ! အဆန်းပါလား မတွေးနဲ့ ဆုံးအောင်ဖတ်ရင်သိသွားမယ်
တချို့က အသားကောင်းမှ အဆီကောင်းတယ်လို့ထင်ကြတယ်
တကယ်က
အသားမကောင်းပဲ အဆီကောင်းတဲ့ကျောက်တွေ အများကြီးဗျ
ဥပမာအနေနဲ့ မီးမပေါက်တဲ့ ဘလက်ဂျိတ်
အသားတန်းသာမရတာ အဆီတော့ အင်မတန်ကောင်းတာ
ဂျိတ်တကယ်စစ်ရင် ဖြတ်ပြီးမှတ်ခိုးမနှုတ်ရဘူး ပြောင်နေရောဗျ
အဲဒါက ဂျိတ်လေလို့စောဒကတက်ရင်
အမဲကြောကလာတဲ့ မောက်စိမ်းသားတချို့မှာ
မီးပေါက်ချက်က တစ် မီလီ နှစ်မီလီလောက်ပဲ ရှိပြီး ပုတီးလေးများလုံးလိုက်ရရင် အရည်ပုတီးလားအောက်မေ့ရတယ်
သူလည်း ဖြတ်ပြီးမှတ်ခိုးမနှုတ်ရဘူး တကယ်ကောင်းရင် ဖြတ်နန်းနေရာမှာ ပြောင်နေရောဗျ
မျိုးကောင်းတဲ့ကျောက်ပြောတာနော်
တော်ကြာမောက်စိမ်းအခြောက်တွေလည်းဝယ်နေကြအုန်းမယ်
အသားကောင်းအဆီကောင်းကတော့ မပြောတော့ဘူး
ခင်များတို့အားလုံး တွေ့ဖူးကြမှာပေါ့
တကယ်တော့
အဆီကောင်းတယ်ဆိုတာကို မီးပေါက်အားကောင်းတာနဲ့ တိုင်းနေကြလို့ လွဲကုန်တာဗျ
တကယ်က
မီးပေါက်အားကောင်းတိုင်းအဆီကောင်းတာမဟုတ်ဘူး ပေါက်တဲ့မီးကကြည်နေမှ အဆီကောင်းတာ
မီးပေါက်ရင်အဆီကောင်းတယ်လို့သတ်မှတ်ရင် အကြီးကြီးလွဲပြီ
တချိုက မီးပေါက်အားကောင်းတယ်
ကျောက်ဆီလေးမဆိုးဘူး မျိုးတန်းခေါင်းရမယ်တွေဘာတွေဖြစ်လာတယ်
မျိုးတန်းက ခေါင်းစရာမလိုဘူး
အသားတန်းကိုခေါင်းမယ်ဆိုရင်တော့ လက်ခံနိုင်စရာရှိသေးတယ်
ဒါတောင်မှ
အခွံပေါ်မှာ ပြထားတဲ့အချက်တွေကိုကြည့်တာနဲ့ အသားတန်းကိုသိနေပြီးသား
ကိုမှန်းသလောက်ဖြစ်မဖြစ်ပဲခေါင်းရမှာဗျ
တချို့အပြင်ကနေမီးထောက်ကြည့်လို့ မီးမပေါက်တဲ့ကျောက်တွေဆိုရင်ပေါ့ ဗျာ
ကျောက်ဆီကိုခေါင်းတယ်ဆိုရင်တော့ အတော်ကိုလွဲပြီပြောရမယ်
ကျောက်ဆီကလည်းခေါင်းစရာမလိုဘူး
အခွံကပြထားပြီးသားမဟုတ်လား
အခွံလေးစိုနေတယ် ကြည်နေတယ် ဆိုရင် ကျောက်ဆီ ပါပြီ
ကောင်းမလားမကောင်းဘူးလားသိချင်ရင် မျိုးတန်းပြန်ကြည့်ပေါ့
မျိုးတန်းသာရင့်နေရင် ကျောက်ဆီကောင်းပြီပေါ့
ဒါကြောင့်ပြောတာ
အသားကောင်းမှ အလုပ်လုပ်လို့ရတာမဟုတ်ဘူး
အသားမကောင်းလည်း အဆီကောင်းရင် အလုပ်လုပ်လို့ရတယ်လို့
ဒါဆိုရင်
အဆီကောင်းဖို့က မျိုးတန်းကောင်းဖို့အဓိကကျတယ် မျိုးတန်းမကောင်းရင်
ဖြတ်လိုက်တဲ့ကျောက်အခြမ်းမှာဖြူဖွေးပြီးခြောက်သွားရော
တခါတလေ မှတ်ခိုးနှုတ်တာ မှတ်တင်တာတောင်မှတ်မတက်လာဘူး
ဒါကြောင့်
ကျောက်ဆီ ဆိုတာကို အခွံစိုခြင်း ကြည်ခြင်းနဲ့ ကြည့်ရမယ်လို့မှတ်ရမယ်
အခွံစိုရုံ ကြည်ရုံက ကျောက်ဆီပါတာပဲရှိသေးတယ် ကျောက်ဆီ
ကောင်းမကောင်းကို မျိုးတန်းနဲ့ ပြန်ကြည့်ရမယ်
တချို့မျိုးနုတဲ့ကျောက်တွေလည်း အခွံလေးစိုနေကြည်နေတတ်တယ်မဟုတ်လား
ဒီလိုပါပဲ မျိုးရင်တဲ့ကျောက်တွေမှာလည်း အခွံမွဲနေခွောကျနေတာတှရှေိတတျတယျ
အခွံက မစိုပဲ မီးပေါက်အားကောင်းနေတဲ့ကျောက်တွေလည်းရှိတယ်
အဆီငတ်တယ်လို့ပြောကြတယ်
ဒါမျိုးကျောက်တွေက လုပ်ရကိုင်ရခက်တယ် အဝယ်လည်းမှားတတ်ကြတယ်။

crd

crd #
06/03/2024

crd #

 #မှော်ခွဲခြင်း/မှော်ဂုဏ်/မှော်သန္ဓေ/ #၃ပုဒ်တွဲ၍တင်ပေးပါတယ်ရှင့်************************* # ကျောက်စိမ်း၌ မှော်ခွဲပုံ #**...
28/02/2024

#မှော်ခွဲခြင်း/မှော်ဂုဏ်/မှော်သန္ဓေ/ #
၃ပုဒ်တွဲ၍တင်ပေးပါတယ်ရှင့်

*************************
# ကျောက်စိမ်း၌ မှော်ခွဲပုံ #
***************************
ကျောက်စိမ်းများသည် ထွက်ရှိသော *မှော်အမျိုးအစားကွဲပြားခြင်း/ ထွက်ရှိသော မြေကြောအမျိုးအစားကွဲပြားခြင်း/ အပေါ်ကြော၊အောက်ကြောကွဲပြားခြားနားမူများကြောင့် *ကျောက်စိမ်းတို့သည် ရုပ်အခံအဂ်ရပ်၊ မှော်သ‌‌န္ဒေ အဖြစ်အပျက်များ မတူညီ ခြားနားကွဲပြားကြပါသည်။
ထိုအရာတွေ *ကွဲပြားစွာ ဖြစ်တည်မူကြောင့်
ထပ်ဆင့်၍ * ကျောက်ယမ်း၊ကျောက်ချော်၊ကျောက်အခွံ၊ ကျောက်အထိုင်များ *တစ်မှော်နှင့် တစ်မှော် မတူညီကြပါ။

*ကျောက်စိမ်းဖြစ်တည်ရာ၌ ကျောက်စိမ်းတုံးအဖြစ် သိသာတဲ့ အချက်များမှာ
၁။ ကျောက်ယမ်း
၂။ကျောက်ချော်
၃‌။ကျောက်အထိုင်(ရုပ်ဖြစ်တည်ပုံ)
၄။ကျောက်ဝိတ်(အလေးချိန်)
၅။ကျောက်အခွံ
ထို၅ချက်ဖြင့် *အလွယ်ခွဲနိုင်ပါသည်*
*******************************
# ကျောက်စိမ်းတို့သည် တစ်လုံးနဲ့ တစ်လုံး
ပုံစံမတူညီ ဖြစ်ပေါ်ခြင်း၊ ကျောက်၏ရုပ်အားနဲ့
အဖြစ်အပျက်အားတွေ မတူညီခြင်းကြောင့်
ကျောက်တို့၏ အဖြစ်အပျက်အကြောင်းတရားများသည်လည်း * ထွက်ရှိသော "မှော်၊မြေကြော၊
မတူညီခြင်းကြောင့် " ရေမဆေးကျောက်ရိုင်းနှင့်
ဆေးပြီးသားကျောက်များကို " ရောင်းကြ၊၀ယ်ကြရာတွင်ဖြစ်စေ( ခေါင်းခြင်း၊ဆေးခြင်း၊ဖြတ်ကွမ်ဖောက် ပြုလုပ်ရာတွင်ဖြစ်စေ)
၁။ထွက်ရှိသည့်မှော်နဲ့ ၂။ထွက်ရှိသော မြေကြောများကို ထည့်တွက်ပြီး * ကျောက်တစ်လုံးကို စတင်ကြည့်ရာတွင် ***မိမိတို့ လက်ရှိမြင်တွေ့တဲ့ကျောက်သည် ဘယ်မှော်ထွက်ဖြစ်မည်၊ဘယ်လိုမြေကြောအမျိုးအစားထွက်သည့်လို့ ခန့်မှန်းကြည့်ရှုကာ (အဓိက အားဖြင့် ထွက်ရှိမှော်ကို ထည့်တွက်၍) ရောင်း၀ယ်ကြပါသည်။

(ရောင်း၀ယ်ရေး၌ ကျောက်တစ်လုံး၏ ထက်ရှိတဲ့ မှော်ဂုဏ်သည်လဲ လွန်စွာ အရေးပါရှိသည်)

ကျောက်တစ်လုံးအား စတင်မြင်ကြပြီဆိုလျှင်
ဘယ်မှော်က ထွက်သော ကျောက်အမျိုးအစားလဲ? ထိုသို့ အရင်ကြည့်ကြပါသည်။
ကျောက်ထွက်ရှိတဲ့မှော်တွေ၏ အဖြစ်အပျက်များက ဖြစ်ပုံ ပျက်ပုံ ကျောက်တစ်လုံး၌ အကျိုးသက်ရောက်မူတွေ မတူညီခြင်းကြောင့်
*မှော်သန္ဒေ*ဆိုတဲ့ စကား(မှော်ဂုဏ်) ‌ထည့်သုံးပြီး မှော်တွက်ခြင်း၊မှော်ခွဲခြင်း ရောင်း၀ယ်ကြပါသည်။
ကျောက်စိမ်းတစ်လုံး၌ ‌မှော်တွေခွဲတဲ့အခါ(ကျောက်တစ်အားကြည့်ပြီး ဘယ်မှော်ထွက်ဖြစ်သနည်း ?ကြည့်ယူရတဲ့အချက်များမှာ)

ရေမဆေးတွင်းထွက်ကျောက်ဆိုပါက
၁။ချော်( ဥပမာဆိုပါဆို ဆန်ခါခွံဖြူ၊ မနခွံဖြူ ရေမဆေးဘ၀မှာတင် ခွံဖြူအမျိုးအမည်တူပေမဲ့ ချော်တည်ဆောက်ပုံ(ကျောက်၌ ချော်ပုံစံ အရောင်အဆင်း၊ ချော်ပုံစံ လားရာ လုံး၀ မတူညီပါ၊ ‌ချော်ပုံစံအခြေနေကို ကြည့်ယုံနှင့် ချက်ခြင်းခွဲလို့ လွယ်ကြပါသည်။( အတွေ့အကြုံအားတွေ လိုပါသည် ။အတွေ့အကြုံအားနည်းခြင်းကြောင့် စာဖြစ်၊နှုတ်ဖြင့် ပြောပြရေးပြရန်ခက်ပါသည်)

ဥပမာ အမဲကြောဆိုလျှင်လဲ တစ်မှော်နှင့်တစ်မှော်
‌အမဲကြောအမျိုးအမည် ရေမဆေးဖြစ်နေရင်လဲ
ချော်ပုံစံ အရောင်အဆင်း၊ ချော်လားရာ ပုံစံမတူညီခြင်း ၊ကပငြိတွယ်တဲ့ မေါက်၊ချော်၊ သဲမှုံမြေမှုံများကအစ မတူညီခြင်းကို ကြည့်၍ ခွဲနိုင်ပါသည်။ (ချော်ရောင်ဆင်ခြင် ဆင်နိုင်ပါသည်။
ချော်တည်ဆောက်ပုံ တစ်မှော်နဲ့ တစ်မှော် သိသာစွာ ကွဲပြားသည်ဟူ မှတ်ယူပါ)

၂။ ယမ်းနဲ့အထိုင်(တစ်မှော်နဲ့ တစ်မှော် ကျောက်ယမ်း ကျောက်အထိုင် ဖြစ်တည်ပုံတွေလဲ ကွဲပြားစွာရှိခြင်းကြောင့် ကျောက်တစ်လုံးကိုကြည့်ယုံနဲ့
ယမ်း၊အထိုင်ကြည့်ယုံနဲ့ ခွဲလိုရပါသည် ။

၃။ အခွံ(အခွံပုံစံအခြေနေ တစ်မှော်နဲ့ တစ်မှော် သိသာစွာ ကွဲပြားတဲ့ အခြေအနေရှိ၍
အခွံပုံစံကြည့်ယုံနဲ့ မှော်ခွဲလို့ရပါသည်။)

ဆေးပြီးသား ကျောက်ဆိုလျှင်
ယမ်း၊အထိုင်၊ အခွံ ၊ ထို၃မျိုးပေါင်းစပ်၍
မှော်ခွဲရလွယ်ပါသည်။(ထို၃မျိုးသည် တစ်မှော်နဲ့ တစ်မှော် မတူညီစွာရှိကြပါသည်။)

အဓိကအားဖြင့် ပြောရလျှင် ကျောက်စိမ်းတို့သည်ကျောက်စိမ်းအရိုင်းတုံး ဘ၀တွင်(မဖြတ်၊မတောက်၊ မကွမ်မချွတ်၊ အချော်ထည်အဆင့်၊ဖြတ်သားအဆင့်မရောက်ခင်
တစ်မှော်နဲ့ တစ်မှော် *ကျောက်ရုပ်*(ကျောက်ပုံစံတွေ သိသာစွာကွဲပြားကြပါသည်)

#ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)
#ကျောက်စိမ်းရိုင်း လုံးစွတ်၏
ကောင်းခြင်း၊ဆိုးခြင်းလက္ခဏာများမှာ #
******************************************
ကျောက်စိမ်းရိုင်း လုံးစွတ်၏ ကောင်းခြင်း
လက္ခဏာများမှာ
၁။ ယမ်းကောင်းခြင်း
၂။အခွံကောင်းခြင်း
၃။အထိုင်ကောင်းခြင်း
၄။ အရွယ်ကောင်းခြင်း
၅။ အပြစ်အနာဆာ နည်းခြင်း
၆။အလင်းပေါက်‌ေကာင်းခြင်း
၇။ ပြချက်အလှပါရှိခြင်း(အရည်၊ပန်း၊မန်း၊ကြိုး၊ပွေး၊ချွမ်၊ ခုန့်၊ခွမ့်၊ ကာလာ၊ကျောက်သားညှို့ခြင်း)
၈။မှော်ကောင်းခြင်း
၉။ဝိတ်ကောင်းခြင်း
၁၀။ပြချက်အား ပီပြင်မူရှိခြင်း(အကြိုအထောက်ပါရှိခြင်း
၁၁။ကျောက်ဆီခံကောင်းခြင်း
၁၂။ကျောက်မျိုးကောင်းခြင်း
တို့ဖြစ်သည်။
**********************
ကျောက်စိမ်းရိုင်းလုံးစွတ်၏
ဆိုးခြင်းလက္ခဏာများမှာ
၁။ယမ်းမလှခြင်း
၂။အခွံမကောင်းခြင်း
၃။အထိုင်မကောင်းခြင်း
၄။အရွယ်ငယ်၍ အနာများခြင်း
၅။အပြစ်အနာဆာ များခြင်း
၆။အလင်းပေါက်အားမကောင်းခြင်း
၇။ပြစ်ချက်များပါရှိခြင်း
၈။မှော်မကောင်းခြင်း
၉။ဝိတ်အားနည်းခြင်း
၁၀။ပြစ်ချက်များ များပြားစွာပါရှိခြင်း
၁၁။ကျောက်ဆီငတ်ခြင်း
၁၂။ ကျောက်မျိုးတန်းနုခြင်းတို့ဖြစ်ပါသည်

#ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)

*မှော်ဂုဏ်၏ အဓိပ္ပါယ်*
*********************

*ကျောက်စိမ်းအကြောင်း ပြောရရင် *ကျောက်စိမ်းထွက်ရှိတဲ့ *မှော်အမည်တွေကိုအစွဲပြု၍ မှော်ဂုဏ်ကို ထည့်သုံးကြပါသည်။

‌ကျောက်တစ်လုံး၏ အဖြစ် အပျက် ၊ ‌ကျောက်၏
အရည်အချင်း ကောင်းသည် ဆိုးသည် ထိုအရာတွေနဲ့ အတူ ဖြစ်လေ ဖြစ်ထ ရှိတတ်တဲ့ ကျောက်၏ ဖြစ်တည်မူ သန္ဓေတို့ ရောင်းခြင်း
၀ယ်ခြင်း၌ ကျောက်၏အရည်အချင်း မှော်ဂုဏ်ထည့်သုံးကြပါသည်။

ကျောက်စိမ်း၏ အသားကောင်းခြင်း ကျောက်ဆီကျောက်သား ကြည်လင်မူ ၊အမြုတ်အဆံကင်းမူ ၊ အရောင်တက် မှတ်တက်မူတွေကို အခြားမှော်များထက် အားသာခြင်း ရှိတဲ့ *ကျောက်ကြောသက်တန်းရင့် ကျောက်သက်တန်းရင့် ကျောက်သားကောင်းများနဲ့ အမည်ကြီးရာ(အခြားမှော်များထက်)။ အသားကောင်းဘုရင် #မှော်စီဆာဟုဆိုလိုက်လျှင် မြန်မာပြည်တွင်း ကျောက်စိမ်းလုပ်သူများတင်မက " တရုတ်ပြည်ထိ ကျောက်စိမ်းလုပ်ကိုင်သူများ၏ ပြောစမှတ်ပြုရာ အသိအမှတ်ပြုရာ * မှော်စီဆာထွက် ကျောက်များဖြစ်ပါသည်။

အခြားမှော်များထက် ကျောက်ကောင်းပိုထွက်
ဈေးကောင်းပိုရတဲ့ ကျောက်အမျိုးအစားများမှာ

ဘောလီ၊အကျွတ်၊အဆန်းများ အမည်ကြီးပါသည်။။ မှော်ဆီစာ ဘောလီ၊အကျွတ် အဆန်းများသည် ကျောက်ဆီကျောက်သားမြင့်ခြင်းနဲ့အတူ အမြုတ်အဆံကင်းခြင်းကြောင့်
အသားကျောက်များ ဖြစ်ပေမဲ့ "ဈေးကောင်းရတဲ့
အပွင့်အဆင့်ထိသို့ ရောက်ရှိခြင်း ထုတ်ယူသုံးစွဲလို့ ရခြင်း‌‌ကြောင့် လူကြိုက်များ ဈေးကောင်းရကြပါသည်။(မှတ်ချက်။ ဘောလီ၊ အကျွတ်၊အဆန်း ဘယ်လောက်မြင့်မြင့် အမြုတ်အဆံ အပြစ်အနာအဆာ ပါရှိက အပွင့်မထုတ်ကြပါ။
ကျောက်သားမြင့် ကျောက်ဆီအဘယ်မျှ ပြည့်နေပါစေ အမြုတ်အဆံပါရှိလျှင် ဈေးကွက်တန်း၀င်း အပွင့်မမှီခြင်းကြောင့် ၊အမြုတ်အဆံပါတဲ့ကျောက်ထက် အမြုတ်အဆံကင်းတဲ့ကျောက်က ဈေးကောင်းပိုပေး ပိုတန်သည်ဟု ဆုံးဖြတ်ကြပြန်သည်။

၁။ အမြုတ်အဆံမပါတဲ့ကျောက်
၂။အမြုတ်အဆံပါတဲ့ကျောက်
ထို၂ခုအရွယ်တူ ရှိနေလျှင်လဲ အမြုတ်အဆံမပါတဲ့ကျောက်က ဈေးပိုရပါမည်။ အပွင့်ထုတ်ဖို့ အဆင်ပြေပါမည်။

*********************************

ကျောက်စိမ်းထွက်ရှိရာ ‌ကောင်းမွန်သော
ဖားကန့်တဝိုက်ရှိ လူသိများတဲ့ မှော်များမှာ
၁။ မှော်စီဆာ(အသား)
၂။ မှော်၀မ်း(အရည်)
၃။ ဝှေခါ(အရည် ချွမ်)
၄။ မန(အသား )
၅။ ဘဇ ၊ဗလခ တောင်ပြို မှော်မောင်းလျှံ(အသား။ ကာလာ)
၆။ မလောင်
၇။ ကထန် ကုဋေ ဆန်ခါ(အသားမှော်
အလုံးကြီးကောင်းများသည် အခြားမှော်များထက် ဈေးကောင်းပိုရ ပိုပေးခေါင်းရသော မှော်ဖြစ်ပါသည်။
၈။ နမ့်မှော်တဝိုက်

တို့ဖြစ်၍

အနိမ့်ဆုံးမှော်

အောင်ဘာလေနဲ့ ကျန်ဂတ်မှော်/( ရန်ပြိုမှော်)
တို့ဖြစ်ကြပါသည်။

ကျောက်၀ယ်ယူ ခေါင်းတဲ့အခါ
အသားခေါင်းဈေးထက် အရည်ခေါင်းဈေးက ဈေးပိုပါသည်။

အရည်ခေါင်းဈေး ကျောက်တစ်လုံး၏ အဖြစ်အပျက်သည် အသားကျောက်ထက် ပိုလွန်သော အဖြစ်အပျက် အရှုံးအမြတ် ကြမ်းပါသည်ဗျာ။

ကျောက်မျိုးမနိုင်ခြင်း မှော်မခွဲတတ်ခြင်း
တန်ဖိုး နားမလည်ခြင်း၊ ကျောက်ရဲ့အရည်အခြင်း မသိမြင်က မည်သည့်မှော်ထွက်ဖြစ်ပါစေ *မှော်ဂုဏ်အစွဲပြု၍လဲ မ၀ယ်သင့်ပါ။

ဘယ်မှော်က ကျောက် ဘာကောင်းသည်
ဘယ်မှော်ကကျောက် အသားကောင်းသည်
အရည်ကောင်းသည်ဟု ဆိုချင် ဆိုကြပါမည်။
ကောင်းမွန်စွာ တည်ရှိတဲ့ မှော်ဖြစ်နေပါစေ
တန်ဖိုးနိမ့် ကျောက်ညံ့များက ရှိနေဆဲပါ။

ကျောက်စိမ်းလုပ်ငန်းသည် တစ်လုံးနဲ့ တစ်လုံး မတူညီခြင်းကြောင့် အစွဲပြုခြင်း ပုံသေသတ်မှတ်၍
လုပ်ကိုင်လို့မရပါ။ မိမိလက်ထက် ရောက်ရှိလာတဲ့
ကျောက်အခြေနေကိုသာ ကြည့်၍ လုပ်သင့် လုပ်ထိုက်တာ လုပ်မှ အဆင်ပြေကြပါမည်ဗျာ။

#ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)

ကျောက်စိမ်းနှင့်မှော်သန္ဓေ
# # # # # # # # # # # # # # # # #
ကျောက်စိမ်းထွက်ရှိရာမှော်ဒေသတွေများပြားခြင်း​ကြောင့် ကျောက်ထွက်ရှိတဲ့မြေဆီလွှာမြေကြောများမတူညီကြခြင်းကြောင့် ကျောက်စိမ်းပုံစံအဖြစ်အပျက်များသည်လည်း အကြီးအသေးအရွယ်အစားမတူညီခြင်း ကျောက်ယမ်းတည်ဆောက်ပုံကွဲလွဲမှုရှိခြင်း ၊အခွံထူအခွံပါး ခွံရောင်များမတူညီခြင်း ၊ကျောက်တည်ဆောက်ပုံအထိုင်ကွဲလွဲခြင်း၊ကျောက်၌ကပ်ငြိတွယ်ရာ အညစ်အကြေးချော်အရောင်များကွဲလွဲခြင်းများရှိခြင်းကြောင့် မှော်မတူကြမှုအပေါ် လိုက်၍ ကျောက်စိမ်းတုံး၏ အတွင်း အသား အရည် အဖြစ်အပျက်တို့သည်လည်း ကွဲလွဲတတ်ခြင်းရှိသဖြင့် ကျောက်စိမ်း တုံးများကိုခန့်မှန်းသုံးသပ်ရာ၌ လွန်စွာအရေးကြီးသော မှော်သန္ဓေတို့ကိုထည့်သုံးကြပါသည်။
ကျောက်စိမ်းထွက်ရှိရာပင်မကျောက်ကြောအမျိုးအစားကြီး(3)မျိုး ရှိပါသည်။
1။ရေခွံကြောရေခွံကျောက်အမျိုးအစားဟုခေါ်၍ ရေကြောရေစပ် ချောင်းကြောချောင်းထဲ၌ (ချောင်းအနီးဝန်းကျင်)တွင် ထွက်ရှိကာ ကျောက်ခဲရိုင်းများကဲ့သို့ လုံးချောပုံစံများအတွေ့များကာ ကုန်းခွံများနှင့်မတူညီသောကွဲပြားချက်မှာအခွံမျက်နှာပြင်ချောမွတ် ပြောင်ချောကာကျောက်ယမ်းပုံစံများသည်လည်း ကုန်းခွံကဲ့သို့ ထင်ရှားပေါ်လွင်ခြင်းမရှိ ယမ်းကပ်ယမ်းဝပ်ပိပြားသောယမ်းပုံစံအများအားဖြင့်ဖြစ်တည်ပါသည်။
2။ ကုန်းကျောက်ကုန်းခွံကျောက်အမျိုးအစားဟုခေါ်၍ သိသာထင်ရှားသော ချော်ကပ်ငြိတွယ်မှုတည်ရှိကာ အခွံ ပုံစံ ကျောက်ယမ်း ပုံစံ များသည် ရေခွံကျောက်အမျိုးအစားနှင့်မတူ ဖြစ်တည်ပါသည်။
3။ ငုတ်ကျောက်အမျိုးအစား ကျောက်စိမ်း များသည် ရေခွံကုန်းခွံကဲ့သို့အလုံးသိုက်ပုံစံမလာပဲ ကျောက်စိမ်း ကြောအချပ်လိုက်အလွှာလိုက်ပင်မသိုက်ပုံစံဖြင့်လာကာ ရေခွံကုန်းခွံနဲ့မတူ သိသာခွဲခြားရတဲ့အချက်မှာ အခွံမပါခြင်းဖြစ်သည်။

မည်သည့်ကျောက်စိမ်းမှော်အမျိုးအစားကပဲထွက်ရှိနေပါစေကျောက်စိမ်းမှန်လျှင် ကျောက်ယမ်း ကျောက်ဝိတ်အလေးချိန် ပါရှိရမည်။
ရေခွံနှင့်ကုန်းခွံ တူညီစွာ ကျောက်စိမ်း ၌ပါရှိတတ်သောအချက်များမှာ
1။ ကျောက်ယမ်း ပါရှိခြင်း
2။ကျောက်ခွံပါရှိခြင်း
3။ကျောက်ဝိတ်ကျောက်အလေးချိန်ပါရှိခြင်း
4။ကျောက်အထိုင်ပါရှိခြင်း တို့ဖြစ်ပါသည်။
မှတ်ချက်။ ရေခွံကျောက်များထက် ကုန်းခွံကျောက်များသည် ကျောက်ထောင့်အနား ပီပြင်စွာပါရှိမှုပိုပါသည်။

လူသိများသောကျောက်ထွက်ရှိရာမှော်တချို့အမည်များမှာ မှော်စီဆာ ၊ မှော်ဝမ်း၊မှော်မောင်းလျံ၊မနဘစံ၊ဝေခါ၊အောင်ဘာလေ၊ဆန်ခါ၊နမ္မချီ၊တာမခံ၊ခန္တီးတို့လူသိများသောမှော်ကြီးများဖြစ်၍
ထိုမှော်တချို့၏အဓိကမှော်သန္ဓေအဖြစ်အပျက်များမှာ
မှော်စီဆာ ကျောက်ဆိုလျှင် ကျောက်ယမ်းဆော့ခြင်း ကျောက်ယမ်း ကြမ်းခြင်းအထူးကြောက်ရ၍ အဝါချိတ်အဝါငြိ များသည်လည်း အသစ်အဆန်းအကြွပ် များတွင် ပါရှိက ကျောက်စျေးရနည်းတတ်သည်။
ဝေခါကျောက်များတွင် အနာများတတ်ခြင်း ဖြစ်ပေါ်တတ်ပြီး ကျောက်မျိုးဖောက် ကျောက်မျိုးတိမ်း ပုံစံ ခဲစလင်းညှပ်ခြင်း ပလွန်ရောခြင်းများကို အထူးသတိထားရမည်။
အောင်ဘာလေကျောက်များတွင် အပွေးအတက်ပုံစံ အသားအန်တက်ခြင်းကို အကြွပ်ပွေး ဆန်းပွေးများသဖွယ်မှားတတ်၍ အမြှုပ်အဆံကျောက်အငြိကြောပျော်လွယ်တတ်သည်။
မနဘဆံကျောက်များတွင် ကျောက်အခွံ ပုံစံ များသည် အနုအရင့်ဆင်တူယိုးမားရှိခြင်းကြောင့် ကျောက်မျိုးနုခြင်းငျောက်မျိုးရင့်ခြင်းကိုခွဲခြားရအနည်းငယ်ခက်စေပြီး အတွင်းဆန်းအကာဆန်းပုံစံများအဖြစ်များသည်။
မှော်ဝမ်းဆိုလျှင်တခြားမန်းများထက်မန်းဖြူကပိုအောင်လွယ်သည် မှော်ဝမ်းကျောက်တွင်ကြိုးပတ်ကြိုးမန်းပုံစံတွေပိုကောင်းသည်။ ကျစ်လစ်သောကြိုးဖြစ်ရမည်။
တာမခံကျောက်များတွင် ခုန့်ခွမ့်ရစ်များ အခွံရစ်သဖွယ်တည်ရှိတတ်ခြင်းကြောင့် အခွံချက် ကွမ်ချက်ဖော်ခြင်းကကျောက်ဖြတ်မှုထက်အများစုသာပါသည်။
နမ္မချီကျောက်သည် အနာများတတ်၍ ချင်း ကြောက်ရသည် ချွမ်ဖောက်တာကြောက်ရသာသည် အတွင်းဆန်းအကာဆန်းများအဖြစ်များသည်။
ခန္တီးကျောက်သည် အနာများခြင်းကြောင့် ပယ်ထု တွက်ရခက်ပြီး ခန္တီးအရည်ဆိုလျှင်မည်းရိပ်မည်းအားပါ ရှိက အရည်ကျွမ်းမှာကြောက်ရပါသည်။
ချွမ်မီးဖြူထောက် အိမ်တိုင်ပျောက်တတ်သည်။
ခွံဖြူပဲကပ် ပဲပန်းဆက် အရောင်လွင့်ခြင်းကြောင့် မှားဝယ်တတ်သည်။
အမြှုပ်အဆံပျော်သောကျောက်သားအပွင့်ရခဲသည်။
အရွယ်ကသေး ထုကပါး လက်ကောက်မလိုက်နှင့်။
ပြချက်မပါယမ်းမလှ ယမ်းဆော့နေပါကမဖြတ်နှင့်။
ကျောက်မျိုးနုသည်ရင့်သည်မသိ မီးပေါက်ယုံနှင့်မဝယ်နှင့်။
ကျောက်မျိုးမညီကျောက်မျိုးမကောင်း မှော်ကောင်းတိုင်းလည်းမဝယ်နှင့်။
ပဲရည်စိမ်းရည်ပြရည် မျိုးရည် မခွဲခြား စိမ်းရိပ်မြင်တိုင်းမဝယ်နှင့်။
ကျောက်မျိုးမသိလို့မှားတတ်သည်။
တန်ဖိုးမသိလို့ကားတတ်သည်။

#ကျောက်စိမ်း

 #အခွံကြမ်းလို့ ကျောက်သားမကြမ်းပါ(အခွံကြမ်းရင် ကျောက်မျိုးရင့်နိုင်ပါတယ်) # #ယမ်းကြမ်းမှသာ ကျောက်သားကြမ်းတာပါ(ကျောက်သားပ...
28/02/2024

#အခွံကြမ်းလို့ ကျောက်သားမကြမ်းပါ(အခွံကြမ်းရင် ကျောက်မျိုးရင့်နိုင်ပါတယ်) #

#ယမ်းကြမ်းမှသာ ကျောက်သားကြမ်းတာပါ
(ကျောက်သားပျက်မယ်)

#အခွံကြောတင်းရင့် ကျောက်သားတင်းတတ်ပါတယ်(အခွံကြပ်ရင်တော့ ကျောက်သားပိတ်တတ်ပါတယ်ဗျာ)

#မန်းကြိုးဖေါင်ရင် အရည်မ၀င်တတ်
(၀င်ရင်လဲ အရည်မရွှင်တတ်၊ ) (အောင်နိုင်ခြေနည်း)

#မန်းကြိုးပိရင် အရည်၀င်တတ်မယ်
(အရည်ရွှင်တတ်မယ်)(အောင်နိုင်ခြေများ)

အရည်ရွှင်တယ် ၊မရွှင်တယ်ဆိုတာက
စိုစိုပြေရှိတာနဲ့ မရှိတာ ကွာဟသလိုပါဗျာ)

#ဆေးပြီးသားကျောက်ဆိုရင် မီးမထိုးခင်
အခွံအရင်ကြည့်ရပါမယ်၊အခွံလှမှ ကျောက်၌
ယမ်းကို ဆက်ကြည့်ရပါတယ်၊ ပြီးမှ မီးထိုးပါ၊
ကျောက်စိမ်းလုံးစွတ်မှာ မျိုးတန်းက အဓိကပါ
မျိုးတန်းမရရင် ကျောက်ကောင်း၊ဈေးကောင်း
ရောင်းစားကျောက်ကောင်း၊ ကျောက်သားကောင်းမရနိုင်၊

#ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

လေးစားစွာဖြင့် crd ပေးပါသည်
# jade knowledge sharing

Address

Taungoo

Telephone

+959251291552

Website

Alerts

Be the first to know and let us send you an email when Shwe Zin Maung Maungကျောက်စိမ်းရောင်း၀ယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Zin Maung Maungကျောက်စိမ်းရောင်း၀ယ်ရေး:

Share