07/08/2026
်RCတိုက် အသစ်စက်စက်ကြီး နဲ့ မိတ်ဆတ်ပေးပါရစေ။
ဆိတ်ငြိမ်လူနေခြံဝန်း ဘုန်းကြီးကျောင်း စျေး တက္ကသိုလ် စာသင်ကျောင်းနီး ကျိုက်ခေါက်ဘုရားလမ်းမကြီး က ဝင်ရင် ၂မိနစ်ဆို အိမ်အရောက်၊
နေအိမ်ခြံဝန်းထဲ မှာလည်း သီးပင်စားပင်တွေ အစုံ မိသားစုSwimming Poolအမိုက်စားနဲ့ နေချင်စဖွယ် Luxury vibe ကို အပြည့်ဝ ခံစားရရှိစေမယ့် စံအိမ်ကြီးပါ🏦
အိမ်ထောင်ပရိဘောဂ အစုံအလင်ပါ တခါထဲ တွဲရောင်းထားပါတယ် အကုန် customized အပ်ထားတာဖြစ်ပီး လက်တင် တက်နေရုံပါပဲ။
ပြတင်းပေါက်တွေ အကုန်Steel frameတွေချည်းသုံးထားပီးတော့ တအိမ်လုံး ကျွန်းတွေ နဲ့ အလှဆင် အမိုက်စား ပြင်ဆင်ထားတဲ့ Dream Luxury Home 🏯
အထပ်တိုင်းမှာလည်း master bedroom တခန်းစီ ရေချိုခန်း အိမ်သာ တွဲလျက်ထည့်ပေးထားပါတယ်။Master bedroom တိုင်းမှာလည်း Aircon တလုံးစီ ထည့်ပေးထားပါတယ်။
ရေပူ/အေး စနစ်ကို pressure pump နဲ့ တွဲပီး whirlpool bath ရေအနှိပ်ခံစက် ပါ ထည့်သွင်းပေးထားတော့ အောက်ထပ်မှာ swimming pool အလယ်ထပ် မှာ whirlpool bath pool နဲ့ ရေဆော့ ရေကြိုက်တဲ့ ခလေးလူကြီး တွေဆို ခပ်ဝေးဝေးသွားစရာ မလိုပဲ မိမိအိမ်ခြံဝန်းထဲမှာပဲ privacy အပြည့်နဲ့ ဇိမ်ကျကျ အနားယူလို့ရပါတယ်။ ရေ အရင်းအမြစ်အတွက်လည်း အဝီစိရေ စက်ခန်း နဲ့သေချာလုပ်ပေးထားသလို မြေအောက်ရေလှောင်ကန် လည်းထည့်ပေးထားပါတယ်၊ အပေါ်ဆုံး ဒါဘာ မှာလည်း ရေလှောင်ကန်တင်ပေးထားတော့ ရေ ကော မီးကော အကုန်အဆင်ပြေအောင် ထည့်သွင်းပေးထားပါတယ်။
မီးလိုင်းတွေကို Engineer နဲ့သေချာအပ်ပီး ကြိုးပျောက်တွေ မြုပ်ထားပီး တထပ်ကို မီးလိုင်းတလိုင်းစီ breakerတွေခံပီး safety အပြည့်ထည့်ပေးထားပါတယ်။မီးမှန် မီးအားပြည့်တဲ့ရပ်ကွက် လူကြီးလူကောင်း အရာရှိတွေပဲ နေတဲ့ ဒီရပ်ကွက် “အမှုထမ်း ရပ်ကွက်” (သမကောလိပ် လမ်းမကြီးက ဝင်ရန်)
Price-12000 lakh
ပေ၄၀x၉၀ဂရမ်မြေ
☎️0943177337
☎️09795984337
𝗧𝘂𝗻 𝗧𝗵𝘂 𝗬𝗮