Tulip Moe

Tulip Moe ကဗျာတွေကို ချစ်သည်

29/12/2023

အညိုရောင်တွေက
ဟောင်းနွမ်းနေတဲ့ ခံစားချက်တွေကိုများ အဓိပါယ်ဖော်လေသလား။
coffee တစ်ခွက်သောက်ရင်း စိတ်ကူးမိပါရဲ့။
ခါးသက်သက် အညိုရောင် ကော်ဖီတစ်ခွက်ကရော
ဘယ်လို ခံစားချက်မျိုး ပေးစွမ်းလေမလဲ။
ဟောင်းနွမ်းနေတဲ့ အညိုရောင်စာရွက်တွေ
ကြွေကျနေတဲ့ အညိုရောင် သစ်ရွက်ခြောက်တွေ
ဘယ်လိုများပါလိမ့်။
ကော်ဖီတစ်ခွက်လို ပူပူနွေးနွေး ခံစားချက်တွေလား....
အညိုရောင်စာရွက်တွေလို မမှတ်မိချင်တော့တဲ့ အတိတ်တွေလား..
ဝမ်းနည်းဖွယ်ကောင်းအောင် ကြွေကျနေတဲ့
သစ်ရွက်ခြောက်တွေလိုလား။
ဘယ်လိုပဲ စဉ်းစားစဉ်းစား
အညိုရောင်တွေကတော့ လွမ်းဆွတ်ဖွယ်ပါပဲ။

ပန်းခြံထဲက ခုန်တန်းလျားလေးမှာမင်းနဲ့အမှတ်မထင် ဆုံတွေ့ချင်ပါရဲ့...။မင်းနဲ့အတူ သက်တောင့်သက်သာဖြစ်တဲ့ဆက်ဆံရေးလေး တည်ဆောက်ချ...
13/06/2023

ပန်းခြံထဲက ခုန်တန်းလျားလေးမှာ
မင်းနဲ့အမှတ်မထင် ဆုံတွေ့ချင်ပါရဲ့...။
မင်းနဲ့အတူ သက်တောင့်သက်သာဖြစ်တဲ့
ဆက်ဆံရေးလေး တည်ဆောက်ချင်တယ်။
ကိုယ်နှစ်သက်တဲ့ရှပ်ရှင်တွေ၊စာအုပ်တွေအကြောင်း မင်းနဲ့အတူ မျှဝေချင်တယ်။
နှင်းတွေကျတဲ့နေ့ ချယ်ရီပန်းတွေ ဝေနေတဲ့လမ်းမှာ မင်းလက်လေးတွဲရင်း လမ်းလျှောက်ချင်ပါရဲ့ coffee မြကိုက်တဲ့ ကိုယ်က မင်းနဲ့ကျမှ coffee သောက်တတ်လာတာမျိုး လူရှင်းတဲ့ coffee ဆိုင်လေးမှာ အမေရိကာနို တစ်ခွက်ကို မင်းနဲ့အတူ သောက်ချင်တယ်။
ကိုယ်တို့ရဲ့ first date လေးကို စာအုပ်အဟောင်းဆိုင်လေးမှာ ကုန်ဆုံးကြမလား ဒါမှမဟုတ် မေပယ်ရွက်တွေကို သွားကြည့်ကြမလား။
မင်းစိတ်ညစ်နေချိန် ကိုယ်ကနှစ်သိမ့်ပေးမယ်
ကိုယ်ပင်ပန်းနေချိန်
မင်ရင်ခွင်က ကိုယ့်ရဲ့ save place လေးပေါ့။
တစ်ဆိတ်လောက်
ဘယ်အချိန်မှာ
မင်းငါ့ကို လာတွေ့မှာပါလဲ...


Photo crd.

Address

Yamethin
Yamethin
ATMTZA

Telephone

+959663579368

Website

Alerts

Be the first to know and let us send you an email when Tulip Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tulip Moe:

Share

Category