99JDQ Real Estate Co.,Ltd

99JDQ Real Estate Co.,Ltd Professional and reliable real estate firm

25/04/2024

Structureပိုင်းကိုအရေးတကြီးလိုနေပါတယ် အနည်းဆုံးလုပ်ငန်းအတွေ့အကြုံ၁နှစ်ရှိရပါမယ် လက်တွဲခေါ်ပါတယ်ရှင့်
Viberဖုန်းနံပါတ်0989163931/0989163932
Cb formလေးနဲ့လျှောက်ထားနိုင်ပါတယ်ရှင့်

03/02/2024

မြေပုံမြေရာဇဝင်နှင့် မြေတိုင်းတာခြင်းဆိုင်ရာ သိကောင်းစရာ
မြေပုံ-မြေရာဇဝင်နှင့် မြေတိုင်းတာခြင်းဆိုင်ရာ သိကောင်းစရာအောက်ပါကိစ္စရပ်များအတွက် သက်သေခံ မြေပုံ-မြေရာဇဝင်(Certified Map) လျှောက်ထားနိုင်ပါသည်။
1-အဆောာက်အအုံ ဆောက်လုပ်ခွင့် ‌လျှောက်ထားရန်
2-အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်
3-ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်
4-အဝီစိတွင်းတူးခွင့် လျှောက်ထားရန်
5-ဘဏ်ငွေချေးခွင့် လျှောက်ထားရန်
6-မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်
7-ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန်
8-အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်
9-အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
10-ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်
11-စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
12-မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
13-လှုဒါန်းခြင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
14-‌မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
15-အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
16-မှတ်တမ်းအဖြစ်ထားရှိရန်
ဒီလိုအကန့်အသတ်တွေရှိတယ်
ရွာမြေ ဥယာဥ်၊ ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစားများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည်။

မြေတိုင်းတာပေးသည်
(^-^) လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဦးဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံထုတ်ပေးသည်။
အဆောက်အဦးဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်‌‌ငွေချေးရန် အတွက် မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာလျှောက်ထားနိုင်သည်။
(^-^) စွန့်လွှတ်စာချုပ် ချုပ်ဆိုရန်၊ မြေပုံနှင့်မြေရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည်။ ကျူးလွန်ခြင်းပြ မှန်ကန်ကြောင်းသက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။ မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားသည့် သက်သေခံမြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ (အိမ်ယာမြေ) ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည်။
သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ညာစာချုပ် ချုပ်ဆိုရန် အတွက်သာ မြေပုံမြေရာဇဝင်လျှောက်ထားခွင့်ရှိသည်။
ယခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။ကျွန်မတို့ရဲ့ 99JDQ Real Estate Page လေး မှာလည်း အိမ်၊ ခြံ ၊မြေ နဲ့ပတ်သက်တဲ့ post လေးတွေ ကိုလည်းဝင်ရောက်ကြည့်ရှု့ပြီး ကျွန်မတို့ရဲ့ Page လေးကိုလည်းလ Like&Follow လေးလုပ်သွားပေးပါအုံးရှင့်။

02/02/2024

အမွေဆိုင်မြေကိုဝယ်ယူမည်ဆိုလျှင်သတိထားသင့်တဲ့အချက်(၃)ချက်

မြေကွက်တွေကိုဝယ်တဲ့အခါမှာမြေအမျိုးအစားဟာအလွန်စကားပြောပါတယ်။ပါမစ်မြေ၊ရွာမြေ၊လယ်ယာမြေ၊ဘုရားမြေ၊ဂရံမြေ၊အမွေဆိုင်မြေစသဖြင့်မြေအမျိုးအစားအမျိုးမျိုးရှိတဲ့အ‌လျှောက်မြေပိုင်ဆိုင်မှုအလျှောက်စျေးနှုန်းတွေကလည်းအမျိုးမျိုးပြောင်းလဲသွားသလိုပိုင်ဆိုင်မှုအရှုပ်အရှင်းတွေလည်းအမျိုးစုံပြောင်းလဲသွားပါတယ်။အဲ့ဒီ့ထဲမှာမှအမွေဆိုင်မြေကိုဝယ်ယူမယ်ဆိုရင်တော့အမွေဆိုင်မြေဟာတစ်ဦးဆိုင်မြေမဟုတ်တဲ့အတွက်တစ်ဦးတစ်ယောက်ရဲ့သဘောတူညီချက်နဲ့ပဲဝယ်ယူလို့မရပါဘူး။အမွေဆိုင်သူတွေထဲကဒီမြေရောင်းချမှုကိုသဘောမတူတဲ့အခါရှင်းရခတ်တဲ့မြေပိုင်ဆိုင်မှုဆိုင်ရာအရှုပ်အရှင်းတွေပေါ်လာတတ်ပါတယ်။
ဒါကြောင့်အမွေဆိုင်မြေကိုဝယ်ယူမယ်ဆိုရင်သတိထားစုံစမ်းထားသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။မြေအမျိူးအစား
အမွေဆိုင်မြေမှာ မြေကွက်အမျိုးအစားများစွာ ရှိနေသေးတာကြောင့် ကိုယ်ဝယ်ယူမဲ့မြေက ဘယ်လိုအမျိုးအစားဖြစ်တယ်၊ ပိုင်ဆိုင်မှုစာရွက်စာတမ်းက ဘယ်လိုရှိတယ်ဆိုတာကို သေချာသိရှိအောင် စုံစမ်းသင့်ပါတယ်။
-အမွေဆိုင်သူဦးရေ
အမွေဆိုင်မြေကိုဝယ်ယူတဲ့အခါ အမွေါဆိုင်အားလုံးရဲ့ သဘောတူမှုဟာ မရှိမဖြစ် အ‌ရေးကြီးပါတယ်။တစ်ကယ်လို့မြေအ‌ရောင်းအဝယ်ကို အမေွဆိုင်သူတစ်ဦးတစ်ယောက်က ကန့်ကွက်ရင်ဖြစ်စေ(ဒါမှမဟုတ်)သဘောမတူရင်ဖြစ်စေ ဥပဒေအရ အရောင်းဝယ်ပျက်ပါတယ်။ဒါကြောင့်အမွေဆိုင်သူအားလုံးက သဘောတူညီမှုရှိဖို့ လိုအပ်ပါတယ်
-မြေပုံမြေရာဇဝင် ထုတ်ယူထားခြင်းရှိ၊ မရှိ အမွေဆိုင်မြေကို ရောင်းဝယ်မဲ့သူဟာ လုပ်ဆောင်ရမဲ့ အဆင့်တွေအတိုင်း ကန့်ကွက်သူမရှိ လုပ်ဆောင်ပြီးပြီဆိုရင်တော့ သက်ဆိုင်ရာမြေပုံမြေရာဇဝင် ဌာနကရောက်ချမဲ့မြေကွက်ရဲ့မြေပုံမြေရာဇဝင်ထုတ်ပေးပါတယ်။ဒါကိုရောင်းချမယ့်သူ(အမွေဆိုင်တွေက)ထုတ်ယူထားပြီးပြီဆိုရင်တော့ ဥပဒေအဆင့်ဆင့်အတိုင်း အရောင်းအဝယ်ဆက်လက်ပြုလုပ်နိုင်ပြီဘဲဖြစ်ပါတယ်။

27/01/2024

အိမ်ခြံမြေဝယ်ယူလိုသူများသတိပြုစရာမြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသောလယ်မြေကိုဝယ်မည်ဆိုလျှင်

“မြို့သစ်စီမံကိန်းထဲပါမယ့်မြေနေရာတွေဆိုပြီး၊လယ်ယာမြေကိုကွန်ကရစ်လမ်းတွေခင်း၊ခြံဝန်းတွေခတ်ပြီးရောင်းနေတယ်ဆရာ၊အဲ့ဒါတရားဝင်ပါသလား။ပြီးတော့မကြာမီကာလက ပြဌာန်းတဲ့လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေထွက်ထားတယ်လို့ကြားတယ် ဆရာ၊အဲ့ဒီ့မြေကွက်ကိုဝယ်ရင်အဆင်ပြေပါ့မလားလို့ဆရာဆီလာပြီးတိုင်ပင်တာပါ။”ဟုစာရေးသူထံမိတ်ဆွေတစ်ဦးက လာ‌ရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။

“ဟုပါတယ်။လယ်ယာမြေတွေကို အခြားနည်းအသုံးပြုခွင့်မရသေးဘဲ အကွက်ရိုက်ပြီးရောင်းချနေတာတွေဖြစ်နေလို့နိုင်ငံတော် အစိုးရအနေနဲ့တင်းကြပ်တဲ့သဘောဆောင်ရွက်ရတာဖြစ်ပါတယ်။”

“အချို့ကပြောတော့တရားဝင်အသုံးပြုခွင့်မရသေးဘဲရောင်းချမယ်၊ဝယ်မယ်ဆိုရင်တရားစွဲပြီးအပြစ်ဒဏ်တောင်ကျနိုင်တယ်လို့လဲပြောကြတယ် ဟုပါသလား”
“အခုပြဌာန်းလိုက်တဲ့ပြဆင်ချက်မှာတော့ပြစ်ဒဏ်ပိုင်းကိုတင်းကျပ်ထားတာတွေ့ရပါတယ်။ဒါမှလည်း ဥပဒေမဲ့ပြုမူနေတာတွေရပ်တန့်သွားမှာြဖစ်တယ်”
“ဥပဒေနဲ့အညီရောင်းချခွင့်ရှိတဲ့လယ်မြေဆိုတာကဘယ်လိုမြေအမျိုးအစားလဲ”
“နားလည်အောင်ရှင်းပြရမယ်ဆိုရင်ရောင်းချလွှဲပြောင်းတဲ့သူဟာလယ်ယာမြေလုပ်ပိုင်ခွင့်လတ်မှတ်ပုံစံ-၇ ရရှိထားဖို့လိုပါတယ်”

“ပုံစံ-၁၀၅ဆိုတာက ဘာကိုဆိုလိုတာလဲ”

“ပုံစံ_၁၀၅ဆိုတာကလယ်ယာမြေပိုင်ဆိုင်ခွင့်အာမခံချက်မဟုပါဘူး။မြေကွက်တည်နေရာဖော်ပြချက်ညွှန်းပြမြေပုံဖြစ်တယ်။သက်ဆိုင်ရာမြေစာရင်းဦးဌာနကထုတ်ပေးတာဖြစ်ပြီးသတ်တမ်းအားဖြင့် တစ်နှစ်အတွင်းသာအကျုံးဝင်တဲ့ မြေပုံမြေရာဇဝင်ဖြစ်တယ်။”

“ပုံစံ_၇ဆိုတာက လယ်ယာမြေလုပ်ပိုင်ခွင့်လတ်မှတ်ကို ဆိုလိုတာဖြစ်ပါတယ်။အဲဒီလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ-၁၀၅ဖြစ်တဲ့မြေပုံမြေရာဇဝင် ပါရှိရပါတယ်။”

“ပုံစံ-၇ရထားတဲ့သူက လယ်ယာမြေကိုရောင်းပိုင်ခွင့်ရှိတဲ့သဘောပေါ့ ဟုပါသလား။”

“လယ်ယာမြေဥပဒေပုဒ်မ၉မှာလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်လယ်ယာမြေအားလုံးကိုဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေ၊လုပ်ပိုင်ခွင့်ကိုသတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီရောင်းချခွင့်ပေါင်နှံခွင့်၊ငှားရမ်းခွင့်၊လဲလှယ်ခွင့်နှင့်ပေးကမ်းခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။”
“ဒါဆိုရင်တော့ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူဟာ မိမိလယ်ယာမြေကို ခွင့်စိတ်ရောင်းချခွင့်ရှိသွားပြီပေါ့။”

“မှန်ပါတယ်၊ဒါပေမယ့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကိုရောင်းချပေါင်နှံ၊ငှားရမ်း၊လဲလှယ်ပေးကမ်းခြင်းပြုပါကသက်ဆိုင်ရာမြေစာရင်းဦးစီးဌာနကသတ်မှတ်ထားသည့်တံဆိပ်ခေါင်းခွန်နှင့်စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကိုပေးဆောင်၍သက်ဆောင်ရာမြေစာရင်းဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်လို့လယ်ယာမြေ ဥပဒေပုဒ်မ၁၂မှာအတိအလင်းပြဌာန်းထားပါတယ်။ဒါကြောင့်လယ်ယာမြေလုပ်ပိုင်ခွင့်အပေါ်လွှဲပြောင်းဝယ်ယူရင်သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှတ်ပုံတင်ပြုလုပ်ချုပ်ဆိုကြရမှာဖြစ်ပါတယ်။ဒါမှတရားဝင်ပိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံလွှဲပြောင်းရောင်းချခွင့်ရှိမှာဖြစ်တယ်။”

“ကျွန်တော်သိတာတော့မှတ်ပုံတင်ရောင်းဝယ်တာမျိုး မရှိကြဘဲ၊အရပ်စာချုပ်နဲ့ဝယ်ပြီးအကွက်ရိုက်ရောင်းချနေတာဆရာ”

“ပိုင်ရှင်အစစ်အမှန်ဆီက ဝယ်တာမဟုတဲ့အတွက်ထပ်ဆင့်ရောင်းချမှုကိုဝယ်ရင်ပိုင်ဆိုင်မှုအခက်အခဲရှိလာနိုင်ပါတယ်။”

“အကွက်ရိုက်ခွဲစိတ်ထားသောမြေကွက်ကိုမူလပုံစံ(၇)ရ ထားသူထံကနေတိုက်ရိုက်ဝယ်ယူမှတ်ပုံတင်ပြုရင်မဖြစ်ဘူးလားဆရာ။”

“လယ်ယာမြေဥပဒေပုဒ်မ-၁၂(ဇ)မှာလယ်ယာမြေကိုမူလစိုက်ပျိုးလျက်ရှိသောသီးနှံအမျိုးအစားအခြားသီးနှံအမျိုးအစားသို့ခွင့်ပြုချက်မရှိဘဲပြောင်းလဲစိုက်ပျိုးခြင်းမပြုရလို့သတ်မှတ်ပြဌာန်းထားပါတယ်။ဒါကြောင့်မိတ်ဆွေပြောသလိုပုံစံ(ရ)ရှိသူထံမှလယ်ယာမြေကိုဝယ်ရင်သတ်မှတ်ထားတဲ့သီးနှံအမျိုးအစားကိုဆက်လက်စိုက်ပျိုးလုပ်ကိုင်ရမှာဖြစ်ပါတယ်။နောက်ပိုင်းမှအခြားနည်းအသုံးပြုခွင့်ကိုလျှောက်ထားရယူရမှာဖြစ်တယ်။”

“အခြားနည်းအသုံးပြုခွင့်ဆိုတာကအိမ်ဆောက်ခွင့်လျှောက်တဲ့သဘောပေါ့။”

“ဟုပါတယ်။လယ်ယာမြေဥပဒေပုဒ်မ-၃၀မှာအများပြည်သူအကျိုးငှာလယ်ယာမြေကိုအခြားနည်းအသုံးပြုရန်လျှောက်ထားရာတွင်တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏စိစစ်ထောက်ခံချက်ဖြင့်သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့ကခွင့်ပြုနိုင်တယ်လို့ပြဌာန်းထားပါတယ်။ဒါကြောင့်မိမိတစ်ဦးတည်းအတွက်မဟုတ်ဘဲအများပြည်သူအကျိုးအတွက်ရည်ရွယ်၍လယ်ယာမြေကိုအခြားနည်းဆောင်ရွက်ခွင့်ပြုရန်လျှောက်ထားရမှာဖြစ်တယ်။”

“ဆရာပြောတဲ့ဥပဒေအရသတ်ဆိုင်ရာတိုင်း၊ပြည်နယ်အစိုးရအဖွဲ့ကခွင့်ပြုချက်ရမှအခြားနည်းအသုံးပြုခွင့်ရှိမှာဖြစ်နေတာပေါ့။ဒီလိုဆိုရင်အခုအကွက်ရိုက်ပြီးရောင်းချနေမှုတွေကသက်ဆိုင်ရာအစိုးရရဲ့ခွင့်ပြုချက်မရသေးဘဲအခြားနည်းသုံးစွဲခွင့်ဆိုပြီးလူနေလို့ရတယ်ဆိုတာခွဲစိတ်ရောင်းနေတဲ့သဘောဖြစ်နေပြီ။”

“ဒါကြောင့်မို့လည်းဥပဒေကိုပြင်ဆင်ဖြည့်စွက်ပြဌာန်းလိုက်တာဖြစ်ပါတယ်။”

“ဟုတ်ကဲ့ရှင်းပြပါဦးဆရာ”

“လယ်ယာမြေဥပဒေပုဒ်မ_၁၂(ဆ)မှာလယ်ယာမြေကိုခွင့်ပြုမိန့်မရဘဲအခြားနည်းသုံးစွဲခြင်းမပြုရလို့ပိတ်ပင်တားမြစ်ထားပါတယ်။ယင်းတားမြစ်ချက်ကိုမလိုက်နာလျှင်ပုဒ်မ_၁၉အရ(က)သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊(ခ)သတ်မှတ်သည့်နည်းလမ်းအတိုင်းလယ်ယာမြေကိုဆောင်ရွက်စေခြင်း၊(ဂ)လယ်ယာမြေပေါ်မှနှင်ထုတ်ထိုက်သူများကိုနှင်ထုတ်ခြင်း(ဃ)လယ်ယာမြေပေါ်တွင်ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားသောအဆောက်အအုံများကိုဖယ်ရှားခြင်းကိုသက်ဆိုင်ရာမှတရားစွဲဆိုအောင်ရွက်နိုင်ခွင့်ရှိပါတယ်။”

“ဒါကပုံစံ(၇)ရရှိပြီးသားသူကအခြားနည်းနှင့်လျှောက်ထားခြင်းမရှိဘဲဆောင်ရွက်တဲ့ကိစ္စမဟုတ်လား။”

“မှန်ပါတယ်။အခုဖြစ်နေတဲ့မိတ်ဆွေကြီးပြောသလိုမှတ်ပုံတင်ပြုလုပ်ဝယ်ထားခြင်းမဟုတ်ပဲပုံစံ(၇)လက်ဝယ်မရှိသူကမြေကွက်ကိုအကွက်ရိုက်ရောင်းချတဲ့ကိစ္စရပ်နဲ့ပက်သက်လို့ကပြင်ဆင်တဲ့ဥပဒေပုဒ်မ_၃၇(က)မှာမည်သူမဆိုဤဥပဒေအရလယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲလယ်ယာမြေကိုကျူးကျော်လုပ်ကိုင်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရလျှင်ထိုသူကိုအနည်းဆုံး(၆)လမှအများဆုံး(၂)နှစ်အထိထောင်ဒဏ်ဖြစ်စ၊အနည်းဆုံးကျပ်(၃)သိန်းမှ(၅)သိန်းထိငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်လို့ပြဌာန်းထားတဲ့အတွက်ပုံစံ(၇)မရသေးသူထံမှအကွက်ရိုက်မြေကွက်ကိုမဝယ်သင့်ပါသူငယ်ချင်း”ဟုအကြံပြုဆွေးနွေးလိုက်ပါသည်။”

23/01/2024

#မြေကိုဝယ်ယူပြီးမှအရှင်းအရှင်းမဖြစ်လာစေရန်ဘယ်လိုအချက်တွေသတိထားရမလဲ

(၁)ဝယ်ယူမည့်မြေကွက်ကပိုင်ဆိုင်မှုခိုင်မာရမယ်။

မြေကွက်ကိုဝယ်တော့မယ်ဆိုရင်ငွေပိုငွေလျှံရှိလို့ဝယ်သည်ပဲဖြစ်စေ၊နေထိုင်ရန်ရည်ရွယ်၍ဝယ်သည်ပဲ ဖြစ်စေမိမိမှဆုံးရှုံးမှုတစ်စုံတရာမဖြစ်စေရန်အောက်ပါအချက်တွေသိထားဖို့လိုမည်။ဝယ်ယူမည့်ပိုင်ရှင်အမည်ပေါက်မြေပိုင်မှုအထောက်အထားပိုင်ဆိုင်မှုစာရွက်စာတန်းတွေအစုံအလင်ရှိ/မရှိ၊မြေခွန်/အိမ်ခွန်ကြွေးကျန်ရှိ/မရှိ၊မြေပုံ/မြေရာဇဝင်၊မြို့တော်စည်ပင်သာယာရေးကော်မတီ(သို့မဟုတ်)မြေစာရင်းရုံးရဲ့နောက်ဆုံးမှတ်တမ်းမှာမည်သို့ရေးသွင်းမှတ်သားထားသလဲဆိုတာတိကျရှင်းလင်းစွာစစ်ဆေးရပါမယ်။
မိမိဝယ်မည့်မြေကွက်ဟာ ဘိုးဘွားမြေလား၊ဂရန်မြေလား၊မြေချမိန်ရထားတဲ့မြေလား၊မီးလောင်ချထားမိန့်နဲ့မြေလား၊ပုံစံ(၇)ရထားတဲ့မြေလားဆိုသေချာစစ်ဆေးရပါမယ်။

(၃)မြေကွက်ကိုရောင်းချသူဟာအဆိုပါမြေကွက်ကိုဘယ်လိုပိုင်ဆိုင်လဲဆိုတာကိုစစ်ဆေးပါ

မြေကွက်ကိုရောင်းချသူပိုင်ရှင်ဟာထိုမြေကွက်ကိုအမွေရခဲ့တာလား၊အမွေရခဲ့တာဆိုရင်ကျန်အမွေဆိုင်ညီကို၊မောင်နှမများရဲ့သဘောတူညီချက်ပါရှိရဲ့လား၊တခြားရောင်းသူထံမှကိုယ်တိုင်ဝယ်ယူခဲ့တာလားဆိုတာသေချာအောင်စုံစမ်းဖို့လိုအပ်ပါမယ်။

(၄)စာချုပ်စာတမ်းအပြည့်အစုံရှိ/မရှိစစ်ဆေးပါ။

ဂရန်မြေဆိုရင်မြေချထားမိန့်မူရင်း၊ငွေသွင်းပြေစာမူရင်း၊ဂရန်စာချုပ်မူရင်း၊မြေပုံ/မြေရာဇဝင်၊မှတ်ပုံတင်စာချုပ်အဆက်ဆက်၊အမွေဆက်ခံပိုင်ဆိုင်တယ်ဆိုပါကအမွေဆက်ခံမှတ်ပုံတင်စာချုပ်၊တရားရုံးအမိန်နဲ့ပိုင်လာတာဆိုရင်စီရင်ချက်၊ဒီဂရီ(တာဝန်ခံမိတ္တူ)၊ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင်GP,SPကိုယ်စားလှယ်လွှဲစာများ၊ပုံစံ(၇)ရထားတဲ့မြေဆိုရင်မြေပုံ/မြေရာဇဝင်၊ရပ်/ကျေး မှတ်တမ်း၊စာချုပ်အဆက်ဆက်၊အမွေဆက်ခံပိုင်ဆိုင်လာရင်အမွေခံမှတ်ပုံတင်စာချုပ်၊တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင်စီရင်ချက်၊ဒီဂရီ(တာဝန်ခံမိတ္တူ)၊ကိုယ်စားချုပ်ဆိုခဲ့ဖူးတာဆိုရင်GP,SPကိုယ်စားလှယ်များကိုစုံလင်စွာစစ်ဆေးရပါမယ်။

(၅)စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေစစ်ဆေးပြီးပါကစရန်ပေးစာချုပ်(ကတိစာချုပ်)ချုပ်ဆိုခြင်း၊အ‌ရောင်းအဝယ်ပြုလုပ်ခြင်းအားကန့်ကွက်လိုသူရှိ/မရှိသတင်းစာတွင်ကြေညာခြင်း၊သတင်းစာတွင်ထည့်ပြီးစောင့်ကြည့်နေစဥ်အတွင်းအ‌‌ရောင်းအဝယ်စာချုပ်မှတ်ပုံတင်ခြင်း၊မြေပုံ/မြေရာဇဝင်ရေးသားခြင်းတို့ကိုဆောင်ရွက်ရပါမည်။ကန့်ကွက်သူမပေါ်လာပါကအပြီးသတ်ငွေချေစာချုပ်ချုပ်ဆိုကာမြေ လက်ရောက်လွှဲပြောင်းရယူခြင်း၊ဝယ်ယူတဲ့မြေနဲ့သက်ဆိုင်တဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်း(မူရင်း)အာလုံး၊အခွန်ဆောင်ထားသောမှတ်တမ်းမှတ်ရာများ၊စာချုပ်စာတမ်းများ၊ဂရန်မူရင်းများ(သို့မဟုတ်)ပုံစံ(၇)မူရင်းအစရှိတဲ့စာရွက်စာတမ်းတွေတခါတည်းအရယူထားရပါမယ်။
အထက်ပါအဆင့်ဆင့်တွေအားလုံးလုပ်ဆောင်ပြီးပါကမှတ်ပုံတင်အရောင်းအဝယ်စာချုပ်မိမိလက်ဝယ်ရရှိပါကမိမိအမည်ပေါက်ပြောင်းလဲဖို့လျှောက်ထားကာပိုင်ဆိုင်မှုအဆင့်ဆင့်ကိုဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

18/01/2024

ရေရှည်အတွက် ရင်းနှီးမြုပ်နှံသင့်တဲ့ မြေကွက်လေးပဲ ဖြစ်ပါတယ်ရှင့်။

99JDQ Real Estate Co.,Ltd

Ph- 09891639391
09891639392
Viber -09891639391
09891639392

17/01/2024

🙏မင်္ဂလာပါရှင့်

#အောင်မြင့်မိုရ်လမ်း ဒဲ့ဆင်းလေး
တောင်ဒဂုံ၊ ၁၄၅ ရပ်ကွက် ၊အမှတ်(၅၅၀-၅၅၁)၊ ပေ(၄၀ ၆၀ )၊ပါမစ်မြေကွက်လေးကို သင့်တော်တဲ့စျေးလေးနဲ့ရောင်းပေးပါမယ်။
-အမှတ်(၂) လမ်းမကြီးကိုတိုက်ရိုက်ပေါက်တဲ့-
အောင်မြင့်မိုရ်လမ်းဒဲ့ဆင်း၊
အောင်မြင့်မိုရ်အိမ်ရာရှေ့၊
YBS-7 ကားဂိတ်နားလေး၊
လူစည်ကားစပြုနေပြီဖြစ်တဲ့ရပ်ကွက်လေးဖြစ်လို့ဝယ်ထားရမဲ့နေရာလေးပါ၊
စာရွက်စာတမ်းစစ်ဆေးပြီးမို့စရံချပြီး ဝယ်ယူနိင်ပါသည်ရှင်။
စျေးနှုန်းများပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းနိုင်ပါတယ်ရှင်
99 JDQ Real Estate Co.,Ltd
09891639392
09891639391
Viber +891639391
Viber +891639392

မသိမဖြစ်သိထားသင့်တဲ့မြေ(၁၀)မျိုးအကြောင်းကိုThree Swallows construction မှရှာဖွေတင်ပြပေးလိုက်ပါတယ်။-မြေပိုင်မြေမြေပိုင်မြ...
16/01/2024

မသိမဖြစ်သိထားသင့်တဲ့မြေ(၁၀)မျိုးအကြောင်းကိုThree Swallows construction မှရှာဖွေတင်ပြပေးလိုက်ပါတယ်။

-မြေပိုင်မြေ
မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နမိတ်အတွင်း စနစ်တကျမြို့ကွက်ဖော်ထုတ်ကာရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင်ခွင့်အရေး အဆင့်အတန်းရှိသည့်မြေကိုဆိုလိုသည်။

-ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေဆိုသည်မှာအောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပ‌‌ဒေပုဒ်မ၄၊ပုဒ်မခွဲ(၁၀)အရ၊ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ဆံခွင့်ရှိကာ”မစိုက်ပျိုးသည့်မြေ”ကိုဆိုလိုသည်။

-ဂရန်ရှိမြေပိုင်မြေ
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၇(က)အခွင့်ပြုထားသည့်ဘိုးဘွားပိုင်မြေကဲ့သို့အခွင့်အရေးအဆင့်အတန်းရှိသည့်မြေကိုဆိုလိုသည်။

-လိုင်စင်မြေ
လိုင်စင်မြေဆိုသည်မှာအောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအပိုဒ်၃၀၊၃၄တို့အရ၊ကော်မတီကသတ်မှတ်သည့်စည်းကမ်းချက်များနှင့်အညီယာယီအသုံးပြုခွင့် ပေးထားသောမြေကိုဆိုလိုသည်။

-ပါမစ်မြေ
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ “လူနေအိမ်” သို့မဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်” ပြုထားသော‌သောမြေကို ဆိုလိုသည်။

-မြေငှားဂရန်မြေ
မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ ဥပ‌ဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ်၂၉ တို့အရကော်မတီကစည်းကမ်းချက်များသတ်မှတ်ပနှစ်ကာလအပိုင်းအခြားသတ်မှတ်၍မြေငှားစာချုတ်ဖြင့်အငှားချထားသည့် မြေကိုဆိုလိုသည်။

-စကွာတာမြေ “စကွာတာမြေ”ဆိုသည်မှာမြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊မြေငှားစာချုပ်သတ်တမ်းကုန်ဆုံးပီးနောက်အသစ်လဲလှယ်ချင်းမပြု၍လည်းကောင်းမြေငှားစာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း၊“မြေအဆင့်အတန်းနှိမ့်ချသတ်မှတ်သောမြေကို”ဆိုလိုသည်။

-ကျူးလွန်ခြင်းမြေ
“ကျူးလွန်ခြင်းမြေ”ဆိုသည်မှာလူနေရပ်ကွက်အတွင်းစနစ်တကျရှိသောအိမ်ရာမြေကွက်၌ကျူးလွန်ခြင်း“ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလိုသည်။

-ကျူးကျော်မြေ
“ကျူးကျော်မြေ”ဆိုသည်မှာကော်မတီပိုင်မြေနှင့်ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေပေါ်တွင်ခွင့်ပြုချက်တစုံတရာမရှိသူများဝင်ရောက်နေထိုင်လျက်ရှိသောမြေကိုဆိုလိုသည်။

-မြို့ကွက်မြေပုံ
မြို့ကွက်မြပုံဆိုသည်မှာအခြေံခံအင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့်စနစ်တကျရေးဆပြီးမြို့ပြစီမံကိန်းနှင့်အညီမြို့ကွက်ရိုက်ဖော်ထုတ်ထားသည့်အခြေံခံမြေပုံကိုဆိုလိုသည်။

-မြို့မြေစာရင်း
မြို့မြေစာရင်းဆိုသည်မှာအောက်မြန်မှာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊နည်းဥပဒေများ၊နောက်ဆက်တွဲ ၁အခန်း(၂)အပိုဒ်၇အရမြို့ကွက်မြေပုံဖြင့်ရှိပီးသောမြေများ၏မြေပိုင်ဆိုင်ခွင့်စာရင်းကိုဆိုလိုသည်။ ယခုဖော်ပြခဲ့သောမြေများမှာအိမ်ခြံမြေနှင့်ပတ်သက်သောမြေများဖြစ်ပါသည်။ယင်းသို့မြေအမျိုးမျိုးအကြောင်းတင်ပြပြီးနောက်သာသနာမြေအကြောင်းလဲရှင်းပြလိုပါသေးသည်။

-အခွန်လွတ်သာသနာ့မြေ
အခွန်လွတ်သာသနာ့မြေဆိုသည်မှာမူလကနဦးမြေပိုင်မြေ(သို့မဟုတ်)ဘိုးဘွားပိုင်မြေကိုဥပဒေနှင့်အညီရရှိသောပုဂ္ဂိုလ်ကဘာသာ၊သာသနာအကျိုးသုံးစွဲနိုင်ရန်အတွက်‌လျှောက်ထားသဖြင့်တည်ဆဲဥပဒေနှင့်အညီခွင့်ပြုထုတ်ပေးသောမြေကိုဆိုလိုသည်။

-အခွန်လွတ်သာသနာ့မြေဂရန်
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာသာသနာရေး၊သာသနာမူအလိုငှာတည်ဆဲဥပဒေနှင့်အညီ”မြေယာပိုင်တ္တာစာချုပ်”ဖြင့်သတ်မှတ်ထုတ်ပေးသည့်လက်မှတ်ကိုဆိုသည်။(၁၈၇၆ခုနှစ်၊အောက်မြန်မာနိုင်ငံမြေနှင့်အခွန်နည်းဥပဒေများနည်းနည်းဥပဒေ ၃၂၊၃၃၊၃၆နှင့်၁၈၉၈ ခုနှစ်အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေနည်းဥပဒေများ၊နည်းဥပဒေ ၅၀၊၅၁နှင့်၅၄)

-အခွန်လွတ်ဗဒ္ဓသိမ်မြေ
“အခွန်လွတ်ဗဒ္ဓသိမ်မြေ” ဆိုသည်မှာသာသနာမြေအတွင်းဘာသာ၊သာသနာမြေကိစ္စအတွက်အသုံးပြုရန်အလိုငှာလူပုဂ္ဂိုလ်ကသာလျှောက်ထားခွင့်ရှိသည့်မြေကိုဆိုလိုသည်။

-အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
“အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်”ဆိုသည်မှာတည်ဆဲဥပဒေနှင့်အညီ“ဝိသုံဂါမသိမ်”အဖြစ်အသုံးပြုရန်အသီးအခြားမြေပေးအမိန့်ဖြင့်သတ်မှတ်ထုတ်ပေးလိုက်သည့်လတ်မှတ်ကိုဆိုလိုသည်။(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊နည်းဥပဒေ(၃၄)နှင့်အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေနည်းဥပဒေများ၊နည်းဥပဒေ)ဤသို့ဆိုလျှင်သာသနာ့မြေ(၄)မျိုးတွင်ဘာသာ၊သာသနာအကျိုးအတွက်သုံးစွဲနိုင်သောမြေ၊မြေယာအပိုင်ပတ္တာစာချုပ်ဖြင့်ထုတ်ပေးသည့်လတ်မှတ်၊လူပုဂ္ဂကသာလျှောက်ထားခွင့်ရှိသောမြေနှင့်”ဝိသုံဂါမသိမ်”အသုံးပြုရန်အတွက်မြေပေးအမိန့်ဖြင့်ထုတ်ပေးလိုက်သည့်လက်မှတ်တို့လည်းပါဝင်သည်ကိုသိရှိကြပြီဟုဖြစ်ပါသည်။

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကိုဝယ်မည်ဆိုလျှင် “မြို့သစ်စ...
16/01/2024

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကိုဝယ်မည်ဆိုလျှင်
“မြို့သစ်စီမံကိန်းထဲပါမယ့်မြေနေရာတွေဆိုပြီး၊လယ်ယာမြေတွေကိုကွန်ကရစ်လမ်းတွေခင်း၊ခြံဝန်းတွေခတ်ပြီးရောင်းနေတယ်ဆရာ၊အဲဒါတရားဝင်ပါသလား။ပြီးတော့မကြာမီကာလကပြဠာန်းတဲ့လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေထွက်ထားတယ်လို့ကြားတယ်ဆရာ၊အဲဒီမြေကွက်ကိုဝယ်ရင်အဆင်ပြေပါ့မလားလို့ဆရာ့ဆီလာပြီးတိုင်ပင်တာပါဆရာ”
ဟု စာရေးသူထံမိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။
“ဟုတ်ပါတယ်။လယ်ယာမြေတွေကိုအခြားနည်းအသုံးပြုခွင့်မရသေးဘဲအကွက်ရိုက်ပြီးရောင်းချနေတာတွေဖြစ်နေလို့ နိုင်ငံတော်အစိုးရအနေနဲ့ တင်းကြပ်တဲ့သဘောဆောင်ရွက်ရတာဖြစ်ပါတယ်”
“အချို့ကပြောတော့ တရားဝင်အသုံးပြုခွင့်မရသေးဘဲ ရောင်းချမယ်၊ ဝယ်မယ်ဆိုရင် တရားစွဲပြီးအပြစ် ဒဏ်တောင် ကျနိုင်တယ်လို့လည်း ပြောကြတယ် ဟုတ်ပါသလား”
“အခုပြဠာန်းလိုက်တဲ့ ပြင်ဆင်ချက်မှာ‌တော့ ပြစ်ဒါဏ်ပိုင်းကို တင်းကြပ်ထားတာတွေ့ရပါတယ်။ ဒါမှလည်း ဥပဒေမဲ့ပြုမူနေတာတွေ ရပ်တန့်သွားမှာဖြစ်တယ်”
“ဥပဒေနဲ့အညီ ရောင်းချခွင့်ရှိတဲ့ လယ်မြေဆိုတာက ဘယ်လိုမြေအမျိုးအစားလဲ’
“နားလည်အောင်ရှင်းပြရမယ်ဆိုရင် ရောင်းချလွှဲပြောင်းတဲ့သူဟာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ - ၇ ရရှိထားဖို့လိုပါတယ်”
“ပုံစံ - ၁၀၅ ဆိုတာက ဘာကိုဆိုလိုတာလဲ”
“ပုံစံ -၁၀၅ ဆိုတာက လယ်ယာမြေပိုင်ဆိုင်ခွင့်အာမခံချက် မဟုတ်ဘူး။ မြေကွက်တည်နေရာ ဖော်ပြချက် ညွှန်ပြမြေပုံဖြစ်တယ်။ သက်ဆိုင်ရာမြေစာရင်းဦးစီးဠာနက ထုတ်ပေးတာဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ်အတွင်းသာ မြေပုံ မြေရာဇဝင်ဖြစ်တယ်”
“ပုံစံ - ၇ ဆိုတာက ဘယ်လိုအထောက််အထားစာရွက်ပါလဲ”
“ပုံစံ - ၇ ဆိုတာက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ကိုဆိုလိုတာဖြစ်တယ်။ အဲဒီ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ - ၁၀၅ ဖြစ်တဲ့ မြေပုံမြေရာဇဝင်ပါရှိရပါတယ်”
“ပုံစံ - ၇ ရထားတဲ့သူက လယ်ယာမြေကို ရောင်းပိုင်ခွင့်ရှိတဲ့သဘောပေါ့ဟုတ်ပါသလား”
“လယ်ယာမြေဥပဒေ ပုတ်မ - ၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ပေါင်နှံခွင့်၊လဲလှယ်ခွင့် နှင့် ပေးကမ်းခွင့်ရှိတယ်လို့ ပြဠာန်းထားပါတယ်”
‘ဒါဆိုရင်တော့လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူဟာ မိမိလယ်ယာမြေကို ခွဲစိတ်ရောင်းချခွင့်ရရှိသွားပြီပေါ့”
“မှဣ်ပါတယ်၊ ဒါပေမဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ပေးကမ်းခြင်းပြုပါက သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိတ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်လို့ လယ်ယာမြေဥပဒေ ပုတ်မ - ၁၂ မှာအတိအလင်းပြဠာန်းထားပါတယ်။ ဒါကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်အပေါ် လွှဲပြောင်းဝယ်ယူရင် သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာမှတ်ပုံတင်ပြုလုပ်ချုပ်ဆိုကြရမှာဖြစ်ပါတယ်။ဒါမှတရားဝင်လုပ်ပိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မ့လွှဲပြောင်းခွင့်ရှိမှာဖြစ်တယ်”
“ကျွန်တော်သိတာတော့ မှတ်ပုံတင်ရောင်းဝယ်တာမျိုး မရှိကြဘဲ၊ အရပ်စာချုပ်နဲံဝယ်ပြီး အကွက်ရိုက်ရောင်းချနေတာ ဆရာ”
“ပိုင်ရှင်အစစ်အမှန်ဆီက ဝယ်တာမဟုတ်တဲ့အတွက် ထပ်ဆင့်ရောင်းချမှုကို ဝယ်ရင်ပိုင်ဆိုင်မှု အခက်အခဲရှိလာနိုင်ပါတယ်”
“အကွက်ရိုက်ခွဲစိတ်ထားတဲ့ မြေကွက်ကို မူလပုံစံ (၇) ရထားသူထံကနေ တိုက်ရိုက်ဝယ်ယူမှတ်ပုံတင်ပြုလုပ်ရင် မဖြစ်ဘူးလား ဆရာ”
“လယ်ယာမြေဥပဒေ ပုတ်မ - ၁၂ (ဇ) မှာ လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်း မပြုရလို့ သတ်မှတ်ပြဠာန်းထားပါတယ်။ ဒါကြောင့်မျတ်ဆွေပြောသလို ပုံစံ (၇) ရှိသူထံမှ လယ်ယာမြေကို ဝယ်ရင် သတ်မှတ်ထားတဲ့ သီးနှံအမျိုးအစားကို ဆက်လက်စိုက်ပျိုးလုပ်ကိုင်ရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှ အခြားနည်းအသုံးပြုခွင့်ကို လျှောက်ထားရယူရမှာဖြစ်တယ်”
“အခြားနည်းအသုံးပြုခွင့်ဆိုတာက အိမ်ဆောက်ခွင့်လျှောက်တဲ့သဘောပေါ့”
“ဟုတ်ပါတယ်။ လယ်ယာမြေဥပဒေပုတ်မ - ၃၀ မှာ အများပြည်သူအကျိုးငှာ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ စီစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုနိုင်တယ်လို့ ပြဠာန်းထားပါတယ်။ ဒါကြာင့်မိမိတစ်ဦးတည်းအတွက် မဟုတ်ဘဲ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ လယ်ယာမြေကို အခြားနည်းဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားရမှာဖြစ်တယ်”
ဆရာပြောတဲ့ဥပဒေအရသက်ဆိုင်ရာ တိုင်း၊ ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုချက်ရမှ အခြားနည်းအသုံးပြုခွင့်ရှိမှာ ဖြစ်နေတာပေါ့။ ဒီလိုဆိုရင် အခုအကွက်ရိုက်ပြီးရောင်းချနေမှုတွေက သက်ဆိုင်ရာအစိုးရရဲ့ ခွင့်ပြုချက်မရသေးဘဲ အခြားနည်း သုံးစွဲခွင့်ဆိုပြီး လူနေလို့ရတယ်ဆိုကာ ခွဲစိတ်ရောင်းနေတဲ့သဘောဖြစ်နေပြီ”
“ဒါကြောင့်မို့လည်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဌာန်းလိုက်တာဖြစ်ပါတယ်”
“ဟုတ်ကဲ့ရှင်းပြပါဦးဆရာ”
“လယ်ယာမြေဥပဒေပုတ်မ - ၁၂ (ဆ) မှာ လယ်ယာမြေကို ခွင့်ပြုမိန့်မရဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယင်း တားမြစ်ချက်ကို မလိုက်နာရင် ပုတ်မ - ၁၉ အရ (က) သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်း ၊ (ခ) သတ်မှတ်သည့်နည်းလမ်းအတိုင်း လယ်ယာမြေကိုဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှနှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ခြားခြင်းကို သက်ဆိုင်ရာမှတရားစွဲဆို ဆောင်ရွက်နိုင်ခွင့် ရှိပါတယ်”
“ဒါက ပုံစံ (၇) ရရှိပြီးသားသူက အခြားနည်းနှင့် လျှောက်ထားခြင်းမရှိဘဲ ဆောင်ရွက်တဲ့ကိစ္စမဟုတ်လား”
“မှန်ပါတယ်။ အခုဖြစ်နေတဲ့မိတ်ဆွေကြီးပြောသလို မှတ်ပုံတင်ပြုလုပ်ဝယ်ထားခြင်းမဟုတ်ပဲ ပုံစံ (၇) လက်ဝယ်မရှိသူက မြေကွက်ကို အကွက် ရိုက်ရောင်းချတဲ့ကိစ္စရပ်နဲ့ ပတ်သက်လို့က ပြင်ဆင်တဲ့ဥပဒေပုတ်မ - ၃၇ (က) မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအနည်းဆုံးနှစ်တှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် သုံးသိန်းမှ ငါးသိန်း ထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဠာန်းထားတဲ့ အတွက် ပုံစံ (၇) မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို မဝယ်သင့်ပါသူငယ်ချင်း” ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
ထီယု(ဥပဒေအတိုင်ပင်ခံ)
ကူးယူတင်ပြပါသည်။
(ဥပဒေရေးရာ)

အိမ်ခြံမြေ ရင်းနှီးမြုပ်နှံရေး Tips များ၁။ စောစောဝယ်လေ ကောင်းလေ၊နောက်ကျရောင်းလေ ကောင်းလေ။၂။ အရှုပ်အရှင်းကင်းပြီး၊စာရွက်စ...
13/01/2024

အိမ်ခြံမြေ ရင်းနှီးမြုပ်နှံရေး Tips များ

၁။ စောစောဝယ်လေ ကောင်းလေ၊နောက်ကျရောင်းလေ ကောင်းလေ။
၂။ အရှုပ်အရှင်းကင်းပြီး၊စာရွက်စာတမ်းခိုင်မာတဲ့မြေကိုပဲ ရင်းနှီးမြုပ်နှံသင့်။
၃။ ရပ်ကွက်ခြားလမ်း၊ပေ ၁၀၀ လမ်း၊အသုံးဝင်ဆုံး ပေ ၁၀၀ ပေါ်က အကောင်း ဆုံး။
၄။ ကလေး တစ်ယောက်၊မြေတစ်ကွက်နှုန်း ရင်းနှီးမြုပ်နှံသင့်။
၅။ လမ်းဦးတိုက်၊စည်ပင် ၁၀ ပေမျက်နှာပေး၊စည်ပင်မြေ ဖင်ပေးဂုတ်၊ဘုန်းကြီးကျောင်းနီး၊ဓမ္မာရုံနီးရှောင်ရမယ်။
၆။ ရပ်ကွက်နှစ်ဖက်ညှပ်၊လမ်းရှည်ပေ ၁၀၀ ပေါ်က အကောင်းဆုံး။
၇။ အရောင်း/အဝယ်သွက်ချိန်မှာ ရောင်းရမယ်။အရောင်း/အဝယ်အေးချိန်မှာ ဝယ်ရမယ်။
၈။ မြေတစ်ကွက်၊ ၁၀ နှစ် Plan နဲ့သိမ်းတာအကောင်းဆုံး။
၉။ ရောင်းချိန်မှာ စိတ်ရှည်ရှည်နဲ့ အချိန်ပေးရောင်းနိုင်မှ စျေးကောင်းရမယ်။

မြေဧကတွက်နည်း။❖❖❖❖❖❖❖❖❖❖၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀  စတုရန်းပေ၁ ပေ(...
12/01/2024

မြေဧကတွက်နည်း။
❖❖❖❖❖❖❖❖❖❖
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ပေ(sqft) = ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက
Square Feet မှ ဧကပြောင်း
Sqft ÷ 43560 = ( ) ဧက
ဥပမာ 20000 Sqft ကို ဧကဖြင့် သိလိုလျှင်
20000 ÷ 43560 = 0.459 ဧက
ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုလျှင်
0.5 × 43560 = 21780 Sqft
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ = ?
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့ အတိုင်းအတာ ယူနစ်များဟာ Imperial Units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး (၆၆ ပေ)
၁၀ သံကြိုး = ၁ ဖာလုံ (၆၆၀ ပေ)
၈ ဖာလုံ = ၁ မိုင် (၅၂၈၀ ပေ)
၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါသည်။
ထို့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါသည်။
၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည် မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါသည်။
၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက
#ဗဟုသုတ
# crd to original owner

Address

N0. 2064, Aung Myint Moe Road, 145 Ward, South Dagon Township
Yangon Region

Telephone

+959891639391

Website

Alerts

Be the first to know and let us send you an email when 99JDQ Real Estate Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 99JDQ Real Estate Co.,Ltd:

Share

Category