မြယမုံ အိမ် ခြံ မြေ

မြယမုံ အိမ် ခြံ မြေ 🌿 ဗုဒ္ဓံ ဓမ္မံ သံဃံ 🌿

10/09/2026

ရှိတာလေး‌ ထုခွဲရောင်းချပီးအကွက်ရိုက်ရောင်းကြတာဝယ်ကြတယ်။

အစိုးရဖြတ်ခိုင်းတော့ ဘဝပျက်သွားတာမြင့်တော့စိတ်မကောင်းလို့.….။

✅အိမ်ဆောက်လိုရတဲ့မြေ

❎အိမ်လုံးဝဆောက်ခွင့်မပြုတဲ့မြေ

✳️ဗဟုသုတအဖစ်ခွဲခြားရေးပေးပါမယ်

#အစိုးရကအိမ်ဆောက်နေခွင့်ပြုထားတဲ့မြေများ

✅ပါမစ်
✅ဂရံ
✅စလစ်
✅ရွာမြေ
✅ဘိုးဘပိုင်
✅မြေပိုင်မြေ
✅3B

#အစိုးရကအိမ်ဆောက်ခွင့်မပြုတဲ့မြေများ

❎လယ်မြေ
❎ယာမြေ
❎ကိုင်းမြေ
❎ဓနိမြေ
❎ဥယျာဥ်ခြံမြေ G
❎တပ်ပိုင်မြေ
❎မြေလွတ်မြေရိုင်း

Crd

10/09/2026
07/09/2026

အိမ် / ခြံ / မြေ ဝင်ငွေခွန် ဆောင်ပြီး စာချုပ်ကြီးချုပ်မယ်ဆိုရင် ဒီနည်းလမ်းအတိုင်း လုပ်ဆောင်ရပါမယ် … ကျွမ်းကျင်သော အိမ်ခြံမြေရှေ့နေနဲ့ မှသာ အဆင်ပြေနိုင်ပါသည်။

၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း
တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း

၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်းတံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း

၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀ %) ၄၀၀ သိန်း
တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀
သိန်း

၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅ %) ၃၀၀၀ သိန်း
တံဆိပ်ခေါင်းခွန် (၄ %) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း

အဆောက်အဦးပါရင်
➖➖➖➖➖➖➖➖

ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်

ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်

Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000

သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်

သစ်သားအိမ် 1 Sqft 10000 ကျပ်

ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000

➖➖➖➖➖➖➖➖➖➖➖➖➖➖

အရောင်းသမားက အမြတ်တော်ခွန် (၁၀ %) ဆောင်ရမည်။ ဝယ်ယူစဉ်က ရာဖြတ်တန်ဖိုး သိန်းပေါင်း ၁၀,၀၀၀ နဲ့ စာချုပ်ပြီး ပြန်ရောင်းတော့ သိန်းပေါင်း ၁၅,၀၀၀ ရရင် အမြတ်ငွေ ၅ ထောင်ပေါ် (၁၀ %) ဆောင်ရပါမည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

အိမ် ခြံ မြေ ရာဖြတ်တင်မယ်ဆို အောက်ပါအတိုင်း လုပ်ဆောင်ရန်

🔹 ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း
နှင့် မှတ်ပုံတင်မူရင်း (မိတ္တူ တစ်စုံ)

🔹 (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း
အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)

🔹 (၁) နှစ်အတွင်း ရေးဆွဲထားသော ရောင်း/
ဝယ်အတွက် မြေပုံမြေရာဇဝင် (၁၀၅/၁၀၆)
မူရင်း

🔹 အမည်ပေါက်မှ ရောင်းချခြင်း (သို့)
မှတ်ပုံတင် ဆက်စပ်စာချုပ်များ

🔹 ရှေ့ / ဘယ် / ညာ မြေကွက်ဓာတ်ပုံ (၁) စုံစီ

🔹 ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း
ဝန်ခံချက် (အရပ်အရောင်းအဝယ်စာချုပ်)

🔹 တင်ပြချက်အားလုံး မှန်ကန်ကြောင်း
ဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုးသတ်မှတ် စီစစ်ရေးအဖွဲသို့ တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်။

“ငွေဖြူ” ရှိရင် အခွန် သက်သာပါမည်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို “ငွေဖြူ” ဟု ခေါ်ပါသည်။

ငွေဖြူနဲ့ အခွန်ဆောင်ရင် အချိန်အနည်းငယ် ပိုကြာနိုင်ပါသည်။ ငွေဖြူ မရှိရင် အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း ဆောင်ရပါမည်။

👉 ဘဏ္ဍာနှစ်တစ်နှစ်အတွင်း မြို့နယ်တစ်ခုတည်းမှာ နှစ်ကွက်စာကို တစ်ချိန်တည်း ရာဖြတ်လျှင် ၊ အိမ်ထောင်စုသန်းခေါင်စာရင်း တစ်ခုတည်းမှ ရာဖြတ်တင်လျှင်သော်လည်းကောင်း ရာဖြတ်တန်ဖိုဲးပေါ် (၃၀%) ဖြင့် ဆောင်ရပါမည်။

👉 ဝယ်ခွန်ဆောင်ပြီးလျှင် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ (၄ %) တံဆိပ်ခေါင်း ကပ်ရပါမည်။ တံဆိပ်ခေါင်း ဝယ်ရပါမည်။ ရောင်းခွန်ဆောင်ပြီးမှ တံဆိပ်ခေါင်း ဝယ်လို့ရပါမည်။

👉 တရားဝင် အရောင်းအဝယ်စာချုပ်အတွက် ရောင်းသူနှင့် ဝယ်ယူသူတို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ် …မှတ်ပုံတင်ကြေး (၀.၅%) ပေးဆောင်ရပါမည်။

👉 စာချုပ်စာတမ်းရုံးမှာ စာချုပ်ပြီး နောက် ရက်အနည်းငယ်ကြာရင် စာရွက်စာတမ်း အပြည့်အစုံနဲ့ မြို့တော်စည်ပင်ရုံးမှာ နာမည်ပြောင်း လျှောက်ထားနိုင်ပါသည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

မှတ်ပုံတင်ကြေး (0.5 %)

✅ အရှေဒဂုံမြို့နယ် ✅ University Park အိမ်ယာဝန်းအတွင်းရှိ လုံးခြင်းအိမ် အရောင်းပါ✅ အရှေ့ဒဂုံမြို့နယ်✅ ကျန်စစ်သားလမ်းမကြီး...
06/09/2026

✅ အရှေဒဂုံမြို့နယ်

✅ University Park အိမ်ယာဝန်းအတွင်းရှိ လုံးခြင်းအိမ် အရောင်းပါ

✅ အရှေ့ဒဂုံမြို့နယ်

✅ ကျန်စစ်သားလမ်းမကြီးပေါ်

✅ 110 ရပ်ကွက်

✅ University Park အဆင့်မြင့်အိမ်ယာဝန်းအတွင်းရှိ

✅ ပေ (၄၀ x ၆၀)

✅၂ ထပ် RC (လုံးချင်း)

✅ ပါမစ်မူရင်း (ပိုင်ဆိုင်မှုအတွက် ရာနှုန်းပြည့် စိတ်ချရပါသည်)

🌟အိမ်အတွင်း အဆင့်မြင့်ပြင်ဆင်ထားမှုများမှာ 👇

✅ Master Bedroom (၃) ခန်း

✅ Single Room (၁) ခန်း

✅ AC (၅) လုံး တပ်ဆင်ပြီး

✅ ဘုရားစင် နှင့် Built-in Cabinet များ

✅ အိမ်တစ်အိမ်လုံးကို ကျွန်းပါကေး အပြည့်ခင်းထားခြင်း

✅ ရေပူရေအေးစနစ် (အပေါ်ထပ်/အောက်ထပ်) ပါဝင်ပြီး၊ အဝီစိရေနှင့် စည်ပင်ရေ (၂) မျိုးလုံး ရရှိခြင်း

✅ ဆိုလာများတပ်ဆင်ထားခြင်း

✅ အားလုံးပါဝင်သဖြင့် အထုပ်ဆွဲပြီး အသင့်နေရုံပါပဲ။

✅ City Mart အနီးမှာမို့ ဈေးဝယ်ရလွယ်ကူစည်ကားပြီး အချက်အချာကျသွားလာရလည်း အဆင်ပြေ‌တဲ့နေရာကောင်းလေးပါ။

💵 သိန်း - 35000 (ညှိနှိူင်း)

Agent - 09 77 32 111 35

🥰 အကျိုးတူရ

06/09/2026

#အရှေ့ဒဂုံမြို့နယ်
#ဟံသာဝတီလမ်းမပေါ်က
#မြေကွက်အမြန်ရောင်းမည်

#မင်းရဲကျော်စွာလမ်းမကြီးနဲ့အနီးဆုံး
#နေ့ညမပြတ်လူစည်ကားတဲ့နေရာမှာတည်ရှိတာကြောင့် 👇

#ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ် #ရင်းနှီးမြှုပ်နှံမှုပဲလုပ်လုပ်
#အကျိုးအမြတ်သေချာပေါက်ရရှိစေမှာပါ

✅ အရှေ့ဒဂုံ

✅၁၃၂ ရပ်ကွက်၊

✅ဟံသာဝတီလမ်းမပေါ်

✅ အကျယ် - ပေ (20' x 60')

✅ ပိုင်ဆိုင်မှု - ပါမစ်မူရင်း (ပိုင်ဆိုင်မှုခိုင်မာမှုအတွက် စိတ်ချရသည်)

📌 ထူးခြားချက် - တစ်လမ်းလုံး ဆိုင်ခန်းများဖြင့် စည်ကားနေပြီး စီးပွားရေးလုပ်ရန် အချက်အချာအကျဆုံး နေရာဖြစ်သည်။

✅ နေ့ညမပြတ် လူစည်ကားသော ရပ် ကွက်ဖြစ်၍ ရင်းနှီးမြှုပ်နှံသူများအတွက် အနာဂတ်မှာ တန်ဖိုးတက်လာဖို့ နေရာကောင်း တစ်ခုဖြစ်သည်။

💰သိန်း -8000 (ညှိနှိုင်း)

Phone - 09 77 32 111 35

🥰 အကျိုးတူရ

Address

Yangon

Telephone

+959420994440

Website

Alerts

Be the first to know and let us send you an email when မြယမုံ အိမ် ခြံ မြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category