Arrmhan Htut Co.,ltd

Arrmhan Htut Co.,ltd Always do more than what is expected.

05/11/2024

🙏🙏 အမြတ်ဆုံးကုသိုလ် 🙏🙏

#ဒါန
#သရဏဂုံ
#သီလ
#မေတ္တာဘာဝနာ
#ဝိပဿနာ

🙏သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ မှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း...
17/10/2024

🙏သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ မှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ပိုမို၍ အေးချမ်းကြပါစေကြောင်း အားမာန်ထွဋ်မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏

အခုလို ချိန်ကာလတွေမှာ အခက်အခဲတွေ၊အကြပ်အတည်း​တွေကိုအနည်းနဲ့အများတော့ လူတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ နေရတာပါ။ဘယ်လိုတွေပဲက...
15/10/2024

အခုလို ချိန်ကာလတွေမှာ

အခက်အခဲတွေ၊

အကြပ်အတည်း​တွေကို

အနည်းနဲ့အများတော့

လူတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ နေရတာပါ။

ဘယ်လိုတွေပဲကြုံတွေ့ရင်ဆိုင်နေရပါစေ

စိတ်ဓါတ်ပိုင်းဆိုင်ရာတွေကို

တည်ငြိမ်သွားအောင်၊

အေးချမ်းသွားအောင် _

မိမိကိုးကွယ်ရာ ဘာသာတရားတွေရဲ့

အဆုံးအမတွေကိုသေချာလိုက်နာပြီး

ကျင့်ကြံကြမယ်ဆို အနည်းနဲ့အများတော့

အေးချမ်းလာတာတွေ

ကြုံတွေ့ရပါလိမ့်မယ်။

🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️

အထူးသဖြင့်

မင်မင်အကြံပြုလိုတာက

နှာသီးဖျားလေးကနေ

#ဝင်လာတဲ့လေ လေး ၊

ပြီးရင် နှာသီးဖျားကနေပဲ

#ထွက်သွားတဲ့ထွက်လေ လေးကိုပဲ

#ဝင်လာရင်ဝင်မှန်းသိ

#ထွက်သွားရင်ထွက်မှန်းသိတဲ့

( Breath in / Breath out )

စိတ်ကလေးကို တနေ့ ကို

၅မိနစ်လောက်လေးပဲ ဖြစ်ဖြစ်

စူးစိုက်ပြီး လုပ်စေလိုပါတယ် ၊

ဒါဟာ ဘယ်ဘာသာဝင်မဆို

ပြုလုပ်လို့ရတဲ့ ကျင့်စဉ်လေးပါ ၊

ဒီလိုပြုလုပ်ခြင်းအားဖြင့်

မိမိရဲ့ မငြိမ်းချမ်းနေတဲ့ စိတ်တွေ

မတည်ငြိမ်နေတဲ့ စိတ်တွေကို

ငြိမ်းချမ်း တည်ငြိမ်လာပါလိမ့်မယ်

လို့ အကြံပြုပါရစေ။

🙏🙏🙏

စာဖတ်သူအပေါင်း

တနေ့ထက်တနေ့

ကိုယ်ရောစိတ်ပါ

ပိုမိုအေးချမ်းပျော်ရွှင်ရပါစေ။

🙏🙏🙏

မြေဆိုတာ-မြေဆိုတာ ငွေမလိုရင် မရောင်းရဘူး။အခက်ခဲ ဖြစ်နေလို့ မဖြစ်မနေ ရောင်းရတာကိုတော့ မဆိုလိုပါဘူး။-လက်ထဲ ငွေ အပိုရှိရင် ...
21/06/2024

မြေဆိုတာ
-
မြေဆိုတာ ငွေမလိုရင် မရောင်းရဘူး။
အခက်ခဲ ဖြစ်နေလို့ မဖြစ်မနေ
ရောင်းရတာကိုတော့ မဆိုလိုပါဘူး။
-
လက်ထဲ ငွေ အပိုရှိရင် မြေထပ်ဝယ်
ဘယ်နေရာမှာ ဝယ်ရမလဲဆိုရင်
ရတဲ့နေရာမှာဝယ်ထား။။
ကျပ်ငွေကို လက်ထဲမှာ ဘယ်တော့မှ မထားနဲ့။
-
မြေဆိုတာ
မရောင်းဘဲ ကြာကြာထားလေ
ကောင်းလေပဲ။
-
ဘယ်အချိန် အထိ ထားရမလဲ ဆိုရင်
ထားနိုင်သလောက်ထား။
-
ရောင်းပြီးရင်လည်း
အစားပြန်ဝယ်နိုင်အောင် ဝယ်ရတယ်
မဝယ်နိုင်ရင် ရှုံးတယ်။
-
ဘာရှုံးတာလဲ ဆိုရင် နေရာရှုံးတယ်
ဒါကို သိရင်
ကိုယ်တိုင်စဥ်းစားလုပ်ကြပါလို့
အကြံ ပြု လိုက်ပါတယ်။
-
စွန့်စားခန်းတွေနဲ့ လုပ်ရတဲ့
စီးပွားရေးမှာ

မြေဆိုတဲ့
တခုတည်းသော-အလုပ်က

ဘဝ တွေ ကို
ပြောင်းလဲသွားအောင်
လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ
သင် တနေ့ လက်ခံ လာပါလိမ့်မယ်။



💙AMH Family💙

 #မြေဆိုတာ ဝယ်တတ်ခဲ့ရင် မီးခိုးမထွက် ချွေးတစက်မထွက်ပဲ အောင်မြင်နိုင်တဲ့ စီးပွားရေးပါ...အောင်မြင်နေတဲ့ သူတွေကိုတွေ့တိုင်း...
03/02/2024

#မြေဆိုတာ

ဝယ်တတ်ခဲ့ရင် မီးခိုးမထွက်
ချွေးတစက်မထွက်ပဲ အောင်မြင်နိုင်တဲ့
စီးပွားရေးပါ...

အောင်မြင်နေတဲ့ သူတွေကိုတွေ့တိုင်း ဆွေးနွေးကြည့်ပါ...

အိမ်၊ ခြံ၊ မြေ တွေဘယ်လောက်ပိုင်ဆိုင်ထားပြီလဲဆိုတာ...

သူတို့ရဲ့ရွေးချယ်ဝယ်ယူတတ်ခဲ့ခြင်းတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နေ့စဉ် တန်ဖိုးတက်စေခဲ့တယ်...

ခိုင်မာတဲ့မြေဖြစ်ဖို့တော့လိုပါတယ်....

ဒါကြောင့်..စီးပွားရေး ပြေလည်စပြုလာတိုင်း အိမ်ခြံမြေကို စုဆောင်းဝယ်ယူထားသင့်ပါတယ်... ။

2024 နှစ်ထဲမှာ _ #စီးပွားဥစ္စာတွေဆပွားတိုးတက်ကြပါစေ #ရောဂါဘယတွေအထူးကင်းရှင်းကြပါစေ #ကွဲကွာနေကြသောမိသားစုတွေပျော်ရွှင်စွာ...
01/01/2024

2024 နှစ်ထဲမှာ _

#စီးပွားဥစ္စာတွေဆပွားတိုးတက်ကြပါစေ

#ရောဂါဘယတွေအထူးကင်းရှင်းကြပါစေ

#ကွဲကွာနေကြသောမိသားစုတွေပျော်ရွှင်စွာပြန်လည်ဆုံတွေ့နိုင်ကြပါစေကြောင်း

🙏အားမာန်ထွဋ်မိသားစုမှဆန္ဒပြုပါသည်🙏

10/12/2023

🙏🙏🙏

ဤပုံကိုမြင်သူတိုင်း ...

ငွေကြေးလာဘ်အကြီးကြီိးရပါစေ။😘

🙏🙏🙏

07/12/2023

🙏🙏🙏

ခင်ပွန်းကြီိးဆယ်ပါး ကန်တော့ခန်း

15/09/2023

အေးချမ်းလှသော
မေမြို့ရဲ့ နံနက်ခင်းလေး😊😊

မြေဝယ်မယ်ဆိုရင် အလွယ်ကူဆုံး နဲ့နောင်တစ်ချိန် ပြဿနာ မဖြစ်အောင်ဆောင်ရွက်တဲ့ နည်းလမ်းပါ။ယာမြေ/ လယ်မြေ/ ကျေးရွာမြေဘိုးဘပိုင်...
12/03/2023

မြေဝယ်မယ်ဆိုရင် အလွယ်ကူဆုံး နဲ့
နောင်တစ်ချိန် ပြဿနာ မဖြစ်အောင်
ဆောင်ရွက်တဲ့ နည်းလမ်းပါ။

ယာမြေ/ လယ်မြေ/ ကျေးရွာမြေ
ဘိုးဘပိုင်မြေ ဝယ်မယ်ဆိုရင် . . . .

ပိုင်ရှင် အမည်ပေါက် ဟုတ်/မဟုတ်
မြို့နယ် မြေစာရင်းမှာ စစ်
အရှုပ်အရှင်း ရှိ/မရှိ လေ့လာ
ပိုင်ရှင်မဟုတ်လည်း နောက်ဆုံးဝယ်သူနဲ့
သေချာ စီစစ် လေ့လာ

ရောင်းသူရဲ့ မိဘ မောင်နှမ
ဆွေမျိုးသားချင်းထဲက သက်သေ ခေါ်
ရပ်ရွာဥက္ကဌရုံးမှာ သေချာစာချုပ်
တရားရုံးမှာ အရောင်းအဝယ်ကျမ်းကျိန်
ရှေ့နေနဲ့ အရောင်းအဝယ် စာချုပ်ကို
တရားဝင် သေချာချုပ် တံဆိပ်ခေါင်းကပ်
GP / SP ယူထား

ဖုန်းတွေရှိနေတာပဲ
အရောင်းအဝယ် လက်မှတ်ထိုးငွေချေတာ
ဓါတ်ပုံမှတ်တမ်းယူထား
လိုအပ်ရင် ဗွီဒီယိုဖိုင်ပါ ရိုက်ထားပါ။

ပြီးရင် သက်သေတွေရှေ့မှာ
မြေကွက်ကို သေချာတိုင်း ငုတ်ရိုက်
လိုအပ်ရင် ခြံခတ်ဖို့ စီစဥ်

နောင်အချိန် မြေစျေးတက်လို့
သား၊ သမီး၊ ချွေးမ၊ မိဘ မသိပါဘူး
အမွေဆိုင်မို့ သဘောမတူပါဘူး ဆိုပြီး
အငြင်းအခုန် မဖြစ်အောင်
အထောက်အထားနဲ့ ကြိုကာထားပါ။

ယာမြေ/လယ်မြေတွေဆိုရင်
ပုံစံ ၇ ကို အမည်တစ်ခါတည်းပြောင်းဖို့
လျှောက်ထားပါ။ ဒါမှ ခိုင်မာတယ်။
============================

ဂရံမြေဝယ်မယ်ဆိုရင်

မူလ ပိုင်ရှင် အဆင့်ဆင့်
စာချုပ်တွေတောင်း
သက်ဆိုင်ရာ စည်ပင်မှာ သွားစစ်
ရှေ့နေနဲ့ သေချာ စာချုပ်ချုပ်
တရားရုံးမှာ အရောင်းအဝယ် ကျမ်းကျိန်
ပြီးရင် မြေယာမှတ်ပုံတင်ရုံးမှာ
တစ်ခါတည်း မှတ်ပုံတင်
GP / SP ယူထား
စည်ပင်မှာ ဂရံမူရင်းအပ် အမည်ပြောင်း
သတင်းစာထဲမှာ ကန့်ကွက်ထည့်

===========================

စလစ်မြေဆိုရင်လည်း

မူလပိုင်ရှင်ကိုခေါ်
မြေပေးမိန့်ကို သေချာစစ်
အဆင့်ဆင့်ရောင်းထားရင်
နောက်ဆုံးဝယ်သူနဲ့ GP လွှဲယူ
တရားရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်
ရှေ့နေနဲ့ တရားဝင်လုပ်
မြေယာမှတ်ပုံတင်ထား
ပြီးရင် မိမိအမည်နဲ့ ဂရံလျှောက် ငွေသွင်း
၁၀၅/၁၀၆ ထုတ်
သတင်းစာမှာ ကန့်ကွက်ထည့်
==============================

အခုရှုပ်မှ နောင်ရှင်းတာ
ခိုင်ခိုင်မာမာဖြစ်အောင် စာချုပ်ချုပ်
စာရွက်စာတမ်းကြေးအပါ ကုန်ကျစရိတ်က
၂ သိန်းကျော်ပဲ ကုန်ကျတာ။
ဂရံဖိုးနဲ့ ပုံစံ ၇ ပြောင်းတာ မပါပေါ့။

အချို့က လွယ်လွယ်ပဲ လုပ်ကြတာ
စားသောက်ဆိုင်မှာ အရပ်စာချုပ်ချုပ်ဝယ်
နှစ်ဦးနှစ်ဘက် သဘောတူနေတာပဲ
ဘာမှ မလိုဘူး ထင်ပြီး လွယ်လွယ်လုပ်တာ

ပြဿနာဖြစ်လာရင်
ဘာအထောက်အထားမှ မပြနိုင်တော့
တရားရုံးမှာ ရင်ဆိုင်ရ။ အချိန်ကုန် လူပမ်း

မြေတစ်ကွက်တည်းကိုပဲ
စလစ် မိတ္တူပေါင်တာ တစ်ဦး
ဂရံစာအုပ်ပေါင်တာ တစ်ဦး
အရပ်စာချုပ်နဲ့ ရောင်းတာ တစ်ဖုံ
မိန်းမ မသိ မိဘ မသိ သားသမီး မသိလို့
သဘောမတူပါဘူး ဆိုတာက တစ်သွယ်

အဲဒီလို ပြဿနာ မဖြစ်အောင်
အပေါ်က အကြံပြုချက်အတိုင်း
လုပ်ကိုင် ဆောင်ရွက်ကြပါ။

အချိန် နဲ့ ငွေကြေး အနည်းငယ်
ပိုမို ကုန်ကျပေမယ့် စိတ်ချမ်းသာတယ်။

မြေဆိုတာ အဝီစိအထိ ပိုင်တာ
ယူဇနာပေါင်း ၈၄၀၀၀ ရှိတယ် 😁
မြေပေါ်က မြေကွက်လေးတင်မဟုတ်ဘူး။

အဲဒါကြောင့် မြေဝယ်မယ်ဆိုရင်
ခိုင်မာမှု ရှိ /မရှိ သေချာစစ်
စျေးချို ပြီးရော မလုပ်ဘဲ
ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
စနစ်တကျနဲ့ သေချာ စီစစ်ဝယ်ကြပါလို့

အဲဒီလို ခိုင်ခိုင်မာမာ
လုပ်ထားခြင်းအားဖြင့်
ပြဿနာဖြစ်လာရင်
ဗဟိုတရားရုံးချုပ် မကလို့
အာကာသအထိပဲ တက်တက်
ကိုယ့်ဘက်က အေးဆေး။

သားစဥ်မြေးဆက် စိတ်ချမ်းသာတယ်

စေတနာနဲ့



Address

494, Tagaung(5)Street, (5)Quarter , South Okkalapa Township
Yangon

Telephone

+959777793599

Website

Alerts

Be the first to know and let us send you an email when Arrmhan Htut Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arrmhan Htut Co.,ltd:

Share