Mahar Aung Myint

Contact the business

Mahar Aung Myint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar Aung Myint, Real Estate, Tharkayta township, Yangon.

🔥 သိန်း ၂ သောင်းအောက်နဲ့ သာကေတ လုံးချင်းအိမ်ရာဝင်းအတွင်း မြေပိုင်ဆိုင်နိုင်ပါပြီ! 🔥🏡 လုံခြုံရေးရှိတဲ့ အိမ်ရာဝင်းအတွင်းမှ...
03/09/2026

🔥 သိန်း ၂ သောင်းအောက်နဲ့ သာကေတ လုံးချင်းအိမ်ရာဝင်းအတွင်း မြေပိုင်ဆိုင်နိုင်ပါပြီ! 🔥

🏡 လုံခြုံရေးရှိတဲ့ အိမ်ရာဝင်းအတွင်းမှာ ကိုယ်ပိုင်အိမ်လေး စိတ်ကြိုက်ဆောက်ပြီး မိသားစုနဲ့ စိတ်အေးချမ်းစွာ နေထိုင်ချင်သူများအတွက် အခွင့်အရေးကောင်း 💯

📌 ရွေးချယ်စရာ အိမ်ရာဝင်းများ

🔹 မြခွာညိုအိမ်ရာဝင်း
📐 40' × 60' | မြေသီးသန့် 💰 သိန်း 18,000/-

🔹 ရတနာအိမ်ရာဝင်း
📐 63' × 80' 🏠 အိမ်ပါ 💰 သိန်း 18,500/-

🔹 သန်လျင်တံတားအိမ်ရာဝင်း
📐 40' × 60' | မြေ 💰 သိန်း 14,000/-

🔹 သန်လျင်တံတားအိမ်ရာဝင်း
📐 40' × 60' | မြေ 💰 သိန်း 15,000/-

🔹 သန်လျင်တံတားအိမ်ရာဝင်း (ထောင့်ကွက်)
📐 40' × 60' | မြေ 💰 သိန်း 18,000/-

🔹 သန်လျင်တံတားအိမ်ရာဝင်း (ထောင့်ကွက်)
📐 40' × 60' | အိမ်ပါ 💰 သိန်း 15,000/-

✨ သိန်း ၂ သောင်းမကျော်တဲ့ Budget နဲ့
✔️ အိမ်ရာဝင်းအတွင်း နေထိုင်ခွင့်
✔️ လုံခြုံရေးရှိ
✔️ ကိုယ်ပိုင်အိမ် စိတ်ကြိုက်ဆောက်နိုင်
✔️ မိသားစုအတွက် ရေရှည်နေထိုင်ရန်သင့်တော် ✔️ မြေတန်ဖိုးကို ရင်းနှီးမြှုပ်နှံထားချင်သူများအတွက်လည်း အထူးသင့်တော်

📢 ဒီဈေးတန်းနဲ့ ရွေးချယ်စရာ အိမ်ရာဝင်းအတွင်း မြေ/အိမ်တွေ မကြာခဏမရနိုင်ပါဘူး။ စိတ်ဝင်စားရင် ဈေးနှုန်း၊ စာရွက်စာတမ်းနဲ့ တည်နေရာအသေးစိတ်ကို အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📞

🏢 MAHAR REAL ESTATE
📲 09 451318151 — Hotline & Viber
📲 09 421012795

#သာကေတ #သာကေတအိမ်ရာ #လုံးချင်းအိမ် #မြေကွက်အရောင်း #အိမ်ရာဝင်း #သိန်း၂၀၀၀၀အောက် #အိမ်ခြံမြေအရောင်း #အမြန်ရောင်း

  2270🔥 ပြည်ထောင်စုလမ်းမကြီးပေါ်က 2RC လုံးချင်းအိမ် အရောင်း! 🔥📍 မြောက်ဒဂုံမြို့နယ်၊ (၅၀) ရပ်ကွက်📍 ပြည်ထောင်စုလမ်းမပေါ် —...
01/09/2026

2270

🔥 ပြည်ထောင်စုလမ်းမကြီးပေါ်က 2RC လုံးချင်းအိမ် အရောင်း! 🔥

📍 မြောက်ဒဂုံမြို့နယ်၊ (၅၀) ရပ်ကွက်
📍 ပြည်ထောင်စုလမ်းမပေါ် — နေရာကောင်း၊ လမ်းမတန်း

🏡 2RC လုံးချင်းအိမ်
📐 41' × 60' ပေ
📜 ဂရန်အမည်ပေါက်
✅ စာရွက်စာတမ်း အရှုပ်အရှင်းကင်း

💰 ရောင်းဈေး – သိန်း ၃၂,၀၀၀ (ညှိနှိုင်း)

✨ နေဖို့လည်းကောင်း၊ ရင်းနှီးမြှုပ်နှံဖို့လည်းကောင်း!

ပြည်ထောင်စုလမ်းမကြီးပေါ်ဖြစ်လို့
🏢 Office
🏥 Clinic
🏬 Showroom
🏢 Company
🏠 လူနေအိမ်
စတဲ့ လုပ်ငန်းမျိုးစုံအတွက်လည်း အသုံးချနိုင်တဲ့ နေရာကောင်းတစ်ကွက် ဖြစ်ပါတယ်။

📞 အသေးစိတ်မေးမြန်းရန်
MAHAR REAL ESTATE
📱 09-451318151
📱 09-421012795

#မြောက်ဒဂုံ #မြောက်ဒဂုံ50ရပ်ကွက် #ပြည်ထောင်စုလမ်းမ #လုံးချင်းအိမ် #ဂရန်မြေ #အိမ်အရောင်း #ရန်ကုန်အိမ်ခြံမြေ #မြောက်ဒဂုံအိမ်ခြံမြေ #အိမ်ခြံမြေအရောင်း

 🏡🔥 တောင်ဒဂုံ ၆၆ ရပ်ကွက် — တိုစတာအိမ်ရာဝင်းထဲက အိမ်ပါမြေကွက် အရောင်း✨ ခြံကျယ်ကျယ် + အသင့်နေထိုင်နိုင်တဲ့ တစ်ထပ်အိမ်နေရာက...
31/08/2026



🏡🔥 တောင်ဒဂုံ ၆၆ ရပ်ကွက် — တိုစတာအိမ်ရာဝင်းထဲက အိမ်ပါမြေကွက် အရောင်း

✨ ခြံကျယ်ကျယ် + အသင့်နေထိုင်နိုင်တဲ့ တစ်ထပ်အိမ်
နေရာကောင်းမှာ တစ်ခါတည်း ပိုင်ဆိုင်ချင်သူတွေအတွက် အခွင့်အရေးကောင်းလေးပါ။

📍 တည်နေရာ — တောင်ဒဂုံမြို့နယ် (၆၆) ရပ်ကွက်
🏘️ တိုစတာအိမ်ရာဝင်းအတွင်း

🏠 တစ်ထပ်တိုက်အိမ် ပါဝင်
📐 အိမ်အကျယ် — 17' × 50'
🌳 မြေအကျယ် — 60' × 80'
📜 စာရွက်စာတမ်း — ပါမစ်မူရင်း

💰 အရောင်းဈေး — သိန်း 15,000

🚨 ခြံကျယ် + အိမ်ပါ + အိမ်ရာဝင်းအတွင်း
ကိုယ်တိုင်နေဖို့ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်ဖြစ် အဆင်ပြေတဲ့ အိမ်ခြံမြေကောင်းလေးပါ။

📞 MAHAR REAL ESTATE
☎️ 09-451318151
☎️ 09-421012795

#တောင်ဒဂုံ #၆၆ရပ်ကွက် #တိုစတာအိမ်ရာ #အိမ်ပါမြေကွက် #မြေကွက်အရောင်း #အိမ်အရောင်း #ရန်ကုန်အိမ်ခြံမြေ

 🏡✨ ကမာရွတ် အိမ်ရာဝင်းထဲက ထောင့်ကွက် အိမ်ကောင်းလေး အရောင်း📍 ကမာရွတ်မြို့နယ် | အိမ်ရာဝင်း🔥 ထောင့်ကွက် | အရှေ့လှည့်🏠 အိမ် ...
31/08/2026



🏡✨ ကမာရွတ် အိမ်ရာဝင်းထဲက ထောင့်ကွက် အိမ်ကောင်းလေး အရောင်း

📍 ကမာရွတ်မြို့နယ် | အိမ်ရာဝင်း
🔥 ထောင့်ကွက် | အရှေ့လှည့်
🏠 အိမ် ၂ ထပ်ခွဲ
🚗 ကား ၄/၅ စီးအထိ အဆင်ပြေစွာ ရပ်နိုင်
📜 နှစ် ၆၀ အမည်ပေါက်

💰 အရောင်းဈေး — သိန်း ၈၅,၀၀၀
🤝 ပါးပါးလေး ညှိနှိုင်းနိုင်ပါတယ်

✨ နေရာကောင်း + ထောင့်ကွက် + အရှေ့လှည့် + ကားပါကင်ကျယ်
တစ်ခါတည်းရဖို့ မလွယ်တဲ့ အိမ်ခြံမြေကောင်းလေးပါ။

📞 MAHAR REAL ESTATE
☎️ 09-451318151
☎️ 09-421012795

#ကမာရွတ် #အိမ်ရာဝင်း #ထောင့်ကွက် #အိမ်အရောင်း #ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအရောင်း

 🏙️ ဗဟန်း ပုလဲ Condo | အလွှာမြင့် View ကောင်း | Fully Furnished🔥 ဈေးတန်တန်နဲ့ အမြန်ငှားမည်!📍 ဗဟန်းမြို့နယ်၊ ပုလဲ Condo📍 ...
31/08/2026



🏙️ ဗဟန်း ပုလဲ Condo | အလွှာမြင့် View ကောင်း | Fully Furnished

🔥 ဈေးတန်တန်နဲ့ အမြန်ငှားမည်!

📍 ဗဟန်းမြို့နယ်၊ ပုလဲ Condo
📍 ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်
📍 Infinity Condo / ဆရာစံလမ်း / Market Place / Myanmar Plaza အနီး

✨ 1000 Sqft အခန်းကျယ်
🛏️ Master Bedroom — 1 ခန်း
🧹 Maid Room ပါ
🛋️ Fully Furnished — ပုံထဲက ပစ္စည်းအကုန်ပါ
✨ Fully Renovated — Ready to Stay
🛗 24 Hours Lift
💡 24 Hours မီးရ
🚗 Car Parking — 1 စီး

💰 အငှား — 16.5 သိန်း (ညှိနှိုင်း)
📅 2.9.2026 မှာ စတက်နေလို့ရပါပြီ

🚨 နေရာကောင်း + အလွှာမြင့် + ပစ္စည်းစုံ + ဈေးတန်
ဒီလိုအခန်းမျိုးက စရံဦးထားမှ စိတ်ချရပါတယ်နော်! ❤️

📞 MAHAR REAL ESTATE
09-421012795
09-451318151

#ပုလဲCondo #ဗဟန်းCondo #ရန်ကုန်အိမ်ခြံမြေ #အခန်းငှား

အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက်( ...
30/08/2026

အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူ
ချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက်( Bank)ချိတ်။ (Home loan ).

(၁)( Bank) ချိတ်(Home loan)ဆိုတာ ဘာလဲ။
********************************

( Bank) ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။မိမိဘက်မှ (၃၀% )ထုတ်ပြီး ချိတ်ဆက်ထားတဲ့( Bank )ဘက်မှ (၇၀%) ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

( Bank) နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ ဝန်ထမ်း
ဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ (၄)သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ( ၁၂)သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက (RC )မဟုတ်ရင်(BN )အိမ်အမျိုးအစားဖြစ်
ရပါမယ်။ ဂရံအမည်ပေါက် ဖြစ်ရပါမယ်။ မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။

(၂) ( Bank )နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေ
လိုအပ်လဲ။

(က) လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတတမ်းများ။

(၁) မှတ်ပုံတင် မိတ္တူ။ (မူရင်းပြရန်)
(၂) (Passport) မိတ္တူ။(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ။
(၄) သန်းခေါင်စားရင်းမိတ္တူ။ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ။
(၆) စရံပေး စာချုပ်မိတ္တူ။ (မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ ထောက်ခံစာ
(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ။(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် (Pay slip )(or)
( Salary slip)ရှိလျှင်။
(၁၀) အခွန်ပြေစာ(Tax slip)ရှိလျှင်။
(၁၁)( Bank Statement) (၆)လစာ တင်ပြရပါမည်။

(ခ) ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ။

(၁) မှတ်ပုံတင်မိတ္တူ။ (မူရင်းပြရမည်)
(၂)( Passport) မိတ္တူ။ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ။
(၄) သန်းခေါင်စာရင်းမိတ္တူ။ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ။
(၆) စရံပေးစာချုပ် မိတ္တူ။ (မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်
ရှိလျှင်။ (သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ။ (တင်ပြနိုင်လျှင်)
(၉) (Bank statement) (၆)လစာ။ (ရှိလျှင်)
(၁၀) အခွန်ပြေစာ။(ရှိလျှင်)

(ဂ) ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ။

(၁) မှတ်ပုံတင်မိတ္တူ။ (မူရင်းပြရမည်)
(၂) Passport မိတ္တူ။ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ။
(၄) သန်းခေါင်စာရင်း မိတ္တူ။ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ။
(၆) စရံပေးစာချုပ် မိတ္တူ။ (မူရင်းပြရမည်)
(၇) ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်။ (သက်တမ်းရှိရမည်)
(၈)( Form VI),( Form XXVI), (Form E)
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း
ဘဏ်တွင် (Mortgage Loan)(ပေါင်နှံချေးငွေ)နှင့်
ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။
(၁၀)ဘဏ္ဍာရေးရှင်းတမ်း။ (၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း။
(၁၂) အခွန်ပြေစာ။ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~~~~

(၃)( Bank )ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ။

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်။
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ။
(၄) မြေရှင်ရဲ့မိတ္တူ။
(၅) BCC စာရွက်။
(၆) ဆောက်လုပ်ခွင့်စာရွက်။
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ။
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း။
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ။

စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ ဝယ်လိုတဲ့
အိမ်ကို ရာဖြတ်ဌာနမှဘဆင်းကြည့်မှာဖြစ်ပါတယ်။ အဲ့ဒါ
ပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာ ဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ (၃၀%) ထုတ်ပေးရမှာဖြစ်ပြီး (Bank)ဘက်မှ (၇၀%) ထုတ်ပေးလိုက်မှာပါ။ ထုတ်ပေးလိုက်တဲ့ (၇၀% )ကိုတော့ အတိုးနဲ့ နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံ
ရှိရင် (Bank) နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

ကူးယူဖော်ပြပါသည်။

 🏡✨  #ကမ်းသာယာအိမ်ရာဝင်း မှာ လုံးချင်းစတိုင် မြေညီအိမ်လေး ရှာနေသူတွေအတွက် 💯📍  #သာကေတမြို့နယ်  #ကမ်းသာယာအိမ်ရာဝင်း🌿 အေးအေ...
30/08/2026



🏡✨ #ကမ်းသာယာအိမ်ရာဝင်း မှာ လုံးချင်းစတိုင် မြေညီအိမ်လေး ရှာနေသူတွေအတွက် 💯

📍 #သာကေတမြို့နယ် #ကမ်းသာယာအိမ်ရာဝင်း

🌿 အေးအေးချမ်းချမ်း နေထိုင်ချင်သူများအတွက် သင့်တော်တဲ့နေရာလေး
🚗 ကားပါကင်အဆင်ပြေ
🏠 လုံးချင်းစတိုင် မြေညီအိမ်
📐 အကျယ် — 2,000 Sqft (40' × 50')
🛏️ 1 Master Bedroom + 3 Bedrooms
✨ မိသားစုနဲ့ အေးချမ်းစွာနေထိုင်ဖို့ အဆင်ပြေတဲ့အိမ်လေး

💰 #အရောင်းဈေး — သိန်း 3,600 အပိတ်

📞 အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်

🏢 MAHAR REAL ESTATE
📱 09-451318151
📱 09-421012795

#သာကေတ #ကမ်းသာယာ #ကမ်းသာယာအိမ်ရာ #လုံးချင်းအိမ် #မြေညီအိမ် #အိမ်ရောင်းမည် #ရန်ကုန်အိမ်ခြံမြေ #အိမ်ခြံမြေအရောင်း

30/08/2026



🏡 ဒေါပုံမြို့နယ်မှာ ရှားပါးတဲ့ 18' × 50' အကျယ် အခန်းကောင်းလေး အရောင်း 🔥

📍 ပေ 80 မိန်းလမ်းမအနီး
📍 သဘော်ကျင်း 4 လမ်းကုတ်တိုက်

✨ နေရာကောင်း + လေဝင်လေထွက်ကောင်း
✨ အနောက်ဘက် ဘေးတိုက်လုံးဝမရှိ
🚗 ကားပါကင်ရ
🌿 လမ်းသန့်၊ ပတ်ဝန်းကျင်ကောင်း

🏢 တတိယထပ် — အပေါ်မှာ ၂ လွှာရှိ
📐 18' × 50'
🛏️ အိပ်ခန်း ၁ ခန်း
🪵 12mm ပါကေးခင်း
✨ မျက်နှာကျက် Design
🚪 အရှေ့ဘက် သံပန်းဆန်းရှိတ်
🚿 ရေချိုးခန်း/အိမ်သာ ကြွေပြားခင်း
🚽 ဘိုထိုင်အိမ်သာ

📄 စာရွက်စာတမ်း အဆင်ပြေ
✅ BCC ကျပြီး
⚡ ကိုယ်ပိုင်မီတာ
💧 ကိုယ်ပိုင်ရေမော်တာ
✅ စာရွက်စာတမ်းရှင်းလင်း
✅ အရှုပ်အရှင်းကင်း

💰 ရောင်းဈေး — သိန်း 1,699 (ညှိနှိုင်း)

✨ အသင့်ပြင်ဆင်ပြီး အလှဆင်ထားတဲ့အခန်းကို ရှာနေသူတွေအတွက် တန်တဲ့အခန်းလေး ပါနော် 💯

📞 MAHAR REAL ESTATE
☎️ 09-451318151
☎️ 09-421012795

#ဒေါပုံ #ဒေါပုံအရောင်း #တိုက်ခန်းအရောင်း #အိမ်ခြံမြေ #ရန်ကုန်အိမ်ခြံမြေ #တိုက်ခန်းကောင်း #အိမ်ဝယ်မယ်

ဂရန်လျှောက်လို့မရတဲ့မြေ..........ပုဂံရာဇာဝင်ထဲက ဟို ငှက်ကြီးလို ပဲ ရုပ်ဆိုးရင်လည်းမစားဘူး၊ ပိန်လွန်းရင်လည်းမစားဘူးဆိုသလိ...
30/08/2026

ဂရန်လျှောက်လို့မရတဲ့မြေ..........

ပုဂံရာဇာဝင်ထဲက ဟို ငှက်ကြီးလို ပဲ ရုပ်ဆိုးရင်လည်းမစားဘူး၊ ပိန်လွန်းရင်လည်းမစားဘူး
ဆိုသလိုပဲ ........

ဂရန်မြေပေးဖို့ကလည်း လာလျှောက်တဲ့မြေတိုင်းလည်းမပေးဘူး အဲ လာမလျှောက်ရင်လည်းလာမပေးဘူး ✔

လာလျှောက်လို့ ပေမပြည့်ရင်လည်းမပေးဘူး အဲပေပြည့်ရင်လည်း ဂရန်လျှောက်ခွင့်မရှိတဲမြေဆိုရင် မပေးဘူး၊ ✔

မနှစ်က ဂရန်လျှောက်ခွင့်ပြုတဲ့ပုံနဲ့ ဒီနှစ်ဂရန်လျှောက်ခွင့်ပြုတဲ့ပုံလည်းမတူသလို နောက်နှစ်လျှောက်ခွင့်ပြုတဲ့ပုံကလည်းတူချင်မှတူမှာ ဒါဆိုဘယ်လိုလျှောက်မှ ဂရန်ကျမှာလည်းဆိုရင် ဥပဒေနဲ့ အညီလျှောက်တဲ့မြေမှပဲ ဂရန်ကျပါမယ်။

အစိုးရက မြေကိုစီမံခန့်ခွဲတဲ့အခါ ဥပဒေ တွေရေးဆွဲပြီး စီမံရပါတယ်။ဥပမာ ပါမစ်မြေဆိုရင် ချပေးထားတဲ့ စည်းကမ်းမှာကိုက ချထားပေးသူနေရမယ် ပြန်ရောင်းခွင့်မရှိ ၊ ဂရန်လျှောက်ပြီးမှပြန်ရောင်းခွင့် ရှိတယ်လို့ပြောထားတာက ပါမစ်စချပေးတဲ့ ၁၉၉၀ ခုနှစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်ကတည်းက အဲ့ဒါကို ဂရန်မလျှောက်ပဲ အဆင့်ဆင့်ပြန်ရောင်းတာကို ဖြေလျော့ပေးထားရာကနေခု ဥပဒေပါစည်းကမ်းအတိုင်း ပြန်ဖြစ်သွားတော့် မူလပိုင်ရှင်ရှာမရ အမွေဆက်ရှာမရလို့ ဂရန်လျှောက်မရ အမည်ဖောက်မရတွေဖြစ်ကုန်ကြတာ အဲ့တော့် ဂရန်လျှောက်လို့ရမယ့် ဥပဒေပါစည်းကမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဂရန်လျှောက်လို့ရတဲ့မြေအမျိုးအစားများ နဲ့ လျှောက်ရမယ့်ပုံစံ၊လိုအပ်သောစာရွက်စာတမ်းများ

၁။ပါမစ်မြေ ၊ စလစ်မြေ
လျှောက်ရမယ့် ပုံစံ အမည်ပေါက် မှ ပါမစ်/စလစ်မူထားရင်း ၊ မှတ်ပုံတင် ၊သန်းခေါင်စာရင်း လျှောက်မယ့်မြေ ပါမစ်စာရွက်မှာပါတဲ့ မြေပေအကျယ် အတိုင်းတကွက်လုံးလျှောက်မှရပါမယ်။မြေမှာ အိမ်ဆောက်ရပါမယ်၊ဆောက်ထားတဲ့အိမ်မှာ အမည်ပေါက်ကိုယ်တိုင်နေရပါမယ်၊ကွင်းဆင်းလာစစ်ရင် အိမ်ရှေ့မှာဓာတ်ပုံရိုက်ပြီး လူနေကြောင်း အိမ်ဆောက်ထားကြောင်း တွဲတင်ပေးရပါမယ် (ပါမစ်စာရွက်ပျောက်နေရင် သက်ဆိုင်ရာမြို့နယ်မှာ ရပ်ကွပ်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊တရားရုံးကျမ်းကျိန်နဲ့ လျှောက့်လို့ရမရ မေးပါ)
အမွေဆက်ကလျှောက်မယ်ဆိုရင် အမည်ပေါက် သေစာရင်း ၊အမွေဆက်ခံပိုင်ဆိုင်ကြောင်းတရားရုံးကျမ်းကျိမ်၊ ရပ်ကွက်ထောက်ခံစာ နဲ့ အမွေဆက်မယ့်သားသမီး အကုန်လုံး မှတ်ပုံတင် အိမ်ထောင်စုဇယား ပါမစ်မူရင်း နဲ့ လျှောက်ရပါမယ်။

၂။လယ်ယာမြေ(လယ်မြေ၊ယာမြေ၊နှစ်ရှည်သီးနှံစိုက်ပျိုးသောမြေ၊ဥယျာဥ်ခြံမြေ၊
လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ၇ အရင်လျှောက် ရရင် လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက် ခွင့်ပြုရင် ဂရန်ဆက်လျှောက်လို့ရပါမယ်။

၃။စကွာတမြေ(ဂရန်သက်တမ်းကုန်မြေ)
အမည်ပေါက်၊အမွေဆက်၊မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ထားသူ၊တရားရုံးအနိုင်ဒီဂရီရထားသူမှ စာရွက်မူရင်းနဲ့လျှောက်။

၄။လိုင်စင်မြေ
ယာယီလိုင်စင်မြေ လျှောက်မရပါ၊ လူနေထိုင်ရန်နှင့်အိမ်ယာဆောက်လုပ်ခွင့်ပြုထားသော လိုင်စင်မြေမှသာရပါမယ်။လိုင်စင်မြေက သက်တမ်း ၁ နှစ်ပေးထားပြီး ၃ကြိမ် တိုးခွင့်ရှိပါတယ်။၃ နှစ်ဆက်တိုက်သက်တမ်းတိုးထားပြီးပါမှလျှောက်လို့ရပါမယ် အမည်ပေါက် ကိုယ်တိုင်လျှောက်ရပါမယ်။

၅။ရွာမြေ
ရွာတိုးချဲ ရွာသစ်တည် တဲ့ရွာမြေဆိုရင်တော့် အခြားနည်းလျှောက်ခွင့်ပြုပြီးကျဖို့ % များပါမယ် အခြားနည်းကျရင်တော့်ဂရန်လျှောက်လို့ရပါမယ် နောက်တနည်းက Village Grant တစ်မြို့မှာ တစ်ရွာဂရန်ပေးရေးစီမံချက် ပါရွာမြေဆိုရင်တော့် တစ်ရွာလုံး ဂရန်ပေးမှာဖြစ်လို့ လျှောက်လို့ရပါမယ်။

၆။အနေကြာမြေ
မူလမြို့ဟောင်းနေရာက အစိုးရမြေပေါမှာ နှစ်ပေါင်းများစွာကျူးပြီးနေတဲ့မြေတွေကို စီမံချက်နဲ့ ဂရန်ချထားပေးပါတယ်။အနည်းဆုံး နှစ်ပေါင်း ၂၀ အိမ်ဆောက်ပြီး နေထိုင်နေသူဖြစ်ရပါမယ် ရပ်ထောက်အပြင် ဘေးအိမ် ၂ အိမ်ကနေလည်းထောက်ခံချက်ယူရပါမယ် တရားရုံးကျမ်းကျိန် ပြီးရင်လျှောက်လို့ရပါပြီ သို့သော် ကွင်းဆင်းစစ်ဆေးဖို့က တစ်တိုင်းလုံးအတိုင်းအတာနဲ့ ဘက်ဂျက်အခက်အခဲ အချိန် အခက်အခဲကြောင့် တစ်မြို့နယ်ပြီးမှတစ်မြို့နယ် ဖြေးဖြေးသွားရတာဖြစ်သောကြောင့် ကွင်းဆင်းကျဖို့ အချိန်စောင့်ရတာတွေ မနိုင်ရင်လုပ်ငန်းစဥ် ခဏရပ်ထားရတာတွေကြောင့် ရုံးကိုနားလည်ပေးပြီး အချိန်တစ်ခုပေးပြီး အေးအေးဆေးဆေး လျှောက်ရပါမယ်။အဓိကအချက် က နှစ်ပေါင်း ၂၀ နေထိုင်ထားကြောင်းခိုင်လုံဖို့လိုတာပါ အိမ်အသစ်ကြီးဆောက်ထာားပြီးလျှောက်ရင် ဝယ်ထားတာမကြာသေး နေတာ နှစ် ၂၀ မပြည့်သေးကြောင်းထင်ခံရနိုင်ပါတယ် အိမ်အဟောင်းလေးနဲ့ လျှောက်ပြီးကျမှ အသစ်ဆောက်ပါ။

၇။ဂရန် မကျနိုင်တဲ့မြေ အနေအထား
မျက်နှာပွင့် ပေ ၂၀ မရှိခြင်း ၊ မြေပြင်မှာ ရှင်းရှင်းလင်းလင်းခွဲမထားခြင်း၊ စတုရန်းပေ ၁၂၀၀ မပြည့်ခြင်း၊ပေ ၄၀ ၆၀ ဂရန်မြေထဲကနေ ဂရန်ခွဲမယ်ဆို ခဲွဲပြီးကျန်ခဲ့မယ့် မြေအကျယ်ကလည်း ၁၂၀၀ စတုရန်းပေ မကျန်ခြင်းတို့ ဖြစ်ပါတယ်။

ကူးယူဖော်ပြပါသည်။

30/08/2026



🏠✨ #ကမာရွတ်မြို့နယ် အရောင်း

📍 Location ကောင်း + အသင့်နေ အခန်းကောင်းလေး ရှာနေသူများအတွက် 💯

🏢 Highway Complex အိမ်ရာဝန်း
📐 1,250 Sqft | ပထမထပ်
🛏️ အိပ်ခန်း ၂ ခန်း
✨ 1 Master Bedroom + Walk-in Closet
✨ 1 Single Bedroom
🍳 Modern Kitchen + Cabinets
🪵 ပါကေးခင်းပြီး
🛋️ ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်

🚪 ၂ လမ်းပေါက်
➡️ နာနတ်တောလမ်း
➡️ ဟံသာဝတီလမ်း

🏥 Grand Hantha ဆေးရုံဘေးကပ်
🔐 24 Hr Security
🚗 Car Parking ရှိ
🏦 ဝန်းထဲမှာ KBZ / CB / AYA ဘဏ် ၃ ခုရှိ
🛒 G&G + One Stop Mart ရှိ

💰 ရောင်းဈေး — သိန်း ၇,၅၀၀ (ညှိနှိုင်း)

📞 အသေးစိတ်မေးမြန်းရန်
MAHAR REAL ESTATE
☎️ 09-451318151
☎️ 09-421012795

🔥 ကမာရွတ်မှာ Location ကောင်း၊ အသင့်နေ၊ Facilities စုံတဲ့ အခန်းမျိုးရှာနေရင် ဒီအခန်းကို လက်မလွှတ်သင့်ပါဘူး!

#အိမ်ခြံမြေအရောင်း #ကမာရွတ်အရောင်း #ရန်ကုန်အိမ်ခြံမြေ

Address

Tharkayta Township
Yangon

Website

Alerts

Be the first to know and let us send you an email when Mahar Aung Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Aung Myint:

Shortcuts

Share

Category